Premier League Transfer News

4 Jan ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းကနေ လိဒ်စ်ယူနိုက်တက်အသင်းကို အငှားချထားခဲ့တဲ့ တောင်ပံကစားသမား ဂျက်ခ် ဟာရီဆန်ကို လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပေါင် ၁၀ သန်းနဲ့ အပြီးသတ် ခေါ်ယူသွားဖို့ ယော့ခ်ရှိုင်းယားကလပ်ရဲ့ အားကစားဒါရိုက်တာ ဗစ်တာ အော်တာက ကြိုးစားနေ။

– ဘာစီလိုနာအသင်းကနေ လာမယ့် နွေရာသီမှာ ထွက်ခွာဖို့ များနေတဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ အခြေအနေတွေအတွက် မေးမြန်းမှုတွေမှာ မန်ချက်စတာစီးတီး စီအီးအို ဖယ်ရန် ဆိုရီယာနိုက ယတိပြတ် ဘာမှ မပြောနိုင်သေးကြောင်းနဲ့ ကစားသမားမှာ ရွေးချယ်ခွင့်ရှိကြောင်းဆို။

– လက်ရှိပွဲထွက် ခံစစ်အတွဲဖြစ်တဲ့ ဂျွန်စတုန်းစ်နဲ့ ရူဘင် ဒီယက်စ်တို့ရဲ့ နားလည်မှုနဲ့ တစ်ဦးကို တစ်ဦး ဖြည့်ဆည်းကစားမှုဟာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီဖြစ်ပြီး ကျောချင်းကပ်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေလိုပဲလို့ စီးတီးနောက်ခံလူဟောင်း လက်စကော့ ချီးကျူး။

– မန်ချက်စတာစီးတီးအသင်းရဲ့ နွေရာသီ ခေါ်ယူမှုမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ့် မက်ဆီအပြင် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဝါရင့်နောက်ခံလူ ဆာဂျီယို ရာမို့စ်လည်း ပါဝင်နေပြီး သူ့ရဲ့ အနေအထားကို အနီးကပ်စောင့်ကြည်နေကြောင်း ESPN ဖော်ပြ။

– New Year အကြိုညမှာ အပြင်ထွက်ပြီး ဗြိတိန်ရဲ့ Locked Down စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့ ဘင်ဂျမင် မန်ဒီကို သူများတွေလိုပဲ လုပ်ခဲ့တာပါလို့ ကာကွယ်ပေးခဲ့တဲ့ နည်းပြ ဂွါဒီယိုလာပါ ရှုတ်ချဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဘီအင်စပို့စ်ရဲ့ ရစ်ချတ် ကီးစ်ကတော့ ကိုဗစ်ကာလငတုံး Covidiot တစ်ယောက်ကို ကာကွယ်ပေးခဲ့တာ အံ့သြတယ်လို့ တိုက်ခိုက်သွား။

– မန်ချက်စတာစီးတီးအသင်းမှာရော ချဲလ်ဆီးအသင်းမှာပါ ကစားဖူးခဲ့တဲ့ တောင်ပံကစားသမားဟောင်း ရှောင်ရိုက်ဖိလစ်က ချဲလ်ဆီးနောက်ခံလူ ကတ်ဇူးမားအနေနဲ့ ရှုံးပွဲမှာ စီးတီးရဲ့ ရှေ့တန်းလူတွေ အနိုင်ကျင့်သမျှ ခံနေခဲ့တဲ့ပုံစံက စိတ်ပျက်စရာကောင်းလွန်းခဲ့တယ်လို့ ဝေဖန်သွား။

– အသင်းရဲ့ အကယ်ဒမီထွက်ဖြစ်ပြီး အသင်းကြီးကို မကြာခင် နေရာပေးခြင်းခံရတော့မယ်လို့ သတင်းထွက်နေခဲ့တဲ့ နောက်ခံလူ တေလာ ဟားဝုဒ်-ဘဲလစ္စကို ခြေစွမ်းပိုမိုတိုးတက်လာစေဖို့အတွက် ဇန်နဝါရီကာလမှာ အငှားချသွားဖွယ်ရှိနေပြီး ၁၈ နှစ်သားကို ပရက်စ်တန်၊ ဘလက်ဘန်းနဲ့ ဘရစ္စတိုလ်စီးတီးတို့က အလိုရှိနေကြ။

– လက်ထောက်အသင်းခေါင်းဆောင် ကီဗင် ဒီဘရိုင်းနားအနေနဲ့ အသင်းဘက်က စာချုပ်သစ် သက်တမ်းတိုးဖို့ ပထမအကြိမ် ကမ်းလှမ်းမှုကို ပယ်ချမယ်လို့ သတင်းတွေ ထွက်နေပြီး မန်ချက်စတာစီးတီးအသင်းဘက်က အဆိုပြုတဲ့ အချက်တွေကို မကြိုက်လို့ ဖြစ်ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းကေန လိဒ္စ္ယူႏိုက္တက္အသင္းကို အငွားခ်ထားခဲ့တဲ့ ေတာင္ပံကစားသမား ဂ်က္ခ္ ဟာရီဆန္ကို လက္ရွိ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ေပါင္ ၁၀ သန္းနဲ႔ အၿပီးသတ္ ေခၚယူသြားဖို႔ ေယာ့ခ္ရႈိင္းယားကလပ္ရဲ႕ အားကစားဒါ႐ိုက္တာ ဗစ္တာ ေအာ္တာက ႀကိဳးစားေန။

– ဘာစီလိုနာအသင္းကေန လာမယ့္ ေႏြရာသီမွာ ထြက္ခြာဖို႔ မ်ားေနတဲ့ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီနဲ႔ အေျခအေနေတြအတြက္ ေမးျမန္းမႈေတြမွာ မန္ခ်က္စတာစီးတီး စီအီးအို ဖယ္ရန္ ဆိုရီယာႏိုက ယတိျပတ္ ဘာမွ မေျပာႏိုင္ေသးေၾကာင္းနဲ႔ ကစားသမားမွာ ေ႐ြးခ်ယ္ခြင့္ရွိေၾကာင္းဆို။

– လက္ရွိပြဲထြက္ ခံစစ္အတြဲျဖစ္တဲ့ ဂြၽန္စတုန္းစ္နဲ႔ ႐ူဘင္ ဒီယက္စ္တို႔ရဲ႕ နားလည္မႈနဲ႔ တစ္ဦးကို တစ္ဦး ျဖည့္ဆည္းကစားမႈဟာ အတိုင္းအတာတစ္ခုအထိ ေရာက္ရွိေနၿပီျဖစ္ၿပီး ေက်ာခ်င္းကပ္ၿပီး တိုက္ပြဲဝင္ခဲ့ၾကတဲ့ သူရဲေကာင္းေတြလိုပဲလို႔ စီးတီးေနာက္ခံလူေဟာင္း လက္စေကာ့ ခ်ီးက်ဴး။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေႏြရာသီ ေခၚယူမႈမွာ ဘာစီလိုနာအသင္းကေန ထြက္ခြာေတာ့မယ့္ မက္ဆီအျပင္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ ဝါရင့္ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္လည္း ပါဝင္ေနၿပီး သူ႔ရဲ႕ အေနအထားကို အနီးကပ္ေစာင့္ၾကည္ေနေၾကာင္း ESPN ေဖာ္ျပ။

– New Year အႀကိဳညမွာ အျပင္ထြက္ၿပီး ၿဗိတိန္ရဲ႕ Locked Down စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဳးေဖာက္ခဲ့တဲ့ ဘင္ဂ်မင္ မန္ဒီကို သူမ်ားေတြလိုပဲ လုပ္ခဲ့တာပါလို႔ ကာကြယ္ေပးခဲ့တဲ့ နည္းျပ ဂြါဒီယိုလာပါ ရႈတ္ခ်ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရၿပီး ဘီအင္စပို႔စ္ရဲ႕ ရစ္ခ်တ္ ကီးစ္ကေတာ့ ကိုဗစ္ကာလငတုံး Covidiot တစ္ေယာက္ကို ကာကြယ္ေပးခဲ့တာ အံ့ၾသတယ္လို႔ တိုက္ခိုက္သြား။

– မန္ခ်က္စတာစီးတီးအသင္းမွာေရာ ခ်ဲလ္ဆီးအသင္းမွာပါ ကစားဖူးခဲ့တဲ့ ေတာင္ပံကစားသမားေဟာင္း ေရွာင္႐ိုက္ဖိလစ္က ခ်ဲလ္ဆီးေနာက္ခံလူ ကတ္ဇူးမားအေနနဲ႔ ရႈံးပြဲမွာ စီးတီးရဲ႕ ေရွ႕တန္းလူေတြ အႏိုင္က်င့္သမွ် ခံေနခဲ့တဲ့ပုံစံက စိတ္ပ်က္စရာေကာင္းလြန္းခဲ့တယ္လို႔ ေဝဖန္သြား။

– အသင္းရဲ႕ အကယ္ဒမီထြက္ျဖစ္ၿပီး အသင္းႀကီးကို မၾကာခင္ ေနရာေပးျခင္းခံရေတာ့မယ္လို႔ သတင္းထြက္ေနခဲ့တဲ့ ေနာက္ခံလူ ေတလာ ဟားဝုဒ္-ဘဲလစၥကို ေျခစြမ္းပိုမိုတိုးတက္လာေစဖို႔အတြက္ ဇန္နဝါရီကာလမွာ အငွားခ်သြားဖြယ္ရွိေနၿပီး ၁၈ ႏွစ္သားကို ပရက္စ္တန္၊ ဘလက္ဘန္းနဲ႔ ဘရစၥတိုလ္စီးတီးတို႔က အလိုရွိေနၾက။

– လက္ေထာက္အသင္းေခါင္းေဆာင္ ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ အသင္းဘက္က စာခ်ဳပ္သစ္ သက္တမ္းတိုးဖို႔ ပထမအႀကိမ္ ကမ္းလွမ္းမႈကို ပယ္ခ်မယ္လို႔ သတင္းေတြ ထြက္ေနၿပီး မန္ခ်က္စတာစီးတီးအသင္းဘက္က အဆိုျပဳတဲ့ အခ်က္ေတြကို မႀကိဳက္လို႔ ျဖစ္ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.