Premier League Transfer News

5 Jan ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းရဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ကစားမယ့် ပွဲကြိုထရိန်နင်ကို လူငယ်အသင်းကစားသမား ၈ ဦးအပြင် တိုက်စစ်မှူး ဆာဂျီယို အဂွေရိုပါ လေ့ကျင့်နေပြီး အိုးလ်ထရက်ဖို့ဒ်က ဒါဘီပွဲမှာ အာဂျင်တီးနားဝါရင့်ကြီးအနေနဲ့ ကစားခွင့်မိနစ် ပိုမိုရရှိဖွယ်ရှိနေ။

– နည်းပြ ပက်ပ် ဂွါဒီယိုလာက အသင်းဘက်က ကမ်းလှမ်းတဲ့ စာချုပ်ကို အချက်အလက်တွေ မကြိုက်လို့ ပယ်ချထားခဲ့တယ်ဆိုတဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအတွက် မစိုးရိမ်ကြောင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်ကြောင်း ကာရာဘောင်းပွဲအကြိုမှာ ပြောကြားသွား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကစားသမားနှစ်ဦးဖြစ်ကြတဲ့ လာမယ့် နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် နောက်ခံလူ ဆာဂျီယို ရာမို့စ်နဲ့ ဒီဆောင်းရာသီမှာပဲ အငှားနဲ့ စတင်ခေါ်ယူနိုင်မယ့် ကွင်းလယ်လူ အစ္စကိုတို့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေ။

– အပြောင်းအရွှေ့ကိစ္စတွေမှာ ထင်ရှားတဲ့ အီတလီ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုရဲ့ ထုတ်ဖော်မှုက မန်စီးတီးပရိသတ်တွေအတွက်တော့ စိုးရိမ်စရာဖြစ်လာခဲ့ပြီး သူတို့အတွက် အဓိက ပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးလ်အသင်းက ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ် အလာဘာကို လုယူဖို့ရှိတယ်လို့ဆိုခဲ့။

– ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အတွက် မိုက်ကယ် အိုဝင်ကတော့ နှစ်သင်းစလုံးရဲ့ ပုံစံကောင်းတွေ ရရှိနေချိန်မှာ ခန့်မှန်းရ ခက်တယ်လို့ ဆိုခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ နောက်ဆုံး ၄ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးတဲ့ မန်စီးတီးရဲ့ အားနည်းတဲ့ ပုံစံကြောင့် အိမ်ရှင် ယူနိုက်တက်တို့ပဲ ဖိုင်နယ်တက်မယ်လို့ သုံးသပ်။

– မန်ချက်စတာစီးတီးနဲ့ ယူနိုက်တက်တို့ နှစ်သင်းစလုံးရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားတယ်ဆိုတဲ့ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ကင်းစလီ ကိုမွန်က ခုလိုကြားရတာဟာ သူ့ရဲ့ ခြေစွမ်းပြနိုင်ဖို့အတွက် ယုံကြည်မှုတွေကို မြင့်မားစေကြောင်း အပြုသဘောဆိုသွားခဲ့။

– အသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်တဲ့ တိုက်စစ်မှူးဟောင်း ရှောင်ဂုတ်တာက လီယွန်နယ် မက်ဆီကို ခေါ်ဖို့ဟာ အသင်းအတွက် ထင်သလောက် အကျိုးမရှိကြောင်းနဲ့ လူငယ်ကစားသမား ဖီးလ် ဖိုဒန်ကိုပဲ နေရာပေးပြီး သူ့လိုမျိုး ကမ္ဘာ့အဆင့်ဖြစ်လာအောင် ပျိုးထောင်ပေးသင့်ကြောင်း တိုက်တွန်း။

– အသင်းရဲ့ ကြံ့ခိုင်မှုနဲ့ ရောဂါကူးစက်မှုအခြေအနေတွေကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံမယ့် ကာရာဘောင်းဖလားအတွက် သူတို့မှာ လူများများစားစား သုံးစွဲစရာ မရှိဘူးလို့ နည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပြီး သူတို့အတွက် ခက်ခဲမယ့်ပွဲစဉ်လို့ဆို။

– ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ အရန်ခုံပေါ် ပါဝင်လာခဲ့တဲ့ ကျောနံပါတ် ၇၉ ပိုင်ရှင် လူငယ်နောက်ခံလူ လုခ် အမ်ဘီတီ-တာတုကို ခေါ်ယူဖို့ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေကြပြီး နည်းပြတွေဖြစ်ကြတဲ့ ဘီယယ်လ်ဆာနဲ့ ပီယာလိုတို့က သဘောကျနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ကစားမယ့္ ပြဲႀကိဳထရိန္နင္ကို လူငယ္အသင္းကစားသမား ၈ ဦးအျပင္ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုပါ ေလ့က်င့္ေနၿပီး အိုးလ္ထရက္ဖို႔ဒ္က ဒါဘီပြဲမွာ အာဂ်င္တီးနားဝါရင့္ႀကီးအေနနဲ႔ ကစားခြင့္မိနစ္ ပိုမိုရရွိဖြယ္ရွိေန။

– နည္းျပ ပက္ပ္ ဂြါဒီယိုလာက အသင္းဘက္က ကမ္းလွမ္းတဲ့ စာခ်ဳပ္ကို အခ်က္အလက္ေတြ မႀကိဳက္လို႔ ပယ္ခ်ထားခဲ့တယ္ဆိုတဲ့ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားအတြက္ မစိုးရိမ္ေၾကာင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ကာရာေဘာင္းပြဲအႀကိဳမွာ ေျပာၾကားသြား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကစားသမားႏွစ္ဦးျဖစ္ၾကတဲ့ လာမယ့္ ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးမယ့္ ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္နဲ႔ ဒီေဆာင္းရာသီမွာပဲ အငွားနဲ႔ စတင္ေခၚယူႏိုင္မယ့္ ကြင္းလယ္လူ အစၥကိုတို႔ကို ေခၚယူသြားဖို႔ စိတ္ဝင္စားေန။

– အေျပာင္းအေ႐ႊ႕ကိစၥေတြမွာ ထင္ရွားတဲ့ အီတလီ ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုရဲ႕ ထုတ္ေဖာ္မႈက မန္စီးတီးပရိသတ္ေတြအတြက္ေတာ့ စိုးရိမ္စရာျဖစ္လာခဲ့ၿပီး သူတို႔အတြက္ အဓိက ၿပိဳင္ဘက္ျဖစ္တဲ့ လီဗာပူးလ္အသင္းက ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္ အလာဘာကို လုယူဖို႔ရွိတယ္လို႔ဆိုခဲ့။

– ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္အတြက္ မိုက္ကယ္ အိုဝင္ကေတာ့ ႏွစ္သင္းစလုံးရဲ႕ ပုံစံေကာင္းေတြ ရရွိေနခ်ိန္မွာ ခန႔္မွန္းရ ခက္တယ္လို႔ ဆိုခဲ့ေပမယ့္ အိုးလ္ထရက္ဖို႔ဒ္မွာ ေနာက္ဆုံး ၄ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ဆုံးတဲ့ မန္စီးတီးရဲ႕ အားနည္းတဲ့ ပုံစံေၾကာင့္ အိမ္ရွင္ ယူႏိုက္တက္တို႔ပဲ ဖိုင္နယ္တက္မယ္လို႔ သုံးသပ္။

– မန္ခ်က္စတာစီးတီးနဲ႔ ယူႏိုက္တက္တို႔ ႏွစ္သင္းစလုံးရဲ႕ စိတ္ဝင္စားမႈေတြကို ရရွိထားတယ္ဆိုတဲ့ ဘိုင္ယန္ျမဴးနစ္ေတာင္ပံကစားသမား ကင္းစလီ ကိုမြန္က ခုလိုၾကားရတာဟာ သူ႔ရဲ႕ ေျခစြမ္းျပႏိုင္ဖို႔အတြက္ ယုံၾကည္မႈေတြကို ျမင့္မားေစေၾကာင္း အျပဳသေဘာဆိုသြားခဲ့။

– အသင္းရဲ႕ ဂႏၴဝင္တစ္ဦးျဖစ္တဲ့ တိုက္စစ္မႉးေဟာင္း ေရွာင္ဂုတ္တာက လီယြန္နယ္ မက္ဆီကို ေခၚဖို႔ဟာ အသင္းအတြက္ ထင္သေလာက္ အက်ိဳးမရွိေၾကာင္းနဲ႔ လူငယ္ကစားသမား ဖီးလ္ ဖိုဒန္ကိုပဲ ေနရာေပးၿပီး သူ႔လိုမ်ိဳး ကမာၻ႔အဆင့္ျဖစ္လာေအာင္ ပ်ိဳးေထာင္ေပးသင့္ေၾကာင္း တိုက္တြန္း။

– အသင္းရဲ႕ ႀကံ့ခိုင္မႈနဲ႔ ေရာဂါကူးစက္မႈအေျခအေနေတြေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ဆုံမယ့္ ကာရာေဘာင္းဖလားအတြက္ သူတို႔မွာ လူမ်ားမ်ားစားစား သုံးစြဲစရာ မရွိဘူးလို႔ နည္းျပ ဂြါဒီယိုလာက ေျပာၾကားလိုက္ၿပီး သူတို႔အတြက္ ခက္ခဲမယ့္ပြဲစဥ္လို႔ဆို။

– ခ်ဲလ္ဆီးကို အႏိုင္ရရွိခဲ့တဲ့ အေဝးကြင္းပြဲစဥ္မွာ အရန္ခုံေပၚ ပါဝင္လာခဲ့တဲ့ ေက်ာနံပါတ္ ၇၉ ပိုင္ရွင္ လူငယ္ေနာက္ခံလူ လုခ္ အမ္ဘီတီ-တာတုကို ေခၚယူဖို႔ လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔က စိတ္ဝင္စားေနၾကၿပီး နည္းျပေတြျဖစ္ၾကတဲ့ ဘီယယ္လ္ဆာနဲ႔ ပီယာလိုတို႔က သေဘာက်ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.