Premier League Transfer News

5 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ပွဲကစားခွင့် မရသေးတဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာကို ရာသီကုန်အထိ ပြင်သစ်လီဂူးဝမ်း ကလပ် နိစ်အသင်းဆီ အငှားချလိုက်ပြီဖြစ်ပြီး ကစားခွင့်နဲ့အတူ ပိုမိုကောင်းမွန်တဲ့ ကြံ့ခိုင်မှုကို ရရှိစေဖို့ ရည်ရွယ်တယ်လို့ နည်းစနစ် ဒါရိုက်တာ အီဒူးပြောကြား။

– နော့ဝစ်ချ်အသင်းရဲ့ ကွင်းလယ်ကစားသမား အီမီလီယာနို ဘွင်ဒီယာကို ခေါ်ယူဖို့ အာဆင်နယ်အသင်းဘက်က တော်တော်လေး လိုက်လိုက်လျောလျောလုပ်ဆောင်မယ့် သဘောရှိနေပြီး ငွေကြေးအပြင် ကစားသမားတွေဖြစ်ကြတဲ့ နကီးတီးယား၊ ဝီလော့ခ်နဲ့ နယ်လ်ဆန်တို့ထဲက တစ်ဦးကို အလိုက်ပေးသွားဖွယ်ရှိသလို အငှားချပေးသွားဖွယ်လည်းရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ အသင်းမှာ ကစားခွင့် မပေးဘူးဆိုရင် ဘာလုပ်ဖို့ နောက်ခံလူ ဆာလီဘာကို ခေါ်ခဲ့တာလဲလို့ မန်ချက်စတာ ယူနိုက်တက်နောက်ခံလူဟောင်း ရီယို ဖာဒီနန်က မေးခွန်းထုတ်လိုက်ပြီး ဒီအတိုင်းဆိုရင် သူ့အတွက် ကုန်ကျခဲ့တဲ့ ပေါင် ၂၇ သန်းက ဖြုန်းတီးမှုသက်သက်ပဲလို့ ဝေဖန်။

– ဒေါ့မွန်အသင်းအနေနဲ့ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ကွင်းလယ်လူ ဂျူလီယန် ဘရန့်ဒ်ကို ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၂၅ သန်း သတ်မှတ်လိုက်ပြီး ကွင်းလယ်မှာ အလှည့်ကျကစားခွင့်ကို စိတ်ပျက်နေတဲ့ ဂျာမန်သားကို ငွေကြေးအဆင်ပြေတာနဲ့ ခေါ်ယူသွားနိုင်ခြေ ရှိနေ။

– တူရကီကလပ် ဘက်ရှီးတပ်စ်အနေနဲ့ ပြီးခဲ့တဲ့ ရာသီက အငှားနဲ့ လာရောက်ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီကို ဆောင်းရာသီမှာ ရာသီဝက်အငှားနဲ့ ခေါ်ယူချင်နေပေမယ့် အာဆင်နယ်အသင်းဘက်ကတော့ သောမတ်စ် ပါတေးရဲ့ စိတ်မချရသေးတဲ့ ကြံ့ခိုင်မှုကြောင့် ဆက်လက်ထိန်းသိမ်းသွားဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ခံစစ်ကစားသမားတွေကို ရှင်းထုတ်ဖို့ စီစဉ်နေပြီး မူစတာဖီနဲ့ ဆိုကရာတစ်တို့ကို အသင်းသစ် ရှာဖွေ ခိုင်းထားသလို ဆာလီဘာနဲ့ ကိုလာစီနက်ချ်ကို အငှားချလိုက်အပြီးမှာ ကယ်လမ် ချိမ်းဘားစ်အတွက်လည်း အငှား+အပြီးသတ် ခေါ်ယူခွင့်မျိုး ကမ်းလှမ်းလာမှုကို စောင့်မျှော်နေ။

– ဆာလီဘာဟာ အာဆင်နယ်အရန်ခုံတန်းကနေ လွတ်မြောက်သွားခဲ့ပြီလို့ နိစ်အသင်းဆီ အငှားနဲ့ ကြေငြာမှုအပြီးမှာ စိန့်အက်တီယန် အသင်းဖော်ဟောင်း ဝက်စ်လီ ဖိုဖာနာက ဝမ်းသာစကားပြောကြားလိုက်ပြီး လက်စတာနောက်ခံလူအနေနဲ့ သူ့ရဲ့ တွဲဖက်ဟောင်းကို သံယောဇဉ်ကြီးမားကြောင်း ပြသသွားခဲ့။

– ဘောလုံးကျွမ်းကျင်သူတစ်ဦးအဖြစ် ဆောင်ရွက်နေခဲ့တဲ့ နောက်ခံလူဟောင်း ရီယို ဖာဒီနန်က စာချုပ်သစ် လက်မှတ်ထိုးပြီးတဲ့နောက် ဖြစ်ပျက်သွားခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းရဲ့ လက်ရှိပုံစံက မယုံနိုင်စရာလို့ ပြောကြားလိုက်ပြီး အသင်းအတွက် စိုးရိမ်းဖွယ်ကောင်းနေပြီလို့လည်း သုံးသပ်။

– အာဆင်နယ်ကစားသမားဟောင်းတစ်ဦးဖြစ်ပေမယ့် အသင်းအတွက် ထော်လော်ကန့်လန့်စကားအများစုကိုပဲ ပြောကြားလေ့ရှိတဲ့ စကိုင်းစပို့စ်ရဲ့ ပေါလ်မာဆန်က နောက်ဆုံး ၄ ပွဲမှာ ၅ ဂိုးသွင်းပြီး ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ဝက်စ်ဟမ်းက ခေါ်ယူသင့်တယ်လို့ ထူးဆန်းတဲ့ အကြံပေးမှုကို ပြုလုပ်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ပြဲကစားခြင့္ မရေသးတဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို ရာသီကုန္အထိ ျပင္သစ္လီဂူးဝမ္း ကလပ္ နိစ္အသင္းဆီ အငွားခ်လိုက္ၿပီျဖစ္ၿပီး ကစားခြင့္နဲ႔အတူ ပိုမိုေကာင္းမြန္တဲ့ ႀကံ့ခိုင္မႈကို ရရွိေစဖို႔ ရည္႐ြယ္တယ္လို႔ နည္းစနစ္ ဒါ႐ိုက္တာ အီဒူးေျပာၾကား။

– ေနာ့ဝစ္ခ်္အသင္းရဲ႕ ကြင္းလယ္ကစားသမား အီမီလီယာႏို ဘြင္ဒီယာကို ေခၚယူဖို႔ အာဆင္နယ္အသင္းဘက္က ေတာ္ေတာ္ေလး လိုက္လိုက္ေလ်ာေလ်ာလုပ္ေဆာင္မယ့္ သေဘာရွိေနၿပီး ေငြေၾကးအျပင္ ကစားသမားေတြျဖစ္ၾကတဲ့ နကီးတီးယား၊ ဝီေလာ့ခ္နဲ႔ နယ္လ္ဆန္တို႔ထဲက တစ္ဦးကို အလိုက္ေပးသြားဖြယ္ရွိသလို အငွားခ်ေပးသြားဖြယ္လည္းရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ အသင္းမွာ ကစားခြင့္ မေပးဘူးဆိုရင္ ဘာလုပ္ဖို႔ ေနာက္ခံလူ ဆာလီဘာကို ေခၚခဲ့တာလဲလို႔ မန္ခ်က္စတာ ယူႏိုက္တက္ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က ေမးခြန္းထုတ္လိုက္ၿပီး ဒီအတိုင္းဆိုရင္ သူ႔အတြက္ ကုန္က်ခဲ့တဲ့ ေပါင္ ၂၇ သန္းက ျဖဳန္းတီးမႈသက္သက္ပဲလို႔ ေဝဖန္။

– ေဒါ့မြန္အသင္းအေနနဲ႔ အာဆင္နယ္အသင္းရဲ႕ ပစ္မွတ္ျဖစ္တဲ့ ကြင္းလယ္လူ ဂ်ဴလီယန္ ဘရန႔္ဒ္ကို ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ယူ႐ို ၂၅ သန္း သတ္မွတ္လိုက္ၿပီး ကြင္းလယ္မွာ အလွည့္က်ကစားခြင့္ကို စိတ္ပ်က္ေနတဲ့ ဂ်ာမန္သားကို ေငြေၾကးအဆင္ေျပတာနဲ႔ ေခၚယူသြားႏိုင္ေျခ ရွိေန။

– တူရကီကလပ္ ဘက္ရွီးတပ္စ္အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီက အငွားနဲ႔ လာေရာက္ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္လူ မိုဟာမက္ အယ္လ္နန္နီကို ေဆာင္းရာသီမွာ ရာသီဝက္အငွားနဲ႔ ေခၚယူခ်င္ေနေပမယ့္ အာဆင္နယ္အသင္းဘက္ကေတာ့ ေသာမတ္စ္ ပါေတးရဲ႕ စိတ္မခ်ရေသးတဲ့ ႀကံ့ခိုင္မႈေၾကာင့္ ဆက္လက္ထိန္းသိမ္းသြားဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ခံစစ္ကစားသမားေတြကို ရွင္းထုတ္ဖို႔ စီစဥ္ေနၿပီး မူစတာဖီနဲ႔ ဆိုကရာတစ္တို႔ကို အသင္းသစ္ ရွာေဖြ ခိုင္းထားသလို ဆာလီဘာနဲ႔ ကိုလာစီနက္ခ်္ကို အငွားခ်လိုက္အၿပီးမွာ ကယ္လမ္ ခ်ိမ္းဘားစ္အတြက္လည္း အငွား+အၿပီးသတ္ ေခၚယူခြင့္မ်ိဳး ကမ္းလွမ္းလာမႈကို ေစာင့္ေမွ်ာ္ေန။

– ဆာလီဘာဟာ အာဆင္နယ္အရန္ခုံတန္းကေန လြတ္ေျမာက္သြားခဲ့ၿပီလို႔ နိစ္အသင္းဆီ အငွားနဲ႔ ေၾကျငာမႈအၿပီးမွာ စိန႔္အက္တီယန္ အသင္းေဖာ္ေဟာင္း ဝက္စ္လီ ဖိုဖာနာက ဝမ္းသာစကားေျပာၾကားလိုက္ၿပီး လက္စတာေနာက္ခံလူအေနနဲ႔ သူ႔ရဲ႕ တြဲဖက္ေဟာင္းကို သံေယာဇဥ္ႀကီးမားေၾကာင္း ျပသသြားခဲ့။

– ေဘာလုံးကြၽမ္းက်င္သူတစ္ဦးအျဖစ္ ေဆာင္႐ြက္ေနခဲ့တဲ့ ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က စာခ်ဳပ္သစ္ လက္မွတ္ထိုးၿပီးတဲ့ေနာက္ ျဖစ္ပ်က္သြားခဲ့တဲ့ အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီယန္းရဲ႕ လက္ရွိပုံစံက မယုံႏိုင္စရာလို႔ ေျပာၾကားလိုက္ၿပီး အသင္းအတြက္ စိုးရိမ္းဖြယ္ေကာင္းေနၿပီလို႔လည္း သုံးသပ္။

– အာဆင္နယ္ကစားသမားေဟာင္းတစ္ဦးျဖစ္ေပမယ့္ အသင္းအတြက္ ေထာ္ေလာ္ကန႔္လန႔္စကားအမ်ားစုကိုပဲ ေျပာၾကားေလ့ရွိတဲ့ စကိုင္းစပို႔စ္ရဲ႕ ေပါလ္မာဆန္က ေနာက္ဆုံး ၄ ပြဲမွာ ၅ ဂိုးသြင္းၿပီး ေျခစြမ္းျပေနတဲ့ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ဝက္စ္ဟမ္းက ေခၚယူသင့္တယ္လို႔ ထူးဆန္းတဲ့ အႀကံေပးမႈကို ျပဳလုပ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.