Premier League

4 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်ပစ်မှတ် အင်္ဂလန်တောင်ပံကြယ်ပွင့် ဂျေဒန်ဆန်ချိုကိုယ်တိုင်က အပြောင်းအရွှေ့ပြုလုပ်ဖို့ မျှော်မှန်းနေခဲ့တယ်လို့ ဒေါ့မွန်စီအီးအို ဝက်ဇ်ကီက ဝန်ခံပြောကြားခဲ့ပြီး မသိစိတ်ထဲမှာကိုက အပြောင်းအလဲလုပ်ဖို့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တာကြောင့် ယခုရာသီ ဆိုးရွားတဲ့ခြေစွမ်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တဲ့အပေါ် စိတ်ပျက်နေခဲ့မှုဟာ ခြေစွမ်းဆိုးရွားနေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ဖောင်းပွနေတဲ့ လူစာရင်းကို လျှော့ချချင်နေတာကြောင့် ယခုဇန်နဝါရီအပြောာင်းအရွှေ့ကာလမှာ ကစားသမားအများအပြားကို ရောင်းထုတ်သွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပြီး အသင်းမှာ လူပိုဖြစ်နေတဲ့ ရိုမဲရိုး၊ ဖီးလ်ဂျုံးစ်၊ ရိုဟို၊ လင်ဂတ်တို့ကို အပြီးရောင်းထုတ်ပြီး ဝီလီယံနဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ကို အငှားနဲ့ ထွက်ကစားခိုင်းမယ်လို့ သိရ။


-မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်နှစ်ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာက စာချုပ်သစ် ချုပ်ဆိုမှာမဟုတ်ဘူးဆိုတာကို လက်ခံခဲ့ပြီးနောက် အလွတ်နဲ့ ထွက်ခွာခွင့်ပြုရမယ့်အရေးကနေ ရှောင်လွှဲနိုင်အောင် ယခုလာမယ့်နွေရာသီမှာ ရောင်းထုတ်သွားဖို့အတွက် စီစဉ်နေပြီလို့ သိရ။


-အတ္တလန္တာကြယ်ပွင့် အာမက်ဒီရယ်လိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ကာလရှည်စောင့်ဆိုင်းနေခဲ့ရသူဖြစ်ပြီး အင်္ဂလန်မှာ အလုပ်လုပ်ခွင့်အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြည့်စုံခဲ့ပြီးနောက် လာမယ့်အပတ် အိုးထရက်ဖို့ဒ်ကို မရောက်လာမီ ရောမကို ထွက်ခွာနေပြီဖြစ်ပြီး ယူနိုက်တက်ကို ပြောင်းဖို့ စာရွက်စာတမ်းကိစ္စတွေ အားလုံးပြီးရင် မန်ချက်စတာကို တန်းလာလိမ့်မယ်လို့ ဖက်ဘရီဇီယိုရိုမာနိုက ပြောကြားခဲ့ပြီးနောက် အာမက်ဒီရယ်လိုက အင်စတာဂရမ်မှာ အိတ်တစ်လုံးနဲ့ ခရီးထွက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံကို တင်ခဲ့တဲ့အတွက် ယူနိုက်တက်ပရိသတ်တွေအားလုံး စိတ်လှုပ်ရှားနေကြ။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးအသင်းက ခေါ်ယူချင်နေတဲ့ လိုင်လီနောက်ခံကစားသမား ဆဗင်ဘော့တ်မန်းကို အပြိုင်ခေါ်ယူသွားဖို့အတွက် ပြင်ဆင်နေတယ်လို့ Sunday World က ဖော်ပြခဲ့ပြီး အသက် ၂၀ အရွယ်ဗဟိုနောက်ခံကစားသမားဟာ ယခုရာသီမှာ လိဂ်ပွဲ ၁၇ ပွဲ ပါဝင်ကစားပေးထားရမှာ ၈ ပွဲပေးဂိုးမရှိ၊ ၁၂ ဂိုးသာ ခွင့်ပြုထားရတဲ့အထိ စွမ်းဆောင်ပြထားနိုင်တဲ့ကစားသမားဖြစ်။


-ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ရှော်ကေးနောက်ခံကစားသမား အိုဇန်ခဘတ်ကို စိတ်ဝင်စားလာပြီဖြစ်တဲ့အတွ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြိုင်ခေါ်ယူဖို့အတွက် ပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့ပြီလို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပြီး စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးစပ်နေတဲ့ မာမာဒူဆာခို၊ ဂျိမ်းစ်တွန်ကင်တို့ကို ရောင်းထုတ်ပြီး အိုဇန်ခဘတ်ကို ပြန်လည်ခေါ်ယူသွားချင်နေတာဖြစ်။


-မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ကရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရလို့ သီးခြားခွဲနေရမှာဖြစ်တဲ့ မန်စီးတီးကြယ်ပွင့်ကစားသမား ၆ ဦး လွဲချော်မယ်လို့ နည်းပြပက်ဂွါဒီယိုလာက ပြောကြားခဲ့ပြီး နာမည်တွေထုတ်ဖော်မပြောကြားခဲ့ပေမယ့် ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲစဉ်မှာ လူစာရင်းကနေ အီဒါဆင်၊ နသန်အကီ၊ ဖာရန်တောရက်စ်၊ အေးမရစ် လာပေါ့တ်စတဲ့ ကစားသမားတွေ ပျောက်ဆုံးနေခဲ့။


-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ကွင်းလယ်ကစားသမား ရွိုင်ကိန်းက အသင်းဟောင်းအပေါ် မြင်နေတဲ့ အမြင်တွေ လုံးဝပြောင်းလဲပစ်လိုက်ပြီး ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားကို ယူနိုက်တက်တို့ ရယူနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး လက်ရှိခြေစွမ်းအတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ဆက်သွားနိုင်မယ်ဆိုရင် လီဗာပူးနဲ့ ယှဉ်ပြိုင်ပြီး ချန်ပီယံဖြစ်နိုင်တယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-မန္ခ်က္စတာယူနိုက္တက္ပစ္မွတ္ အဂၤလန္ေတာင္ပံၾကယ္ပြင့္ ေဂ်ဒန္ဆန္ခ်ိဳကိုယ္တိုင္က အေျပာင္းအေရႊ႕ျပဳလုပ္ဖို႔ ေမၽွာ္မွန္းေနခဲ့တယ္လို႔ ေဒါ့မြန္စီအီးအို ဝက္ဇ္ကီက ဝန္ခံေျပာၾကားခဲ့ၿပီး မသိစိတ္ထဲမွာကိုက အေျပာင္းအလဲလုပ္ဖို႔ ႀကိဳတင္ျပင္ဆင္ထားၿပီးျဖစ္တာေၾကာင့္ ယခုရာသီ ဆိုးရြားတဲ့ေျခစြမ္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အေျပာင္းအေရႊ႕မျဖစ္ေျမာက္ခဲ့တဲ့အေပၚ စိတ္ပ်က္ေနခဲ့မႈဟာ ေျခစြမ္းဆိုးရြားေနတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္အသင္းနည္းၿပ ဆိုးလ္ရွားက ေဖာင္းပြေနတဲ့ လူစာရင္းကို ေလၽွာ့ခ်ခ်င္ေနတာေၾကာင့္ ယခုဇန္နဝါရီအေျပာာင္းအေရႊ႕ကာလမွာ ကစားသမားအမ်ားအျပားကို ေရာင္းထုတ္သြားဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ သိရၿပီး အသင္းမွာ လူပိုျဖစ္ေနတဲ့ ရိုမဲရိုး၊ ဖီးလ္ဂ်ဳံးစ္၊ ရိုဟို၊ လင္ဂတ္တို႔ကို အၿပီးေရာင္းထုတ္ၿပီး ဝီလီယံနဲ႔ ဒန္နီရယ္ဂ်ိမ္းစ္တို႔ကို အငွားနဲ႔ ထြက္ကစားခိုင္းမယ္လို႔ သိရ။


-မန္ခ်က္စတာယူနိုက္တက္ဟာ လာမယ့္ႏွစ္ရာသီကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမွာမဟုတ္ဘူးဆိုတာကို လက္ခံခဲ့ၿပီးေနာက္ အလြတ္နဲ႔ ထြက္ခြာခြင့္ျပဳရမယ့္အေရးကေန ေရွာင္လႊဲနိုင္ေအာင္ ယခုလာမယ့္ေႏြရာသီမွာ ေရာင္းထုတ္သြားဖို႔အတြက္ စီစဥ္ေနၿပီလို႔ သိရ။


-အတၱလႏၲာၾကယ္ပြင့္ အာမက္ဒီရယ္လိုဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ ကာလရွည္ေစာင့္ဆိုင္းေနခဲ့ရသူျဖစ္ၿပီး အဂၤလန္မွာ အလုပ္လုပ္ခြင့္အတြက္ လိုအပ္တဲ့စာရြက္စာတမ္းေတြ ျပည့္စုံခဲ့ၿပီးေနာက္ လာမယ့္အပတ္ အိုးထရက္ဖို႔ဒ္ကို မေရာက္လာမီ ေရာမကို ထြက္ခြာေနၿပီျဖစ္ၿပီး ယူနိုက္တက္ကို ေျပာင္းဖို႔ စာရြက္စာတမ္းကိစၥေတြ အားလုံးၿပီးရင္ မန္ခ်က္စတာကို တန္းလာလိမ့္မယ္လို႔ ဖက္ဘရီဇီယိုရိုမာနိုက ေျပာၾကားခဲ့ၿပီးေနာက္ အာမက္ဒီရယ္လိုက အင္စတာဂရမ္မွာ အိတ္တစ္လုံးနဲ႔ ခရီးထြက္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ပုံကို တင္ခဲ့တဲ့အတြက္ ယူနိုက္တက္ပရိသတ္ေတြအားလုံး စိတ္လႈပ္ရွားေနၾက။


-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ လီဗာပူးအသင္းက ေခၚယူခ်င္ေနတဲ့ လိုင္လီေနာက္ခံကစားသမား ဆဗင္ေဘာ့တ္မန္းကို အၿပိဳင္ေခၚယူသြားဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ Sunday World က ေဖာ္ျပခဲ့ၿပီး အသက္ ၂၀ အရြယ္ဗဟိုေနာက္ခံကစားသမားဟာ ယခုရာသီမွာ လိဂ္ပြဲ ၁၇ ပြဲ ပါဝင္ကစားေပးထားရမွာ ၈ ပြဲေပးဂိုးမရွိ၊ ၁၂ ဂိုးသာ ခြင့္ျပဳထားရတဲ့အထိ စြမ္းေဆာင္ျပထားနိုင္တဲ့ကစားသမားျဖစ္။


-ခရစၥတယ္ပဲေလ့စ္အသင္းဟာ ေရွာ္ေကးေနာက္ခံကစားသမား အိုဇန္ခဘတ္ကို စိတ္ဝင္စားလာၿပီျဖစ္တဲ့အတြ႕္ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ အၿပိဳင္ေခၚယူဖို႔အတြက္ ၿပိဳင္ပြဲထဲကို ဝင္ေရာက္လာခဲ့ၿပီလို႔ Daily Mail ရဲ့ ေဖာ္ျပခ်က္အရ သိရၿပီး စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ နီးစပ္ေနတဲ့ မာမာဒူဆာခို၊ ဂ်ိမ္းစ္တြန္ကင္တို႔ကို ေရာင္းထုတ္ၿပီး အိုဇန္ခဘတ္ကို ျပန္လည္ေခၚယူသြားခ်င္ေနတာျဖစ္။


-မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ ဗုဒၶဟူးေန႔မွာ ယွဥ္ၿပိဳင္ကစားရမယ့္ ကရာေဘာင္ဖလားဆီမီးဖိုင္နယ္ပြဲစဥ္မွာ ကိုဗစ္-၁၉ ကူးစက္ခံထားရေၾကာင္း ေတြ႕ရွိခဲ့ရလို႔ သီးျခားခြဲေနရမွာျဖစ္တဲ့ မန္စီးတီးၾကယ္ပြင့္ကစားသမား ၆ ဦး လြဲေခ်ာ္မယ္လို႔ နည္းျပပက္ဂြါဒီယိုလာက ေျပာၾကားခဲ့ၿပီး နာမည္ေတြထုတ္ေဖာ္မေျပာၾကားခဲ့ေပမယ့္ ခ်ဲလ္ဆီးကို အနိုင္ရခဲ့တဲ့ တနဂၤေႏြေန႔ညပြဲစဥ္မွာ လူစာရင္းကေန အီဒါဆင္၊ နသန္အကီ၊ ဖာရန္ေတာရက္စ္၊ ေအးမရစ္ လာေပါ့တ္စတဲ့ ကစားသမားေတြ ေပ်ာက္ဆုံးေနခဲ့။


-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ကြင္းလယ္ကစားသမား ရြိဳင္ကိန္းက အသင္းေဟာင္းအေပၚ ျမင္ေနတဲ့ အျမင္ေတြ လုံးဝေျပာင္းလဲပစ္လိုက္ၿပီး ယခုရာသီ ပရီးမီးယားလိဂ္ဆုဖလားကို ယူနိုက္တက္တို႔ ရယူနိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့ၿပီး လက္ရွိေျခစြမ္းအတိုင္း တည္တည္ၿငိမ္ၿငိမ္နဲ႔ ဆက္သြားနိုင္မယ္ဆိုရင္ လီဗာပူးနဲ႔ ယွဥ္ၿပိဳင္ၿပီး ခ်န္ပီယံျဖစ္နိုင္တယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.