Premier League

ဗာနာကို ဒဏ်ရာရစေခဲ့တဲ့ အလံတိုင်ကို အဝါကတ်ပြားပြသသင့်တယ်ဆိုပြီး လှောင်ပြောင်ခဲ့တဲ့ ဂွါဒီယိုလာ


ချဲလ်ဆီးအသင်းဟာ မန်ချက်တာစီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ်ဆိုးရွားတဲ့စွမ်းဆောင်ရည်ကို ထပ်မံပြသခဲ့ပြီး ကိုဗစ်ရောဂါသည်တွေ စုနေတဲ့ မန်စီးတီးကိုတောင် အိမ်ကွင်းမှာ အနိုင်မကစားနိုင်ခဲ့တာဖြစ်ပါတယ်။


မန်ချက်စတာစီးတီးအသင်းဟာ အီဒါဆန်၊ ခိုင်လ် ဝေါ်လ်ကာ၊ ဂါဘရီယယ်လ် ဂျေဆူးစ်၊ အဲရစ်ဂါစီယာ စတဲ့ကစာသးမားတွေ မပါဝင်ဘဲ စတန်းဖို့ဒ်ဘရစ်ဂျ်ကို လာရောက်ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းကတော့ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်းပြီးဆုံးချိန်မှာပဲ ဧည့်သည်မန်ချက်စတာစီးတီးအသင်းရဲ့ ၃-၀ နဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပြီး ဒုတိယပိုင်းနာကျင်အချိန်ပိုမှသာ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းက သိက္ခာဆယ်ချေပဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြလမ်းပတ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၂၅၀ လောက် သုံးစွဲထားခဲ့တာကို စဉ်းစားမိလိုက်တဲ့အခါမှာ မေးခွန်းထုတ်စရာတွေရှိနေခဲ့တာကို အံ့အားသင့်ဖို့ ခက်သွားမှာဖြစ်ပါတယ်။ လမ်းပတ်ဟာ ကမ္ဘာ့အဆင့် ပါရမီရှင်ကစားသမားအများအပြားကို ငွေကိုရေလိုသုံးပြီး ခေါ်ယူခဲ့တာဖြစ်ပေမယ့် ယခုရာသီမှာ အဲဒီကစားသမားတွေထဲက တစ်ယောက်မှ ကောင်းကောင်း စွမ်းဆောင်ပြနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။


အဲဒီထဲက အဆိုးရွားဆုံးတစ်ယောက်ကတော့ ပြီးခဲ့တဲ့နွေရာသီမှာ လိုက်ပ်ဇစ်အသင်းကနေ ပေါင် ၄၇.၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး တီမိုဗာနာဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက် ယခုရာသီ ၁၇ ပွဲပါဝင်ကစားပေးထားရာမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၄ ဂိုးသာ သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးနဲ့ကစားခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲစဉ်မှာတော့ တီမိုဗာနာရဲ့ အခြေအနေက ပိုလို့တောင် ဆိုးရွားခဲ့ပြီး ထောင့်ကန်ဘောကနေ အနီးကပ်ဘောလုံးပေးပို့ဖို့ ကြိုးပမ်းခဲ့ရာမှာ အလံတိုင်ကို ကန်မိခဲ့တာကြောင့် ဒဏ်ရာ ရရှိသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။


ထောင့်ကန်ဘောကနေ အနီးကပ်ဘောလုံးပေးပို့ဖို့ဆိုတာ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်မဆိုထားနဲ့၊ ဆန်းဒေးလိဂ်မှာ အပျော်တမ်းကစားနေတဲ့ ကစားသမားတွေအတွက်တောင် အခက်အခဲမရှိနိုင်တဲ့ အားစိုက်ထုတ်မှုတစ်ခုဖြစ်ပေမယ့် တီမိုဗာနာကတော့ အရှက်ရဖွယ်ကောင်းလောက်အောင် လွဲချော်နေခဲ့တာဖြစ်ပါတယ်။ တီမိုဗာနာရဲ့ ကြောင်တောင်တောင်နိုင်တဲ့အလွဲကို ချဲလ်ဆီးအသင်းပရိသတ်တွေကတောင် လှောင်ပြောင်ခဲ့ကြပြီး မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာကလည်း ယင်းဖြစ်စဉ်မှာ ချက်ချင်းတုံ့ပြန်ခဲ့တဲ့သူ ဖြစ်ခဲ့ပါတယ်။

တီမိုဗာနာ အလံတိုင်ကို ကန်မိပြီး ဒဏ်ရာရရှိသွားလို့ ပွဲကို ခေတ္တရပ်နားထားတဲ့အချိန်မှာ မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဒဏ်ရာရရှိအောင်လုပ်ခဲ့တဲ့ အလံတိုင်ကို အဝါကတ်ပြားပြသပေးဖို့ အော်ဟစ်တောင်းဆိုပြီး လှောင်ပြောင်ခဲ့တာပါတယ်။ တီမိုဗာနာကို ပြီးခဲ့တဲ့နွေရာသီမှာ လိုက်ပ်ဇစ်အသင်းကနေ ခေါ်ယူချင်ခဲ့တဲ့အထဲမှာ မန်ချက်စတာစီးတီးနဲ့ ဂွါဒီယိုလာတို့လည်း အပါအဝင်ဖြစ်ခဲ့ပြီး ၎င်းတို့ကို ငြင်းပယ်ပြီး ချယ်ဆီးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ တီမိုဗာနာကို အကွက်ဝင်တုန်း ဆွမ်းကြီးလောင်းခဲ့တာလားဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ခ်ဲလ္ဆီးအသင္းဟာ မန္ခ်က္တာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ေနာက္ထပ္ဆိုးရြားတဲ့စြမ္းေဆာင္ရည္ကို ထပ္မံျပသခဲ့ၿပီး ကိုဗစ္ေရာဂါသည္ေတြ စုေနတဲ့ မန္စီးတီးကိုေတာင္ အိမ္ကြင္းမွာ အနိုင္မကစားနိုင္ခဲ့တာျဖစ္ပါတယ္။


မန္ခ်က္စတာစီးတီးအသင္းဟာ အီဒါဆန္၊ ခိုင္လ္ ေဝၚလ္ကာ၊ ဂါဘရီယယ္လ္ ေဂ်ဆူးစ္၊ အဲရစ္ဂါစီယာ စတဲ့ကစာသးမားေတြ မပါဝင္ဘဲ စတန္းဖို႔ဒ္ဘရစ္ဂ်္ကို လာေရာက္ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကေတာ့ လူစုံတက္စုံနဲ႔ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပထမပိုင္းၿပီးဆုံးခ်ိန္မွာပဲ ဧည့္သည္မန္ခ်က္စတာစီးတီးအသင္းရဲ့ ၃-၀ နဲ႔ ဦးေဆာင္ျခင္းကို ခံခဲ့ရၿပီး ဒုတိယပိုင္းနာက်င္အခ်ိန္ပိုမွသာ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းက သိကၡာဆယ္ေခ်ပဂိုးကို သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပလမ္းပတ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္သန္း ၂၅၀ ေလာက္ သုံးစြဲထားခဲ့တာကို စဥ္းစားမိလိုက္တဲ့အခါမွာ ေမးခြန္းထုတ္စရာေတြရွိေနခဲ့တာကို အံ့အားသင့္ဖို႔ ခက္သြားမွာျဖစ္ပါတယ္။ လမ္းပတ္ဟာ ကမၻာ့အဆင့္ ပါရမီရွင္ကစားသမားအမ်ားအျပားကို ေငြကိုေရလိုသုံးၿပီး ေခၚယူခဲ့တာျဖစ္ေပမယ့္ ယခုရာသီမွာ အဲဒီကစားသမားေတြထဲက တစ္ေယာက္မွ ေကာင္းေကာင္း စြမ္းေဆာင္ျပနိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။


အဲဒီထဲက အဆိုးရြားဆုံးတစ္ေယာက္ကေတာ့ ၿပီးခဲ့တဲ့ေႏြရာသီမွာ လိုက္ပ္ဇစ္အသင္းကေန ေပါင္ ၄၇.၅ သန္းနဲ႔ ေခၚယူခဲ့တဲ့ တိုက္စစ္မႉး တီမိုဗာနာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းအတြက္ ယခုရာသီ ၁၇ ပြဲပါဝင္ကစားေပးထားရာမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၄ ဂိုးသာ သြင္းယူထားနိုင္ေသးတာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးနဲ႔ကစားခဲ့တဲ့ တနဂၤေႏြေန႔ညပြဲစဥ္မွာေတာ့ တီမိုဗာနာရဲ့ အေျခအေနက ပိုလို႔ေတာင္ ဆိုးရြားခဲ့ၿပီး ေထာင့္ကန္ေဘာကေန အနီးကပ္ေဘာလုံးေပးပို႔ဖို႔ ႀကိဳးပမ္းခဲ့ရာမွာ အလံတိုင္ကို ကန္မိခဲ့တာေၾကာင့္ ဒဏ္ရာ ရရွိသြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။


ေထာင့္ကန္ေဘာကေန အနီးကပ္ေဘာလုံးေပးပို႔ဖို႔ဆိုတာ ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ေယာက္မဆိုထားနဲ႔၊ ဆန္းေဒးလိဂ္မွာ အေပ်ာ္တမ္းကစားေနတဲ့ ကစားသမားေတြအတြက္ေတာင္ အခက္အခဲမရွိနိုင္တဲ့ အားစိုက္ထုတ္မႈတစ္ခုျဖစ္ေပမယ့္ တီမိုဗာနာကေတာ့ အရွက္ရဖြယ္ေကာင္းေလာက္ေအာင္ လြဲေခ်ာ္ေနခဲ့တာျဖစ္ပါတယ္။ တီမိုဗာနာရဲ့ ေၾကာင္ေတာင္ေတာင္နိုင္တဲ့အလြဲကို ခ်ဲလ္ဆီးအသင္းပရိသတ္ေတြကေတာင္ ေလွာင္ေျပာင္ခဲ့ၾကၿပီး မန္ခ်က္စတာစီးတီးနည္းၿပ ပက္ဂြါဒီယိုလာကလည္း ယင္းျဖစ္စဥ္မွာ ခ်က္ခ်င္းတုံ႔ျပန္ခဲ့တဲ့သူ ျဖစ္ခဲ့ပါတယ္။

တီမိုဗာနာ အလံတိုင္ကို ကန္မိၿပီး ဒဏ္ရာရရွိသြားလို႔ ပြဲကို ေခတၱရပ္နားထားတဲ့အခ်ိန္မွာ မန္ခ်က္စတာစီးတီးနည္းၿပ ပက္ဂြါဒီယိုလာက ဒဏ္ရာရရွိေအာင္လုပ္ခဲ့တဲ့ အလံတိုင္ကို အဝါကတ္ျပားျပသေပးဖို႔ ေအာ္ဟစ္ေတာင္းဆိုၿပီး ေလွာင္ေျပာင္ခဲ့တာပါတယ္။ တီမိုဗာနာကို ၿပီးခဲ့တဲ့ေႏြရာသီမွာ လိုက္ပ္ဇစ္အသင္းကေန ေခၚယူခ်င္ခဲ့တဲ့အထဲမွာ မန္ခ်က္စတာစီးတီးနဲ႔ ဂြါဒီယိုလာတို႔လည္း အပါအဝင္ျဖစ္ခဲ့ၿပီး ၎တို႔ကို ျငင္းပယ္ၿပီး ခ်ယ္ဆီးကို ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ခဲ့တဲ့ တီမိုဗာနာကို အကြက္ဝင္တုန္း ဆြမ္းႀကီးေလာင္းခဲ့တာလားဆိုတာကေတာ့ ဘယ္သူမွ မသိနိုင္ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.