Premier League

လက်ရှိချန်ပီယံကို အနိုင်ရခဲ့လို့ ကွင်းအတွင်းဒူးထောက် ငိုကြွေးခဲ့တဲ့ ဆောက်သမ်တန်နည်းပြ


ဆောက်သမ်တန်အသင်းက လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းကို ၁-၀ နဲ့ စိတ်လှုပ်ရှားဖွယ်အနိုင်ရရှိခဲ့ပြီးနောက် ဆောက်သမ်တန်နည်းပြ ဟာဆန်ဟက်တယ်ဟာ အလွန်စိတ်ခံစားမှုပြင်းထန်ခဲ့ပါတယ်။


ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင့်ဂ်က တနင်္လာနေ့ညနေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်အတွင်း ပထမပိုင်း ၂ မိနစ်မှာပဲ ဆောက်သမ်တန်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းဟာ ချေပဂိုး သွင်းယူဖို့ ရေကုန်ရေခမ်း ကြိုးပမ်းခဲ့တဲ့ လီဗာပူးအသင်းကို ရပ်တန့်အောင် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ရတာဖြစ်ပြီး နောက်ဆုံးမှာတော့ အဖိုးတန် အနိုင် ၃ မှတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။


၂၀၁၈ ခုနှစ်မှာ ဆောက်သမ်တန်နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ဟာဆန်ဟက်တယ်ဟာ ကွင်းလယ်ဒိုင်က ပွဲပြီးဝီစီမှုတ်ခဲ့ပြီးနောက် ကွင်းဘေးစည်းမှာ ဒူးထောက်ပြီး မျက်ရည်တွေအပြည့်နဲ့ ငိုကြွေးနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဘာကြောင့် အသက် ၅၃ နှစ်အရွယ် သြစတြီးယားလူမျိုးနည်းပြက ဒီလောက် စိတ်ခံစားမှုပြင်းထန်နေရတာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် ဆောက်သမ်တန်အသင်းဟာ အနိုင် ၃ မှတ်ကြောင့် အမှတ်ပေးဇယား ပဥ္စမနေရာက မန်စီးတီး၊ စတုတ္ထနေရာက စပါးတို့နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင့်ဂ်က အသင်းအပေါ် နည်းပြ ဟာဆန်ဟက်တယ်ရဲ့ လွှမ်းမိုးမှုကို ချီးကျူးခဲ့ပြီး ဘာကြောင့် နည်းပြအတွက် စိတ်ခံစားချက်ပြင်းထန်တဲ့အခိုက်အတံ့ဖြစ်ခဲ့ရလဲဆိုတာ နားလည်ကြောင်း ပြောကြားခဲ့ပါတယ်။


“သူက အရမ်းကို စိတ်ဆန္ဒပြင်းပြတဲ့သူဖြစ်ပြီး အဲဒီ စိတ်ဆန္ဒပြင်းပြမှုကို ပွဲစဉ်ထဲကို သူ ယူဆောင်လာခဲ့ပါတယ်။ အဲဒါကို မြင်တွေ့ရတာက ကျွန်တော်တို့အတွက် အရမ်းကောင်းမွန်ပါတယ်”

“နည်းပြက ကျွန်တော်တို့အားလုံးကို အသေမောင်းခဲ့ပြီး အဲဒီလိုလုပ်ခဲ့လို့ အမှန်တကယ် ပြန်ခံစားခဲ့ရတာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ေဆာက္သမ္တန္အသင္းက လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးအသင္းကို ၁-၀ နဲ႔ စိတ္လႈပ္ရွားဖြယ္အနိုင္ရရွိခဲ့ၿပီးေနာက္ ေဆာက္သမ္တန္နည္းၿပ ဟာဆန္ဟက္တယ္ဟာ အလြန္စိတ္ခံစားမႈျပင္းထန္ခဲ့ပါတယ္။


ေဆာက္သမ္တန္တိုက္စစ္မႉး ဒန္နီအင့္ဂ္က တနလၤာေန႔ညေနမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အိမ္ကြင္းပြဲစဥ္အတြင္း ပထမပိုင္း ၂ မိနစ္မွာပဲ ေဆာက္သမ္တန္အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ ေဆာက္သမ္တန္အသင္းဟာ ေခ်ပဂိုး သြင္းယူဖို႔ ေရကုန္ေရခမ္း ႀကိဳးပမ္းခဲ့တဲ့ လီဗာပူးအသင္းကို ရပ္တန႔္ေအာင္ ခက္ခက္ခဲခဲ တိုက္ပြဲဝင္ခဲ့ရတာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ အဖိုးတန္ အနိုင္ ၃ မွတ္ကို ရရွိသြားခဲ့တာျဖစ္ပါတယ္။


၂၀၁၈ ခုႏွစ္မွာ ေဆာက္သမ္တန္နည္းျပအျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရတဲ့ ဟာဆန္ဟက္တယ္ဟာ ကြင္းလယ္ဒိုင္က ပြဲၿပီးဝီစီမႈတ္ခဲ့ၿပီးေနာက္ ကြင္းေဘးစည္းမွာ ဒူးေထာက္ၿပီး မ်က္ရည္ေတြအျပည့္နဲ႔ ငိုေႂကြးေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဘာေၾကာင့္ အသက္ ၅၃ ႏွစ္အရြယ္ ၾသစႀတီးယားလူမ်ိဳးနည္းျပက ဒီေလာက္ စိတ္ခံစားမႈျပင္းထန္ေနရတာလဲဆိုတာေတာ့ ရွင္းရွင္းလင္းလင္းမသိရေသးေပမယ့္ ေဆာက္သမ္တန္အသင္းဟာ အနိုင္ ၃ မွတ္ေၾကာင့္ အမွတ္ေပးဇယား ပဥၥမေနရာက မန္စီးတီး၊ စတုတၳေနရာက စပါးတို႔နဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္ေၾကာင့္ အဆင့္ ၆ ေနရာမွာ ရပ္တည္နိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ ေဆာက္သမ္တန္တိုက္စစ္မႉး ဒန္နီအင့္ဂ္က အသင္းအေပၚ နည္းၿပ ဟာဆန္ဟက္တယ္ရဲ့ လႊမ္းမိုးမႈကို ခ်ီးက်ဴးခဲ့ၿပီး ဘာေၾကာင့္ နည္းျပအတြက္ စိတ္ခံစားခ်က္ျပင္းထန္တဲ့အခိုက္အတံ့ျဖစ္ခဲ့ရလဲဆိုတာ နားလည္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။


“သူက အရမ္းကို စိတ္ဆႏၵျပင္းျပတဲ့သူျဖစ္ၿပီး အဲဒီ စိတ္ဆႏၵျပင္းျပမႈကို ပြဲစဥ္ထဲကို သူ ယူေဆာင္လာခဲ့ပါတယ္။ အဲဒါကို ျမင္ေတြ႕ရတာက ကၽြန္ေတာ္တို႔အတြက္ အရမ္းေကာင္းမြန္ပါတယ္”

“နည္းျပက ကၽြန္ေတာ္တို႔အားလုံးကို အေသေမာင္းခဲ့ၿပီး အဲဒီလိုလုပ္ခဲ့လို႔ အမွန္တကယ္ ျပန္ခံစားခဲ့ရတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.