Match Report Premier League

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို ပထမပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ယူသွားခဲ့တဲ့ မန်စီးတီး

ချဲလ်ဆီးအသင်းအနေနဲ့ အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့အတွက် လူစုံထုတ်ခဲ့ပြီး ပရိသတ်တွေ အမြင်ချင်ဆုံး ၄-၃-၃ လူစာရင်းကို အသုံးပြုခဲ့သလို မန်ချက်စတာစီးတီးကတော့ တိုက်စစ်မှူးမပါဘဲ ကွင်းလယ်လူတွေက အလှည့်ကျ False 9 အဖြစ်ကစားတဲ့ ၄-၆-၀ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဧည့်သည် စီးတီးတို့အနေနဲ့ ဂိုးသမား အီဒါဆန် မပါလာတာ သိပ်မသိသာဘဲ ခံစစ်က စုဖွဲ့မှုကောင်းကောင်းနဲ့ ကစားနေခဲ့ချိန်မှာ ဂျိမ်းစ်မပါဘဲ အက်ဇ်ပီလီကွေတာနဲ့ ကစားနေတဲ့ အိမ်ရှင် ချဲလ်ဆီးတို့ကတော့ တိုက်စစ်နဲ့ ခံစစ်ကို ဟန်ချက်ညီအောင် မကစားနိုင်ဘဲ အလွန်အကျွံလိုက်ပါခဲ့တဲ့ တောင်ပံတွေက စိုးရိမ်စရာဖြစ်နေခဲ့သလို ပွဲပန်းနေတဲ့ နောက်တန်းတွေကလည်း အားနည်းနေသလိုဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ ဘယ်ခြမ်းကနေ စီးတီးတို့ ထိုးဖောက်လာခဲ့ပြီး ဇင်ချန်ကိုက အတွင်းကို ချိုးပေးလိုက်တဲ့ ဘောလုံးကို ဖိုဒန်က တစ်ချက်ထိန်းပြီး ဂွန်ဒိုးဝမ်ဆီ ထည့်ပေးရာမှာ ဂျာမန်သားက တစ်ပတ်လှည့်ထွက်ပြီး ကန်သွင်းခဲ့တာကို ချဲလ်ဆီးနောက်တန်းနဲ့ ဂိုးသမား မကာကွယ်နိုင်ဘဲ ဂိုးစပေးခဲ့ရပါတယ်။

သိပ်မကြာခင် ပွဲချိန် ၂၁ မိနစ်မှာပဲ မန်စီးတီးတို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဘယ်ခြမ်းကနေ ချဲလ်ဆီးဖျက်ထုတ်တဲ့ ဘောလုံးကို ဒီဘရိုင်းနားက လွတ်နေတဲ့ ဖိုဒန်ဆီ ထိုးပေးခဲ့တာကို ဖိုဒန်က အချိန်မဆိုင်းဘဲ ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။ နှစ်ဂိုးစလုံးမှာ အိမ်ရှင်နောက်တန်းရဲ့ စုဖွဲ့မှုမရှိတဲ့ ပုံစံနဲ့ လူကပ်ပုံ လိုအပ်ချက်တွေကို တွေ့မြင်ခဲ့ရပါတယ်။

ခြေပျက်နေပြီး တရားလွန်တိုက်စစ်ကစားချင်တဲ့အပြင် ကစားသမားတွေရဲ့ Defensive Contribution မရှိတဲ့ ပုံစံတွေမှာ အန်ဂိုလို ကွန်တေကတော့ ဓားစာခံဖြစ်ခဲ့ပြီး ပွဲချိန် ၃၄ မိနစ်မှာ ဖရီးကစ်ကနေ ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို စတာလင်က ကွန်တေကို ကျော်ပြေးပြီး ဂိုးဧရိယာထဲမှာ စိတ်ကြိုက်ထိန်းပြီးမှ ကန်သွင်းတာက တိုင်ထိထွက်ခဲ့ရာမှာ နောက်က ပါလာတဲ့ ဒီဘရိုင်းနားက တတိယဂိုးအဖြစ် ကန်သွင်းသွားခဲ့ပါတယ်။

ပထမပိုင်းမှာ မန်စီးတီးတို့ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ ဘောလုံးကို ခြေထဲ ပိုထားပြီး ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်ဖော်ဆောင်မှုနဲ့ ဂိုးပေါက်ကန်သွင်းမှုတွေက ဧည့်သည်တွေဘက်မှာပဲ ရှိနေခဲ့သလို ပွဲချိန် ၆၄ မိနစ်မှာတော့ ဇီးယက်ရှ်နဲ့ ကွန်တေကို ဟဒ်ဆန်-အိုဒွိုင်းနဲ့ ဂီးလ်မိုးတို့နဲ့ လူစားလဲခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ချဲလ်ဆီးတို့အနေနဲ့ သူတို့ရဲ့ နောက်ဆုံးလက်နက် ဟာဗတ်ဇ်ကို ထည့်ကစားခဲ့ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ဟာဗတ်ဇ် ဖြတ်ပို့တာကို ညာခြမ်းက အသင့်ရှိနေတဲ့ ဟဒ်ဆန်-အိုဒွိုင်းက ပိတ်သွင်းပြီး နှစ်သိမ့်ဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာစီးတီးတို့အနေနဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာအထိ တက်ရောက်လာနိုင်ခဲ့သလို တစ်ပွဲလျှော့ကစားထားပြီး လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်ကို ခြိမ်းခြောက်နိုင်တဲ့ စိန်ခေါ်သူအဖြစ် ပြန်လည်ရပ်တည်ခဲ့သလို ရှုံးနိမ့်ခဲ့တဲ့ အိမ်ရှင် ချဲလ်ဆီးတို့ကတော့ အဆင့် ၈ အထိ ဆင်းပေးခဲ့ရပြီး နည်းပြ လမ်းပတ်အတွက်တော့ စိုးရိမ်စရာအခြေအနေကို ရောက်ရှိလာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ အိမ္ကြင္းမွာ ရလဒ္ေကာင္းဖို႔အတြက္ လူစုံထုတ္ခဲ့ၿပီး ပရိသတ္ေတြ အျမင္ခ်င္ဆုံး ၄-၃-၃ လူစာရင္းကို အသုံးျပဳခဲ့သလို မန္ခ်က္စတာစီးတီးကေတာ့ တိုက္စစ္မႉးမပါဘဲ ကြင္းလယ္လူေတြက အလွည့္က် False 9 အျဖစ္ကစားတဲ့ ၄-၆-၀ ကစားကြက္နဲ႔ ပြဲထြက္လာခဲ့ပါတယ္။

ဧည့္သည္ စီးတီးတို႔အေနနဲ႔ ဂိုးသမား အီဒါဆန္ မပါလာတာ သိပ္မသိသာဘဲ ခံစစ္က စုဖြဲ႕မႈေကာင္းေကာင္းနဲ႔ ကစားေနခဲ့ခ်ိန္မွာ ဂ်ိမ္းစ္မပါဘဲ အက္ဇ္ပီလီေကြတာနဲ႔ ကစားေနတဲ့ အိမ္ရွင္ ခ်ဲလ္ဆီးတို႔ကေတာ့ တိုက္စစ္နဲ႔ ခံစစ္ကို ဟန္ခ်က္ညီေအာင္ မကစားႏိုင္ဘဲ အလြန္အကြၽံလိုက္ပါခဲ့တဲ့ ေတာင္ပံေတြက စိုးရိမ္စရာျဖစ္ေနခဲ့သလို ပြဲပန္းေနတဲ့ ေနာက္တန္းေတြကလည္း အားနည္းေနသလိုျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန စီးတီးတို႔ ထိုးေဖာက္လာခဲ့ၿပီး ဇင္ခ်န္ကိုက အတြင္းကို ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ဖိုဒန္က တစ္ခ်က္ထိန္းၿပီး ဂြန္ဒိုးဝမ္ဆီ ထည့္ေပးရာမွာ ဂ်ာမန္သားက တစ္ပတ္လွည့္ထြက္ၿပီး ကန္သြင္းခဲ့တာကို ခ်ဲလ္ဆီးေနာက္တန္းနဲ႔ ဂိုးသမား မကာကြယ္ႏိုင္ဘဲ ဂိုးစေပးခဲ့ရပါတယ္။

သိပ္မၾကာခင္ ပြဲခ်ိန္ ၂၁ မိနစ္မွာပဲ မန္စီးတီးတို႔ ဒုတိယဂိုး ထပ္ရခဲ့ၿပီး ဘယ္ျခမ္းကေန ခ်ဲလ္ဆီးဖ်က္ထုတ္တဲ့ ေဘာလုံးကို ဒီဘ႐ိုင္းနားက လြတ္ေနတဲ့ ဖိုဒန္ဆီ ထိုးေပးခဲ့တာကို ဖိုဒန္က အခ်ိန္မဆိုင္းဘဲ ပိတ္သြင္းသြားခဲ့တာျဖစ္ပါတယ္။ ႏွစ္ဂိုးစလုံးမွာ အိမ္ရွင္ေနာက္တန္းရဲ႕ စုဖြဲ႕မႈမရွိတဲ့ ပုံစံနဲ႔ လူကပ္ပုံ လိုအပ္ခ်က္ေတြကို ေတြ႕ျမင္ခဲ့ရပါတယ္။

ေျခပ်က္ေနၿပီး တရားလြန္တိုက္စစ္ကစားခ်င္တဲ့အျပင္ ကစားသမားေတြရဲ႕ Defensive Contribution မရွိတဲ့ ပုံစံေတြမွာ အန္ဂိုလို ကြန္ေတကေတာ့ ဓားစာခံျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၃၄ မိနစ္မွာ ဖရီးကစ္ကေန ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို စတာလင္က ကြန္ေတကို ေက်ာ္ေျပးၿပီး ဂိုးဧရိယာထဲမွာ စိတ္ႀကိဳက္ထိန္းၿပီးမွ ကန္သြင္းတာက တိုင္ထိထြက္ခဲ့ရာမွာ ေနာက္က ပါလာတဲ့ ဒီဘ႐ိုင္းနားက တတိယဂိုးအျဖစ္ ကန္သြင္းသြားခဲ့ပါတယ္။

ပထမပိုင္းမွာ မန္စီးတီးတို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ ေဘာလုံးကို ေျခထဲ ပိုထားၿပီး ကစားႏိုင္ခဲ့ေပမယ့္ တိုက္စစ္ေဖာ္ေဆာင္မႈနဲ႔ ဂိုးေပါက္ကန္သြင္းမႈေတြက ဧည့္သည္ေတြဘက္မွာပဲ ရွိေနခဲ့သလို ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ဇီးယက္ရွ္နဲ႔ ကြန္ေတကို ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ဂီးလ္မိုးတို႔နဲ႔ လူစားလဲခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ သူတို႔ရဲ႕ ေနာက္ဆုံးလက္နက္ ဟာဗတ္ဇ္ကို ထည့္ကစားခဲ့ၿပီး နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ဟာဗတ္ဇ္ ျဖတ္ပို႔တာကို ညာျခမ္းက အသင့္ရွိေနတဲ့ ဟဒ္ဆန္-အိုဒြိဳင္းက ပိတ္သြင္းၿပီး ႏွစ္သိမ့္ဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ ေနရာအထိ တက္ေရာက္လာႏိုင္ခဲ့သလို တစ္ပြဲေလွ်ာ့ကစားထားၿပီး လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ကို ၿခိမ္းေျခာက္ႏိုင္တဲ့ စိန္ေခၚသူအျဖစ္ ျပန္လည္ရပ္တည္ခဲ့သလို ရႈံးနိမ့္ခဲ့တဲ့ အိမ္ရွင္ ခ်ဲလ္ဆီးတို႔ကေတာ့ အဆင့္ ၈ အထိ ဆင္းေပးခဲ့ရၿပီး နည္းျပ လမ္းပတ္အတြက္ေတာ့ စိုးရိမ္စရာအေျခအေနကို ေရာက္ရွိလာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.