Premier League

6 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ချဲလ်ဆီးအသင်းဟာ ၂၀၁၇ ခုနှစ်တုန်းက နည်းပြကွန်တီနဲ့ လမ်းခွဲခဲ့ပြီးနောက် သောမတ်စ်တူဟယ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ကြိုးပမ်းခဲ့ချိန်တုန်းက သတိပေးခြင်းခံခဲ့ရတယ်လို့ သိရပြီး အသက် ၄၇ နှစ်အရွယ်နည်းပြဟာ ဒေါ့မွန်အသင်းက ဝန်ထမ်းတွေ၊ ကစားသမားအများအပြားနဲ့ ဆက်ဆံရေးဆိုးရွားခဲ့သူဖြစ်တာကြောင့် ကွန်တီနဲ့ မော်ရင်ညိုလိုမျိုးပဲ ပြဿနာဖြစ်လိမ့်မယ်လို့ သတိပေးခံခဲ့ရ။


-အပြောင်းအရွှေ့ဆရာကြီး ဖက်ဘရီဇီယို ရိုမာနိုက ‘Here We Go’ Podcast နဲ့ တွေ့ဆုံခဲ့ရာမှာ ချဲလ်ဆီးအသင်းဘုတ်အဖွဲ့ဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဆိုးရွားတာ ဘာတစ်ခုမှ မလုပ်မိအောင် ကစားသမားသစ် ဝယ်ယူဖို့ ရှာဖွေသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး အဝင်ထက် အထွက်ကို ပိုပြီး အာရုံစိုက်သွားလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့။


-ချဲလ်ဆီးအသင်းဟာ ယခုလ ဇန်နဝါရီအပြောင်းအရွှေ့ကာလ တစ်ခုတည်းသောပစ်မှတ်အဖြစ် ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ သတ်မှတ်ခဲ့တယ်လို့ talkSPORT က ဖော်ပြခဲ့ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားကို ခေါ်ယူနိုင်ဖို့ အသင်းမှာ ပိုနေတဲ့ကစားသမား ၅ ယောက်မှ အချို့ကို ရောင်းထုတ်ဖြစ်မှ ဖြစ်လာဖွယ်ရှိတယ်လို့ သိရ။
ချဲလ်ဆီးအသင်းက အရောင်းစာရင်းတင်ထားပြီး တခြားအသင်းတွေဆီက ကမ်းလှမ်းမှုတွေကို မျှော်လင့်နေတဲ့ ကစားသမား ၅ ဦးကတော့ အန်တိုနီယို ရူဒီဂါ ၊ဂိုးသမား ကီပါ အာရီဇာဘာလာဂါ ၊ မားကို့စ်အလွန်ဆို ၊ဒရင့်ခ်ဝါးတား ၊အီမာဆင် တို့ ဖြစ်တယ်လို့ ယူရိုစပေါ့က ဖော်ပြသွားခဲ့။


-ချဲလ်ဆီးဝါရင့်တိုက်စစ်မှူး ဂျီရူးဟာ ရိုးမားနဲ့ ဖီအိုရင်တီးနားအသင်းတို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် ယခုရာသီကုန် ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ကျရင် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပြီး ချဲလ်ဆီးအသင်းဟာ ပုံမှန်ခြေစွမ်းရရှိနေတဲ့ အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးကို သွင်းဂိုးတွေအတွက် အားထားနေရတာကြောင့် အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားချင်နေတာဖြစ်။


-မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေထွက်ပေါ်နေတဲ့ အင်ဒီပန်ဒီယန်တေ ကွင်းလယ်ကစားသမား မွိုက်စ်ကိုင်ဆဲဒိုးကို ချဲလ်ဆီးအသင်းက ဆက်သွယ်ခဲ့တယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်ဟာ အသက် ၁၉ နှစ်အရွယ်ကစားသမားကို ချဉ်းကပ်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ခေါ်ယူခြင်းမပြုတော့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရ။ မွိုက်စ်ကိုင်ဆဲဒိုးက သူ့ရဲ့ စံပြကစားသမားဟာ ချဲလ်ဆီးကွင်းလယ်ကစားသမား အန်ဂိုလို ကန်တေဖြစ်တယ်လို့ ဖွင့်ပြောထားခဲ့လို့ ချဲလ်ဆီးအသင်းကသာ တကယ်ခေါ်ယူချင်တယ်ဆို ရောက်လာဖွယ်ရှိ ။


-ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ချဲလ်ဆီးဂန္တဝင် ပတ် နီဗင်က မန်ချက်စတာစီးတီးနဲ့ကစားရမယ့်ပွဲမှာ နည်းပြလမ်းပတ် အသင်းရဲ့ကံကြမ္မာကို ပြောင်းလဲအောင် လုပ်ဖို့လိုတာ ဘာလဲဆိုတာ ရှင်းပြခဲ့ပြီး ရှုံးနိမ့်နေတဲ့အချိန်မှာ ပါးပါးနပ်နပ်နဲ့ ကစားရမှာဖြစ်ပေမယ့် ၄-၂-၃-၁ ကစားကွက်ကို ပြောင်းပြီး တိုက်စစ်ဆင် ဂိုးပြန်ရဖို့ မည်းနေခဲ့တာကြောင့် ဆန့်ကျင်ဘက်ရလဒ်သာ ပြန်ရခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့။


-လက်စတာစီးတီးနည်းပြ ဘရန်ဒန်ရော်ဂျာဟာ လီဗာပူးအသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက ချဲလ်ဆီးကနေ အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဗစ်တာမော့ဆက်စ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တဲ့ကိစ္စကြောင့် နည်းပြသစ်ဖြစ်လာနိုင်တယ်ဆိုတာကို ငြင်းပယ်ခြင်းခံခဲ့ရပြီး ဘရန်ဒန်ရော်ဂျာက ချဲလ်ဆီးကို အသင်းကောင်းလို့ ပြောခဲ့ပေမယ့် လီဗာပူးကိုတော့ အသင်းကြီးတစ်သင်းလို့ ပြောကြားခဲ့တာဖြစ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ဲလ္ဆီးအသင္းဟာ ၂၀၁၇ ခုႏွစ္တုန္းက နည္းျပကြန္တီနဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ ေသာမတ္စ္တူဟယ္ကို နည္းျပအျဖစ္ ခန႔္အပ္ဖို႔ ႀကိဳးပမ္းခဲ့ခ်ိန္တုန္းက သတိေပးျခင္းခံခဲ့ရတယ္လို႔ သိရၿပီး အသက္ ၄၇ ႏွစ္အရြယ္နည္းျပဟာ ေဒါ့မြန္အသင္းက ဝန္ထမ္းေတြ၊ ကစားသမားအမ်ားအျပားနဲ႔ ဆက္ဆံေရးဆိုးရြားခဲ့သူျဖစ္တာေၾကာင့္ ကြန္တီနဲ႔ ေမာ္ရင္ညိဳလိုမ်ိဳးပဲ ျပႆနာျဖစ္လိမ့္မယ္လို႔ သတိေပးခံခဲ့ရ။


-အေျပာင္းအေရႊ႕ဆရာႀကီး ဖက္ဘရီဇီယို ရိုမာနိုက ‘Here We Go’ Podcast နဲ႔ ေတြ႕ဆုံခဲ့ရာမွာ ခ်ဲလ္ဆီးအသင္းဘုတ္အဖြဲ႕ဟာ ယခုဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ဆိုးရြားတာ ဘာတစ္ခုမွ မလုပ္မိေအာင္ ကစားသမားသစ္ ဝယ္ယူဖို႔ ရွာေဖြသြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ၿပီး အဝင္ထက္ အထြက္ကို ပိုၿပီး အာ႐ုံစိုက္သြားလိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့။


ခ်ဲလ္ဆီးအသင္းဟာ ယခုလ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလ တစ္ခုတည္းေသာပစ္မွတ္အျဖစ္ ဝက္စ္ဟမ္းကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ ႐ိုက္စ္ကို ေခၚယူဖို႔ သတ္မွတ္ခဲ့တယ္လို႔ talkSPORT က ေဖာ္ျပခဲ့ၿပီး အဂၤလန္ကြင္းလယ္ကစားသမားကို ေခၚယူႏိုင္ဖို႔ အသင္းမွာ ပိုေနတဲ့ကစားသမား ၅ ေယာက္မွ အခ်ိဳ႕ကို ေရာင္းထုတ္ျဖစ္မွ ျဖစ္လာဖြယ္ရွိတယ္လို႔ သိရ။ ခ်ဲလ္ဆီးအသင္းက အေရာင္းစာရင္းတင္ထားၿပီး တျခားအသင္းေတြဆီက ကမ္းလွမ္းမႈေတြကို ေမွ်ာ္လင့္ေနတဲ့ ကစားသမား ၅ ဦးကေတာ့ အန္တိုနီယို ႐ူဒီဂါ ၊ဂိုးသမား ကီပါ အာရီဇာဘာလာဂါ ၊ မားကို႔စ္အလြန္ဆို ၊ဒရင့္ခ္ဝါးတား ၊အီမာဆင္ တို႔ ျဖစ္တယ္လို႔ ယူ႐ိုစေပါ့က ေဖာ္ျပသြားခဲ့။


-ခ်ဲလ္ဆီးဝါရင့္တိုက္စစ္မႉး ဂ်ီ႐ူးဟာ ရိုးမားနဲ႔ ဖီအိုရင္တီးနားအသင္းတို႔ရဲ့ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ၿပီးေနာက္ ယခုရာသီကုန္ ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အခ်ိန္က်ရင္ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕ခ်င္ေနတယ္လို႔ သိရၿပီး ခ်ဲလ္ဆီးအသင္းဟာ ပုံမွန္ေျခစြမ္းရရွိေနတဲ့ အသက္ ၃၄ ႏွစ္အရြယ္တိုက္စစ္မႉးကို သြင္းဂိုးေတြအတြက္ အားထားေနရတာေၾကာင့္ အသင္းမွာ ဆက္လက္ထိန္းသိမ္းသြားခ်င္ေနတာျဖစ္။


-မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ သတင္းေတြထြက္ေပၚေနတဲ့ အင္ဒီပန္ဒီယန္ေတ ကြင္းလယ္ကစားသမား မြိဳက္စ္ကိုင္ဆဲဒိုးကို ခ်ဲလ္ဆီးအသင္းက ဆက္သြယ္ခဲ့တယ္လို႔ သိရၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ အသက္ ၁၉ ႏွစ္အ႐ြယ္ကစားသမားကို ခ်ဥ္းကပ္ခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ ေခၚယူျခင္းမျပဳေတာ့ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရ။ မြိဳက္စ္ကိုင္ဆဲဒိုးက သူ႔ရဲ႕ စံျပကစားသမားဟာ ခ်ဲလ္ဆီးကြင္းလယ္ကစားသမား အန္ဂိုလို ကန္ေတျဖစ္တယ္လို႔ ဖြင့္ေျပာထားခဲ့လို႔ ခ်ဲလ္ဆီးအသင္းကသာ တကယ္ေခၚယူခ်င္တယ္ဆို ေရာက္လာဖြယ္ရွိ ။


-ေဘာလုံးေဝဖန္သူအျဖစ္ ေဆာင္ရြက္ေနတဲ့ ခ်ဲလ္ဆီးဂႏၲဝင္ ပတ္ နီဗင္က မန္ခ်က္စတာစီးတီးနဲ႔ကစားရမယ့္ပြဲမွာ နည္းျပလမ္းပတ္ အသင္းရဲ့ကံၾကမၼာကို ေျပာင္းလဲေအာင္ လုပ္ဖို႔လိုတာ ဘာလဲဆိုတာ ရွင္းျပခဲ့ၿပီး ရႈံးနိမ့္ေနတဲ့အခ်ိန္မွာ ပါးပါးနပ္နပ္နဲ႔ ကစားရမွာျဖစ္ေပမယ့္ ၄-၂-၃-၁ ကစားကြက္ကို ေျပာင္းၿပီး တိုက္စစ္ဆင္ ဂိုးျပန္ရဖို႔ မည္းေနခဲ့တာေၾကာင့္ ဆန႔္က်င္ဘက္ရလဒ္သာ ျပန္ရခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-လက္စတာစီးတီးနည္းၿပ ဘရန္ဒန္ေရာ္ဂ်ာဟာ လီဗာပူးအသင္းကို ကိုင္တြယ္ခဲ့စဥ္တုန္းက ခ်ဲလ္ဆီးကေန အငွားနဲ႔ ေခၚယူခဲ့တဲ့ ဗစ္တာေမာ့ဆက္စ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးခဲ့တဲ့ကိစၥေၾကာင့္ နည္းျပသစ္ျဖစ္လာနိုင္တယ္ဆိုတာကို ျငင္းပယ္ျခင္းခံခဲ့ရၿပီး ဘရန္ဒန္ေရာ္ဂ်ာက ခ်ဲလ္ဆီးကို အသင္းေကာင္းလို႔ ေျပာခဲ့ေပမယ့္ လီဗာပူးကိုေတာ့ အသင္းႀကီးတစ္သင္းလို႔ ေျပာၾကားခဲ့တာျဖစ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.