Match Report Premier League

ပျောက်ဆုံးမှုတွေ များစွာနဲ့ နှစ်သစ်မှာ ရှုံးပွဲတွေ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဒီနေ့ပွဲရလဒ်ကြောင့် သူတို့ရဲ့ နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရသလို နှစ်သစ်မှာ အစမကောင်းခဲ့ဘဲ လူမစုံဘဲ ခံစစ်ဗဟိုကစားသမားပါ မရှိတော့ချိန်မှာ ကွင်းလယ်နဲ့ တိုက်စစ်ရဲ့ စိတ်အားထက်သန်မှုကလည်း ပျောက်ဆုံးနေခဲ့လို့ အမှတ်ပေးဇယားရဲ့ ရပ်တည်မှုကိုတော့ ခြိမ်းခြောက်ခံရတော့မှာပဲဖြစ်ပါတယ်။

ကွင်းထဲက နေရာယူပုံကို မေ့ထားပြီး အချက်အလက်အရပြောရရင် ဗဟိုနောက်ခံလူတစ်ယောက်မှ မပါဘဲ အစွန်လူနှစ်ယောက်နဲ့ ၂-၅-၃ လို့ ခေါ်ရမယ့် လူစာရင်းကို ပွဲထုတ်လာခဲ့တဲ့ လီဗာပူးလ်တို့အနေနဲ့ ဖာဘင်ညိုကို လူငယ်ခံစစ်မှူးတစ်ဦးနဲ့ တွဲပေးရမယ့်အစား အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ တွဲပေးခဲ့တာကလည်း ဒီပွဲရဲ့ အလှည့်အပြောင်းအတစ်ရပ်ဖြစ်ခဲ့ပါတယ်။

ပွဲချိန် တစ်မိနစ်ကျော်ကျော်မှာ ဆောက်သမ်တန်တို့ ရရှိခဲ့တဲ့ ဖရီးကစ်ကို ဝါ့ဒ်ပရောက်စ် ကန်တင်ပေးရာမှာ တစ်သင်းလုံး လူကျွံဘော ဖမ်းခဲ့ကြပေမယ့် ဟန်ဒါဆန်ကြောင့် လူမကျွံခဲ့တဲ့ ဒန်နီအင်းစ်က အလက်ဇန်းဒါး-အာနိုးလ်ဒ် မတားဆီးနိုင်ခဲ့တဲ့ ဘောလုံးကို စိတ်ကူးကောင်းကောင်းနဲ့ ဂိုးရဲ့ အဝေးတိုင်အပေါ်ထောင့်ကို လှမ်းကန်သွားခဲ့ပြီး လက်တွေ့မှာလည်း အကောင်အထည်ပေါ်သွားခဲ့တာကြောင့် လီဗာပူးလ်တို့ စောစောစီးစီး ဂိုးပေးခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ သီယာဂိုရဲ့ ဘောလုံးကိုင်ပြီး ကွင်းလယ်ကို ထိန်းချုပ်နိုင်စွမ်း၊ ဘောလုံးဖြန့်ဝေနိုင်စွမ်းတွေနဲ့ ပြန်လည်တိုက်စစ်ဆင်ခဲ့ပေမယ့် ပျောက်ဆုံးမှုနောက်တစ်ခုဖြစ်တဲ့ တိုက်စစ်တွဲလုံးတွေက တစ်ကိုယ်တော်ကြိုးစားတာတွေ၊ အဝေးက လှမ်းကန်တာတွေနဲ့သာ ထိုးဖောက်နေခဲ့ပြီး အိမ်ရှင်တို့ ဂိုးပေါက်ဆီ မရောက်ခဲ့တာလည်းဖြစ်ပါတယ်။

ဗဟိုနောက်ခံလူတွေ မပါတဲ့ ခံစစ်ကို ဆောက်သမ်တန်တိုက်စစ်က ဂျီနီပိုနဲ့ သူ့အစား ဝင်လာခဲ့တဲ့ တယ်လာတို့ကတောင် ခြိမ်းခြောက်ခဲ့ပြီး မာနေး၊ ဆာလားတို့လိုပဲ ဂိုးပေါက်မတည့်ခဲ့လို့သာ ပထမပိုင်းမှာ လီဗာပူးလ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်တို့ ပိုဖိကစားပြီး ရှာကျီရီ၊ မီလ်နာတို့ကို လဲကစားခဲ့သလို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဒိုင်လူကြီးနဲ့ VAR တို့ရဲ့ နစ်နာစေတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ရလဒ်ကို ပြောင်းလဲဖို့ မတတ်နိုင်ခဲ့သလို နောက်ထပ်ပျောက်ဆုံးမှုတစ်ခုဖြစ်တဲ့ ဂိုးပေါက်ကန်ချက်တွေကလည်း ရလဒ်ဆိုးရွားမှုနဲ့ပဲ ကြုံတွေ့စေခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေကိုတော့ အိမ်ရှင်ဘက်က ခြေစွမ်းပြခဲ့တဲ့ ဘက်ဒ်နာရက်ခ်နဲ့ စတီဖင်စ်တို့ရဲ့ ရေပက်မဝင်တဲ့ ဖျက်ထုတ်မှုတွေနဲ့ ထိန်းချုပ်သွားခဲ့ပြီး နိုင်ပွဲရယူနိုင်ခဲ့သလို နည်းပြ ဟေဆန်ဟွတ်တယ်လ်ကို မျက်ရည်ကျတဲ့အထိ ပျော်ရွှင်စေခဲ့ပြီး လီဗာပူးလ်တို့ကတော့ အမှတ်ပေး ဇယားမှာ မန်ချက်စတာယူနိုက်တက်ထက် တစ်ပွဲပိုကစားပြီး အမှတ်တူ၊ ဂိုးကွာခြားချက်ပဲ သာတော့တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ ဒီေန႔ပြဲရလဒ္ေၾကာင့္ သူတို႔ရဲ႕ ေနာက္ဆုံးသုံးပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆုံးခဲ့ရသလို ႏွစ္သစ္မွာ အစမေကာင္းခဲ့ဘဲ လူမစုံဘဲ ခံစစ္ဗဟိုကစားသမားပါ မရွိေတာ့ခ်ိန္မွာ ကြင္းလယ္နဲ႔ တိုက္စစ္ရဲ႕ စိတ္အားထက္သန္မႈကလည္း ေပ်ာက္ဆုံးေနခဲ့လို႔ အမွတ္ေပးဇယားရဲ႕ ရပ္တည္မႈကိုေတာ့ ၿခိမ္းေျခာက္ခံရေတာ့မွာပဲျဖစ္ပါတယ္။

ကြင္းထဲက ေနရာယူပုံကို ေမ့ထားၿပီး အခ်က္အလက္အရေျပာရရင္ ဗဟိုေနာက္ခံလူတစ္ေယာက္မွ မပါဘဲ အစြန္လူႏွစ္ေယာက္နဲ႔ ၂-၅-၃ လို႔ ေခၚရမယ့္ လူစာရင္းကို ပြဲထုတ္လာခဲ့တဲ့ လီဗာပူးလ္တို႔အေနနဲ႔ ဖာဘင္ညိဳကို လူငယ္ခံစစ္မႉးတစ္ဦးနဲ႔ တြဲေပးရမယ့္အစား အသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႔ တြဲေပးခဲ့တာကလည္း ဒီပြဲရဲ႕ အလွည့္အေျပာင္းအတစ္ရပ္ျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ တစ္မိနစ္ေက်ာ္ေက်ာ္မွာ ေဆာက္သမ္တန္တို႔ ရရွိခဲ့တဲ့ ဖရီးကစ္ကို ဝါ့ဒ္ပေရာက္စ္ ကန္တင္ေပးရာမွာ တစ္သင္းလုံး လူကြၽံေဘာ ဖမ္းခဲ့ၾကေပမယ့္ ဟန္ဒါဆန္ေၾကာင့္ လူမကြၽံခဲ့တဲ့ ဒန္နီအင္းစ္က အလက္ဇန္းဒါး-အာႏိုးလ္ဒ္ မတားဆီးႏိုင္ခဲ့တဲ့ ေဘာလုံးကို စိတ္ကူးေကာင္းေကာင္းနဲ႔ ဂိုးရဲ႕ အေဝးတိုင္အေပၚေထာင့္ကို လွမ္းကန္သြားခဲ့ၿပီး လက္ေတြ႕မွာလည္း အေကာင္အထည္ေပၚသြားခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ ေစာေစာစီးစီး ဂိုးေပးခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ သီယာဂိုရဲ႕ ေဘာလုံးကိုင္ၿပီး ကြင္းလယ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္း၊ ေဘာလုံးျဖန႔္ေဝႏိုင္စြမ္းေတြနဲ႔ ျပန္လည္တိုက္စစ္ဆင္ခဲ့ေပမယ့္ ေပ်ာက္ဆုံးမႈေနာက္တစ္ခုျဖစ္တဲ့ တိုက္စစ္တြဲလုံးေတြက တစ္ကိုယ္ေတာ္ႀကိဳးစားတာေတြ၊ အေဝးက လွမ္းကန္တာေတြနဲ႔သာ ထိုးေဖာက္ေနခဲ့ၿပီး အိမ္ရွင္တို႔ ဂိုးေပါက္ဆီ မေရာက္ခဲ့တာလည္းျဖစ္ပါတယ္။

ဗဟိုေနာက္ခံလူေတြ မပါတဲ့ ခံစစ္ကို ေဆာက္သမ္တန္တိုက္စစ္က ဂ်ီနီပိုနဲ႔ သူ႔အစား ဝင္လာခဲ့တဲ့ တယ္လာတို႔ကေတာင္ ၿခိမ္းေျခာက္ခဲ့ၿပီး မာေနး၊ ဆာလားတို႔လိုပဲ ဂိုးေပါက္မတည့္ခဲ့လို႔သာ ပထမပိုင္းမွာ လီဗာပူးလ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ လီဗာပူးလ္တို႔ ပိုဖိကစားၿပီး ရွာက်ီရီ၊ မီလ္နာတို႔ကို လဲကစားခဲ့သလို ၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္ ဒိုင္လူႀကီးနဲ႔ VAR တို႔ရဲ႕ နစ္နာေစတဲ့ ဆုံးျဖတ္ခ်က္ေတြေၾကာင့္ ရလဒ္ကို ေျပာင္းလဲဖို႔ မတတ္ႏိုင္ခဲ့သလို ေနာက္ထပ္ေပ်ာက္ဆုံးမႈတစ္ခုျဖစ္တဲ့ ဂိုးေပါက္ကန္ခ်က္ေတြကလည္း ရလဒ္ဆိုး႐ြားမႈနဲ႔ပဲ ႀကဳံေတြ႕ေစခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြကိုေတာ့ အိမ္ရွင္ဘက္က ေျခစြမ္းျပခဲ့တဲ့ ဘက္ဒ္နာရက္ခ္နဲ႔ စတီဖင္စ္တို႔ရဲ႕ ေရပက္မဝင္တဲ့ ဖ်က္ထုတ္မႈေတြနဲ႔ ထိန္းခ်ဳပ္သြားခဲ့ၿပီး ႏိုင္ပြဲရယူႏိုင္ခဲ့သလို နည္းျပ ေဟဆန္ဟြတ္တယ္လ္ကို မ်က္ရည္က်တဲ့အထိ ေပ်ာ္႐ႊင္ေစခဲ့ၿပီး လီဗာပူးလ္တို႔ကေတာ့ အမွတ္ေပး ဇယားမွာ မန္ခ်က္စတာယူႏိုက္တက္ထက္ တစ္ပြဲပိုကစားၿပီး အမွတ္တူ၊ ဂိုးကြာျခားခ်က္ပဲ သာေတာ့တဲ့ အေနအထားကို ေရာက္ရွိသြားခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.