Premier League Transfer News

4 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အသင်းခေါင်းဆောင်လက်ပတ်ကြီးကို ဝတ်ပြီး ဂိုးမသွင်းနိုင်ဘဲ ရုန်းကန်နေခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ စာချုပ်သစ်ပိုင်ရှင် အဓိက တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းရဲ့ နေရာကို နောက်ခံလူ ကီရန် တီယာနီက ဆက်ခံသွားနိုင်ပြီး အဝတ်လဲခန်းထဲမှာ သူ့ကို အသင်းဖော်တွေက လေးစားကြတယ်လို့ နည်းပြ အာတီတာ ပြောကြား။

– အက်သလက်တီကို မက်ဒရစ်အသင်းမှာ ကစားခွင့် ရှားပါးနေတဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို ဒီဇန်နဝါရီမှာ ပြန်ခေါ်သွားဖို့ စီစဉ်နေပြီး သူ့ကို စိတ်ဝင်စားနေခဲ့တဲ့ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းနဲ့ ဆွေးနွေးလို့ အဆင်ပြေတော့မှ အာဆင်နယ်တို့ စပိန်ကနေ ပြန်သိမ်းဖွယ်ရှိ။

– ဗဟိုနောက်ခံလူ ရော့ဘ် ဟိုးလ်ဒင်းကို စာချုပ်သစ် ချုပ်ဆိုနိုင်တော့မယ့် သတင်းအတွက် အာဆင်နယ်ပရိသတ်တွေ ကြိုဆိုခဲ့ကြပြီး ခံစစ်မှာ အဓိကနေရာက ခြေစွမ်းပြနေခဲ့တဲ့ အင်္ဂလန်သားဟာ တကယ်ပဲ အသင်းရဲ့ တံဆိပ်နဲ့ အင်္ကျီအတွက် တိုက်ပွဲဝင်သူလို့ ချီးကျူးနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ နွေရာသီက ခေါ်ယူထားခဲ့တဲ့ အိုက်စလန်ဂိုးသမား အဲလက်စ် ရူနာဆန်အတွက် နောင်တရနေလောက်ပြီဖြစ်ပြီး အစားထိုးဖို့နဲ့ ဂျာမန်သား ဘန်းဒ် လီနိုရဲ့ အရန်အဖြစ် သုံးစွဲသွားဖို့ QPR အသင်းရဲ့ ဆီနီဂေါဂိုးသမား ဆီနီ ဒီယန်းကို ခေါ်ယူဖို့ ကြိုးစားနေ။

– အပြောင်းအရွှေ့အတွက် သတင်းတွေ လှိုင်လှိုင်ထွက်နေခဲ့တဲ့ ကွင်းလယ်ကစားသမား ဂျူလီယန် ဘရန့်ဒ်အတွက် အာဆင်နယ်အသင်းဆီက ကမ်းလှမ်းမှု တစ်စုံတစ်ရာ ရရှိထားခြင်း မရှိသေးဘူးလို့ ဒေါ့မွန် အားကစားဒါရိုက်တာ မီရှာအေးလ် ဇော့ခ် ပြောကြား။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အပြောင်းအရွှေ့အစီအစဉ်တွေကို ခြေစွမ်းပြလာခဲ့တဲ့ လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးကြောင့် ပြောင်းလဲသွားဖွယ်ရှိပြီး ကွင်းလယ်တိုက်စစ်မှာ ဖန်တီးပေးမယ့် ကစားသမားထက် တခြားအခန်းကဏ္ဍတွေကို ပိုင်နိုင်တဲ့ ကစားသမားမျိုးတွေကိုပဲ ခေါ်ယူဖို့ ရှိနိုင်။

– တူရကီကလပ် ဘက်ရှီးတပ်စ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီက သူတို့အသင်းရဲ့ ကွင်းလယ်မှာ အငှားနဲ့ လာရောက်ခြေစွမ်းပြခဲ့ပြီး ဒီရာသီ မှာလည်း အာဆင်နယ်အသင်းမှာ ပုံစံကောင်းရရှိနေခဲ့တဲ့ အီဂျစ်လက်ရွေးစင်ကစားသမား မိုဟာမက် အယ်လ်နန်နီကို အပြီးသတ် ခေါ်ယူဖို့ နည်းပြ ဆာဂျင် ယဲလ်စင်ရဲ့ ထောက်ခံချက်နဲ့ ပြန်လည်ကြိုးစားဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ မိုက်ကယ် သောမတ်စ်ကတော့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာအတွက် ညာတောင်ပံဟာ အကောင်းဆုံးနေရာပဲဖြစ်တယ်လို့ ပြောကြားလိုက်ပြီး တခြားနေရာတွေမှာ ကစားတာကို တွေ့ဖူးပေမယ့် ဒီလောက် ခြေစွမ်းပြနိုင်ဘူးလို့ သုံးသပ်သွား။

– တစ်ရာသီအငှားချထားခဲ့တဲ့ ဘွန်ဒက်စ်လီဂါကလပ် ဟာသာဘာလင်အသင်းမှာ လွတ်လွတ်လပ်လပ်ကစားခွင့်နဲ့အတူ ကွင်းလယ်မှာ ခြေစွမ်းပြနေခဲ့တဲ့ လူငယ်ကစားသမား မက်တီယို ဂန်ဒူဇီကို အမ်းမရိတ်မှာ ပြန်မြင်ရဖို့ အလိုရှိနေတယ်လို့ ပရိသတ်တွေက ဆန္ဒပြုခဲ့ကြပြီး စီဘာယော့စ်၊ အယ်လ်နန်နီနဲ့ ဝီလော့ခ်တို့ သုံးဦးပေါင်းထက် ပိုကောင်းတယ်လို့ ဆိုနေကြ။

– အာဆင်နယ်အသင်းရဲ့ နောက်ဆုံးတိုက်စစ်ပစ်မှတ်အဖြစ် အသံထွက်လာခဲ့သူကတော့ ဗလင်စီယာအသင်းကွင်းလယ်လူ ကားလို့စ် ဆိုလာပဲဖြစ်ပြီး လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါထက် ဈေးသက်သာနိုင်တဲ့ စပိန်သားက အီဒူးတို့အဖွဲ့အတွက် မျက်စိကျစရာ ဖြစ်လာတယ်လို့သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းေခါင္းေဆာင္လက္ပတ္ႀကီးကို ဝတ္ၿပီး ဂိုးမသြင္းႏိုင္ဘဲ ႐ုန္းကန္ေနခဲ့ရတဲ့ အာဆင္နယ္အသင္းရဲ႕ စာခ်ဳပ္သစ္ပိုင္ရွင္ အဓိက တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းရဲ႕ ေနရာကို ေနာက္ခံလူ ကီရန္ တီယာနီက ဆက္ခံသြားႏိုင္ၿပီး အဝတ္လဲခန္းထဲမွာ သူ႔ကို အသင္းေဖာ္ေတြက ေလးစားၾကတယ္လို႔ နည္းျပ အာတီတာ ေျပာၾကား။

– အက္သလက္တီကို မက္ဒရစ္အသင္းမွာ ကစားခြင့္ ရွားပါးေနတဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို ဒီဇန္နဝါရီမွာ ျပန္ေခၚသြားဖို႔ စီစဥ္ေနၿပီး သူ႔ကို စိတ္ဝင္စားေနခဲ့တဲ့ စီးရီးေအကလပ္ ဖီအိုရင္တီးနားအသင္းနဲ႔ ေဆြးေႏြးလို႔ အဆင္ေျပေတာ့မွ အာဆင္နယ္တို႔ စပိန္ကေန ျပန္သိမ္းဖြယ္ရွိ။

– ဗဟိုေနာက္ခံလူ ေရာ့ဘ္ ဟိုးလ္ဒင္းကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ေတာ့မယ့္ သတင္းအတြက္ အာဆင္နယ္ပရိသတ္ေတြ ႀကိဳဆိုခဲ့ၾကၿပီး ခံစစ္မွာ အဓိကေနရာက ေျခစြမ္းျပေနခဲ့တဲ့ အဂၤလန္သားဟာ တကယ္ပဲ အသင္းရဲ႕ တံဆိပ္နဲ႔ အက်ႌအတြက္ တိုက္ပြဲဝင္သူလို႔ ခ်ီးက်ဴးေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ေႏြရာသီက ေခၚယူထားခဲ့တဲ့ အိုက္စလန္ဂိုးသမား အဲလက္စ္ ႐ူနာဆန္အတြက္ ေနာင္တရေနေလာက္ၿပီျဖစ္ၿပီး အစားထိုးဖို႔နဲ႔ ဂ်ာမန္သား ဘန္းဒ္ လီႏိုရဲ႕ အရန္အျဖစ္ သုံးစြဲသြားဖို႔ QPR အသင္းရဲ႕ ဆီနီေဂါဂိုးသမား ဆီနီ ဒီယန္းကို ေခၚယူဖို႔ ႀကိဳးစားေန။

– အေျပာင္းအေ႐ႊ႕အတြက္ သတင္းေတြ လႈိင္လႈိင္ထြက္ေနခဲ့တဲ့ ကြင္းလယ္ကစားသမား ဂ်ဴလီယန္ ဘရန႔္ဒ္အတြက္ အာဆင္နယ္အသင္းဆီက ကမ္းလွမ္းမႈ တစ္စုံတစ္ရာ ရရွိထားျခင္း မရွိေသးဘူးလို႔ ေဒါ့မြန္ အားကစားဒါ႐ိုက္တာ မီရွာေအးလ္ ေဇာ့ခ္ ေျပာၾကား။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အေျပာင္းအေ႐ႊ႕အစီအစဥ္ေတြကို ေျခစြမ္းျပလာခဲ့တဲ့ လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးေၾကာင့္ ေျပာင္းလဲသြားဖြယ္ရွိၿပီး ကြင္းလယ္တိုက္စစ္မွာ ဖန္တီးေပးမယ့္ ကစားသမားထက္ တျခားအခန္းက႑ေတြကို ပိုင္ႏိုင္တဲ့ ကစားသမားမ်ိဳးေတြကိုပဲ ေခၚယူဖို႔ ရွိႏိုင္။

– တူရကီကလပ္ ဘက္ရွီးတပ္စ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီက သူတို႔အသင္းရဲ႕ ကြင္းလယ္မွာ အငွားနဲ႔ လာေရာက္ေျခစြမ္းျပခဲ့ၿပီး ဒီရာသီ မွာလည္း အာဆင္နယ္အသင္းမွာ ပုံစံေကာင္းရရွိေနခဲ့တဲ့ အီဂ်စ္လက္ေ႐ြးစင္ကစားသမား မိုဟာမက္ အယ္လ္နန္နီကို အၿပီးသတ္ ေခၚယူဖို႔ နည္းျပ ဆာဂ်င္ ယဲလ္စင္ရဲ႕ ေထာက္ခံခ်က္နဲ႔ ျပန္လည္ႀကိဳးစားဖြယ္ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ မိုက္ကယ္ ေသာမတ္စ္ကေတာ့ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာအတြက္ ညာေတာင္ပံဟာ အေကာင္းဆုံးေနရာပဲျဖစ္တယ္လို႔ ေျပာၾကားလိုက္ၿပီး တျခားေနရာေတြမွာ ကစားတာကို ေတြ႕ဖူးေပမယ့္ ဒီေလာက္ ေျခစြမ္းျပႏိုင္ဘူးလို႔ သုံးသပ္သြား။

– တစ္ရာသီအငွားခ်ထားခဲ့တဲ့ ဘြန္ဒက္စ္လီဂါကလပ္ ဟာသာဘာလင္အသင္းမွာ လြတ္လြတ္လပ္လပ္ကစားခြင့္နဲ႔အတူ ကြင္းလယ္မွာ ေျခစြမ္းျပေနခဲ့တဲ့ လူငယ္ကစားသမား မက္တီယို ဂန္ဒူဇီကို အမ္းမရိတ္မွာ ျပန္ျမင္ရဖို႔ အလိုရွိေနတယ္လို႔ ပရိသတ္ေတြက ဆႏၵျပဳခဲ့ၾကၿပီး စီဘာေယာ့စ္၊ အယ္လ္နန္နီနဲ႔ ဝီေလာ့ခ္တို႔ သုံးဦးေပါင္းထက္ ပိုေကာင္းတယ္လို႔ ဆိုေနၾက။

– အာဆင္နယ္အသင္းရဲ႕ ေနာက္ဆုံးတိုက္စစ္ပစ္မွတ္အျဖစ္ အသံထြက္လာခဲ့သူကေတာ့ ဗလင္စီယာအသင္းကြင္းလယ္လူ ကားလို႔စ္ ဆိုလာပဲျဖစ္ၿပီး လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါထက္ ေဈးသက္သာႏိုင္တဲ့ စပိန္သားက အီဒူးတို႔အဖြဲ႕အတြက္ မ်က္စိက်စရာ ျဖစ္လာတယ္လို႔သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.