Premier League

ဒိုင်လူကြီးတွေကို ဆေးထိုးနေတာလားလို့ ကလော့ပ်ကို မေးခွန်းထုတ်လိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားက သူတို့အနေနဲ့ ပရီးမီးယားလိဂ်မှာ ပင်နယ်တီတွေ ပိုရနေတယ်ဆိုတဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်လိုက်ပြီး ဒိုင်လူကြီးတွေကို ဖိအားပေးပြီး လွှမ်းမိုးနိုင်ဖို့ စတန့်ထွင်တာလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့ စောဒကတက်မှုတွေကိုတော့ ယူနိုက်တက်နည်းပြဘက်က ရယ်စရာအဖြစ်သာ ရှုမြင်နေပြီး ငါးနှစ်ခွဲကာလအတွင်းမှာ ရထားတဲ့ လီဗာပူးလ်တို့ရဲ့ အခွင့်အရေးထက် သူတို့က နှစ်နှစ်အတွင်း ပင်နယ်တီ ပိုအရများတယ်ဆိုတာဟာ သူ့အတွက်တော့ တွေးမကြည့်မိ၊ ရေမကြည့်မိတဲ့ အရာပဲလို့ ပြိုင်ဘက်နည်းပြကို ကလေးဆန်ကြောင်း တုံ့ပြန်လိုက်တာလည်းဖြစ်ပါတယ်။

“ဘာလဲ… အချက်အလက်တွေလား… ဒီအတွက် ကျွန်တော့်အဖြေကတော့ ဟုတ်ချင်လဲ ဟုတ်မှာပေါ့လေ။ ကျွန်တော်တို့ ပင်နယ်တီ ဘယ်နှလုံးရတယ်ဆိုတာ ခုထက်ထိ ရေမကြည့်မိဖူးသေးဘူး။ သူတို့က ကျွန်တော်တို့ ဧရိယာထဲမှာ ဘယ်နှကြိမ် ဖောင်းရလဲဆိုတာကို ထိုင်ကြည့်ပြီး ရေတွက်နေပေမယ့် ကျွန်တော့်မှာ အဲ့ကိစ္စအတွက် အချိန်မရှိဘူးဗျ”လို့ ဆိုးလ်ရှားက ပြန်နှက်လိုက်ပါတယ်။

ဆိုးလ်ရှားက သူတို့ ဒီလိုအပြောခံရတာကို မနှစ်ကလည်း ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်နဲ့တုန်းကလည်း ကြုံဖူးကြောင်းနဲ့ အဲဒီတုန်းက အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ သူတို့တွေ ရသင့်ရထိုက်တဲ့ ပင်နယ်တီမျိုး မရခဲ့သလို နစ်နာခဲ့ရကြောင်း ပြောကြားလိုက်ပြီး အဲ့ဒီတုန်းကတော့ ဝါရင့်ဒိုင် မိုက်ခ် ဒင်းန်က သူတို့ဘက်မှာ မရှိခဲ့တာလည်းဖြစ်ပါတယ်။

“ဒီလို လျှောက်ပြောတာက ဒိုင်လူကြီးတွေကို ဆေးထိုးဖို့ နည်းလမ်းကောင်းလားတော့ ကျွန်တော် မသိဘူးလေ”လို့ ဆိုးလ်ရှားက ကလော့ပ် အပြင် လမ်းပတ်ကိုပါ တစ်လက်စတည်း ထည့်ပြောလိုက်ပြီး သူကတော့ သူ့အလုပ်သူ လုပ်မှာပဲဖြစ်သလို ဒီလိုစကားတွေအတွက် ဂရုစိုက်နေမှာ မဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။

ပရိသတ်တွေရဲ့ အမြင်မှာတော့ ဆိုးလ်ရှားဟာ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး တည်ငြိမ်အေးဆေးတဲ့ ပုံစံနဲ့ ကွင်းဘေးစည်းမှာ လူကြီးလူကောင်းလို ပြုမူပြောဆိုတတ်သူဖြစ်ပြီး အော်ဟစ်ပေါက်ကွဲပြီး ဒိုင်လူကြီးတွေကို ဖိအားပေးတတ်သလို အဝါကတ်တွေနဲ့ ရင်းနှီးတဲ့ ကလော့ပ်နဲ့တော့ တစ်ပုံစံစီ ကွဲပြားတဲ့သူဖြစ်တာမို့ ဒီစကားတွေကတော့ မန်ချက်စတာယူနိုက်တက်နည်းပြအတွက် အသာစီးရစေမယ့် ပုံစံလည်းဖြစ်နိုင်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အောက်တိုဘာ ၂၀၁၅ ကစလို့ နည်းပြ ကလော့ပ် ကြုံတွေ့ရသမျှမှာ မန်ချက်စတာယူနိုက်တက်ကိုသာ မှတ်သားထားပြီး ရည်ရွယ်ထိုးနှက်ခဲ့ရင်တော့ မှားမှာဖြစ်ပြီး အဲ့ဒီကာလကနေ လက်ရှိအချိန်အထိ ပင်နယ်တီအရဆုံးဟာ လက်စတာ (၄၅ ကြိမ်)၊ မန်စီးတီး (၄၃ ကြိမ်)၊ မန်ယူနိုက်တက် (၄၁ ကြိမ်)၊ ပဲလေ့စ် (၃၆ ကြိမ်)တို့နဲ့ အကြိမ် ၃၀ သာရတဲ့ လီဗာပူးလ်တို့ရဲ့ ရှေ့မှာ ရှိနေကြလို့ ကျန်တဲ့ အသင်းတွေကို မပြောဘဲ ဒီတစ်သင်းလည်း ကွက်ပြောတာတော့ ကလော့ပ်တို့ တစ်ကွက်မှားပြီး စကားကျွံသွားသလို ဆိုးလ်ရှားကတော့ ပရိသတ်ပေးတဲ့ အမှတ်ကို ရသွားမယ့် အချက်လည်းဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ နည္းျပ အိုလီ ဂန္နာ ဆိုးလ္ရွားက သူတို႔အေနနဲ႔ ပရီးမီးယားလိဂ္မွာ ပင္နယ္တီေတြ ပိုရေနတယ္ဆိုတဲ့ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ တိုက္ခိုက္မႈကို တုံ႔ျပန္လိုက္ၿပီး ဒိုင္လူႀကီးေတြကို ဖိအားေပးၿပီး လႊမ္းမိုးႏိုင္ဖို႔ စတန႔္ထြင္တာလားလို႔ ေမးခြန္းထုတ္လိုက္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕ ေစာဒကတက္မႈေတြကိုေတာ့ ယူႏိုက္တက္နည္းျပဘက္က ရယ္စရာအျဖစ္သာ ရႈျမင္ေနၿပီး ငါးႏွစ္ခြဲကာလအတြင္းမွာ ရထားတဲ့ လီဗာပူးလ္တို႔ရဲ႕ အခြင့္အေရးထက္ သူတို႔က ႏွစ္ႏွစ္အတြင္း ပင္နယ္တီ ပိုအရမ်ားတယ္ဆိုတာဟာ သူ႔အတြက္ေတာ့ ေတြးမၾကည့္မိ၊ ေရမၾကည့္မိတဲ့ အရာပဲလို႔ ၿပိဳင္ဘက္နည္းျပကို ကေလးဆန္ေၾကာင္း တုံ႔ျပန္လိုက္တာလည္းျဖစ္ပါတယ္။

“ဘာလဲ… အခ်က္အလက္ေတြလား… ဒီအတြက္ ကြၽန္ေတာ့္အေျဖကေတာ့ ဟုတ္ခ်င္လဲ ဟုတ္မွာေပါ့ေလ။ ကြၽန္ေတာ္တို႔ ပင္နယ္တီ ဘယ္ႏွလုံးရတယ္ဆိုတာ ခုထက္ထိ ေရမၾကည့္မိဖူးေသးဘူး။ သူတို႔က ကြၽန္ေတာ္တို႔ ဧရိယာထဲမွာ ဘယ္ႏွႀကိမ္ ေဖာင္းရလဲဆိုတာကို ထိုင္ၾကည့္ၿပီး ေရတြက္ေနေပမယ့္ ကြၽန္ေတာ့္မွာ အဲ့ကိစၥအတြက္ အခ်ိန္မရွိဘူးဗ်”လို႔ ဆိုးလ္ရွားက ျပန္ႏွက္လိုက္ပါတယ္။

ဆိုးလ္ရွားက သူတို႔ ဒီလိုအေျပာခံရတာကို မႏွစ္ကလည္း ခ်ဲလ္ဆီးနည္းျပ ဖရန႔္ လမ္းပတ္နဲ႔တုန္းကလည္း ႀကဳံဖူးေၾကာင္းနဲ႔ အဲဒီတုန္းက အက္ဖ္ေအဖလားဆီမီးဖိုင္နယ္မွာ သူတို႔ေတြ ရသင့္ရထိုက္တဲ့ ပင္နယ္တီမ်ိဳး မရခဲ့သလို နစ္နာခဲ့ရေၾကာင္း ေျပာၾကားလိုက္ၿပီး အဲ့ဒီတုန္းကေတာ့ ဝါရင့္ဒိုင္ မိုက္ခ္ ဒင္းန္က သူတို႔ဘက္မွာ မရွိခဲ့တာလည္းျဖစ္ပါတယ္။

“ဒီလို ေလွ်ာက္ေျပာတာက ဒိုင္လူႀကီးေတြကို ေဆးထိုးဖို႔ နည္းလမ္းေကာင္းလားေတာ့ ကြၽန္ေတာ္ မသိဘူးေလ”လို႔ ဆိုးလ္ရွားက ကေလာ့ပ္ အျပင္ လမ္းပတ္ကိုပါ တစ္လက္စတည္း ထည့္ေျပာလိုက္ၿပီး သူကေတာ့ သူ႔အလုပ္သူ လုပ္မွာပဲျဖစ္သလို ဒီလိုစကားေတြအတြက္ ဂ႐ုစိုက္ေနမွာ မဟုတ္ဘူးလို႔လည္း ဆိုခဲ့ပါတယ္။

ပရိသတ္ေတြရဲ႕ အျမင္မွာေတာ့ ဆိုးလ္ရွားဟာ ကိုယ့္အလုပ္ကိုယ္လုပ္ၿပီး တည္ၿငိမ္ေအးေဆးတဲ့ ပုံစံနဲ႔ ကြင္းေဘးစည္းမွာ လူႀကီးလူေကာင္းလို ျပဳမူေျပာဆိုတတ္သူျဖစ္ၿပီး ေအာ္ဟစ္ေပါက္ကြဲၿပီး ဒိုင္လူႀကီးေတြကို ဖိအားေပးတတ္သလို အဝါကတ္ေတြနဲ႔ ရင္းႏွီးတဲ့ ကေလာ့ပ္နဲ႔ေတာ့ တစ္ပုံစံစီ ကြဲျပားတဲ့သူျဖစ္တာမို႔ ဒီစကားေတြကေတာ့ မန္ခ်က္စတာယူႏိုက္တက္နည္းျပအတြက္ အသာစီးရေစမယ့္ ပုံစံလည္းျဖစ္ႏိုင္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ေအာက္တိုဘာ ၂၀၁၅ ကစလို႔ နည္းျပ ကေလာ့ပ္ ႀကဳံေတြ႕ရသမွ်မွာ မန္ခ်က္စတာယူႏိုက္တက္ကိုသာ မွတ္သားထားၿပီး ရည္႐ြယ္ထိုးႏွက္ခဲ့ရင္ေတာ့ မွားမွာျဖစ္ၿပီး အဲ့ဒီကာလကေန လက္ရွိအခ်ိန္အထိ ပင္နယ္တီအရဆုံးဟာ လက္စတာ (၄၅ ႀကိမ္)၊ မန္စီးတီး (၄၃ ႀကိမ္)၊ မန္ယူႏိုက္တက္ (၄၁ ႀကိမ္)၊ ပဲေလ့စ္ (၃၆ ႀကိမ္)တို႔နဲ႔ အႀကိမ္ ၃၀ သာရတဲ့ လီဗာပူးလ္တို႔ရဲ႕ ေရွ႕မွာ ရွိေနၾကလို႔ က်န္တဲ့ အသင္းေတြကို မေျပာဘဲ ဒီတစ္သင္းလည္း ကြက္ေျပာတာေတာ့ ကေလာ့ပ္တို႔ တစ္ကြက္မွားၿပီး စကားကြၽံသြားသလို ဆိုးလ္ရွားကေတာ့ ပရိသတ္ေပးတဲ့ အမွတ္ကို ရသြားမယ့္ အခ်က္လည္းျဖစ္ႏိုင္တယ္လို႔ သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.