Premier League Transfer News

5 Jan ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ ဂိုးသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ် ဂျိမ်းစ်က ဆောက်သမ်တန်နဲ့ပွဲမှာ ဘောလုံး ၁၁ ကြိမ်သာ ပေးနိုင်ခဲ့ပြီး ၃၈ ကြိမ်အထိ ဘောလုံးဆုံးရှုံးခဲ့တဲ့ နောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို အသင်းအတွက် ဘာမှ လုပ်မပေးနိုင်သူလို့ ဝေဖန်လိုက်ပြီး နောက်ပွဲမှာ ချန်လှပ်ထားဖို့ တိုက်တွန်း။

– ခရစ္စတယ်လ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ မိနစ် ၉၀ လုံး ကစားပြီး ခြေစွမ်းပြခဲ့တဲ့ ဂျပန်ကွင်းလယ်လူ တာကူမီ မီနာမီနိုကို နောက်ဆုံး သုံးပွဲဆက်တိုက် ချန်လှပ်ထားခဲ့တဲ့ နည်းပြ ကလော့ပ်ရဲ့ လုပ်ရပ်ကို လီဗာပူးလ်ပရိသတ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Empire of the Kop မေးခွန်းထုတ်လိုက်ပြီး သုံးစားမရတဲ့ ရှေ့တန်းတွေနေရာမှာ ထည့်သွင်းသင့်တယ်လို့ ဝေဖန်။

– အပြောင်းအရွှေ့သတင်းတွေကို ဖော်ပြရာမှာ နာမည်ကြီးသလို မှန်ကန်မှုများတဲ့ အီတလီဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက လီဗာပူးလ် အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ် အလာဘာရဲ့ အေးဂျင့်ဆီ ချိတ်ဆက်ဆွေးနွေးခဲ့တဲ့ အသင်း ၅ သင်းထဲမှာ ပါဝင်နေတယ်လို့ ထုတ်ဖော်သွား။

– လီဗာပူးလ်အသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်နဲ့ အသင်းရဲ့ ကင်းထောက်ဌာန တာဝန်ရှိသူတွေဟာ နောက်ကွယ်မှာ ဗဟိုနောက်ခံလူသစ်တစ်ဦး ခေါ်ယူဖို့ ခေါင်းချင်းရိုက်နေကြပြီး လက်ရှိဆိုးရွားနေတဲ့ ရလဒ်တွေကို ပြန်လည်တည့်မတ်ရာမှာ အလိုအပ်ဆုံး ကွက်လပ်ကို ဖြည့်ဆည်းပေးဖို့ ရှိနေတယ်လို့ သတင်းထောက် ပေါလ် ဂျွိုက်စ်ဖော်ပြ။

– အသင်းရဲ့ နောက်တန်းမှာ ဗာဂျီးလ် ဗန်ဒိုက် မရှိတော့တာဟာ ကြီးမားတဲ့ ကွက်လပ်ကို ဖြစ်ပေါ်စေပြီး တိုက်စစ်နဲ့ ခံစစ် ဟန်ချက်မညီမှုကို ဖြစ်ပေါ်စေသလို ရောဘတ်ဆန်နဲ့ အာနိုးလ်ဒ်တို့အတွက်လည်း ခံစစ်မှာ ထောက်ကန်ပေးမှု မရှိတော့ဘဲ ရလဒ်တွေ ဆိုးရွားစေတယ်လို့ စောင့်ကြည့်သူတွေ သုံးသပ်။

– လီဗာပူးလ်အသင်းအတွက် ခံစစ်ပစ်မှတ်အဖြစ် ပိုမိုယုံကြည်နိုင်မယ့်သူတစ်ဦးကို ထပ်မံရှာဖွေနေပြီး ဂျူဗင်တပ်စ်အသင်းရဲ့ တူရကီ နောက်ခံလူ မီရီ ဒီမီရာလ်ကို တော့တင်ဟမ် ဟော့စပါးစ်အသင်းနဲ့အပြိုင် စိတ်ဝင်စားနေကြောင်း သတင်းတွေ ဖော်ပြခဲ့ပြီး သူ့အတွက် ပေါင် ၄၅ သန်းလောက် ကျသင့်ဖွယ်ရှိနေ။

– လိုင်လီနောက်ခံလူ ဆဗင် ဘော့တ်မန်ကို ဆောင်းရာသီမှာ ခေါ်ယူလိုတဲ့အသင်းတွေ အများအပြားရှိနေပေမယ့် လီဗာပူးလ်အသင်းဆီက ကမ်းလှမ်းမှုနဲ့ ခိုင်မာတဲ့ စိတ်ဝင်စားမှုတော့ ရရှိမထားကြောင့် သတင်းရင်းမြစ်တွေက ဆိုခဲ့တယ်လို့ အက်သလက်တစ်ရဲ့ ဒေးဗစ် အွန်းစတိန်း ပြောကြား။

– လီဗာပူးလ်အသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်မှုဟာ ဗဟိုနောက်ခံလူသစ်ဦးကို ခေါ်ယူနိုင်မှုအပေါ်မှာပဲ မူတည်နေလိမ့်မယ်လို့ နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက လက်ရှိကျဆင်းလာခဲ့တဲ့ ရလဒ်တွေအပေါ် ထောက်ပြပြောကြားသွားခဲ့ပြီး လက်ရှိအစားထိုးကစားသမားတွေ လူငယ်တွေနဲ့ မဖြစ်ကြောင်းဆို။

– ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲကို စောင့်ကြည့်နေခဲ့တဲ့ ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းက လီဗာပူးလ်အသင်းအနေနဲ့ အသင်း ခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို ဗဟိုခံစစ်မှာ အသုံးပြုလို့ မရနိုင်ကြောင်းနဲ့ မူလက တိုက်စစ်ဦးစားပေးကစားသမားတစ်ဦးဖြစ်သလို သူ့အနေနဲ့ နေရာယူပုံနဲ့ လှုပ်ရှားပုံတွေကလည်း အံမဝင်တာကြောင့် အသင်းအတွက် ကျရာနေရာက ပေးဆပ်လိုစိတ်ရှိပေမယ့်လည်း အဆင်ပြေမှာ မဟုတ်ကြောင်း သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ ဂိုးသမားေဟာင္းတစ္ဦးျဖစ္တဲ့ ေဒးဗစ္ ဂ်ိမ္းစ္က ေဆာက္သမ္တန္နဲ႔ပြဲမွာ ေဘာလုံး ၁၁ ႀကိမ္သာ ေပးႏိုင္ခဲ့ၿပီး ၃၈ ႀကိမ္အထိ ေဘာလုံးဆုံးရႈံးခဲ့တဲ့ ေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို အသင္းအတြက္ ဘာမွ လုပ္မေပးႏိုင္သူလို႔ ေဝဖန္လိုက္ၿပီး ေနာက္ပြဲမွာ ခ်န္လွပ္ထားဖို႔ တိုက္တြန္း။

– ခရစၥတယ္လ္ပဲေလ့စ္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ မိနစ္ ၉၀ လုံး ကစားၿပီး ေျခစြမ္းျပခဲ့တဲ့ ဂ်ပန္ကြင္းလယ္လူ တာကူမီ မီနာမီႏိုကို ေနာက္ဆုံး သုံးပြဲဆက္တိုက္ ခ်န္လွပ္ထားခဲ့တဲ့ နည္းျပ ကေလာ့ပ္ရဲ႕ လုပ္ရပ္ကို လီဗာပူးလ္ပရိသတ္ဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ Empire of the Kop ေမးခြန္းထုတ္လိုက္ၿပီး သုံးစားမရတဲ့ ေရွ႕တန္းေတြေနရာမွာ ထည့္သြင္းသင့္တယ္လို႔ ေဝဖန္။

– အေျပာင္းအေ႐ႊ႕သတင္းေတြကို ေဖာ္ျပရာမွာ နာမည္ႀကီးသလို မွန္ကန္မႈမ်ားတဲ့ အီတလီဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက လီဗာပူးလ္ အသင္းအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္ အလာဘာရဲ႕ ေအးဂ်င့္ဆီ ခ်ိတ္ဆက္ေဆြးေႏြးခဲ့တဲ့ အသင္း ၅ သင္းထဲမွာ ပါဝင္ေနတယ္လို႔ ထုတ္ေဖာ္သြား။

– လီဗာပူးလ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒဝပ္နဲ႔ အသင္းရဲ႕ ကင္းေထာက္ဌာန တာဝန္ရွိသူေတြဟာ ေနာက္ကြယ္မွာ ဗဟိုေနာက္ခံလူသစ္တစ္ဦး ေခၚယူဖို႔ ေခါင္းခ်င္း႐ိုက္ေနၾကၿပီး လက္ရွိဆိုး႐ြားေနတဲ့ ရလဒ္ေတြကို ျပန္လည္တည့္မတ္ရာမွာ အလိုအပ္ဆုံး ကြက္လပ္ကို ျဖည့္ဆည္းေပးဖို႔ ရွိေနတယ္လို႔ သတင္းေထာက္ ေပါလ္ ဂြၽိဳက္စ္ေဖာ္ျပ။

– အသင္းရဲ႕ ေနာက္တန္းမွာ ဗာဂ်ီးလ္ ဗန္ဒိုက္ မရွိေတာ့တာဟာ ႀကီးမားတဲ့ ကြက္လပ္ကို ျဖစ္ေပၚေစၿပီး တိုက္စစ္နဲ႔ ခံစစ္ ဟန္ခ်က္မညီမႈကို ျဖစ္ေပၚေစသလို ေရာဘတ္ဆန္နဲ႔ အာႏိုးလ္ဒ္တို႔အတြက္လည္း ခံစစ္မွာ ေထာက္ကန္ေပးမႈ မရွိေတာ့ဘဲ ရလဒ္ေတြ ဆိုး႐ြားေစတယ္လို႔ ေစာင့္ၾကည့္သူေတြ သုံးသပ္။

– လီဗာပူးလ္အသင္းအတြက္ ခံစစ္ပစ္မွတ္အျဖစ္ ပိုမိုယုံၾကည္ႏိုင္မယ့္သူတစ္ဦးကို ထပ္မံရွာေဖြေနၿပီး ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တူရကီ ေနာက္ခံလူ မီရီ ဒီမီရာလ္ကို ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းနဲ႔အၿပိဳင္ စိတ္ဝင္စားေနေၾကာင္း သတင္းေတြ ေဖာ္ျပခဲ့ၿပီး သူ႔အတြက္ ေပါင္ ၄၅ သန္းေလာက္ က်သင့္ဖြယ္ရွိေန။

– လိုင္လီေနာက္ခံလူ ဆဗင္ ေဘာ့တ္မန္ကို ေဆာင္းရာသီမွာ ေခၚယူလိုတဲ့အသင္းေတြ အမ်ားအျပားရွိေနေပမယ့္ လီဗာပူးလ္အသင္းဆီက ကမ္းလွမ္းမႈနဲ႔ ခိုင္မာတဲ့ စိတ္ဝင္စားမႈေတာ့ ရရွိမထားေၾကာင့္ သတင္းရင္းျမစ္ေတြက ဆိုခဲ့တယ္လို႔ အက္သလက္တစ္ရဲ႕ ေဒးဗစ္ အြန္းစတိန္း ေျပာၾကား။

– လီဗာပူးလ္အသင္းရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကာကြယ္ႏိုင္မႈဟာ ဗဟိုေနာက္ခံလူသစ္ဦးကို ေခၚယူႏိုင္မႈအေပၚမွာပဲ မူတည္ေနလိမ့္မယ္လို႔ ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါက လက္ရွိက်ဆင္းလာခဲ့တဲ့ ရလဒ္ေတြအေပၚ ေထာက္ျပေျပာၾကားသြားခဲ့ၿပီး လက္ရွိအစားထိုးကစားသမားေတြ လူငယ္ေတြနဲ႔ မျဖစ္ေၾကာင္းဆို။

– ၿပီးခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ပြဲကို ေစာင့္ၾကည့္ေနခဲ့တဲ့ ဘုန္းေမာက္နည္းျပေဟာင္း အက္ဒီေဟာင္းက လီဗာပူးလ္အသင္းအေနနဲ႔ အသင္း ေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို ဗဟိုခံစစ္မွာ အသုံးျပဳလို႔ မရႏိုင္ေၾကာင္းနဲ႔ မူလက တိုက္စစ္ဦးစားေပးကစားသမားတစ္ဦးျဖစ္သလို သူ႔အေနနဲ႔ ေနရာယူပုံနဲ႔ လႈပ္ရွားပုံေတြကလည္း အံမဝင္တာေၾကာင့္ အသင္းအတြက္ က်ရာေနရာက ေပးဆပ္လိုစိတ္ရွိေပမယ့္လည္း အဆင္ေျပမွာ မဟုတ္ေၾကာင္း သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.