Premier League

ပင်နယ်တီအရာမှာ ယူနိုက်တက်လို မျက်နှာမပွင့်လို့ ပေါက်ကွဲနေတဲ့ ကလော့ပ်


လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ တနင်္လာနေ့ညနေက ဆောက်သမ်တန်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ပင်နယ်တီပြစ်ဒဏ်ဘောရရှိမယ့် အခွင့်အရေးကို ၂ ကြိမ်အထိ ငြင်းပယ်ခံခဲ့ရပြီးနောက် ယူနိုက်တက်ရဲ့ ပင်နယ်တီစံချိန်နဲ့ နှိုင်းယှဉ်ပြီး ပြောကြားခဲ့ပါတယ်။


ဒန်နီအင့်ဂ်ရဲ့ ပထမပိုင်း ၂ မိနစ်မှာ သွင်းယူခဲ့တဲ့ အံ့အားသင့်ဖွယ် သွင်းဂိုးကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၁၂ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရသလို ၃ ပွဲအထိ နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီလည်း ဖြစ်ပါတယ်။ လီဗာပူးနည်းပြကလော့ပ်က ၎င်းရဲ့အသင်းဟာ ဒုတိယပိုင်းမှာ ပင်နယ်တီပြစ်ဒဏ်ဘော ၂ ကြိမ်စလုံး ငြင်းပယ်ခဲ့ရတာက မမျှမတဆက်ဆံခံခဲ့ရတယ်လို့ ခံစားနေရတာဖြစ်ပြီး မာနေးကို ဝေါ်ကာ ပီတာရဲ့ ဖျက်ထုတ်မှုနဲ့ ဂျက်စတီဖန်ရဲ့ လက်ထိဘောတို့ကို ကွင်းလယ်ဒိုင် အန်ဒရီမာရီနာက အပြစ်မပေးခဲ့တာဖြစ်ပါတယ်။


လီဗာပူးအသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့အထက် အမှတ်ပေးဇယားမှာ ဆက်လက်ရပ်တည်နေပေမယ့် လာမယ့် ဇန်နဝါရီလ ၁၇ ရက်နေ့ ယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမယ့်ပွဲမှာ အမှတ်ပေးဇယားဦးဆောင်မယ့်အသင်းက ဘယ်အသင်းလဲဆိုတာ အဖြေထွက်လာတော့မှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ဖို့ဆိုရင် ဇန်နဝါရီလ ၁၂ ရက်နေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် ဘန်လေအသင်းနဲ့ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ရရှိအောင် ကစားဖို့ လိုအပ်နေတာဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်က ပြီးခဲ့တဲ့ရာသီတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ပြီး ယူနိုက်တက်ရရှိခဲ့တဲ့ ပင်နယ်တီအရေအတွက်နဲ့ နှိုင်းယှဉ်ပြောကြားခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ရဲ့ အမှတ်ပေးဇယားထိပ်ပိုင်းတိုက်ပွဲမတိုင်မီ စိတ်ဓာတ်စစ်ဆင်ရေးတွေ စတင်လိုက်ပုံပေါ်ပါတယ်။


“တကယ်လို့ မာနေးက ဒိုင်ဗင်သမားလို့ တစ်ယောက်ယောက်ကများ ပြောလာခဲ့ရင် အဲဒါက ကမ္ဘာပေါ်မှာ အကြီးမားဆုံးဟာသပဲ”

“ဒီကောင်လေးက သူ့မှာရှိတာ အားလုံနဲ့ မတ်မတ်ရပ်နိုင်အောင် ကြိုးစားနေတဲ့သူပါ။ အခြေအနေ ၂ ခုမှာ တခြားအသင်းတွေသာဆို အဲဒီအခြေအနေအတွက် ပင်နယ်တီရမှာပါ။ အဲဒီလိုပဲ ကျွန်တော် ပြောပါရစေ။ ပြီးရင် လက်ထိဘော။ ကျွန်တော့်ကို အဲဒီကိစ္စ ဘယ်သူရှင်းပြမှာလဲ မသိပါဘူး”

“ကောင်လေးက အရာအားလုံးကို ကြိုးစားခဲ့တယ်။ ဝေါ်ကာပီတာနဲ့ အရမ်းကောင်းတဲ့ စိန်ခေါ်မှု အနည်းငယ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲဒီမှာ အလွတ်တည်ကန်ဘောရသင့်တဲ့ အခြေအနေတွေ အများကြီးရှိခဲ့တယ်။ နောက်ဆုံးတစ်ခုဆိုရင် ပင်နယ်တီဧရိယာထဲ သူ လဲကျသွားတဲ့အချိန်မှာ နောက်ကနေ သူ့ကို ဘယ်ဖက်ခြေထောက်နဲ့ ကန်လိုက်တာ ခင်ဗျား မြင်မှာပါ။ အဲဒါက ပင်နယ်တီပေးရမှာပါ’

“ကျွန်တော်တို့ မပြောင်းလဲနိုင်ပါဘူး။ ကျွန်တော် အခုကြားထားတာက မန်ချက်စတာယူနိုက်တက်က ၂ နှစ်အတွင်းမှာ ရထားတဲ့ပင်နယ်တီက ကျွန်တော် ၅ နှစ်ခွဲမှာ ရခဲ့တဲ့ ပင်နယ်တီထက် ပိုများနေတယ်တဲ့။ အဲဒါက ကျွန်တော့်အမှားလား ဒါမှမဟုတ် ဘယ်လိုလုပ်ပြီး အဲဒီလိုဖြစ်နိုင်တာလဲဆိုတာ မသိပါဘူး”

“ဒါပေမယ့် စွမ်းဆောင်ရည်အတွက်တော့ ဆင်ခြေပေးစရာမရှိပါဘူး။ ကျွန်တော်တို့ အဲဒါကို ပြောင်းလဲလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ ဆုံးဖြတ်ချက်ကို လေးစားရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့စွမ်းဆောင်ကိုတော့ ပြောင်းလဲနိုင်ပါတယ်။ အဲဒါကိုပဲ အခု ကျွန်တော်တို့ အာရုံစိုက်နေတာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


လီဗာပူးလ္အသင္းနည္းၿပ ယာဂင္ကေလာ့ပ္ဟာ တနလၤာေန႔ညေနက ေဆာက္သမ္တန္အသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ပင္နယ္တီျပစ္ဒဏ္ေဘာရရွိမယ့္ အခြင့္အေရးကို ၂ ႀကိမ္အထိ ျငင္းပယ္ခံခဲ့ရၿပီးေနာက္ ယူနိုက္တက္ရဲ့ ပင္နယ္တီစံခ်ိန္နဲ႔ ႏွိုင္းယွဥ္ၿပီး ေျပာၾကားခဲ့ပါတယ္။


ဒန္နီအင့္ဂ္ရဲ့ ပထမပိုင္း ၂ မိနစ္မွာ သြင္းယူခဲ့တဲ့ အံ့အားသင့္ဖြယ္ သြင္းဂိုးေၾကာင့္ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ၁၂ ပြဲဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္ ရပ္တန႔္ခဲ့ရသလို ၃ ပြဲအထိ နိုင္ပြဲေပ်ာက္ဆုံးေနခဲ့ၿပီလည္း ျဖစ္ပါတယ္။ လီဗာပူးနည္းျပကေလာ့ပ္က ၎ရဲ့အသင္းဟာ ဒုတိယပိုင္းမွာ ပင္နယ္တီျပစ္ဒဏ္ေဘာ ၂ ႀကိမ္စလုံး ျငင္းပယ္ခဲ့ရတာက မမၽွမတဆက္ဆံခံခဲ့ရတယ္လို႔ ခံစားေနရတာျဖစ္ၿပီး မာေနးကို ေဝၚကာ ပီတာရဲ့ ဖ်က္ထုတ္မႈနဲ႔ ဂ်က္စတီဖန္ရဲ့ လက္ထိေဘာတို႔ကို ကြင္းလယ္ဒိုင္ အန္ဒရီမာရီနာက အျပစ္မေပးခဲ့တာျဖစ္ပါတယ္။


လီဗာပူးအသင္းဟာ မန္ခ်က္စတာယူနိုက္တက္ရဲ့အထက္ အမွတ္ေပးဇယားမွာ ဆက္လက္ရပ္တည္ေနေပမယ့္ လာမယ့္ ဇန္နဝါရီလ ၁၇ ရက္ေန႔ ယူနိုက္တက္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ရမယ့္ပြဲမွာ အမွတ္ေပးဇယားဦးေဆာင္မယ့္အသင္းက ဘယ္အသင္းလဲဆိုတာ အေျဖထြက္လာေတာ့မွာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္နိုင္ဖို႔ဆိုရင္ ဇန္နဝါရီလ ၁၂ ရက္ေန႔ညမွာ ယွဥ္ၿပိဳင္ကစားရမယ့္ ဘန္ေလအသင္းနဲ႔ပြဲစဥ္မွာ မျဖစ္မေန အနိုင္ရရွိေအာင္ ကစားဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

လီဗာပူးလ္နည္းျပယာဂင္ကေလာ့ပ္က ၿပီးခဲ့တဲ့ရာသီေတြနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္ခဲ့ၿပီး ယူနိုက္တက္ရရွိခဲ့တဲ့ ပင္နယ္တီအေရအတြက္နဲ႔ ႏွိုင္းယွဥ္ေျပာၾကားခဲ့ၿပီးေနာက္ မန္ခ်က္စတာယူနိုက္တက္နဲ႔ လီဗာပူးအသင္းတို႔ရဲ့ အမွတ္ေပးဇယားထိပ္ပိုင္းတိုက္ပြဲမတိုင္မီ စိတ္ဓာတ္စစ္ဆင္ေရးေတြ စတင္လိုက္ပုံေပၚပါတယ္။


“တကယ္လို႔ မာေနးက ဒိုင္ဗင္သမားလို႔ တစ္ေယာက္ေယာက္ကမ်ား ေျပာလာခဲ့ရင္ အဲဒါက ကမၻာေပၚမွာ အႀကီးမားဆုံးဟာသပဲ”

“ဒီေကာင္ေလးက သူ႔မွာရွိတာ အားလုံနဲ႔ မတ္မတ္ရပ္နိုင္ေအာင္ ႀကိဳးစားေနတဲ့သူပါ။ အေျခအေန ၂ ခုမွာ တျခားအသင္းေတြသာဆို အဲဒီအေျခအေနအတြက္ ပင္နယ္တီရမွာပါ။ အဲဒီလိုပဲ ကၽြန္ေတာ္ ေျပာပါရေစ။ ၿပီးရင္ လက္ထိေဘာ။ ကၽြန္ေတာ့္ကို အဲဒီကိစၥ ဘယ္သူရွင္းျပမွာလဲ မသိပါဘူး”

“ေကာင္ေလးက အရာအားလုံးကို ႀကိဳးစားခဲ့တယ္။ ေဝၚကာပီတာနဲ႔ အရမ္းေကာင္းတဲ့ စိန္ေခၚမႈ အနည္းငယ္ျဖစ္ခဲ့တယ္။ ဒါေပမယ့္ အဲဒီမွာ အလြတ္တည္ကန္ေဘာရသင့္တဲ့ အေျခအေနေတြ အမ်ားႀကီးရွိခဲ့တယ္။ ေနာက္ဆုံးတစ္ခုဆိုရင္ ပင္နယ္တီဧရိယာထဲ သူ လဲက်သြားတဲ့အခ်ိန္မွာ ေနာက္ကေန သူ႔ကို ဘယ္ဖက္ေျခေထာက္နဲ႔ ကန္လိုက္တာ ခင္ဗ်ား ျမင္မွာပါ။ အဲဒါက ပင္နယ္တီေပးရမွာပါ’

“ကၽြန္ေတာ္တို႔ မေျပာင္းလဲနိုင္ပါဘူး။ ကၽြန္ေတာ္ အခုၾကားထားတာက မန္ခ်က္စတာယူနိုက္တက္က ၂ ႏွစ္အတြင္းမွာ ရထားတဲ့ပင္နယ္တီက ကၽြန္ေတာ္ ၅ ႏွစ္ခြဲမွာ ရခဲ့တဲ့ ပင္နယ္တီထက္ ပိုမ်ားေနတယ္တဲ့။ အဲဒါက ကၽြန္ေတာ့္အမွားလား ဒါမွမဟုတ္ ဘယ္လိုလုပ္ၿပီး အဲဒီလိုျဖစ္နိုင္တာလဲဆိုတာ မသိပါဘူး”

“ဒါေပမယ့္ စြမ္းေဆာင္ရည္အတြက္ေတာ့ ဆင္ေျခေပးစရာမရွိပါဘူး။ ကၽြန္ေတာ္တို႔ အဲဒါကို ေျပာင္းလဲလို႔ မရနိုင္ပါဘူး။ ကၽြန္ေတာ္တို႔ ဆုံးျဖတ္ခ်က္ကို ေလးစားရမွာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ရဲ့စြမ္းေဆာင္ကိုေတာ့ ေျပာင္းလဲနိုင္ပါတယ္။ အဲဒါကိုပဲ အခု ကၽြန္ေတာ္တို႔ အာ႐ုံစိုက္ေနတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.