Premier League

6 Jan နံနက်ခင်း နောက်ဆုံးရမန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်အသင်းရရှိထားတဲ့ ပင်နယ်တီပမာဏကို လီဗာပူးနဲ့ နှိုင်းယှဉ်ခဲ့တဲ့ ယာဂင်ကလော့ပ်ရဲ့ မှတ်ချက်စကားကို တုံ့ပြန်ခဲ့ပြီး လီဗာပူးအသင်း ပင်နယ်တီဘယ်လောက်ရလဲ လိုက်မရေတွက်ပေမယ့် ယူနိုက်တက်ပင်နယ်တီကို လိုက်ရေတွက်ပြီး အချိန်ကုန်ခံချင်တယ်ဆိုလည်း လိုက်ရေကြလို့ ပြောကြားခဲ့။


-မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက ပြီးခဲ့တဲ့ရာသီမှာလည်း ကရာဘောင်ဖလားမှာ မန်ချက်စတာယူနိုက်တက်နဲ့ တူညီတဲ့အဆင့်မှာပဲ ဆုံတွေ့ခဲ့ရပြီး ဆယ်စုနှစ်များစွာ ယူနိုက်တက်က အသာစီးရခဲ့ပေမယ့် နောက်ဆုံးဆယ်စုနှစ်တွေမှာ အများအားဖြင့် အနိုင်ရရှိခဲ့တာကြောင့် ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ၎င်းရဲ့ ကစားသမားတွေကို ဆုဖလားတွေ အနိုင်ရရှိတဲ့ ခံစားမှုကို ကြုံတွေ့စေချင်နေပြီး ဆုဖလားတွေရရှိတာက မူးယစ်ဆေးစွဲသလိုမျိုးဖြစ်ခဲ့တယ်လို့ ၁၉၉၇ ခုနှစ်က ယူနိုက်တက်နဲ့ ပထမဆုံးပရီးမီးယားလိဂ်ဖလားရတုန်းက ပိုမိုပြီး လိုချင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့။


-အိုလေဂန်နာဆိုးလ်ရှားက မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ကရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရတဲ့အချိန်မှာ ဒတ်ချ်ကွင်းလယ်ကစားသမားဟာ အခွင့်အရေးရတဲ့အချိန်မှာ ကောင်းကောင်းကစားနိုင်ခဲ့တာကြောင့် ကစားရမယ့်အချိန် ရောက်လာပါလိမ့်မယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဂျက်ဆီလင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေရှိနေပေမယ့်လည်း နည်းပြဆိုးလ်ရှားက အင်္ဂလန်ကွင်းလယ်ကစားသမားအနေနဲ့ ယူနိုက်တက်မှာ ကစားဖို့ အခန်းကဏ္ဍရှိနေသေးတယ်လို့ ပြောကြားခဲ့ပြီး နောက်ဆုံးလိဂ် ၃ ပွဲမှာ ၂ ပွဲအထိ အရန်ခုံထိုင်နေခဲ့ရပေမယ့် အဲရစ်ဘိုင်လီကို ဥပမာပေးပြီး အခွင့်အရေးရတဲ့အချိန်မှာ ယူဖို့ အဆင်သင့်စောင့်ဆိုင်းနေရမယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ကရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်က ရှုံးနိမ့်ခဲ့မှုကနေ သင်ခန်းစာယူနိုင်ခဲ့ပြီဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက မန်စီးတီးနည်းပြ ဂွါဒီယိုလာကို သတိပေးပြောကြားခဲ့ပြီး ဂိုးသွင်းဖို့ အခွင့်အရေးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ အရေးအကြောင်းကြုံလာတဲ့အခါ အရည်အသွေးက စကားပြောသွားမယ်လို့ မျှော်လင့်နေ။


-တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဘရန့်ဖို့ဒ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ကရာဘောင်ဖလား ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး နည်းပြ မော်ရင်ညိုက ဖေဖော်ဝါရီလမှာ ကစားနေကျ ဗိုလ်လုပွဲကို ဧပြီလအထိ ရွှေ့ထားတာကြောင့် စောင့်ဆိုင်းရမှာကို စိတ်မရှည်ဖြစ်နေပေမယ့် ယူနိုက်တက် သို့မဟုတ် မန်စီးတီး ဘယ်အသင်းတက်လာလာ ဆုဖလားအတွက် တိုက်ပွဲဝင်ပြီး ရယူသွားဖို့ အဆင်သင့်ပဲလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့အတွက် ၄ ကြိမ်မြောက် တောင်းဆိုခံနေရတာဖြစ်တဲ့အတွက် မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘာဆင်ခြေမှ ပေးလို့ရမှာမဟုတ်တော့ဘူးလို့ အသင်းသားတွေကို သတိပေးလိုက်ပြီး အိုးထရက်ဖို့ဒ်မှာ မန်စီးတီးကို အနိုင်ယူပြီး နောက်တဆင့်တက်ဖို့ နည်းပြဆိုးလ်ရှား ယုံကြည်ချက်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားဟာ မန္ခ်က္စတာယူနိုက္တက္အသင္းရရွိထားတဲ့ ပင္နယ္တီပမာဏကို လီဗာပူးနဲ႔ ႏွိုင္းယွဥ္ခဲ့တဲ့ ယာဂင္ကေလာ့ပ္ရဲ့ မွတ္ခ်က္စကားကို တုံ႔ျပန္ခဲ့ၿပီး လီဗာပူးအသင္း ပင္နယ္တီဘယ္ေလာက္ရလဲ လိုက္မေရတြက္ေပမယ့္ ယူနိုက္တက္ပင္နယ္တီကို လိုက္ေရတြက္ၿပီး အခ်ိန္ကုန္ခံခ်င္တယ္ဆိုလည္း လိုက္ေရၾကလို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာစီးတီးနည္းၿပ ပက္ ဂြါဒီယိုလာက ၿပီးခဲ့တဲ့ရာသီမွာလည္း ကရာေဘာင္ဖလားမွာ မန္ခ်က္စတာယူနိုက္တက္နဲ႔ တူညီတဲ့အဆင့္မွာပဲ ဆုံေတြ႕ခဲ့ရၿပီး ဆယ္စုႏွစ္မ်ားစြာ ယူနိုက္တက္က အသာစီးရခဲ့ေပမယ့္ ေနာက္ဆုံးဆယ္စုႏွစ္ေတြမွာ အမ်ားအားျဖင့္ အနိုင္ရရွိခဲ့တာေၾကာင့္ ဂုဏ္ယူမိတယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားဟာ ၎ရဲ့ ကစားသမားေတြကို ဆုဖလားေတြ အနိုင္ရရွိတဲ့ ခံစားမႈကို ၾကဳံေတြ႕ေစခ်င္ေနၿပီး ဆုဖလားေတြရရွိတာက မူးယစ္ေဆးစြဲသလိုမ်ိဳးျဖစ္ခဲ့တယ္လို႔ ၁၉၉၇ ခုႏွစ္က ယူနိုက္တက္နဲ႔ ပထမဆုံးပရီးမီးယားလိဂ္ဖလားရတုန္းက ပိုမိုၿပီး လိုခ်င္ခဲ့ေၾကာင္း ဝန္ခံေျပာၾကားခဲ့။


-အိုေလဂန္နာဆိုးလ္ရွားက မန္ခ်က္စတာစီးတီးနဲ႔ ကစားရမယ့္ ကရာေဘာင္ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မတိုင္မီ နယ္သာလန္လက္ေရြးစင္ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္နဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္ခံခဲ့ရတဲ့အခ်ိန္မွာ ဒတ္ခ်္ကြင္းလယ္ကစားသမားဟာ အခြင့္အေရးရတဲ့အခ်ိန္မွာ ေကာင္းေကာင္းကစားနိုင္ခဲ့တာေၾကာင့္ ကစားရမယ့္အခ်ိန္ ေရာက္လာပါလိမ့္မယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဂ်က္ဆီလင္ဂတ္ကို ေခၚယူဖို႔ စိတ္ဝင္စားမႈေတြရွိေနေပမယ့္လည္း နည္းျပဆိုးလ္ရွားက အဂၤလန္ကြင္းလယ္ကစားသမားအေနနဲ႔ ယူနိုက္တက္မွာ ကစားဖို႔ အခန္းက႑ရွိေနေသးတယ္လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ဆုံးလိဂ္ ၃ ပြဲမွာ ၂ ပြဲအထိ အရန္ခုံထိုင္ေနခဲ့ရေပမယ့္ အဲရစ္ဘိုင္လီကို ဥပမာေပးၿပီး အခြင့္အေရးရတဲ့အခ်ိန္မွာ ယူဖို႔ အဆင္သင့္ေစာင့္ဆိုင္းေနရမယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ကရာေဘာင္ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္က ရႈံးနိမ့္ခဲ့မႈကေန သင္ခန္းစာယူနိုင္ခဲ့ၿပီျဖစ္တယ္လို႔ နည္းျပဆိုးလ္ရွားက မန္စီးတီးနည္းၿပ ဂြါဒီယိုလာကို သတိေပးေျပာၾကားခဲ့ၿပီး ဂိုးသြင္းဖို႔ အခြင့္အေရးရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ၊ အေရးအေၾကာင္းၾကဳံလာတဲ့အခါ အရည္အေသြးက စကားေျပာသြားမယ္လို႔ ေမၽွာ္လင့္ေန။


-ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ဘရန႔္ဖို႔ဒ္ကို ၂-၀ နဲ႔ အနိုင္ရရွိခဲ့တာေၾကာင့္ ကရာေဘာင္ဖလား ဗိုလ္လုပြဲကို တက္ေရာက္သြားနိုင္ခဲ့ၿပီျဖစ္ၿပီး နည္းၿပ ေမာ္ရင္ညိဳက ေဖေဖာ္ဝါရီလမွာ ကစားေနက် ဗိုလ္လုပြဲကို ဧၿပီလအထိ ေရႊ႕ထားတာေၾကာင့္ ေစာင့္ဆိုင္းရမွာကို စိတ္မရွည္ျဖစ္ေနေပမယ့္ ယူနိုက္တက္ သို႔မဟုတ္ မန္စီးတီး ဘယ္အသင္းတက္လာလာ ဆုဖလားအတြက္ တိုက္ပြဲဝင္ၿပီး ရယူသြားဖို႔ အဆင္သင့္ပဲလို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ ဖလားဗိုလ္လုပြဲကို တက္ေရာက္နိုင္ဖို႔အတြက္ ၄ ႀကိမ္ေျမာက္ ေတာင္းဆိုခံေနရတာျဖစ္တဲ့အတြက္ မန္ခ်က္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ကရာေဘာင္ဖလားဆီမီးဖိုင္နယ္ပြဲစဥ္မွာ ဘာဆင္ေျခမွ ေပးလို႔ရမွာမဟုတ္ေတာ့ဘူးလို႔ အသင္းသားေတြကို သတိေပးလိုက္ၿပီး အိုးထရက္ဖို႔ဒ္မွာ မန္စီးတီးကို အနိုင္ယူၿပီး ေနာက္တဆင့္တက္ဖို႔ နည္းျပဆိုးလ္ရွား ယုံၾကည္ခ်က္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.