Premier League Transfer News

4 Jan ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ ဆောင်းရာသီ ဗဟိုခံစစ်အားဖြည့်မှုအတွက် စောင့်ကြည့်ချိတ်ဆက်နေခဲ့တဲ့အထဲမှာ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ရဲ့ သြစတြီးယားစံချိန်တင်ပြောင်းရွှေ့ကြေးရှင် နောက်ခံလူ မက်ဇီမီလျန် ဗိုဘာလည်း ပါဝင်နေပြီး ပရိသတ်တချို့ကတော့ ဒန်နီယယ်လ် အက်ဂါလိုမျိုး ကစားသမားလို့ ဆိုနေကြ။

– ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မှာ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို ပွဲထွက်အသုံးပြုနိုင်ပြီး တခြား ဒဏ်ရာရ ကစားသမားတွေဖြစ်ကြတဲ့ ကော့စတတ်စ် ဆီမီကတ်စ်၊ ဒီယိုဂို ဂျိုတာ၊ နာဘီ ကီးတားနဲ့ ဂျိုယယ်လ် မာတစ်ပ်တို့ကတော့ လွဲချော်မှာဖြစ်ကြောင်းသိရ။

– ချဲလ်ဆီးအသင်းမှာ ၁၂ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး သူ့ရဲ့ အရင်အသင်းနှစ်သင်းက အဆိုးရွားဆုံးစံချိန်နဲ့ တူညီသွားတဲ့ တီမို ဗာနာကို မခေါ်ယူလိုက်နိုင်တာဟာ တည့်တည့်လာတဲ့ ကျည်ဆန်တစ်တောင့်ကို ရှောင်လွှဲလိုက်နိုင်တာဖြစ်တယ်လို့ လီဗာပူးလ်ပရိသတ်တွေ ပွဲခံနေကြ။

– မိုက်ကယ် အက်ဒ်ဝပ်နဲ့ ယာဂန် ကလော့ပ်တို့အနေနဲ့ အသင်းအတွက် ခံစစ်အားဖြည့်မှုကို လုပ်ဆောင်ရာမှာ ရေတိုအစီအစဉ်ဖြစ်နိုင်ပြီး ဈေးသက်သာနိုင်တဲ့ တိုရီနိုနောက်ခံလူ ဂလေးဆန် ဘရီးမားကို ဦးစားပေးအစီအစဉ်အဖြစ် ဖာဘင်ညိုနဲ့အတူ နောက်တန်းမှာ ဘရာဇီးလ်သားချင်း တွဲဖက်ပေးသွားဖွယ်ရှိကြောင်း ခန့်မှန်းနေကြ။

– လီဗာပူးလ်အသင်းအနေနဲ့ ချန်ပီယံဆုကို ကာကွယ်ဖို့နဲ့ ဒီရာသီ ပရီးမီးယားလိဂ်ကို ရယူဖို့ ပြိုင်ပွဲကနေ မထွက်ချင်ဘူးဆိုရင် လာမယ့် ဆောက်သမ်တန်နဲ့ပွဲမှာ လုံးဝ အမှားခံလို့ မရကြောင်း အဓိကနောက်ခံလူ အန်ဒီ ရောဘတ်ဆန်က သတိပေးလိုက်ပြီး ရလဒ်ဆိုးတွေကို ရပ်တန့်နိုင်မယ်လို့ ယုံကြည်နေ။

– လီဗာပူးလ်အသင်းက အလိုရှိနေပြီး တော်တော်လေး နီးစပ်နေတယ်လို့ သတင်းထွက်နေတဲ့ ဆဗင် ဘော့တ်မန်ရဲ့ ပွဲတွင်းအချက်အလက်တွေ ထွက်ပေါ်လာခဲ့ရာမှာ လိုင်လီနောက်ခံလူဟာ ပြိုင်ဘက်တွေနဲ့ ၁၄၃ ကြိမ် ရင်ဆိုင်တွေ့ရာမှာ ၁၀၅ ကြိမ် ဘောလုံးရယူထားနိုင်ပြီး ၇၃.၄ ရာခိုင်နှုန်းအောင်မြင်မှုက အထင်ကြီးစရာဖြစ်နေ။

– အသင်းမှာ မပျော်တော့ဘူးလို့ဆိုတဲ့ မိုဟာမက် ဆာလားအတွက် နွေရာသီမှာ ငွေကြေးချွေတာပြီး အမြတ်အစွန်း ရှာဖွေမယ်ဆိုရင် သူ့ကို ရီးရဲလ်မက်ဒရစ်ဆီ ရောင်းချပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး ပေါ်လို ဒီဘာလားနဲ့ ပြန်လည်အစားထိုးနိုင်ပြီး အာဂျင်တီးနားသားအတွက် ယူရို သန်း ၇၀ ခန့်သာ ကျသင့်ဖွယ်ရှိနေ။

– စကော့တလန်ကလပ် ဂလပ်စဂို ရိန်းဂျားစ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး အယ်လီ မက်ကွိုက်စ်က လီဗာပူးလ်အသင်းအနေနဲ့ ယာဂန် ကလော့ပ် ထွက်ခွာသွားရင် အစားထိုးမယ့်သူအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး သူတို့ရဲ့ အရည်အသွေးမြင့်နည်းပြ စတီဗင် ဂျရတ်ကို ခေါ်ယူလိုက်ရုံပဲလို့ ပြောကြား။

– လီဗာပူးလ်အသင်းကို မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အခုလိုမျိုး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ လိုက်လံပြိုင်ဆိုင်ဖို့ သူ့အနေနဲ့ မျှော်လင့်မထားခဲ့မိဘူးလို့ စကိုင်းစပို့စ်တင်ဆက်သူ ဂယ်ရီ နဗီးလ်က ဝန်ခံလိုက်ပြီး ဒီတိုင်းဆိုရင်တော့ လက်ရှိချန်ပီယံတို့ ဒီဆုဖလားကို ကာကွယ်ဖို့ မလွယ်ကြောင်းလည်း သုံးသပ်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ ေဆာင္းရာသီ ဗဟိုခံစစ္အားျဖည့္မႈအတြက္ ေစာင့္ၾကည့္ခ်ိတ္ဆက္ေနခဲ့တဲ့အထဲမွာ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ရဲ႕ ၾသစႀတီးယားစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ ေနာက္ခံလူ မက္ဇီမီလ်န္ ဗိုဘာလည္း ပါဝင္ေနၿပီး ပရိသတ္တခ်ိဳ႕ကေတာ့ ဒန္နီယယ္လ္ အက္ဂါလိုမ်ိဳး ကစားသမားလို႔ ဆိုေနၾက။

– ေဆာက္သမ္တန္နဲ႔ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲစဥ္မွာ ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာကို ပြဲထြက္အသုံးျပဳႏိုင္ၿပီး တျခား ဒဏ္ရာရ ကစားသမားေတြျဖစ္ၾကတဲ့ ေကာ့စတတ္စ္ ဆီမီကတ္စ္၊ ဒီယိုဂို ဂ်ိဳတာ၊ နာဘီ ကီးတားနဲ႔ ဂ်ိဳယယ္လ္ မာတစ္ပ္တို႔ကေတာ့ လြဲေခ်ာ္မွာျဖစ္ေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းမွာ ၁၂ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ဆုံးခဲ့ၿပီး သူ႔ရဲ႕ အရင္အသင္းႏွစ္သင္းက အဆိုး႐ြားဆုံးစံခ်ိန္နဲ႔ တူညီသြားတဲ့ တီမို ဗာနာကို မေခၚယူလိုက္ႏိုင္တာဟာ တည့္တည့္လာတဲ့ က်ည္ဆန္တစ္ေတာင့္ကို ေရွာင္လႊဲလိုက္ႏိုင္တာျဖစ္တယ္လို႔ လီဗာပူးလ္ပရိသတ္ေတြ ပြဲခံေနၾက။

– မိုက္ကယ္ အက္ဒ္ဝပ္နဲ႔ ယာဂန္ ကေလာ့ပ္တို႔အေနနဲ႔ အသင္းအတြက္ ခံစစ္အားျဖည့္မႈကို လုပ္ေဆာင္ရာမွာ ေရတိုအစီအစဥ္ျဖစ္ႏိုင္ၿပီး ေဈးသက္သာႏိုင္တဲ့ တိုရီႏိုေနာက္ခံလူ ဂေလးဆန္ ဘရီးမားကို ဦးစားေပးအစီအစဥ္အျဖစ္ ဖာဘင္ညိဳနဲ႔အတူ ေနာက္တန္းမွာ ဘရာဇီးလ္သားခ်င္း တြဲဖက္ေပးသြားဖြယ္ရွိေၾကာင္း ခန႔္မွန္းေနၾက။

– လီဗာပူးလ္အသင္းအေနနဲ႔ ခ်န္ပီယံဆုကို ကာကြယ္ဖို႔နဲ႔ ဒီရာသီ ပရီးမီးယားလိဂ္ကို ရယူဖို႔ ၿပိဳင္ပြဲကေန မထြက္ခ်င္ဘူးဆိုရင္ လာမယ့္ ေဆာက္သမ္တန္နဲ႔ပြဲမွာ လုံးဝ အမွားခံလို႔ မရေၾကာင္း အဓိကေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္က သတိေပးလိုက္ၿပီး ရလဒ္ဆိုးေတြကို ရပ္တန႔္ႏိုင္မယ္လို႔ ယုံၾကည္ေန။

– လီဗာပူးလ္အသင္းက အလိုရွိေနၿပီး ေတာ္ေတာ္ေလး နီးစပ္ေနတယ္လို႔ သတင္းထြက္ေနတဲ့ ဆဗင္ ေဘာ့တ္မန္ရဲ႕ ပြဲတြင္းအခ်က္အလက္ေတြ ထြက္ေပၚလာခဲ့ရာမွာ လိုင္လီေနာက္ခံလူဟာ ၿပိဳင္ဘက္ေတြနဲ႔ ၁၄၃ ႀကိမ္ ရင္ဆိုင္ေတြ႕ရာမွာ ၁၀၅ ႀကိမ္ ေဘာလုံးရယူထားႏိုင္ၿပီး ၇၃.၄ ရာခိုင္ႏႈန္းေအာင္ျမင္မႈက အထင္ႀကီးစရာျဖစ္ေန။

– အသင္းမွာ မေပ်ာ္ေတာ့ဘူးလို႔ဆိုတဲ့ မိုဟာမက္ ဆာလားအတြက္ ေႏြရာသီမွာ ေငြေၾကးေခြၽတာၿပီး အျမတ္အစြန္း ရွာေဖြမယ္ဆိုရင္ သူ႔ကို ရီးရဲလ္မက္ဒရစ္ဆီ ေရာင္းခ်ၿပီး ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ေပၚလို ဒီဘာလားနဲ႔ ျပန္လည္အစားထိုးႏိုင္ၿပီး အာဂ်င္တီးနားသားအတြက္ ယူ႐ို သန္း ၇၀ ခန႔္သာ က်သင့္ဖြယ္ရွိေန။

– စေကာ့တလန္ကလပ္ ဂလပ္စဂို ရိန္းဂ်ားစ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္းႀကီး အယ္လီ မက္ကြိဳက္စ္က လီဗာပူးလ္အသင္းအေနနဲ႔ ယာဂန္ ကေလာ့ပ္ ထြက္ခြာသြားရင္ အစားထိုးမယ့္သူအတြက္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ၿပီး သူတို႔ရဲ႕ အရည္အေသြးျမင့္နည္းျပ စတီဗင္ ဂ်ရတ္ကို ေခၚယူလိုက္႐ုံပဲလို႔ ေျပာၾကား။

– လီဗာပူးလ္အသင္းကို မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အခုလိုမ်ိဳး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္မွာ လိုက္လံၿပိဳင္ဆိုင္ဖို႔ သူ႔အေနနဲ႔ ေမွ်ာ္လင့္မထားခဲ့မိဘူးလို႔ စကိုင္းစပို႔စ္တင္ဆက္သူ ဂယ္ရီ နဗီးလ္က ဝန္ခံလိုက္ၿပီး ဒီတိုင္းဆိုရင္ေတာ့ လက္ရွိခ်န္ပီယံတို႔ ဒီဆုဖလားကို ကာကြယ္ဖို႔ မလြယ္ေၾကာင္းလည္း သုံးသပ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.