Premier League

ပရိသတ်တွေကို အနာဂတ်နဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြလိုက်ပြီဖြစ်တဲ့ အိုဇေးလ်


အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ဟာ ယမန်နေ့က ၎င်းရဲ့တွစ်တာ စာမျက်နှာကနေ ပုံတစ်ပုံတင်ပြီး ပရိသတ်တွေကို အနာဂတ်နဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြသခဲ့တယ်လို့ ယူဆရပါတယ်။


ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် တစ်ပွဲမှ ပါဝင်ကစားပေးရခြင်းမရှိသေးတဲ့ကစားသမားဖြစ်ပြီး အသင်းရဲ့ ယူရိုပါလိဂ်လူစာရင်းမှာရော ချန်ပီယံလိဂ်လူစာရင်းမှာပါ ချန်လှပ်ခြင်းခံထားရသူဖြစ်ပါတယ်။ ဒါကြောင့် ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ အိုဇေးလ်ဟာ လူမှုကွန်ရက်မှာ အသင်းကို အားပေးလိုက်၊ ကိုယ့်ဘာသာကိုယ် လေ့ကျင့်ရေးဆင်းလိုက်နဲ့ နေနေရတာဖြစ်ပြီး ပြန်လည်ပါဝင်ကစားခွင့်ရရှိမယ့်အချိန်ကို စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။


ရီးရဲမက်ဒရစ်ကြယ်ပွင့်ဟောင်း အိုဇေးလ်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၆ လကျော်သာ ကျန်ရှိတော့တဲ့ကစားသမားဖြစ်ပြီး တူရကီကလပ်အသင်းဖြစ်တဲ့ ဖီနာဘာချီ၊ မေဂျာလိဂ်အသင်းဖြစ်တဲ့ ဒီစီယူနိုက်တက်စတဲ့အသင်းတွေနဲ့ ဆွေးနွေးနေပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြအာတီတာကတော့ အိုဇေးလ်ကို ပါဝင်ကစားခွင့်မပေးတာက ၎င်းရဲ့ အပြုအမူနဲ့ ဘာမှပတ်သက်ဆက်နွယ်ခြင်းမရှိဘဲ မိမိရဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ပြောကြားထားပါတယ်။


အခုလို အာဆင်နယ်နဲ့ အနာဂတ်မရေမရာဖြစ်နေပြီး ကောလာဟလသတင်းတွေ မြင့်တက်နေချိန်မှာ အိုဇေးလ်က နောက်ထပ်မီးမွှေးသလိုဖြစ်စေမယ့် လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပုံရပြီး အင်စတာဂရမ်မှာ တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်မှာ ရိုက်ကူးခဲ့တဲ့ပုံကို ပြန်တင်ခဲ့တာဖြစ်ပါတယ်။ တူရကီမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတင်ရုံနဲ့တော့ အိုဇေးလ်ရဲ့အပြောင်းအရွှေ့ကောလာဟလသတင်းတွေက ပိုပြီးထူးသွားစရာမရှိပေမယ့် အိုဇေးလ်ရဲ့ပို့စ်အောက်မှာ မှတ်ချက်လာပေးခဲ့တဲ့ ဆိုကရာတစ်ကြောင့် ပိုမိုစိတ်ဝင်စားစရာကောင်းခဲ့တာဖြစ်ပါတယ်။

ဆိုကရာတစ်က အိုဇေးလ်ရဲ့ ပို့စ်အောက်မှာ စူးစမ်းဟန်ပေါ်တဲ့ မျက်လုံးတစ်စုံပုံနဲ့ မျက်စိတစ်ဖက် မှိတ်ပြနေတဲ့ ရုပ်ပြောင်ပုံကို မှတ်ချက်ပေးခဲ့တာဖြစ်ပြီး ပရိသတ်အချို့က ဂျာမန်ကွင်းလယ်ကစား ပုံတင်ခဲ့တာဟာ ရည်ရွယ်ချက်တစ်ခုခုရှိလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ အိုေဇးလ္ဟာ ယမန္ေန႔က ၎ရဲ့တြစ္တာ စာမ်က္ႏွာကေန ပုံတစ္ပုံတင္ၿပီး ပရိသတ္ေတြကို အနာဂတ္နဲ႔ပတ္သက္ၿပီး အရိပ္အႁမြက္ျပသခဲ့တယ္လို႔ ယူဆရပါတယ္။


ဂ်ာမန္ကြင္းလယ္ကစားသမား အိုေဇးလ္ဟာ ယခုရာသီမွာ အာဆင္နယ္အသင္းအတြက္ တစ္ပြဲမွ ပါဝင္ကစားေပးရျခင္းမရွိေသးတဲ့ကစားသမားျဖစ္ၿပီး အသင္းရဲ့ ယူရိုပါလိဂ္လူစာရင္းမွာေရာ ခ်န္ပီယံလိဂ္လူစာရင္းမွာပါ ခ်န္လွပ္ျခင္းခံထားရသူျဖစ္ပါတယ္။ ဒါေၾကာင့္ ဂ်ာမနီလက္ေရြးစင္ကြင္းလယ္ကစားသမားေဟာင္းျဖစ္တဲ့ အိုေဇးလ္ဟာ လူမႈကြန္ရက္မွာ အသင္းကို အားေပးလိုက္၊ ကိုယ့္ဘာသာကိုယ္ ေလ့က်င့္ေရးဆင္းလိုက္နဲ႔ ေနေနရတာျဖစ္ၿပီး ျပန္လည္ပါဝင္ကစားခြင့္ရရွိမယ့္အခ်ိန္ကို ေစာင့္ဆိုင္းေနရတာျဖစ္ပါတယ္။


ရီးရဲမက္ဒရစ္ၾကယ္ပြင့္ေဟာင္း အိုေဇးလ္ဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၆ လေက်ာ္သာ က်န္ရွိေတာ့တဲ့ကစားသမားျဖစ္ၿပီး တူရကီကလပ္အသင္းျဖစ္တဲ့ ဖီနာဘာခ်ီ၊ ေမဂ်ာလိဂ္အသင္းျဖစ္တဲ့ ဒီစီယူနိုက္တက္စတဲ့အသင္းေတြနဲ႔ ေဆြးေႏြးေနၿပီလို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္နည္းျပအာတီတာကေတာ့ အိုေဇးလ္ကို ပါဝင္ကစားခြင့္မေပးတာက ၎ရဲ့ အျပဳအမူနဲ႔ ဘာမွပတ္သက္ဆက္ႏြယ္ျခင္းမရွိဘဲ မိမိရဲ့ ဆုံးျဖတ္ခ်က္သာျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။


အခုလို အာဆင္နယ္နဲ႔ အနာဂတ္မေရမရာျဖစ္ေနၿပီး ေကာလာဟလသတင္းေတြ ျမင့္တက္ေနခ်ိန္မွာ အိုေဇးလ္က ေနာက္ထပ္မီးေမႊးသလိုျဖစ္ေစမယ့္ လုပ္ရပ္တစ္ခုကို ျပဳလုပ္ခဲ့ပုံရၿပီး အင္စတာဂရမ္မွာ တူရကီနိုင္ငံၿမိဳ႕ေတာ္ အစၥတန္ဘူလ္မွာ ရိုက္ကူးခဲ့တဲ့ပုံကို ျပန္တင္ခဲ့တာျဖစ္ပါတယ္။ တူရကီမွာ ရိုက္ကူးခဲ့တဲ့ ဓာတ္ပုံတင္႐ုံနဲ႔ေတာ့ အိုေဇးလ္ရဲ့အေျပာင္းအေရႊ႕ေကာလာဟလသတင္းေတြက ပိုၿပီးထူးသြားစရာမရွိေပမယ့္ အိုေဇးလ္ရဲ့ပို႔စ္ေအာက္မွာ မွတ္ခ်က္လာေပးခဲ့တဲ့ ဆိုကရာတစ္ေၾကာင့္ ပိုမိုစိတ္ဝင္စားစရာေကာင္းခဲ့တာျဖစ္ပါတယ္။

ဆိုကရာတစ္က အိုေဇးလ္ရဲ့ ပို႔စ္ေအာက္မွာ စူးစမ္းဟန္ေပၚတဲ့ မ်က္လုံးတစ္စုံပုံနဲ႔ မ်က္စိတစ္ဖက္ မွိတ္ျပေနတဲ့ ႐ုပ္ေျပာင္ပုံကို မွတ္ခ်က္ေပးခဲ့တာျဖစ္ၿပီး ပရိသတ္အခ်ိဳ႕က ဂ်ာမန္ကြင္းလယ္ကစား ပုံတင္ခဲ့တာဟာ ရည္ရြယ္ခ်က္တစ္ခုခုရွိလိမ့္မယ္လို႔ ယုံၾကည္ေနၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.