Premier League

4 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ချဲလ်ဆီးအသင်းဟာ ကြီးမားတဲ့ဖိအားတွေအောက် ရောက်ရှိနေတဲ့ လက်ရှိနည်းပြ ဖရန့်လမ်းပတ်ရဲ့ နေရာမှာ အစားထိုးခန့်အပ်ဖို့အတွက် နောက်ထပ်ရွေးချယ်စရာ နည်းပြသစ်ကို ရှာဖွေနေပြီလို့ The Athletic က ဖော်ပြခဲ့ပြီး လမ်းပတ်ကို ထုတ်ပယ်ဖို့ လိုပြီလို့ ခံစားနေရတာကြောင့် အယ်လီဂရီ၊ သောမတ်စ်တူဟယ်၊ လောရန့်ဘလန့်၊ ရာဖေးလ်ဘင်နီတက်ဇ် စတဲ့ နည်းပြတွေထဲက တစ်ဦးကို ခန့်အပ်သွားဖွယ်ရှိနေတယ်လို့ သိရ။


-မန်ချက်စတာစီးတီးအသင်းကို တနင်္ဂနွေနေ့ညမှာ ရှုံးနိမ့်ပြီး နောက်ထပ်တစ်ကြိမ် နာကျင်ခဲ့ရပြီးနောက် နည်းပြလမ်းပတ်ဟာ ၎င်းရဲ့ စတန်းဖို့ဒ်ဘရစ်ဂျ်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို အပြီးသတ်နိုင်အောင် အချိန်ပေးဖို့ လိုတယ်လို့ ခုခံပြောကြားခဲ့ပြီး ပြီးခဲ့တဲ့လက စာချုပ်သစ်ချုပ်မှာလားလို့ မေးခဲ့တဲ့လူတွေအားလုံးက အခုအချိန်မှာ လေသံတွေ ပြောင်းသွားကြလောက်ပြီလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမား ရွိုင်ကိန်းက မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ခပ်ကြမ်းကြမ်း ကစားခြင်းမရှိခဲ့တဲ့ မေဆင်မောင့်ကို ဝေဖန်ပြစ်တင်ခဲ့ပြီး ချဲလ်ဆီး ကွင်းလယ်ကြယ်ပွင့်အနေနဲ့ မန်ချက်စတာစီးတီးရဲ့ အဖွင့်ဂိုးကို ကာကွယ်နိုင်ဖို့ အခုထက် အများကြီး ပိုလုပ်နိုင်ခဲ့သင့်သားနဲ့ မလုပ်နိုင်ခဲ့တာလို့ ယုံကြည်နေ။


-ချဲလ်ဆီးတိုက်စစ်မှူး တီမိုဗာနာဟာ မန်ချက်စတာစီးတီးအသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ထောင့်ကန်ဘော ကန်တင်ဖို့ ကြိုးပမ်းခဲ့ချိန်မှာ အလံတိုင်ကို ကန်မိခဲ့ပြီးနောက် အခြေအနေက ဆိုးပြီးရင်း ပိုဆိုးလာခဲ့ပုံပေါ်ပြီး ကွင်းလယ်ဒိုင် အန်သိုနီတေလာက ပြန်ကန်ခွင့်ပေးခဲ့ရာမှာတော့ မေဆင်မောင့်က အစားထိုးကန်တင်ခဲ့ပြီး ပရိသတ်တွေက အလံတိုင်ကို ကန်ပြီး ကိုယ့်ဘာသာကိုယ် ဒဏ်ရာရအောင်လုပ်နေတယ်လို့ လှောင်ပြောင်ခဲ့ကြ။


-ဂျူဗင်တပ်နည်းပြ ပီယာလိုက ချဲလ်ဆီးဝါရင့်တိုက်စစ်မှူး ဂျီရူးဟာ ဂျူဗင်တပ်အသင်းအတွက် အသုံးဝင်မယ့် ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပြီး တိုက်စစ်မှူးတွေကို အလှည့်ကျအသုံးပြုနိုင်ဖို့အတွက် အခွင့်အလမ်းရှိနိုင်မလားဆိုတာကို အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးသားဖြစ်တာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဖွင့်လှစ်တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရ။


-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီနဗီးက တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့ရတဲ့အထဲမှာ ကစားသမား ၃ ဦးက ကြီးမားတဲ့အကြောင်းအရင်းအဖြစ် ပါဝင်နေတယ်လို့ ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး ကန်တေ၊ မေဆင်မောင့်နဲ့ မက်တီယို ကိုဗာချစ်တို့ဟာ နောက်ဆုံးမိနစ် ၂၀ မှာ ကောင်းသင့်သလောက်ကောင်းတယ်ဆိုတဲ့အနီးအနားလေးမှာတောင် မရှိခဲ့ဘူးလို့ ပြောကြားခဲ့။


-ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က တနင်္ဂနွေနေ့ညက မန်ချက်စတာစီးတီးအသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ ၎င်းရဲ့ကစားသမားတွေဟာ မန်စီးတီးရဲ့ သင်ခန်းစာပေးခြင်းကို ကောင်းကောင်းခံစားခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရနေတဲ့အချိန်မှာ ချေပဂိုးတွေ ပြန်သွင်းယူနိုင်ခဲ့ခြင်းမရှိဘူးလို့ ညည်းတွားခဲ့။


-ချဲလ်ဆီးနောက်ခံကစားသမားဟောင်း အက်ရှ်လေကိုးက ၎င်းရဲ့ လက်ရွေးစင်အသင်းဖော်ဟောင်း နည်းပြဖရန့်လမ်းပတ်အနေနဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းခြင်းအားဖြင့် အကျိုးအမြတ်ရရှိနိုင်တယ်လို့ ပြောကြားခဲ့ပြီး ဘောလုံးဆိုတာက အချိန်တိုင်း ကိုယ်လိုချင်တဲ့ပုံစံအတိုငး် သွားနေမှာမဟုတ်တဲ့အတွက် ဆာအဲလက်စ်ဖာဂူဆန်လုပ်ခဲ့သလိုမျိုး အတိုင်းအတာတစ်ခုလောက်အထိပဲ ခံစားပြီး ကိုယ်လိုချင်တဲ့ရလဒ်မရတဲ့အချိန်မှာ လက်ရှိအခင်းအကျင်းကနေ ကိုယ့်ကိုကိုယ် ဖယ်ထုတ်ပြီး ရှေ့ဆက်သွားဖို့ ကြိုးစားသင့်တယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ကစားသမားတွေကို ကစားသမားဘဝတုန်းက ဒီနေရာမှာပဲ ထိုင်ပြီး နှစ်ကုန်ရင် ဖလားကိုင်မြှောက်နိုင်ခဲ့တယ်လို့ ပြန်ပြောင်းပြောပြခဲ့ပြီး အရည်အသွေးရှိတဲ့ ကစားသမားတွေရှိခဲ့သလို အဝတ်လဲခန်းထဲက စိတ်ဝိဉာဉ်ကြောင့် ပြန်လာနိုင်ခဲ့တာချည်းပဲလို့ ပြောကြားရင်း စိတ်ဓာတ်ခွန်အားပေးခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:



-မန်ချက်စတာစီးတီးအသင်းကို တနင်္ဂနွေနေ့ညမှာ ရှုံးနိမ့်ပြီး နောက်ထပ်တစ်ကြိမ် နာကျင်ခဲ့ရပြီးနောက် နည်းပြလမ်းပတ်ဟာ ၎င်းရဲ့ စတန်းဖို့ဒ်ဘရစ်ဂ်ျက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို အပြီးသတ်နိုင်အောင် အချိန်ပေးဖို့ လိုတယ်လို့ ခုခံပြောကြားခဲ့ပြီး ပြီးခဲ့တဲ့လက စာချုပ်သစ်ချုပ်မှာလားလို့ မေးခဲ့တဲ့လူတွေအားလုံးက အခုအချိန်မှာ လေသံတွေ ပြောင်းသွားကြလောက်ပြီလို့ ပြောကြားခဲ့။




-ဂျူဗင်တပ်နည်းပြ ပီယာလိုက ချဲလ်ဆီးတိုက်စစ်မှူး တီမိုဗာနာဟာ မန်ချက်စတာစီးတီးအသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ထောင့်ကန်ဘော ကန်တင်ဖို့ ကြိုးပမ်းခဲ့ချိန်မှာ အလံတိုင်ကို ကန်မိခဲ့ပြီးနောက် အခြေအနေက ဆိုးပြီးရင်း ပိုဆိုးလာခဲ့ပုံပေါ်ပြီး ကွင်းလယ်ဒိုင် အန်သိုနီတေလာက ပြန်ကန်ခွင့်ပေးခဲ့ရာမှာတော့ မေဆင်မောင့်က အစားထိုးကန်တင်ခဲ့ပြီး ပရိသတ်တွေက အလံတိုင်ကို ကန်ပြီး ကိုယ့်ဘာသာကိုယ် ဒဏ်ရာရအောင်လုပ်နေတယ်လို့ လှောင်ပြောင်ခဲ့ကြ။


-ချဲလ်ဆီးဝါရင့်တိုက်စစ်မှူး ဂျီရူးဟာ ဂျူဗင်တပ်အသင်းအတွက် အသုံးဝင်မယ့် ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပြီး တိုက်စစ်မှူးတွေကို အလှည့်ကျအသုံးပြုနိုင်ဖို့အတွက် အခွင့်အလမ်းရှိနိုင်မလားဆိုတာကို အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးသားဖြစ်တာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရ။






-ချဲလ်ဆီးနောက်ခံကစားသမားဟောင်း အက်ရှ်လေကိုးက ၎င်းရဲ့ လက်ရွေးစင်အသင်းဖော်ဟောင်း နည်းပြဖရန့်လမ်းပတ်အနေနဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းခြင်းအားဖြင့် အကျိုးအမြတ်ရရှိနိုင်တယ်လို့ ပြောကြားခဲ့ပြီး ဘောလုံးဆိုတာက အချိန်တိုင်း ကိုယ်လိုချင်တဲ့ပုံစံအတိုင်း သွားနေမှာမဟုတ်တဲ့အတွက် ဆာအဲလက်စ်ဖာဂူဆန်လုပ်ခဲ့သလိုမျိုး အတိုင်းအတာတစ်ခုလောက်အထိပဲ ခံစားပြီး ကိုယ်လိုချင်တဲ့ရလဒ်မရတဲ့အချိန်မှာ လက်ရှိအခင်းအကျင်းကနေ ကိုယ့်ကိုကိုယ် ဖယ်ထုတ်ပြီး ရှေကဆက်သွားဖို့ ကြိုးစားသင့်တယ်လို့ ပြောကြားခဲ့။



REF: INTERNET SOURCES
SPORTS A2Z.