Premier League Transfer News

6 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားရဲ့ ကစားခွင့်အတွက် စိုးရိမ်နေကြောင်း သိရပြီး အငှားခေါ်ယူထားတဲ့ အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ သောမတ်စ် ပါတေးကို လက်လွှတ်ခဲ့ရမှုအပေါ် တစ်ဖက်လှည့်နဲ့ လက်စားချေတယ်လို့ ယူဆနေကြောင်း သိရ။

– ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အသင်းမှာ ပုံမှန် ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေကို အငှားချသွားဖို့ ရှိနေပြီး ဘရာဇီးလ်သားတွေဖြစ်ကြတဲ့ ရိုဒရီဂိုနဲ့ ဗီနီးရှပ် ဂျူနီယာတို့လည်း ပါဝင်နေရာမှာ အာဆင်နယ်အသင်းက စိတ်ဝင်စားနေပြီး ဈေးကွက်တင်မတင်ကို စောင့်ကြည့်နေ။

– အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ကွင်းလယ်လူ မီဆွတ် အိုဇေးလ် ပါဝင်ခြင်းမရှိတာ အတော်ကြာပြီဖြစ်ပြီး ကစားသမားအနေနဲ့ ဒီဇန်နဝါရီမှာတင် တူရကီကလပ် ဖီနာဘာချီကို ပြောင်းရွှေ့သွားဖို့ ရှိနေသလို ကျောနံပါတ် ၂၃ ဝတ်ဖို့ပါ စီစဉ်ထားပြီးပြီလို့ ကောလဟာလတွေ ထွက်ရှိလာ။

– ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) ရဲ့ အကောင်းဆုံးကစားသမားစာရင်းမှာ အလန် ရှီးရားအနေနဲ့ အာဆင်နယ်ကစားသမားသုံးယောက်ကို အများဆုံးအဖြစ် ရွေးချယ်သွားပြီး စမစ်ရိုး၊ ဆာကာနဲ့ တီယာနီတို့ဟာ အမြင့်ဆုံးခြေစွမ်းကို ပြသခဲ့ကြပြီး ကစားပုံတွေကို ကြည့်ရတာ စိတ်ကျေနပ်စရာကောင်းကြောင်း ချီးကျူး။

– ချန်ပီယံရှစ်ကလပ် ကျူပီအာအသင်းတာဝန်ရှိသူတွေအနေနဲ့ စကော့တလန် ပရီးမီးယားလိဂ်ကလပ် ဟိုက်ဘာနီးယန်းအသင်းမှာ အငှားချထားခဲ့တဲ့ ဂိုးသမား ဒီလွန် ဘန်းစ်ကို ပြန်လည်ခေါ်ယူလိုက်ပြီး ပရိသတ်တွေကတော့ ဒါဟာ လက်ရှိဂိုးသမား ဆီနီ ဒီယန်းကို အာဆင်နယ်နဲ့ လိဒ်စ်တို့ဆီ လက်လွှတ်ဖို့လို့ ယူဆနေကြ။

– စမစ်ရိုးနဲ့ ဆာကာတို့ကြောင့် ကြီးကြီးမားမား စိုးရိမ်စရာ မရှိတော့တဲ့ အာဆင်နယ်ကွင်းလယ်အတွက် နည်းပြ မီခယ်လ် အာတီတာအနေနဲ့ နံပါတ် ၁၀ ကစားသမားတစ်ဦးထက် စွယ်စုံရ နံပါတ် ၈ တစ်ဦးကိုသာ ခေါ်ယူဖို့ ဖြစ်လာနိုင်ပြီး RB လိုက်ပ်ဇစ်ကွင်းလယ်လူ မာဆယ်လ် ဆာဘစ်ဇာကို စိတ်ဝင်စားနေသလို အသင်းစီအီးအို မင့်ဇ်လတ်ဖ်ကလည်း သတင်းတွေကို မငြင်းဆန်ဘဲနေခဲ့။

– အာဆင်နယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးဟာ ဒီထက်ပိုပြီး ထွန်းတောက်လာဦးမှာဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှု အသားပေးတဲ့ ပုံစံနဲ့လည်း ကောင်းကောင်းအသားကျခဲ့ပြီဖြစ်လို့ အက်စ်တန်ဗီလာအသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်လိုမျိုး အားကိုးရလိမ့်ဦးမယ်လို့ ကွင်းလယ်လူဟောင်း ဒန်နီ မာဖီသုံးသပ်။

– တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်ကို သတိရနေတယ်လို့ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ရဲ့ ပို့စ်အောက်မှာ ကွန်မန့်ဝင်ရေးသွားခဲ့တဲ့ နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ကြောင့် သူတို့နှစ်ဦးကို ဖီနာဘာချီမှာ အတူမြင်တွေ့ရနိုင်ဖို့ ခန့်မှန်းနေကြ။

– ဆောင်းရာသီမှာ အသင်းအတွက် အားဖြည့်သွားမယ့် ကစားသမားက ကွင်းလယ်နဲ့ နောက်တန်းထက် ဂိုးသွင်းနှုန်းကျဆင်းနေတဲ့ ရှေ့တန်းအတွက် ပိုမိုဖြစ်နိုင်ခြေရှိတယ်လို့ ဆိုနေကြပြီး ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းရဲ့ တိုက်စစ်မှူး ပတ်ဆန် ဒါကာကို အာဆင်နယ်တို့ ချိတ်ဆက်စုံစမ်းနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားရဲ႕ ကစားခြင့္အတြက္ စိုးရိမ္ေနေၾကာင္း သိရၿပီး အငွားေခၚယူထားတဲ့ အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ ေသာမတ္စ္ ပါေတးကို လက္လႊတ္ခဲ့ရမႈအေပၚ တစ္ဖက္လွည့္နဲ႔ လက္စားေခ်တယ္လို႔ ယူဆေနေၾကာင္း သိရ။

– ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ အသင္းမွာ ပုံမွန္ ပြဲထြက္ခြင့္မရတဲ့ ကစားသမားေတြကို အငွားခ်သြားဖို႔ ရွိေနၿပီး ဘရာဇီးလ္သားေတြျဖစ္ၾကတဲ့ ႐ိုဒရီဂိုနဲ႔ ဗီနီးရွပ္ ဂ်ဴနီယာတို႔လည္း ပါဝင္ေနရာမွာ အာဆင္နယ္အသင္းက စိတ္ဝင္စားေနၿပီး ေဈးကြက္တင္မတင္ကို ေစာင့္ၾကည့္ေန။

– အာဆင္နယ္အသင္းရဲ႕ ေလ့က်င့္ခန္း အစီအစဥ္မွာ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ ပါဝင္ျခင္းမရွိတာ အေတာ္ၾကာၿပီျဖစ္ၿပီး ကစားသမားအေနနဲ႔ ဒီဇန္နဝါရီမွာတင္ တူရကီကလပ္ ဖီနာဘာခ်ီကို ေျပာင္းေ႐ႊ႕သြားဖို႔ ရွိေနသလို ေက်ာနံပါတ္ ၂၃ ဝတ္ဖို႔ပါ စီစဥ္ထားၿပီးၿပီလို႔ ေကာလဟာလေတြ ထြက္ရွိလာ။

– ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၇) ရဲ႕ အေကာင္းဆုံးကစားသမားစာရင္းမွာ အလန္ ရွီးရားအေနနဲ႔ အာဆင္နယ္ကစားသမားသုံးေယာက္ကို အမ်ားဆုံးအျဖစ္ ေ႐ြးခ်ယ္သြားၿပီး စမစ္႐ိုး၊ ဆာကာနဲ႔ တီယာနီတို႔ဟာ အျမင့္ဆုံးေျခစြမ္းကို ျပသခဲ့ၾကၿပီး ကစားပုံေတြကို ၾကည့္ရတာ စိတ္ေက်နပ္စရာေကာင္းေၾကာင္း ခ်ီးက်ဴး။

– ခ်န္ပီယံရွစ္ကလပ္ က်ဴပီအာအသင္းတာဝန္ရွိသူေတြအေနနဲ႔ စေကာ့တလန္ ပရီးမီးယားလိဂ္ကလပ္ ဟိုက္ဘာနီးယန္းအသင္းမွာ အငွားခ်ထားခဲ့တဲ့ ဂိုးသမား ဒီလြန္ ဘန္းစ္ကို ျပန္လည္ေခၚယူလိုက္ၿပီး ပရိသတ္ေတြကေတာ့ ဒါဟာ လက္ရွိဂိုးသမား ဆီနီ ဒီယန္းကို အာဆင္နယ္နဲ႔ လိဒ္စ္တို႔ဆီ လက္လႊတ္ဖို႔လို႔ ယူဆေနၾက။

– စမစ္႐ိုးနဲ႔ ဆာကာတို႔ေၾကာင့္ ႀကီးႀကီးမားမား စိုးရိမ္စရာ မရွိေတာ့တဲ့ အာဆင္နယ္ကြင္းလယ္အတြက္ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ နံပါတ္ ၁၀ ကစားသမားတစ္ဦးထက္ စြယ္စုံရ နံပါတ္ ၈ တစ္ဦးကိုသာ ေခၚယူဖို႔ ျဖစ္လာႏိုင္ၿပီး RB လိုက္ပ္ဇစ္ကြင္းလယ္လူ မာဆယ္လ္ ဆာဘစ္ဇာကို စိတ္ဝင္စားေနသလို အသင္းစီအီးအို မင့္ဇ္လတ္ဖ္ကလည္း သတင္းေတြကို မျငင္းဆန္ဘဲေနခဲ့။

– အာဆင္နယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးဟာ ဒီထက္ပိုၿပီး ထြန္းေတာက္လာဦးမွာျဖစ္သလို ပရီးမီးယားလိဂ္ရဲ႕ ႀကံ့ခိုင္မႈ အသားေပးတဲ့ ပုံစံနဲ႔လည္း ေကာင္းေကာင္းအသားက်ခဲ့ၿပီျဖစ္လို႔ အက္စ္တန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္လိုမ်ိဳး အားကိုးရလိမ့္ဦးမယ္လို႔ ကြင္းလယ္လူေဟာင္း ဒန္နီ မာဖီသုံးသပ္။

– တူရကီႏိုင္ငံ၊ အစၥတန္ဘူလ္ကို သတိရေနတယ္လို႔ အင္စတာဂရမ္မွာ တင္ခဲ့တဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ရဲ႕ ပို႔စ္ေအာက္မွာ ကြန္မန႔္ဝင္ေရးသြားခဲ့တဲ့ ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ေၾကာင့္ သူတို႔ႏွစ္ဦးကို ဖီနာဘာခ်ီမွာ အတူျမင္ေတြ႕ရႏိုင္ဖို႔ ခန႔္မွန္းေနၾက။

– ေဆာင္းရာသီမွာ အသင္းအတြက္ အားျဖည့္သြားမယ့္ ကစားသမားက ကြင္းလယ္နဲ႔ ေနာက္တန္းထက္ ဂိုးသြင္းႏႈန္းက်ဆင္းေနတဲ့ ေရွ႕တန္းအတြက္ ပိုမိုျဖစ္ႏိုင္ေျခရွိတယ္လို႔ ဆိုေနၾကၿပီး ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းရဲ႕ တိုက္စစ္မႉး ပတ္ဆန္ ဒါကာကို အာဆင္နယ္တို႔ ခ်ိတ္ဆက္စုံစမ္းေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.