Premier League

5 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ချဲလ်ဆီးတောင်ပံကြယ်ပွင့် ခရစ္စတီယန် ပူလီရှစ်ချ်ဟာ အသင်းရဲ့ စရိုက်လက္ခဏာကို ပြသဖို့နဲ့ နည်းပြလမ်းပတ်အပေါ်မှာ ပြင်းထန်စွာ ကျရောက်နေတဲ့ ဖိအားတွေကို ဖယ်ရှားနိုင်အောင် အတူတူ ရုန်းထွက်ကြဖို့ တောင်းဆိုခဲ့တယ်လို့ သိရ။


-ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ ချဲလ်ဆီး ဝါရင့်တိုက်စစ်မှူး ဂျီရူးက ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်မှာ ပွဲကစားချိန် လုံလုံလောက်လောက် ရရှိခဲ့ပြီးနောက် လန်ဒန်မှာ စွန့်စားခန်းတွေ ဆက်လက်ဖွင့်သွားချင်နေတဲ့ ဆန္ဒရှိနေပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိတယ်လို့တောင် ထုတ်ဖော်ပြောကြားခဲ့။


-ချဲလ်ဆီးအသင်းဟာ ရလဒ်ဆိုးတွေ ဆက်တိုက် ကြုံတွေ့နေရပေမယ့်လည်း နည်းပြလမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့အတွက် စီစဉ်နေတာမျိုး မရှိဘူးလို့ The Telegraph က ဖော်ပြခဲ့ပြီး ဆိုးရွားနေတဲ့ လက်ရှိအသင်းပုံစံကို ပြောင်းလဲဖို့ အခွင့်အရေးပေးသွားမယ်လို့ သိရ။


-လီဗာပူးဂန္တဝင်နောက်ခံကစားသမား ဂျေမီကာရေဂါဟာ လက်ရှိအချိန်မှာ ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ နည်းပြအတွေ့အကြုံ မရှိမှုကြောင့် စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ခံစားနေရတာဖြစ်တယ်လို့ ယုံကြည်နေပြီး အတွေ့အကြုံမရှိတဲ့အချိန်မှာ ဘယ်လိုရုန်းထွက်ရမလဲမသိတာဖြစ်တယ်လို့ ပြောကြားခဲ့။


-စပါးတပ်မော်စကိုအသင်းဟာ ချဲလ်ဆီးအသင်းနဲ့ တီမိုဗာနာတို့ကို ထောင့်ကန်ဘောကန်တဲ့ tiktok ဗီဒီယိုတင်ပြီး လှောင်ပြောင်ခဲ့ပြီး ဗီဒီယိုထဲမှာ ၎င်းတို့အသင်း ထောင့်ကန်ဘောကနေ ဂိုးသွင်းယူခဲ့တာနဲ့ တီမိုဗာနာ ထောင့်ကန်ဘောကန်တဲ့အချိန်မှာ အလံတိုင်ကို ကန်မိခဲ့တာကို ယှဉ်ပြထားခဲ့။


-စတန်ကော်လီမိုးဟာ ချဲလ်ဆီးအသင်းအနေနဲ့ နည်းပြလမ်းပတ်ကို နည်းပြအဖြစ်နဲ့ ဖရန့်လမ်းပတ်ကို အချိန်ပိုပေးဖို့အတွက် တောင်းဆိုခဲ့ပြီး အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးကလပ်အသင်း ၂ သင်းဟာ ပြီးခဲ့တဲ့ရာသီအနည်းငယ်မှာ နည်းပြအပြောင်းအလဲလုပ်လိုက်တာနဲ့ အောင်မြင်မှု တန်းရလာတာမဟုတ်ဘူးလို့ သတိပေးခဲ့။


-ချဲလ်ဆီးအသင်းဟာ အနာဂတ်မရေမရာဖြစ်နေတဲ့ နည်းပြလမ်းပတ်နေရာမှာ အစားထိုးနိုင်ခြေရှိသူအဖြစ် ယူကရိန်းလက်ရွေးစင်အသင်းနည်းပြ ရှက်ဗ်ချင်ကို ကို နည်းပြသစ်အဖြစ် ခန့်အပ်မယ့်စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ Le10 Sport က ဖော်ပြခဲ့ပြီး ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ရှက်ဗ်ချင်ကိုဟာ ယူကရိန်းအသင်းကို ခြေစစ်ပွဲမှာ ရှုံးပွဲမရှိစံချိန်နဲ့အတူ လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နေရာတစ်နေရာရရှိအောင် နည်းပြပေးထားသူဖြစ်။


-ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော်သုံးစွဲပြီး ကစားသမားများစွာ ခေါ်ယူမှုပြုလုပ်ခဲ့ပေမယ့် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာလည်း ကစားသမားသစ်တွေခေါ်ယူသွားမယ်လို့ သိရပြီး အေစီမီလန်ဂိုးသမား ဒွန်နာရမ်းမား၊ ဘိုင်ယန်နောက်ခံကစားသမား ဂျရုမ်းဘိုတန်၊ နာပိုလီဝါရင့်တိုက်စစ်မှူး မီလစ်တို့နဲ့ သဘောတူညီမှုရရှိဖွယ်ရှိတယ်လို့ Football.london က ဖော်ပြခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ခ်ဲလ္ဆီးေတာင္ပံၾကယ္ပြင့္ ခရစၥတီယန္ ပူလီရွစ္ခ်္ဟာ အသင္းရဲ့ စရိုက္လကၡဏာကို ျပသဖို႔နဲ႔ နည္းျပလမ္းပတ္အေပၚမွာ ျပင္းထန္စြာ က်ေရာက္ေနတဲ့ ဖိအားေတြကို ဖယ္ရွားနိုင္ေအာင္ အတူတူ ႐ုန္းထြက္ၾကဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရ။


-ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေနတဲ့ ခ်ဲလ္ဆီး ဝါရင့္တိုက္စစ္မႉး ဂ်ီ႐ူးက ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္မွာ ပြဲကစားခ်ိန္ လုံလုံေလာက္ေလာက္ ရရွိခဲ့ၿပီးေနာက္ လန္ဒန္မွာ စြန႔္စားခန္းေတြ ဆက္လက္ဖြင့္သြားခ်င္ေနတဲ့ ဆႏၵရွိေနၿပီး တစ္ႏွစ္သက္တမ္းတိုးခြင့္ရွိတယ္လို႔ေတာင္ ထုတ္ေဖာ္ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးအသင္းဟာ ရလဒ္ဆိုးေတြ ဆက္တိုက္ ၾကဳံေတြ႕ေနရေပမယ့္လည္း နည္းျပလမ္းပတ္ကို ရာထူးကေန ထုတ္ပယ္ဖို႔အတြက္ စီစဥ္ေနတာမ်ိဳး မရွိဘူးလို႔ The Telegraph က ေဖာ္ျပခဲ့ၿပီး ဆိုးရြားေနတဲ့ လက္ရွိအသင္းပုံစံကို ေျပာင္းလဲဖို႔ အခြင့္အေရးေပးသြားမယ္လို႔ သိရ။


-လီဗာပူးဂႏၲဝင္ေနာက္ခံကစားသမား ေဂ်မီကာေရဂါဟာ လက္ရွိအခ်ိန္မွာ ခ်ဲလ္ဆီးနည္းၿပ ဖရန႔္လမ္းပတ္ဟာ နည္းျပအေတြ႕အၾကဳံ မရွိမႈေၾကာင့္ စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ခံစားေနရတာျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး အေတြ႕အၾကဳံမရွိတဲ့အခ်ိန္မွာ ဘယ္လို႐ုန္းထြက္ရမလဲမသိတာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-စပါးတပ္ေမာ္စကိုအသင္းဟာ ခ်ဲလ္ဆီးအသင္းနဲ႔ တီမိုဗာနာတို႔ကို ေထာင့္ကန္ေဘာကန္တဲ့ tiktok ဗီဒီယိုတင္ၿပီး ေလွာင္ေျပာင္ခဲ့ၿပီး ဗီဒီယိုထဲမွာ ၎တို႔အသင္း ေထာင့္ကန္ေဘာကေန ဂိုးသြင္းယူခဲ့တာနဲ႔ တီမိုဗာနာ ေထာင့္ကန္ေဘာကန္တဲ့အခ်ိန္မွာ အလံတိုင္ကို ကန္မိခဲ့တာကို ယွဥ္ျပထားခဲ့။


-စတန္ေကာ္လီမိုးဟာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ နည္းျပလမ္းပတ္ကို နည္းျပအျဖစ္နဲ႔ ဖရန႔္လမ္းပတ္ကို အခ်ိန္ပိုေပးဖို႔အတြက္ ေတာင္းဆိုခဲ့ၿပီး အဂၤလန္ရဲ့ အေအာင္ျမင္ဆုံးကလပ္အသင္း ၂ သင္းဟာ ၿပီးခဲ့တဲ့ရာသီအနည္းငယ္မွာ နည္းျပအေျပာင္းအလဲလုပ္လိုက္တာနဲ႔ ေအာင္ျမင္မႈ တန္းရလာတာမဟုတ္ဘူးလို႔ သတိေပးခဲ့။


-ခ်ဲလ္ဆီးအသင္းဟာ အနာဂတ္မေရမရာျဖစ္ေနတဲ့ နည္းျပလမ္းပတ္ေနရာမွာ အစားထိုးနိုင္ေျခရွိသူအျဖစ္ ယူကရိန္းလက္ေရြးစင္အသင္းနည္းၿပ ရွက္ဗ္ခ်င္ကို ကို နည္းျပသစ္အျဖစ္ ခန႔္အပ္မယ့္စာရင္းထဲမွာ ထည့္သြင္းထားတယ္လို႔ Le10 Sport က ေဖာ္ျပခဲ့ၿပီး ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း ရွက္ဗ္ခ်င္ကိုဟာ ယူကရိန္းအသင္းကို ေျခစစ္ပြဲမွာ ရႈံးပြဲမရွိစံခ်ိန္နဲ႔အတူ လာမယ့္ ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ ေနရာတစ္ေနရာရရွိေအာင္ နည္းျပေပးထားသူျဖစ္။


-ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္သန္း ၂၀၀ ေက်ာ္သုံးစြဲၿပီး ကစားသမားမ်ားစြာ ေခၚယူမႈျပဳလုပ္ခဲ့ေပမယ့္ ယခုဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာလည္း ကစားသမားသစ္ေတြေခၚယူသြားမယ္လို႔ သိရၿပီး ေအစီမီလန္ဂိုးသမား ဒြန္နာရမ္းမား၊ ဘိုင္ယန္ေနာက္ခံကစားသမား ဂ်႐ုမ္းဘိုတန္၊ နာပိုလီဝါရင့္တိုက္စစ္မႉး မီလစ္တို႔နဲ႔ သေဘာတူညီမႈရရွိဖြယ္ရွိတယ္လို႔ Football.london က ေဖာ္ျပခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.