Premier League

အသင်းပိုင်ရှင်တွေကို ပေါင် ၂၂.၅ သန်းတန်ကစားသမားကို ခေါ်ပေးဖို့ ဖိအားပေးနေတဲ့ကလော့ပ်နဲ့ မက်ဆီထွက်ရင်တောင် ဘာကာကို ပြောင်းဖွယ်မရှိတဲ့ ဆာလား


လီဗာပူးအသင်းနည်းပြယာဂင်ကလော့ပ်ဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခံစစ်ကို အင်အားတောင့်တင်းအောင် ပြုလုပ်ဖို့အတွက် ဘရာဇီးလ်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ Sport Witness က ဖော်ပြခဲ့ပါတယ်။

ယာဂင်ကလော့ပ်ဟာ ၎င်းရဲ့ဗဟိုခံစစ်မှာ ဒဏ်ရာပြဿနာအများအပြားနဲ့ ရင်ဆိုင်နေရတာဖြစ်တာကြောင့် လီဗာပူးအသင်းပိုင်ရှင်တွေကို အသက် ၂၃ နှစ်အရွယ်ကစားသမားကို ခေါ်ယူပေးဖို့ ဖိအားပေးနေတယ်လို့ သိရပါတယ်။ အခုအချိန်မှာ ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်၊ မာတစ်တို့အားလုံးဟာ ဒဏ်ရာကြောင့် အနားယူနေရပြီး လီဗာပူးအသင်းဟာ ကွင်းလယ်ခံစစ်ကစားသမား ဖေဘင်ညိုနဲ့ အတွေ့အကြုံမရှိတဲ့ ဝီလီယံ၊ ဖိလစ်တို့လို လူငယ်ကစားသမားတွေကို ဗဟိုခံစစ်နေရာအတွက် အားထားနေရာတဖြစ်ပါတယ်။

အဲဒါကြောင့် ယခုလမှာ ဗဟိုခံစစ်ကစားသမားစစ်စစ်ကို ခေါ်ယူရမှာဖြစ်ပြီး နည်းပြ ယာဂင်ကလော့ပ်ကတော့ တိုရီနိုနောက်ခံကစားသမားအတွက် အသင်းပိုင်ရှင်တွေကို ငွေကြေးသုံးစွဲစေချင်နေတာဖြစ်ပါတယ်။ ဘရီမာဟာ တိုရီနိုအသင်းကို ပြိုင်ပွဲစုံ ၃ ပွဲအထိ ပေးဂိုးမရှိအောင် ကူညီပေးခဲ့သူဖြစ်ပြီး ယခုရာသီမှာ သွင်းဂိုး ၁ ဂိုးလည်း သွင်းယူထားသူဖြစ်ပါတယ်။ ယမန်နေ့က ပါးမားအသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ စီးရီးအေပွဲစဉ်မှာလည်း ဘရီမာက အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပြီး ယခုရာသီမှာ ရုန်းကန်နေရတဲ့ တိုရီနိုအတွက် ဒုတိယမြောက်နိုင်ပွဲကို ရယူပေးခဲ့တာဖြစ်ပါတယ်။


နာမည်ကျော်ဂျာနယ်လစ် ဖက်ဘရီဇီယိုရိုမာနိုက လီဗာပူးအသင်းဟာ လိုင်လီဗဟိုခံစစ်ကစားသမား ဆဗင်ဘော့တ်မန်းကို ခေါ်ယူဖို့အတွက် လိုင်လီအသင်းနဲ့ တရားဝင်ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတာမျိုးမရှိဘူးလို့ ၎င်းရဲ့တွစ်တာအကောင့်ကနေ ဖော်ပြခဲ့ပါတယ်။ ဒတ်ချ်ဗဟိုခံစစ်ကစားသမားဟာ လီဗာပူးအသင်းရဲ့ ကင်းထောက်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး စစ်မှန်တဲ့ပါရမီရှိသူအဖြစ် ယူဆခြင်းခံခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ နောက်ထပ်တစ်ဆင့်တက်ရောက်ဆွေးနွေးနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

PianetMilan ရဲ့ ဖော်ပြချက်အရ အေစီမီလန်ကင်းထောက်တွေဟာ အသက် ၂၀ အရွယ်ကစားသမားဟာ မီလန်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ် ၂ ပွဲစလုံးမှာ ထူးချွန်ခဲ့တာကြောင့် ၎င်းတို့ရဲ့ မှတ်စုစာအုပ်ထဲကို ဘော့တ်မန်းရဲ့နာမည်ကို ချရေးခဲ့ကြတယ်လို့ သိရပြီး လိုင်လီအသင်းက ကြယ်ပွင့်နောက်ခံကစားသမားအတွက် ယူရိုသန်း ၃၀ တောင်းဆိုထားတယ်လို့ သိရပါတယ်။


လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလားဟာ လီယွန်နယ်မက်ဆီရဲ့ အခြေအနေကြောင့် ဘာစီလိုနာအသင်းဆီကနေ စိတ်ဝင်စားမှုအခိုင်အမာရရှိထားပေမယ့် ယခုလာမယ့်နွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ပြောကြားခြင်းခံခဲ့ရပါတယ်။ လာလီဂါတီဗီဘောလုံးဝေဖန်သုံးသပ်သူ ကီဗင်ကင်းဘဲလ်က ဘာစီလိုနာအသင်းဟာ အပြောင်းအလဲကာလမှာ ရှိနေတယ်လို့ ယုံကြည်နေတာဖြစ်ပြီး အီဂျစ်လက်ရွေးစင်ကြယ်ပွင့်ကို ရီးရဲမက်ဒရစ်အသင်းကလည်း လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့အတွက် ပြောဆိုဆွေးနွေးဖို့ စီစဉ်နေတာကြောင့် ဘာစီလိုနာအသင်းထက် ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဆာလားက ရီးရဲမက်ဒရစ်မှာ လုံးဝအံဝင်ခွင်ကျဖြစ်လိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်။ ဘာစီလိုနာအသင်းက အရွေ့အပြောင်းကာလမှာ ရှိနေတာဖြစ်ပြီး မက်ဆီ ထွက်သွားရင် သူတို့တွေ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ ရီးရဲမက်ဒရစ်အသင်းက အခုအချိန်မှာ ဘာစီလိုနာအသင်းထက် ပိုပြီး ပြောင်းရွှေ့နိုင်ဖွယ်ရှိတဲ့နေရာဖြစ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့မှာ ပိုပြီး ပြီးပြည့်စုံတဲ့လူစာရင်းရှိပြီး အဲဒါကြောင့်လည်း သူတို့တွေ လက်ရှိလာလီဂါချန်ပီယံဖြစ်နေတာပေါ့။ အဲဒီအသင်းက ဘာတွေ ယူဆောင်နိုင်ဆိုတာ ခင်ဗျား သိပါတယ်။ ရီးရဲမက်ဒရစ်က ကမ္ဘာ့အင်အားကြီးအသင်းပါ”လို့ Football Insider ကို ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


လီဗာပူးအသင္းနည္းျပယာဂင္ကေလာ့ပ္ဟာ ယခုဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ခံစစ္ကို အင္အားေတာင့္တင္းေအာင္ ျပဳလုပ္ဖို႔အတြက္ ဘရာဇီးလ္ကစားသမားကို ေခၚယူဖို႔ ႀကိဳးပမ္းေနတယ္လို႔ Sport Witness က ေဖာ္ျပခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္ဟာ ၎ရဲ့ဗဟိုခံစစ္မွာ ဒဏ္ရာျပႆနာအမ်ားအျပားနဲ႔ ရင္ဆိုင္ေနရတာျဖစ္တာေၾကာင့္ လီဗာပူးအသင္းပိုင္ရွင္ေတြကို အသက္ ၂၃ ႏွစ္အရြယ္ကစားသမားကို ေခၚယူေပးဖို႔ ဖိအားေပးေနတယ္လို႔ သိရပါတယ္။ အခုအခ်ိန္မွာ ဗန္ဒိုက္၊ ဂ်ိဳးဂိုးမက္ဇ္၊ မာတစ္တို႔အားလုံးဟာ ဒဏ္ရာေၾကာင့္ အနားယူေနရၿပီး လီဗာပူးအသင္းဟာ ကြင္းလယ္ခံစစ္ကစားသမား ေဖဘင္ညိဳနဲ႔ အေတြ႕အၾကဳံမရွိတဲ့ ဝီလီယံ၊ ဖိလစ္တို႔လို လူငယ္ကစားသမားေတြကို ဗဟိုခံစစ္ေနရာအတြက္ အားထားေနရာတျဖစ္ပါတယ္။

အဲဒါေၾကာင့္ ယခုလမွာ ဗဟိုခံစစ္ကစားသမားစစ္စစ္ကို ေခၚယူရမွာျဖစ္ၿပီး နည္းၿပ ယာဂင္ကေလာ့ပ္ကေတာ့ တိုရီနိုေနာက္ခံကစားသမားအတြက္ အသင္းပိုင္ရွင္ေတြကို ေငြေၾကးသုံးစြဲေစခ်င္ေနတာျဖစ္ပါတယ္။ ဘရီမာဟာ တိုရီနိုအသင္းကို ၿပိဳင္ပြဲစုံ ၃ ပြဲအထိ ေပးဂိုးမရွိေအာင္ ကူညီေပးခဲ့သူျဖစ္ၿပီး ယခုရာသီမွာ သြင္းဂိုး ၁ ဂိုးလည္း သြင္းယူထားသူျဖစ္ပါတယ္။ ယမန္ေန႔က ပါးမားအသင္းကို ၃-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ စီးရီးေအပြဲစဥ္မွာလည္း ဘရီမာက အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ကို ျပသနိုင္ခဲ့တာျဖစ္ၿပီး ယခုရာသီမွာ ႐ုန္းကန္ေနရတဲ့ တိုရီနိုအတြက္ ဒုတိယေျမာက္နိုင္ပြဲကို ရယူေပးခဲ့တာျဖစ္ပါတယ္။


နာမည္ေက်ာ္ဂ်ာနယ္လစ္ ဖက္ဘရီဇီယိုရိုမာနိုက လီဗာပူးအသင္းဟာ လိုင္လီဗဟိုခံစစ္ကစားသမား ဆဗင္ေဘာ့တ္မန္းကို ေခၚယူဖို႔အတြက္ လိုင္လီအသင္းနဲ႔ တရားဝင္ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနတာမ်ိဳးမရွိဘူးလို႔ ၎ရဲ့တြစ္တာအေကာင့္ကေန ေဖာ္ျပခဲ့ပါတယ္။ ဒတ္ခ်္ဗဟိုခံစစ္ကစားသမားဟာ လီဗာပူးအသင္းရဲ့ ကင္းေထာက္ျခင္းကို ခံခဲ့ရသူျဖစ္ၿပီး စစ္မွန္တဲ့ပါရမီရွိသူအျဖစ္ ယူဆျခင္းခံခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ေနာက္ထပ္တစ္ဆင့္တက္ေရာက္ေဆြးေႏြးနိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

PianetMilan ရဲ့ ေဖာ္ျပခ်က္အရ ေအစီမီလန္ကင္းေထာက္ေတြဟာ အသက္ ၂၀ အရြယ္ကစားသမားဟာ မီလန္နဲ႔ ကစားခဲ့တဲ့ ယူရိုပါလိဂ္ပြဲစဥ္ ၂ ပြဲစလုံးမွာ ထူးခၽြန္ခဲ့တာေၾကာင့္ ၎တို႔ရဲ့ မွတ္စုစာအုပ္ထဲကို ေဘာ့တ္မန္းရဲ့နာမည္ကို ခ်ေရးခဲ့ၾကတယ္လို႔ သိရၿပီး လိုင္လီအသင္းက ၾကယ္ပြင့္ေနာက္ခံကစားသမားအတြက္ ယူရိုသန္း ၃၀ ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။


လီဗာပူးၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ဆာလားဟာ လီယြန္နယ္မက္ဆီရဲ့ အေျခအေနေၾကာင့္ ဘာစီလိုနာအသင္းဆီကေန စိတ္ဝင္စားမႈအခိုင္အမာရရွိထားေပမယ့္ ယခုလာမယ့္ေႏြရာသီမွာ ရီးရဲမက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖြယ္ရွိတယ္လို႔ ေျပာၾကားျခင္းခံခဲ့ရပါတယ္။ လာလီဂါတီဗီေဘာလုံးေဝဖန္သုံးသပ္သူ ကီဗင္ကင္းဘဲလ္က ဘာစီလိုနာအသင္းဟာ အေျပာင္းအလဲကာလမွာ ရွိေနတယ္လို႔ ယုံၾကည္ေနတာျဖစ္ၿပီး အီဂ်စ္လက္ေရြးစင္ၾကယ္ပြင့္ကို ရီးရဲမက္ဒရစ္အသင္းကလည္း လာမယ့္ေႏြရာသီမွာ အေျပာင္းအေရႊ႕အတြက္ ေျပာဆိုေဆြးေႏြးဖို႔ စီစဥ္ေနတာေၾကာင့္ ဘာစီလိုနာအသင္းထက္ ရီးရဲမက္ဒရစ္အသင္းကို ေျပာင္းေရႊ႕သြားလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ဆာလားက ရီးရဲမက္ဒရစ္မွာ လုံးဝအံဝင္ခြင္က်ျဖစ္လိမ့္မယ္လို႔ ကၽြန္ေတာ္ ျမင္ပါတယ္။ ဘာစီလိုနာအသင္းက အေရြ႕အေျပာင္းကာလမွာ ရွိေနတာျဖစ္ၿပီး မက္ဆီ ထြက္သြားရင္ သူတို႔ေတြ ရင္းႏွီးျမႇုပ္ႏွံမႈေတြ လုပ္ဖို႔ လိုေကာင္းလိုပါလိမ့္မယ္။ ရီးရဲမက္ဒရစ္အသင္းက အခုအခ်ိန္မွာ ဘာစီလိုနာအသင္းထက္ ပိုၿပီး ေျပာင္းေရႊ႕နိုင္ဖြယ္ရွိတဲ့ေနရာျဖစ္ေနတယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ သူတို႔မွာ ပိုၿပီး ၿပီးျပည့္စုံတဲ့လူစာရင္းရွိၿပီး အဲဒါေၾကာင့္လည္း သူတို႔ေတြ လက္ရွိလာလီဂါခ်န္ပီယံျဖစ္ေနတာေပါ့။ အဲဒီအသင္းက ဘာေတြ ယူေဆာင္နိုင္ဆိုတာ ခင္ဗ်ား သိပါတယ္။ ရီးရဲမက္ဒရစ္က ကမၻာ့အင္အားႀကီးအသင္းပါ”လို႔ Football Insider ကို ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.