Match Report Premier League

ဗာနာကို ဘယ်နားသုံးမှ ရတော့မှာလဲ၊ ချောမွေ့သွက်လက် စီးတီးကစားကွက် အပါအဝင် ချဲလ်ဆီး 1-3 မန်စီးတီး ပွဲအပြီး မှတ်မှတ်ရရ မြင်တွေ့ခဲ့ရတဲ့ 7 ချက်

ချောမွေ့သွက်လက်တဲ့ စီးတီးကစားကွက်ရဲ့ ထိပ်ဆုံးက ဖိုဒန် – ဒီနေ့ပွဲမှာ မန်ချက်စတာစီးတီးအသင်းရဲ့ ၄-၆-၀ ကစားကွက်မှာ ဘယ်ခြမ်းက ပွဲထွက်ခွင့်ရခဲ့တဲ့ ဖီးလ် ဖိုဒန်ကတော့ သူ့ရဲ့ အောက်တိုဘာနောက်ပိုင်း ဒုတိယအကြိမ် ပွဲထွက်ခွင့်မှာ အခွင့်အရေးတွေကို အသုံးချပြီး ခြေစွမ်းပြနိုင်ခဲ့ ပါတယ်။ ဂွန်ဒိုးဝမ်ကို ဖန်တီးပေးသွားတဲ့ ဘောလုံးရဲ့ အထိန်းအသိမ်းက ဆရာကျခဲ့သလို ဒုတိယဂိုးမှာလည်း သူ့ရဲ့ Killer Instinct နဲ့ အဆုံးသတ်နိုင်စွမ်းကို ပြသနိုင်ခဲ့တာပါ။

အိမ်ကွင်းဖြစ်ပေမယ့် ဆိုးရွားတဲ့ ချဲလ်ဆီး – ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ကစားခဲ့ရတယ်ဆိုတာ ရုပ်သံထုတ်လွှင့်မှုက အမှတ်အသားအရသာ ယုံခဲ့ရတာဖြစ်ပြီး ခြေစွမ်းအရတော့ မန်စီးတီးတို့ကတောင် အိမ်ကွင်းနဲ့ ပိုတူခဲ့တာပါ။ သီယာဂို ဆေးလ်ဗားနဲ့ အန်ဂိုလို ကွန်တေတို့လို့ ကစားသမားတွေကအစ ဇဝေဇဝါဖြစ်နေချိန်မှာ ဂိုးသမား မန်ဒီကတော့ သူတတ်နိုင်သလောက် ကာကွယ်သွားခဲ့ပြီး လူစုံထုတ်လာခဲ့တဲ့ တိုက်စစ်ကလည်း ခြေပျောက်နေခဲ့တာပါပဲ။

ခံစစ်မှတ်တမ်းကောင်းနဲ့ မန်စီးတီး – လူတွေ ပြောလေ့ရှိကြတာကတော့ ချန်ပီယံဆုတွေကို ခံစစ်က ရယူပေးတာဆိုတာပါပဲ။ မန်စီးတီးတို့ရဲ့ ခံစစ်က နောက်ဆုံး ပရီးမီးယားလိဂ် ၇ ပွဲမှာ ဒီနေ့ပွဲအပါအဝင် ၂ ဂိုးပဲ ပေးခဲ့ရတာဖြစ်ပြီး ဒါတောင် နောက်ဆုံးမိနစ်ကျမှ အာရုံစူးစိုက်မှု လျော့နည်းခဲ့လို့ ဖြစ်ပါတယ်။ အီဒါဆန်နဲ့ ဝေါ်လ်ကာ မပါတာတောင် အကောင်းဆုံးကစားနိုင်ခဲ့တဲ့ ခံစစ်က တကယ်လည်း သူတို့ကို ချန်ပီယံလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိစေခဲ့ပါတယ်။

ဖိအားတွေ တစ်လှေကြီးနဲ့ လမ်းပတ် – ဒီနေ့ပွဲကို ချဲလ်ဆီးပရိသတ်တွေကြားမှာတော့ Must Win Game ဆိုပြီး ပြောနေခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အနိုင်ယူဖို့ ပရိသတ်တွေက စိတ်အားထက်သန်ခဲ့ကြပေမယ့် ကွင်းထဲက ကစားသမားတွေကတော့ သူတို့နဲ့ တခြားစီပါပဲ။ တိုက်စစ်နဲ့ ခံစစ် ဟန်ချက်ညီတဲ့ ကစားကွက်ကို မဖော်ဆောင်နိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့တဲ့ လမ်းပတ်အနေနဲ့ နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တာလည်းဖြစ်ပြီး တာဝန်ရှိသူတွေ ဘယ်လောက် စိတ်ရှည်မလဲပဲ စောင့်ကြည့်ရတော့မှာပါ။

ချဲလ်ဆီးနဲ့မှ ရွေးကောင်းနေတဲ့ ဒီဘရိုင်းနား – ဒီနေ့ပွဲမှာ ဒီဘရိုင်းနားအနေနဲ့ အသင်းဟောင်း ချဲလ်ဆီးနဲ့ တွေ့ဆုံမှုတွေမှာ ၄ ဂိုးမြောက် သွင်းဂိုးကို ရရှိခဲ့တာဖြစ်ပြီး ကစားသမားဟောင်းတွေထဲက သူတို့ကို ဂိုးအများဆုံး ပြန်လည်သွင်းယူနိုင်သူအဖြစ်လည်း မှတ်တမ်းရေးထိုးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ဇန်နဝါရီက ပေါင်သန်း ၂၀ နဲ့ ရောင်းချခဲ့မှုကို စတမ်းဖို့ဒ်ဘရစ်ချ်ပရိသတ်တွေ စိတ်ပျက်နေတော့မှာလည်းဖြစ်ပါတယ်။

တီမို ဗာနာကို ဘယ်နားသုံးရမှာလဲ – နည်းပြ လမ်းပတ်ရဲ့ ဖိအားဝင်မှုတွေမှာ တီမို ဗာနာကို ဘယ်နားသုံးရမှန်း မသိတာလည်း ပါပါတယ်။ ရာသီအစမှာ ဘယ်ခြမ်းကနေ ဟုတ်သလိုရှိခဲ့ပေမယ့် ဒီနေ့ပွဲအပါအဝင် ၁၂ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့တဲ့ ဂျာမန်တိုက်စစ်မှူးဟာ သူ့ရဲ့ စတုဂတ်နဲ့ လိုက်ပ်ဇစ်အသင်းတွေဆီက ဂိုးမိုးခေါင်မှတ်တမ်းနဲ့လည်း တူညီသွားခဲ့ပါတယ်။ ဒါတောင်မှ ဒီမှတ်တမ်းက အသင်းနှစ်သင်းကြား စပ်ကူးမတ်ကူး အနေအထားမှာ ခွဲဝေခဲ့တာဖြစ်ပြီး ချဲလ်ဆီးမှာတော့ ဒီထက်မဆိုးအောင် လာမယ့် FA ဖလား အိမ်ကွင်းပွဲစဉ်မှာ တွေ့ရမယ့် ဒုတိယတန်းကလပ် မိုးကမ်ဘ်နဲ့ပွဲမှာ ဂိုးရမှပဲဖြစ်ပါလိမ့်မယ်။

ပုံစံကောင်းရနေတဲ့ ဂွန်ဒိုးဝမ် – ဂျာမန်ကွင်းလယ်လူကတော့ ဒီရာသီမှာ အသက် ၃၀ ကျော်ကာမှ ရင့်ကျက်တဲ့ ပုံစံနဲ့ ခြေစွမ်းပြနေခဲ့တာပါ။ ဂွန်ဒိုးဝမ်အနေနဲ့ သူ့ရဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲထွက် ၄ ပွဲမှာ ၃ ဂိုးအထိ ရယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ၃၁ ပွဲမှာ သွင်းယူခဲ့တာထက်တောင် တစ်ဂိုးပိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေခ်ာေမြ႕သြက္လက္တဲ့ စီးတီးကစားကြက္ရဲ႕ ထိပ္ဆုံးက ဖိုဒန္ – ဒီေန႔ပြဲမွာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ၄-၆-၀ ကစားကြက္မွာ ဘယ္ျခမ္းက ပြဲထြက္ခြင့္ရခဲ့တဲ့ ဖီးလ္ ဖိုဒန္ကေတာ့ သူ႔ရဲ႕ ေအာက္တိုဘာေနာက္ပိုင္း ဒုတိယအႀကိမ္ ပြဲထြက္ခြင့္မွာ အခြင့္အေရးေတြကို အသုံးခ်ၿပီး ေျခစြမ္းျပႏိုင္ခဲ့ ပါတယ္။ ဂြန္ဒိုးဝမ္ကို ဖန္တီးေပးသြားတဲ့ ေဘာလုံးရဲ႕ အထိန္းအသိမ္းက ဆရာက်ခဲ့သလို ဒုတိယဂိုးမွာလည္း သူ႔ရဲ႕ Killer Instinct နဲ႔ အဆုံးသတ္ႏိုင္စြမ္းကို ျပသႏိုင္ခဲ့တာပါ။

အိမ္ကြင္းျဖစ္ေပမယ့္ ဆိုး႐ြားတဲ့ ခ်ဲလ္ဆီး – ခ်ဲလ္ဆီးတို႔ အိမ္ကြင္းမွာ ကစားခဲ့ရတယ္ဆိုတာ ႐ုပ္သံထုတ္လႊင့္မႈက အမွတ္အသားအရသာ ယုံခဲ့ရတာျဖစ္ၿပီး ေျခစြမ္းအရေတာ့ မန္စီးတီးတို႔ကေတာင္ အိမ္ကြင္းနဲ႔ ပိုတူခဲ့တာပါ။ သီယာဂို ေဆးလ္ဗားနဲ႔ အန္ဂိုလို ကြန္ေတတို႔လို႔ ကစားသမားေတြကအစ ဇေဝဇဝါျဖစ္ေနခ်ိန္မွာ ဂိုးသမား မန္ဒီကေတာ့ သူတတ္ႏိုင္သေလာက္ ကာကြယ္သြားခဲ့ၿပီး လူစုံထုတ္လာခဲ့တဲ့ တိုက္စစ္ကလည္း ေျခေပ်ာက္ေနခဲ့တာပါပဲ။

ခံစစ္မွတ္တမ္းေကာင္းနဲ႔ မန္စီးတီး – လူေတြ ေျပာေလ့ရွိၾကတာကေတာ့ ခ်န္ပီယံဆုေတြကို ခံစစ္က ရယူေပးတာဆိုတာပါပဲ။ မန္စီးတီးတို႔ရဲ႕ ခံစစ္က ေနာက္ဆုံး ပရီးမီးယားလိဂ္ ၇ ပြဲမွာ ဒီေန႔ပြဲအပါအဝင္ ၂ ဂိုးပဲ ေပးခဲ့ရတာျဖစ္ၿပီး ဒါေတာင္ ေနာက္ဆုံးမိနစ္က်မွ အာ႐ုံစူးစိုက္မႈ ေလ်ာ့နည္းခဲ့လို႔ ျဖစ္ပါတယ္။ အီဒါဆန္နဲ႔ ေဝၚလ္ကာ မပါတာေတာင္ အေကာင္းဆုံးကစားႏိုင္ခဲ့တဲ့ ခံစစ္က တကယ္လည္း သူတို႔ကို ခ်န္ပီယံလမ္းေၾကာင္းေပၚကို ျပန္လည္ေရာက္ရွိေစခဲ့ပါတယ္။

ဖိအားေတြ တစ္ေလွႀကီးနဲ႔ လမ္းပတ္ – ဒီေန႔ပြဲကို ခ်ဲလ္ဆီးပရိသတ္ေတြၾကားမွာေတာ့ Must Win Game ဆိုၿပီး ေျပာေနခဲ့ၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ အႏိုင္ယူဖို႔ ပရိသတ္ေတြက စိတ္အားထက္သန္ခဲ့ၾကေပမယ့္ ကြင္းထဲက ကစားသမားေတြကေတာ့ သူတို႔နဲ႔ တျခားစီပါပဲ။ တိုက္စစ္နဲ႔ ခံစစ္ ဟန္ခ်က္ညီတဲ့ ကစားကြက္ကို မေဖာ္ေဆာင္ႏိုင္ခဲ့ဘဲ ရႈံးနိမ့္ခဲ့တဲ့ လမ္းပတ္အေနနဲ႔ ေနာက္ဆုံး ၆ ပြဲမွာ ၁ ပြဲသာ အႏိုင္ရခဲ့တာလည္းျဖစ္ၿပီး တာဝန္ရွိသူေတြ ဘယ္ေလာက္ စိတ္ရွည္မလဲပဲ ေစာင့္ၾကည့္ရေတာ့မွာပါ။

ခ်ဲလ္ဆီးနဲ႔မွ ေ႐ြးေကာင္းေနတဲ့ ဒီဘ႐ိုင္းနား – ဒီေန႔ပြဲမွာ ဒီဘ႐ိုင္းနားအေနနဲ႔ အသင္းေဟာင္း ခ်ဲလ္ဆီးနဲ႔ ေတြ႕ဆုံမႈေတြမွာ ၄ ဂိုးေျမာက္ သြင္းဂိုးကို ရရွိခဲ့တာျဖစ္ၿပီး ကစားသမားေဟာင္းေတြထဲက သူတို႔ကို ဂိုးအမ်ားဆုံး ျပန္လည္သြင္းယူႏိုင္သူအျဖစ္လည္း မွတ္တမ္းေရးထိုးသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၄ ဇန္နဝါရီက ေပါင္သန္း ၂၀ နဲ႔ ေရာင္းခ်ခဲ့မႈကို စတမ္းဖို႔ဒ္ဘရစ္ခ်္ပရိသတ္ေတြ စိတ္ပ်က္ေနေတာ့မွာလည္းျဖစ္ပါတယ္။

တီမို ဗာနာကို ဘယ္နားသုံးရမွာလဲ – နည္းျပ လမ္းပတ္ရဲ႕ ဖိအားဝင္မႈေတြမွာ တီမို ဗာနာကို ဘယ္နားသုံးရမွန္း မသိတာလည္း ပါပါတယ္။ ရာသီအစမွာ ဘယ္ျခမ္းကေန ဟုတ္သလိုရွိခဲ့ေပမယ့္ ဒီေန႔ပြဲအပါအဝင္ ၁၂ ပြဲဆက္ ဂိုးေပါက္ေပ်ာက္ဆုံးခဲ့တဲ့ ဂ်ာမန္တိုက္စစ္မႉးဟာ သူ႔ရဲ႕ စတုဂတ္နဲ႔ လိုက္ပ္ဇစ္အသင္းေတြဆီက ဂိုးမိုးေခါင္မွတ္တမ္းနဲ႔လည္း တူညီသြားခဲ့ပါတယ္။ ဒါေတာင္မွ ဒီမွတ္တမ္းက အသင္းႏွစ္သင္းၾကား စပ္ကူးမတ္ကူး အေနအထားမွာ ခြဲေဝခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးမွာေတာ့ ဒီထက္မဆိုးေအာင္ လာမယ့္ FA ဖလား အိမ္ကြင္းပြဲစဥ္မွာ ေတြ႕ရမယ့္ ဒုတိယတန္းကလပ္ မိုးကမ္ဘ္နဲ႔ပြဲမွာ ဂိုးရမွပဲျဖစ္ပါလိမ့္မယ္။

ပုံစံေကာင္းရေနတဲ့ ဂြန္ဒိုးဝမ္ – ဂ်ာမန္ကြင္းလယ္လူကေတာ့ ဒီရာသီမွာ အသက္ ၃၀ ေက်ာ္ကာမွ ရင့္က်က္တဲ့ ပုံစံနဲ႔ ေျခစြမ္းျပေနခဲ့တာပါ။ ဂြန္ဒိုးဝမ္အေနနဲ႔ သူ႔ရဲ႕ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ေနာက္ဆုံး ပရီးမီးယားလိဂ္ပြဲထြက္ ၄ ပြဲမွာ ၃ ဂိုးအထိ ရယူႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီက ၃၁ ပြဲမွာ သြင္းယူခဲ့တာထက္ေတာင္ တစ္ဂိုးပိုသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.