Premier League

တူရင်ကို စွန့်ခွာဖို့ ပြင်နေတဲ့ ဒီဘာလာ၊ သဘောတူညီမှုရရှိထားတဲ့ ကစားသမားနဲ့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပြီး ရောင်းထုတ်ဖို့သေချာနေတဲ့ ပေါ့ဂ်ဘာနေရာ အစားထိုးခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ယူနိုက်တက်


-မန်ချက်စတာယူနိုက်တက်ပစ်မှတ်ကစားသမားဖြစ်တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ဒီဘာလာဟာ စာချုပ်သစ်မှာ လက်မှတ်မထိုးဘူးဆိုရင် တူရင်ကို စွန့်ခွာဖို့ ပြင်ဆင်ရတော့မယ်လို့ သိရပြီး ၂၀၂၂ ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အာဂျင်တီးနားတိုက်စစ်မှူးကို ဂျူဗင်တပ်က လာမယ့်နှစ်မှာ အလွတ်နဲ့ထွက်ခွာခွင့်မပေးချင်တာကြောင့် ယခုလ သို့မဟုတ် လာမယ့်နွေရာသီမှာ ရောင်းထုတ်သွားမယ်လို့ သိရ။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းကို ပြောင်းရွှေ့လာတော့မယ့် အာမက်ဒီရယ်လိုကို အတ္တလန္တာအသင်းထံ ရာသီကုန်အထိ အငှားပြန်လည်ချသွားလိုတဲ့ဆန္ဒမရှီဘူးလို့ ESPN က ဖော်ပြခဲ့ပြီး အသက် ၁၈ နှစ်အရွယ်လူငယ်တောင်ပံကစားသမားဟာ မန်ချက်စတာကို ယနေ့မှာ ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပြီး မကြာမီအချိန်အတွင်း တရားဝင်ကြေညာသွားဖွယ်ရှိ။


-မွိုက်စ်ကိုင်ဆဲဒိုးအတွက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်ဒီပန်ဒီယန်တေးတို့ သဘောတူညီမှုဟာ ပျက်ပြယ်သွားခဲ့ပြီလို့ သိရပြီး အီကွေဒေါကလပ်အသင်းဟာ ယခုလမှာ ၎င်းတို့ရဲ့ကစားသမားကို ထွက်ခွာခွင့်မပြုချင်သေးတဲ့အပြင် ပြောင်းရွှေ့ကြေး ယူရို ၆ သန်းအစား ယူရို ၁၀ သန်းသတ်မှတ်ခဲ့တယ်လို့ သိရ။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ လိုင်လီကွင်းလယ်ကြယ်ပွင့် ဘူဘာကာရီဆိုမာရေးကို အေစီမီလန်အသင်းနဲ့အပြိုင် ခေါ်ယူသွားတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး ရောင်းထုတ်ရဖို့ ကျိန်းသေသလောက်ဖြစ်နေတဲ့ ပေါ့ဂ်ဘာရဲ့ နေရာမှာ ပြီးပြည့်စုံတဲ့ အစားထိုးခေါ်ယူမှု ဖြစ်လာနိုင်တယ်လို့ ရှုမြင်ထားကြောင်း The Sun က ဖော်ပြခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ရာသီတိုင်း အပြောင်းအရွှေ့စျေးကွက်ထဲမှာ ကစားသမားအဝင်နဲ့အထွက် ၂၀ ရာခိုင်နှုန်းအထိ လူစာရင်းကို တိုးတက်အောင် ပြုလုပ်နိုင်တယ်လို့ ထင်မြင်နေပြီး အရင်နည်းပြတွေလက်ထက်တုန်းက ကစားသမားတွေကို တဖြည်းဖြည်းနဲ့ ရှင်းထုတ်ပြီး ၎င်းရဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ဆက်လုပ်သွားနိုင်မယ်လို့ ယုံကြည်နေ။


-မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နဲ့အတူ သြစတြီးယားလူငယ်ကြယ်ပွင့် ယူဆွတ်ဒီမီရာကို စောင့်ကြည့်နေတဲ့ ဥရောပထိပ်တန်းအသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ Kronen Zeitung က ဖော်ပြခဲ့ပြီး ရက်ပစ်ဗီယန်နာအသင်းအတွက် ကွင်းလယ်တိုက်စစ်၊ တောင်ပံ ၂ ဖက်စလုံးမှာ ကစားပေးနိုင်တဲ့ အသက် ၁၇ အရွယ်ကစားသမားဟာ သြစတြီးယားမက်ဆီလို့ သတ်မှတ်ခြင်းခံထားရသူဖြစ်။


-မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး ဟာလန်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဒေါ့မွန်စီအီးအိုဝက်ဇ်ကီက အဖြေပေးခဲ့ပြီး နော်ဝေတိုက်စစ်မှူးဟာ အသင်းကို စွန့်ခွာဖို့အတွက် စောလွန်းသေးပြီး ရောဘတ်လီဝန်ဒေါစကီးလုပ်နေတဲ့အရာတွေကို လိုက်လုပ်ဖို့ပဲ အကြံပေးချင်တယ်လို့ ပြောကြားခဲ့။


-ဝက်စ်ဟမ်းအသင်းဟာ မန်ချက်စတာယူနိုက်တက်အပစ်ပယ်ခံ ဂျက်ဆီလင်ဂတ်ရဲ့ အေးဂျင့်နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပြီး ဝက်စ်ဟမ်းနည်းပြ မိုရက်စ်က အင်္ဂလန်လက်ရွေးစင်ကစားသမားကို အိုးထရက်ဖို့ဒ်ကနေ ခေါ်ထုတ်ပြီး ကစားသမားဘဝကို အသစ်ပြန်လည်စတင်ဖို့အတွက် အခွင့်အရေးပေးချင်နေတယ်လို့ The Star က ဖော်ပြခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-မန္ခ်က္စတာယူနိုက္တက္ပစ္မွတ္ကစားသမားျဖစ္တဲ့ ဂ်ဴဗင္တပ္တိုက္စစ္မႉး ဒီဘာလာဟာ စာခ်ဳပ္သစ္မွာ လက္မွတ္မထိုးဘူးဆိုရင္ တူရင္ကို စြန႔္ခြာဖို႔ ျပင္ဆင္ရေတာ့မယ္လို႔ သိရၿပီး ၂၀၂၂ ခုႏွစ္ ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ အာဂ်င္တီးနားတိုက္စစ္မႉးကို ဂ်ဴဗင္တပ္က လာမယ့္ႏွစ္မွာ အလြတ္နဲ႔ထြက္ခြာခြင့္မေပးခ်င္တာေၾကာင့္ ယခုလ သို႔မဟုတ္ လာမယ့္ေႏြရာသီမွာ ေရာင္းထုတ္သြားမယ္လို႔ သိရ။


-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အသင္းကို ေျပာင္းေရႊ႕လာေတာ့မယ့္ အာမက္ဒီရယ္လိုကို အတၱလႏၲာအသင္းထံ ရာသီကုန္အထိ အငွားျပန္လည္ခ်သြားလိုတဲ့ဆႏၵမရွီဘူးလို႔ ESPN က ေဖာ္ျပခဲ့ၿပီး အသက္ ၁၈ ႏွစ္အရြယ္လူငယ္ေတာင္ပံကစားသမားဟာ မန္ခ်က္စတာကို ယေန႔မွာ ေရာက္ရွိလာၿပီျဖစ္တယ္လို႔ သိရၿပီး မၾကာမီအခ်ိန္အတြင္း တရားဝင္ေၾကညာသြားဖြယ္ရွိ။


-မြိဳက္စ္ကိုင္ဆဲဒိုးအတြက္ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ အင္ဒီပန္ဒီယန္ေတးတို႔ သေဘာတူညီမႈဟာ ပ်က္ျပယ္သြားခဲ့ၿပီလို႔ သိရၿပီး အီေကြေဒါကလပ္အသင္းဟာ ယခုလမွာ ၎တို႔ရဲ့ကစားသမားကို ထြက္ခြာခြင့္မျပဳခ်င္ေသးတဲ့အျပင္ ေျပာင္းေရႊ႕ေၾကး ယူရို ၆ သန္းအစား ယူရို ၁၀ သန္းသတ္မွတ္ခဲ့တယ္လို႔ သိရ။


-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လိုင္လီကြင္းလယ္ၾကယ္ပြင့္ ဘူဘာကာရီဆိုမာေရးကို ေအစီမီလန္အသင္းနဲ႔အၿပိဳင္ ေခၚယူသြားေတာ့မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး ေရာင္းထုတ္ရဖို႔ က်ိန္းေသသေလာက္ျဖစ္ေနတဲ့ ေပါ့ဂ္ဘာရဲ့ ေနရာမွာ ၿပီးျပည့္စုံတဲ့ အစားထိုးေခၚယူမႈ ျဖစ္လာနိုင္တယ္လို႔ ရႈျမင္ထားေၾကာင္း The Sun က ေဖာ္ျပခဲ့။


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက ရာသီတိုင္း အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ ကစားသမားအဝင္နဲ႔အထြက္ ၂၀ ရာခိုင္ႏႈန္းအထိ လူစာရင္းကို တိုးတက္ေအာင္ ျပဳလုပ္နိုင္တယ္လို႔ ထင္ျမင္ေနၿပီး အရင္နည္းျပေတြလက္ထက္တုန္းက ကစားသမားေတြကို တျဖည္းျဖည္းနဲ႔ ရွင္းထုတ္ၿပီး ၎ရဲ့ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းေတြကို ဆက္လုပ္သြားနိုင္မယ္လို႔ ယုံၾကည္ေန။


-မန္ခ်က္စတာယူနိုက္တက္ဟာ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္တို႔နဲ႔အတူ ၾသစႀတီးယားလူငယ္ၾကယ္ပြင့္ ယူဆြတ္ဒီမီရာကို ေစာင့္ၾကည့္ေနတဲ့ ဥေရာပထိပ္တန္းအသင္းေတြထဲက တစ္သင္းျဖစ္တယ္လို႔ Kronen Zeitung က ေဖာ္ျပခဲ့ၿပီး ရက္ပစ္ဗီယန္နာအသင္းအတြက္ ကြင္းလယ္တိုက္စစ္၊ ေတာင္ပံ ၂ ဖက္စလုံးမွာ ကစားေပးနိုင္တဲ့ အသက္ ၁၇ အရြယ္ကစားသမားဟာ ၾသစႀတီးယားမက္ဆီလို႔ သတ္မွတ္ျခင္းခံထားရသူျဖစ္။


-မန္ခ်က္စတာယူနိုက္တက္က စိတ္ဝင္စားေနတဲ့ တိုက္စစ္မႉး ဟာလန္းရဲ့ အနာဂတ္နဲ႔ပတ္သက္ၿပီး ေဒါ့မြန္စီအီးအိုဝက္ဇ္ကီက အေျဖေပးခဲ့ၿပီး ေနာ္ေဝတိုက္စစ္မႉးဟာ အသင္းကို စြန႔္ခြာဖို႔အတြက္ ေစာလြန္းေသးၿပီး ေရာဘတ္လီဝန္ေဒါစကီးလုပ္ေနတဲ့အရာေတြကို လိုက္လုပ္ဖို႔ပဲ အႀကံေပးခ်င္တယ္လို႔ ေျပာၾကားခဲ့။


-ဝက္စ္ဟမ္းအသင္းဟာ မန္ခ်က္စတာယူနိုက္တက္အပစ္ပယ္ခံ ဂ်က္ဆီလင္ဂတ္ရဲ့ ေအးဂ်င့္နဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီလို႔ သိရၿပီး ဝက္စ္ဟမ္းနည္းၿပ မိုရက္စ္က အဂၤလန္လက္ေရြးစင္ကစားသမားကို အိုးထရက္ဖို႔ဒ္ကေန ေခၚထုတ္ၿပီး ကစားသမားဘဝကို အသစ္ျပန္လည္စတင္ဖို႔အတြက္ အခြင့္အေရးေပးခ်င္ေနတယ္လို႔ The Star က ေဖာ္ျပခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.