Premier League

ဒဏ်ရာရနေတာတောင် ပြန်ကစားချင်နေတဲ့ ဟော့ဂျက်ဘ်ကို တွန်းထိုးပြီး နားခိုင်းခဲ့ရတဲ့ မော်ရင်ညို


တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကစားသမား ဟော့ဂျက်ဘ်ဟာ ပွဲပြီးဆုံးခါနီးမှာ ဆိုးရွားတဲ့ခြေထောက်ဒဏ်ရာရရှိခဲ့ပြီးနောက် ကွင်းထဲပြန်သွားကစားဖို့ ကြိုးပမ်းခဲ့ရာမှာ နည်းပြမော်ရင်ညိုရဲ့ တားဆီးခြင်းကို ခံခဲ့ရပါတယ်။


တော့တင်ဟမ်ဟော့စပါးအသင်းက ဘရန့်ဖို့ဒ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အင်္ဂါနေ့ည ကရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒိန်းမတ်ကွင်းလယ်ကြယ်ပွင့်ဟာ ဘရန့်ဖို့ဒ်ကစားသမား ဂျို့ရှ်ဒါဆေးလ်ဗားရဲ့ ကြောက်မက်ဖွယ် ဖျက်ထုတ်ခြင်းကို ခံခဲ့ရပါတယ်။ ကွင်းလယ်ဒိုင် မိုက်ဒင်းက ယင်းအဖြစ်အပျက်ကို VAR နဲ့ ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဒါဆေးလ်ဗားကို ၎င်းရဲ့ ဆိုးရွားလွန်းတဲ့ဖျက်ထုတ်မှုအတွက် အနီကတ်ပြထုတ်ပယ်ခဲ့ပြီး ဟော့ဂျက်ဘ်ကတော့ ညှို့သကျည်းမှာ သွေးတွေဒလဟော စီးကျနေတာကို မြင်တွေ့ခဲ့ရပါတယ်။


နည်းပြမော်ရင်ညိုဟာ ဟော့ဂျက်ဘ်ကို တန်ဂန်ဂါနဲ့ လူစားလဲလှယ်ဖို့ စီစဉ်ထားပေမယ့် ဟော့ဂျက်ဘ်ဟာ ကွင်းအတွင်း ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ပေါ်တူဂီလူမျိုးနည်းပြဟာ ကစားသမားကို ဒဏ်ရာနဲ့ ပြန်လည်မကစားစေချင်တာကြောင့် ရင်ဘတ်ကို တွန်းထားခဲ့ပြီး ဆက်မကစားဖို့အတွက် တားမြစ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဟော့ဂျက်ဘ်ဟာ နည်းပြမော်ရင်ညိုရဲ့ စကားကို နားထောင်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဥမင်လျှောက်လမ်းထဲကို ဆင်းသွားခဲ့တာဖြစ်ပြီး ဒါဆေးလ်ဗားက ဟော့ဂျက်ဘ်ကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့တဲ့အချိန်မှာ မော်ရင်ညိုက ကွင်းဘေးစည်းကနေ ‘မင်းက ဂုဏ်သိက္ခာမရှိတဲ့ကောင်’လို့ အော်ဟစ်နေခဲ့တာကို ကြားခဲ့ရပါတယ်။


“ဆိုးရွားတဲ့ဖျက်ထုတ်မှုဆိုတာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ သူ သွေးတွေအများကြီး ထွက်နေပြီး ညှို့သကျည်းအကာတောင် ကျိုးသွားခဲ့လို့ပါ”

“ဒါက ဘောလုံးပွဲပါ။ ဒါဆေးလ်ဗားက ငယ်ရွယ်တဲ့သူဖြစ်ပြီး ကစားသမားကောင်းပါ။ အဲဒီတော့ ပွဲအရှိန်တက်နေတဲ့အချိန်မှာ ဖြစ်ခဲ့တာအတွက် ဘာမှ ဝေဖန်စရာမရှိပါဘူး။ မိုက်ဒင်းက VAR ကို ပြန်ကြည့်ပြီး ဆုံးဖြတ်ချက်ချခဲ့တယ်။ အဲဒီတော့ အားလုံးက အဆင်ပြေပြီး မှန်ကန်နေပါတယ်”

“ဟော့ဂျက်ဘ်မှာ ပြတ်ရှဒဏ်ရာအကြီးကြီးရခဲ့ပေမယ့် သူ ကျွန်တော့်ကို နောက်ဆုံး ၅ မိနစ်မှာ တန်ဂန်ဂါကိုတောင် ထည့်မကစားစေချင်ခဲ့ပါဘူး။ အဲဒီတော့ သူ ဒီစနေ၊ တနင်္ဂနွေမှာ အဆင်ပြေနေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”လို့ မော်ရင်ဟိုက ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ေတာ့တင္ဟမ္ေဟာ့စပါးကြင္းလယ္ကစားသမား ေဟာ့ဂ်က္ဘ္ဟာ ပြဲၿပီးဆုံးခါနီးမွာ ဆိုးရြားတဲ့ေျခေထာက္ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ကြင္းထဲျပန္သြားကစားဖို႔ ႀကိဳးပမ္းခဲ့ရာမွာ နည္းျပေမာ္ရင္ညိဳရဲ့ တားဆီးျခင္းကို ခံခဲ့ရပါတယ္။


ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ဘရန႔္ဖို႔ဒ္အသင္းကို ၂-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ အဂၤါေန႔ည ကရာေဘာင္ဖလားဆီမီးဖိုင္နယ္ပြဲစဥ္မွာ ဒိန္းမတ္ကြင္းလယ္ၾကယ္ပြင့္ဟာ ဘရန႔္ဖို႔ဒ္ကစားသမား ဂ်ိဳ႕ရွ္ဒါေဆးလ္ဗားရဲ့ ေၾကာက္မက္ဖြယ္ ဖ်က္ထုတ္ျခင္းကို ခံခဲ့ရပါတယ္။ ကြင္းလယ္ဒိုင္ မိုက္ဒင္းက ယင္းအျဖစ္အပ်က္ကို VAR နဲ႔ ျပန္လည္ၾကည့္ရႈစစ္ေဆးခဲ့ၿပီးေနာက္ ဒါေဆးလ္ဗားကို ၎ရဲ့ ဆိုးရြားလြန္းတဲ့ဖ်က္ထုတ္မႈအတြက္ အနီကတ္ျပထုတ္ပယ္ခဲ့ၿပီး ေဟာ့ဂ်က္ဘ္ကေတာ့ ညႇို႔သက်ည္းမွာ ေသြးေတြဒလေဟာ စီးက်ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။


နည္းျပေမာ္ရင္ညိဳဟာ ေဟာ့ဂ်က္ဘ္ကို တန္ဂန္ဂါနဲ႔ လူစားလဲလွယ္ဖို႔ စီစဥ္ထားေပမယ့္ ေဟာ့ဂ်က္ဘ္ဟာ ကြင္းအတြင္း ျပန္လည္ဝင္ေရာက္ဖို႔ ႀကိဳးပမ္းခဲ့တာေၾကာင့္ ေပၚတူဂီလူမ်ိဳးနည္းျပဟာ ကစားသမားကို ဒဏ္ရာနဲ႔ ျပန္လည္မကစားေစခ်င္တာေၾကာင့္ ရင္ဘတ္ကို တြန္းထားခဲ့ၿပီး ဆက္မကစားဖို႔အတြက္ တားျမစ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ ေဟာ့ဂ်က္ဘ္ဟာ နည္းျပေမာ္ရင္ညိဳရဲ့ စကားကို နားေထာင္ဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ဥမင္ေလၽွာက္လမ္းထဲကို ဆင္းသြားခဲ့တာျဖစ္ၿပီး ဒါေဆးလ္ဗားက ေဟာ့ဂ်က္ဘ္ကို ၾကမ္းၾကမ္းတမ္းတမ္း ဖ်က္ထုတ္ခဲ့တဲ့အခ်ိန္မွာ ေမာ္ရင္ညိဳက ကြင္းေဘးစည္းကေန ‘မင္းက ဂုဏ္သိကၡာမရွိတဲ့ေကာင္’လို႔ ေအာ္ဟစ္ေနခဲ့တာကို ၾကားခဲ့ရပါတယ္။


“ဆိုးရြားတဲ့ဖ်က္ထုတ္မႈဆိုတာ ေသခ်ာပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ ေသြးေတြအမ်ားႀကီး ထြက္ေနၿပီး ညႇို႔သက်ည္းအကာေတာင္ က်ိဳးသြားခဲ့လို႔ပါ”

“ဒါက ေဘာလုံးပြဲပါ။ ဒါေဆးလ္ဗားက ငယ္ရြယ္တဲ့သူျဖစ္ၿပီး ကစားသမားေကာင္းပါ။ အဲဒီေတာ့ ပြဲအရွိန္တက္ေနတဲ့အခ်ိန္မွာ ျဖစ္ခဲ့တာအတြက္ ဘာမွ ေဝဖန္စရာမရွိပါဘူး။ မိုက္ဒင္းက VAR ကို ျပန္ၾကည့္ၿပီး ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္။ အဲဒီေတာ့ အားလုံးက အဆင္ေျပၿပီး မွန္ကန္ေနပါတယ္”

“ေဟာ့ဂ်က္ဘ္မွာ ျပတ္ရွဒဏ္ရာအႀကီးႀကီးရခဲ့ေပမယ့္ သူ ကၽြန္ေတာ့္ကို ေနာက္ဆုံး ၅ မိနစ္မွာ တန္ဂန္ဂါကိုေတာင္ ထည့္မကစားေစခ်င္ခဲ့ပါဘူး။ အဲဒီေတာ့ သူ ဒီစေန၊ တနဂၤေႏြမွာ အဆင္ေျပေနလိမ့္မယ္လို႔ ကၽြန္ေတာ္ ယုံၾကည္ပါတယ္”လို႔ ေမာ္ရင္ဟိုက ပြဲအၿပီးမွာ ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.