Premier League Transfer News

ဗုဒ္ဓဟူးနေ့ နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်းများ စုစည်းမှု

– တော့တင်ဟမ်ဟော့စပါးစ်အသင်းမှာ နေရာမရတော့တဲ့ ဘယ်နောက်ခံလူ ဒန်နီ ရို့စ်ကို ခေါ်ယူဖို့ တူရကီကလပ် ထရက်ဘ်ဇွန်စပေါ်က အလိုရှိနေပြီး မြောက်လန်ဒန်အသင်းနဲ့ ဘယ်ပြိုင်ပွဲမှာမှ ကစားခွင့် မှတ်ပုံတင်မထားတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်းအနေနဲ့ အသင်းက ထွက်ခွာဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ အပယ်ခံကွင်းလယ်လူ မီဆွတ် အိုဇေးလ်အနေနဲ့ ဒီဇန်နဝါရီမှာပဲ အသင်းကနေ ထွက်ခွာသွားနိုင်ပြီး အမေရိကန်နိုင်ငံက မေဂျာလိဂ်ကို သွားမလား၊ တူရကီက သူအားပေးတဲ့ ကလပ်အသင်း ဖီနာဘာချီကိုပဲ သွားမလားတော့ မကြာခင်အချိန်အတွင်း သဲသဲကွဲကွဲ အဖြေပေါ်ဖို့ ရှိနေ။

– မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေက စိတ်ဝင်စားမှု ပြသခဲ့ဖူးတဲ့ စပါးစ်ကွင်းလယ်လူဟောင်း ခရစ္စတီယန် အဲရစ်ဆန် ကိုတော့ သူ့ရဲ့ နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုက အသင်းရဲ့ ဖန်တီးမှုအတွက် အင်တာမီလန်ကနေ ပီအက်စ်ဂျီကို ခေါ်ယူဖို့ အလိုရှိနေ။

– နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံ အစွန်လူ ဘရန်ဒန် ဝီလီယမ်စ်ကို ခေါ်ယူဖို့ မူအားဖြင့် သဘောတူညီနိုင်ခဲ့ပြီလို့ သိရပြီး အသေးစိတ်တွေကို ဆက်လက်ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ဆို။

– ချဲလ်ဆီးအသင်းနည်းပြသစ်နေရာအတွက် ဖရန့် လမ်းပတ်ကို အစားထိုးဖို့ အသင်းတာဝန်ရှိသူတွေက လျာထားတဲ့အထဲမှာ တိုက်စစ်မှူးဟောင်း အန်ဒရီ ရှက်ဗ်ချန်ကိုလည်း ပါဝင်နေပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကို တစ်ကျော့ပြန်ရောက်ရှိလာပြီး သူ့ကို သဘောကျတဲ့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်နဲ့ ပူးပေါင်းနိုင်။

– အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းထားခဲ့တဲ့ တိုက်စစ်မှူး ဒီယေဂို ကော်စတာအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လာကစားဖို့ စိတ်အားထက်သန်နေပြီး ဝုလ်ဗ်စ်အသင်းကို ရောက်ရှိဖို့ ရေပန်းစားနေသလို မထင်မှတ်ဘဲ အသင်းကြီးတစ်သင်းလည်း ဖြစ်သွားနိုင်။

– ပီအက်စ်ဂျီအသင်းအနေနဲ့ သူတို့ရဲ့ အငှားနဲ့ ကစားပြီး ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး မွိုက်စ် ကီးန်အတွက် ယူရို ၃၅ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ အဲဗာတန်အသင်းနဲ့ ဆွေးနွေးဖို့ ရှိနေပြီး ဂျူဗင်တပ်စ်အသင်းနဲ့လည်း ပြန်လည်ခေါ်ယူခွင့် ပါဝင်နေတာကို ညှိနှိုင်းရဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းက စောင့်ကြည့်နေတဲ့ တိုက်စစ်မှူး ဟာရီကိန်းအတွက် တော့တင်ဟမ် ဟော့စပါးစ်အသင်းအနေနဲ့ အမြန်ဆုံး စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေပြီး သူတို့ရဲ့ ဂိုးသွင်းဘုရင်ကို အလွယ်တကူ လက်မလွှတ်ရဖို့ နည်းပြ ဂျိုဆေး မော်ရင်ညိုအနေနဲ့ တားဆီးသွားဖွယ်ရှိနေ။

– ဝက်စ်ဘရွန်းအသင်းနည်းပြ ဆမ်အလာဒိုက်စ်အနေနဲ့ သူ့ရဲ့ တန်းဆင်းကယ်တင်ရေး စီမံကိန်းအတွက် လက်စတာစီးတီးအသင်းမှာ ဝီလီဖရက်ဒ် အန်ဒီဒီ၊ နမ်ပလီ မန်ဒီတို့ရဲ့နောက်မှာ ပွဲထွက်ခွင့် ကျဆင်းလာခဲ့တဲ့ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ဟောင်း ဟမ်ဇာ ချောက်ဒရီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းမွာ ေနရာမရေတာ့တဲ့ ဘယ္ေနာက္ခံလူ ဒန္နီ ႐ို႕စ္ကို ေခၚယူဖို႔ တူရကီကလပ္ ထရက္ဘ္ဇြန္စေပၚက အလိုရွိေနၿပီး ေျမာက္လန္ဒန္အသင္းနဲ႔ ဘယ္ၿပိဳင္ပြဲမွာမွ ကစားခြင့္ မွတ္ပုံတင္မထားတဲ့ အဂၤလန္လက္ေ႐ြးစင္ေဟာင္းအေနနဲ႔ အသင္းက ထြက္ခြာဖြယ္ရွိေန။

– အာဆင္နယ္အသင္းရဲ႕ အပယ္ခံကြင္းလယ္လူ မီဆြတ္ အိုေဇးလ္အေနနဲ႔ ဒီဇန္နဝါရီမွာပဲ အသင္းကေန ထြက္ခြာသြားႏိုင္ၿပီး အေမရိကန္ႏိုင္ငံက ေမဂ်ာလိဂ္ကို သြားမလား၊ တူရကီက သူအားေပးတဲ့ ကလပ္အသင္း ဖီနာဘာခ်ီကိုပဲ သြားမလားေတာ့ မၾကာခင္အခ်ိန္အတြင္း သဲသဲကြဲကြဲ အေျဖေပၚဖို႔ ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္အသင္းေတြက စိတ္ဝင္စားမႈ ျပသခဲ့ဖူးတဲ့ စပါးစ္ကြင္းလယ္လူေဟာင္း ခရစၥတီယန္ အဲရစ္ဆန္ ကိုေတာ့ သူ႔ရဲ႕ နည္းျပေဟာင္း ေမာ္ရီစီယို ပိုခ်က္တီႏိုက အသင္းရဲ႕ ဖန္တီးမႈအတြက္ အင္တာမီလန္ကေန ပီအက္စ္ဂ်ီကို ေခၚယူဖို႔ အလိုရွိေန။

– နယူးကာဆယ္လ္ယူႏိုက္တက္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံ အစြန္လူ ဘရန္ဒန္ ဝီလီယမ္စ္ကို ေခၚယူဖို႔ မူအားျဖင့္ သေဘာတူညီႏိုင္ခဲ့ၿပီလို႔ သိရၿပီး အေသးစိတ္ေတြကို ဆက္လက္ေဆြးေႏြးသြားဖို႔ ရွိေနတယ္လို႔ဆို။

– ခ်ဲလ္ဆီးအသင္းနည္းျပသစ္ေနရာအတြက္ ဖရန႔္ လမ္းပတ္ကို အစားထိုးဖို႔ အသင္းတာဝန္ရွိသူေတြက လ်ာထားတဲ့အထဲမွာ တိုက္စစ္မႉးေဟာင္း အန္ဒရီ ရွက္ဗ္ခ်န္ကိုလည္း ပါဝင္ေနၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ကို တစ္ေက်ာ့ျပန္ေရာက္ရွိလာၿပီး သူ႔ကို သေဘာက်တဲ့ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္နဲ႔ ပူးေပါင္းႏိုင္။

– အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းထားခဲ့တဲ့ တိုက္စစ္မႉး ဒီေယဂို ေကာ္စတာအေနနဲ႔ ပရီးမီးယားလိဂ္ကို ျပန္လာကစားဖို႔ စိတ္အားထက္သန္ေနၿပီး ဝုလ္ဗ္စ္အသင္းကို ေရာက္ရွိဖို႔ ေရပန္းစားေနသလို မထင္မွတ္ဘဲ အသင္းႀကီးတစ္သင္းလည္း ျဖစ္သြားႏိုင္။

– ပီအက္စ္ဂ်ီအသင္းအေနနဲ႔ သူတို႔ရဲ႕ အငွားနဲ႔ ကစားၿပီး ေျခစြမ္းျပေနတဲ့ တိုက္စစ္မႉး မြိဳက္စ္ ကီးန္အတြက္ ယူ႐ို ၃၅ သန္းနဲ႔ အၿပီးသတ္ေခၚယူဖို႔ အဲဗာတန္အသင္းနဲ႔ ေဆြးေႏြးဖို႔ ရွိေနၿပီး ဂ်ဴဗင္တပ္စ္အသင္းနဲ႔လည္း ျပန္လည္ေခၚယူခြင့္ ပါဝင္ေနတာကို ညႇိႏႈိင္းရဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းက ေစာင့္ၾကည့္ေနတဲ့ တိုက္စစ္မႉး ဟာရီကိန္းအတြက္ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းအေနနဲ႔ အျမန္ဆုံး စာခ်ဳပ္သက္တမ္းတိုးဖို႔ လုပ္ေဆာင္ေနၿပီး သူတို႔ရဲ႕ ဂိုးသြင္းဘုရင္ကို အလြယ္တကူ လက္မလႊတ္ရဖို႔ နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳအေနနဲ႔ တားဆီးသြားဖြယ္ရွိေန။

– ဝက္စ္ဘ႐ြန္းအသင္းနည္းျပ ဆမ္အလာဒိုက္စ္အေနနဲ႔ သူ႔ရဲ႕ တန္းဆင္းကယ္တင္ေရး စီမံကိန္းအတြက္ လက္စတာစီးတီးအသင္းမွာ ဝီလီဖရက္ဒ္ အန္ဒီဒီ၊ နမ္ပလီ မန္ဒီတို႔ရဲ႕ေနာက္မွာ ပြဲထြက္ခြင့္ က်ဆင္းလာခဲ့တဲ့ အဂၤလန္ ယူ-၂၁ လက္ေ႐ြးစင္ေဟာင္း ဟမ္ဇာ ေခ်ာက္ဒရီကို ေခၚယူသြားဖို႔ စိတ္ဝင္စားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.