Premier League
အသင်းဟောင်း ယူနိုက်တက်၏ ကြယ်ပွင့်ကစားသမားကို ပယ်နယ်တီကနေသာ ဂိုးသွင်းတတ်သူဟု ၄ ကြိမ်မြောက် ထပ်ခနဲ့လိုက်တဲ့ မော်ရင်ညို
လိဒ်ယူနိုက်တက်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူတဲ့ပွဲအပြီးမှာ မော်ရင်ဟိုဟာ သူ့တောတင်ဟမ်စပါးစ် ကစားသမား ဆွန်ဟောင်မင်ကို ခုလို ချီးကျူးသွားခဲ့ပါတယ်။
” ဆွန်ဟောင်မင်က ပွတ်ရှ်ကပ် (Puskas) ဆုရှင်လေ။ အဲဒီဂိုးက ပင်နယ်တီနဲ့ ရတာမဟုတ်ဘူး။ တောတင်ဟမ်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၀၀ ပြည့်သွားခဲ့ပြီ။ အခု ဒီရာသီရဲ့ ပရီးမီးယားလိဂ် ထိပ်တန်းဂိုးသွင်းရှင် ၃ ဦးစာရင်းပေါက်ဖို့လည်း သူ့အတွက် ပင်နယ်တီဂိုး မလိုခဲ့ပါဘူး။”
(ဆွန်ဟောင်မင်ရဲ့မှတ်တမ်းအရ ခြေစမ်းပွဲစဉ်တွေကို ဖယ်ထုတ်လိုက်ရင် စပါးအသင်းအတွက် ပင်နယ်တီသွင်းဂိုး တဂိုးသာ ပါဝင်ကြောင်း သိရှိရပါတယ်။)
“တချို့ကစားသမားတွေကတော့ တရာသီကို ပင်နယ်တီဂိုး ၁၀ ဂိုးလောက် ရနေကြတယ်။ သြော်… ဒါနဲ့ စကားစပ်၊ ကျနော် အခုပြောနေတာက ဟာရီကိန်းအကြောင်း မဟုတ်ရပါဘူးနော်” လို့မော်ရင်ညို က ပြောခဲ့ပြီ ပရီးမီးယားလိဂ်မှာ ပယ်နယ်တီအများဆုံး ကန်သွင်းထားတဲ့ တနိုင်ငံတည်းသား အသင်းဟောင်းရဲ့ ဘရူနိုဖာနန်ဒက်ကို ခနဲ့ ပြောဆိုသွားခဲ့ပါတယ်။
ဒါဟာ သူကိုင်တွယ်ခဲ့တဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို အမှတ်ပေးဇယား ထိပ်ဆုံးကို ပို့ဆောင်ပေးနိုင်တဲ့ ဘရူနိုဖာနန်ဒက်ကို ခနဲ့ပြောဆိုတာ ပထမဆုံးအကြိမ်မဟုတ်ပဲ ဖာနန်ဒက် ယူနိုက်တက်အသင်းကို စရောက်ကတည်းကနေ တွက်ကြည့်ရင် ၄ ကြိမ်မြောက်ဖြစ်ပါတယ်။ တနိုင်ငံတည်းသားခြင်းကို ခုလို ခနဲ့ ဝေဖန်တိုက်ခိုက်နေခြင်းဟာ အသင်းဟောင်းယူနိုက်တက်ကို ယခုထိ အခဲမကျေခြင်းလည်း ဖာနန်ဒက်နဲ့ ဘာရန်ညှိုးရှိခဲ့သလဲ ဘာရည်ရွယ်ချက်လဲဆိုတာ မော်ရင်ညိုပဲ သိပါတော့မယ်။
ဘရူနိုဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးနောက် ၂၀၂၀ ဖေဖော်ဝါရီလက ပွဲထွက်ကစားခဲ့ကာ ပရီးမီယားလိဂ်မှာ သွင်းဂိုး ၁၉ ဂိုးထိ သွင်းယူထားနိုင်ပြီး ၉ ဂိုးမှာ ပယ်နယ်တီမှ သွင်းယူထားခြင်းဖြစ်ပါတယ်။
တောတင်ဟမ် ကစားသမား ဆွန်ဟောင်မင်ကတော့ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၆၅ ဂိုးထိသွင်းယူထားနိုင်ကာ ပယ်နယ်တီ ၁ ဂိုးမှ ပါဝင်ခြင်းမရှိခဲ့တာတွေ့ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
REF: INTERNET SOURCES
SPORTS A2Z.