Premier League Transfer News

3 Jan ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ ဒီဆောင်းရာသီ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ လိုင်လီနောက်ခံလူ ဆဗင် ဘော့တ်မန်အတွက် ခံစစ်ကို အားဖြည့်သွားလိုနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ယှဉ်ပြိုင်လာဖို့ ရှိနေပြီး ပရီးမီးယားလိဂ်ဖလားလုပွဲနဲ့အပြိုင်ဖြစ်လာ။

– ကိုင်လျန် အမ်ဘာပေအနေနဲ့ ပါရီစိန့်ဂျာမိန်းအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ ကျန်ရှိနေတဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ ဆန္ဒမရှိဘူးလို့ သိရပြီး နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ သတင်းထွက်လာခဲ့သလို သူ့ရဲ့ ပေါင်သန်းရာကျော်ဈေးကို ပေးနိုင်မယ့်သူဆိုလို့ လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ပဲ ရှိမယ်လို့ သုံးသပ်နေကြ။

– အဓိက နောက်ခံလူတွေဖြစ်ကြတဲ့ ဗာဂျီးလ် ဗန်ဒိုက်နဲ့ ဂျိုးဂိုမက်ဇ်တို့ကတော့ ၂၀၂၀-၂၁ ရာသီအမီ ပြန်လာနိုင်ဖို့ မရှိဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပြီး ဒါက လီဗာပူးလ်အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်နဲ့ နည်းပြ ယာဂန် ကလော့ပ်တို့အတွက် အနီရောင်အဆင့် တပ်လှန့်မှုဖြစ်နိုင်။

– အသင်းရဲ့ အဝယ်မှားပြီး ပရီးမီးယားလိဂ်အဆင့်အတန်းနဲ့ ဘာမှ မဆိုင်တဲ့ ဘယ်နောက်ခံလူ ကော့စတတ်စ် ဆီမီကတ်စ်နေရာမှာ အစားထိုးဖို့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ နူနို မန်ဒက်စ်ကို ခေါ်ယူဖို့ လီဗာပူးလ်တို့ စောင့်ကြည့်နေပြီး ယူရိုသန်း ၂၀ အောက်မှာ အရောင်းအဝယ်ဖြစ်နိုင်။

– အသင်းနဲ့ အနာဂတ် မရေရာသေးဘဲ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ကို လက်ရွေးစင်အသင်းဖော် ရိုင်ယန် ဘာဘယ်လ်က သတိပေးလိုက်ပြီး သူ့ဘဝရဲ့ အကြီးမားဆုံးအမှားက လီဗာပူးလ်အသင်းက ထွက်ခွာခဲ့တာဖြစ်ပြီး အတုမယူဖို့ တိုက်တွန်းသွားခဲ့။

– လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်တစ်ခုဖြစ်ပြီး ရှော်လ်ကာအသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ လူငယ်နောက်ခံလူ အိုဇန် ကာဘက်ခ်ကို စတုဂတ်မှာ ကတည်းက စောင့်ကြည့်နေခဲ့တဲ့ ခရစ္စတယ်လ် ပဲလေ့စ်အသင်းက သူတို့ရဲ့ ဆိုးရွားနေတဲ့ ခံစစ်ကို ပြင်ဆင်ဖို့အတွက် ခေါ်ယူဖို့ ကြိုးစားသွားဖွယ်ရှိနေ။

– ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နွေရာသီပစ်မှတ်အဖြစ် အန်းဖီးလ်မှာ မပျော်ဘူးလို့ဆိုတဲ့ မိုဟာမက် ဆာလားကို အတည်ပြုထားခဲ့တယ်လို့ သတင်းထွက်နေပြီး လီဗာပူးလ်အသင်းအနေနဲ့လည်း ဈေးကောင်းရနိုင်မယ့်အပြင် အမ်ဘာပေကို ခေါ်ယူဖို့အတွက် တစ်ရန်အေးမှာမို့လို့ ရောင်းချပေးသွားဖွယ်ရှိနေ။

– အင်တာမီလန်အသင်းအနေနဲ့ ဒီဆောင်းရာသီအပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်သူရဲကောင်း ဒီဗော့ခ် အိုရီဂီကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပြီး အသင်းမှာ နေရာမရတော့တဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးအတွက် ပေါင် ၁၀ သန်းကျော် အသုံးပြုသွားနိုင်။

– ပရိသတ်တွေကတော့ လီဗာပူးလ်အသင်းရဲ့ မခိုင်မာတဲ့ ပစ်မှတ်တွေအတွက် အနည်းငယ် စိုးရိမ်စပြုနေကြပြီဖြစ်ပြီး ဘရာဂါနောက်ခံလူ ဒေးဗစ် ကာမိုကိုလည်း စိတ်ဝင်စားနေသလို ဒေါ့မွန်ရဲ့ မန်ညူယယ် အာကန်ဂျီကိုလည်း စောင့်ကြည့်နေရင်း အချိန်တန်ချိန်မှာ ဘယ်သူမှ ရောက်မလာမှာနဲ့ ဒီအတိုင်း လူငယ်တွေနဲ့လည်း ရပါတယ်ဆိုပြီး ဆက်သွားမှာကို စိတ်ပူနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ ဒီေဆာင္းရာသီ အဓိက ပစ္မွတ္အျဖစ္ သတ္မွတ္ထားတဲ့ လိုင္လီေနာက္ခံလူ ဆဗင္ ေဘာ့တ္မန္အတြက္ ခံစစ္ကို အားျဖည့္သြားလိုေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းက ယွဥ္ၿပိဳင္လာဖို႔ ရွိေနၿပီး ပရီးမီးယားလိဂ္ဖလားလုပြဲနဲ႔အၿပိဳင္ျဖစ္လာ။

– ကိုင္လ်န္ အမ္ဘာေပအေနနဲ႔ ပါရီစိန႔္ဂ်ာမိန္းအသင္းနဲ႔ ၂၀၂၂ ခုႏွစ္အထိ က်န္ရွိေနတဲ့ စာခ်ဳပ္ကို သက္တမ္းတိုးဖို႔ ဆႏၵမရွိဘူးလို႔ သိရၿပီး ေႏြရာသီမွာ အသင္းကေန ထြက္ခြာဖို႔ သတင္းထြက္လာခဲ့သလို သူ႔ရဲ႕ ေပါင္သန္းရာေက်ာ္ေဈးကို ေပးႏိုင္မယ့္သူဆိုလို႔ လီဗာပူးလ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ပဲ ရွိမယ္လို႔ သုံးသပ္ေနၾက။

– အဓိက ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဗာဂ်ီးလ္ ဗန္ဒိုက္နဲ႔ ဂ်ိဳးဂိုမက္ဇ္တို႔ကေတာ့ ၂၀၂၀-၂၁ ရာသီအမီ ျပန္လာႏိုင္ဖို႔ မရွိဘူးလို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ထားၾကၿပီး ဒါက လီဗာပူးလ္အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒဝပ္နဲ႔ နည္းျပ ယာဂန္ ကေလာ့ပ္တို႔အတြက္ အနီေရာင္အဆင့္ တပ္လွန႔္မႈျဖစ္ႏိုင္။

– အသင္းရဲ႕ အဝယ္မွားၿပီး ပရီးမီးယားလိဂ္အဆင့္အတန္းနဲ႔ ဘာမွ မဆိုင္တဲ့ ဘယ္ေနာက္ခံလူ ေကာ့စတတ္စ္ ဆီမီကတ္စ္ေနရာမွာ အစားထိုးဖို႔ စပို႔တင္းလစၥဘြန္းအသင္းရဲ႕ ႏူႏို မန္ဒက္စ္ကို ေခၚယူဖို႔ လီဗာပူးလ္တို႔ ေစာင့္ၾကည့္ေနၿပီး ယူ႐ိုသန္း ၂၀ ေအာက္မွာ အေရာင္းအဝယ္ျဖစ္ႏိုင္။

– အသင္းနဲ႔ အနာဂတ္ မေရရာေသးဘဲ ထြက္ခြာဖို႔ စဥ္းစားေနတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ကို လက္ေ႐ြးစင္အသင္းေဖာ္ ႐ိုင္ယန္ ဘာဘယ္လ္က သတိေပးလိုက္ၿပီး သူ႔ဘဝရဲ႕ အႀကီးမားဆုံးအမွားက လီဗာပူးလ္အသင္းက ထြက္ခြာခဲ့တာျဖစ္ၿပီး အတုမယူဖို႔ တိုက္တြန္းသြားခဲ့။

– လီဗာပူးလ္အသင္းရဲ႕ ပစ္မွတ္တစ္ခုျဖစ္ၿပီး ေရွာ္လ္ကာအသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ လူငယ္ေနာက္ခံလူ အိုဇန္ ကာဘက္ခ္ကို စတုဂတ္မွာ ကတည္းက ေစာင့္ၾကည့္ေနခဲ့တဲ့ ခရစၥတယ္လ္ ပဲေလ့စ္အသင္းက သူတို႔ရဲ႕ ဆိုး႐ြားေနတဲ့ ခံစစ္ကို ျပင္ဆင္ဖို႔အတြက္ ေခၚယူဖို႔ ႀကိဳးစားသြားဖြယ္ရွိေန။

– ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေႏြရာသီပစ္မွတ္အျဖစ္ အန္းဖီးလ္မွာ မေပ်ာ္ဘူးလို႔ဆိုတဲ့ မိုဟာမက္ ဆာလားကို အတည္ျပဳထားခဲ့တယ္လို႔ သတင္းထြက္ေနၿပီး လီဗာပူးလ္အသင္းအေနနဲ႔လည္း ေဈးေကာင္းရႏိုင္မယ့္အျပင္ အမ္ဘာေပကို ေခၚယူဖို႔အတြက္ တစ္ရန္ေအးမွာမို႔လို႔ ေရာင္းခ်ေပးသြားဖြယ္ရွိေန။

– အင္တာမီလန္အသင္းအေနနဲ႔ ဒီေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံလိဂ္သူရဲေကာင္း ဒီေဗာ့ခ္ အိုရီဂီကို ေခၚယူသြားဖို႔ ပစ္မွတ္ထားေနၿပီး အသင္းမွာ ေနရာမရေတာ့တဲ့ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးအတြက္ ေပါင္ ၁၀ သန္းေက်ာ္ အသုံးျပဳသြားႏိုင္။

– ပရိသတ္ေတြကေတာ့ လီဗာပူးလ္အသင္းရဲ႕ မခိုင္မာတဲ့ ပစ္မွတ္ေတြအတြက္ အနည္းငယ္ စိုးရိမ္စျပဳေနၾကၿပီျဖစ္ၿပီး ဘရာဂါေနာက္ခံလူ ေဒးဗစ္ ကာမိုကိုလည္း စိတ္ဝင္စားေနသလို ေဒါ့မြန္ရဲ႕ မန္ညဴယယ္ အာကန္ဂ်ီကိုလည္း ေစာင့္ၾကည့္ေနရင္း အခ်ိန္တန္ခ်ိန္မွာ ဘယ္သူမွ ေရာက္မလာမွာနဲ႔ ဒီအတိုင္း လူငယ္ေတြနဲ႔လည္း ရပါတယ္ဆိုၿပီး ဆက္သြားမွာကို စိတ္ပူေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.