Premier League

အွန်နရီနဲ့ ဘားကမ့်တို့ကို ပြန်မြင်နေရသလို ခံစားခဲ့ရတဲ့ စမစ်ရိုးနဲ့ ဆာကာ


လီဗာပူးကွင်းလယ်ကစားသမားဟောင်း စတိဗ်မက်မာနာမန်းက ဝက်စ်ဘရွန်းအသင်းနဲ့ အာဆင်နယ်တို့ ကစားခဲ့တဲ့ စနေနေ့ညနေပွဲစဉ်က အာဆင်နယ်ရဲ့ ဒုတိယသွင်းဂိုးဟာ သီယာရီအွန်နရီနဲ့ ဒင်းနစ်ဘားကမ့်တို့ အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နေခဲ့တဲ့အချိန်တုန်းက ၎င်းရဲ့ကစားသမားဘဝကို အမှတ်ရစေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။


အာဆင်နယ်အသင်းဟာ ယမန်နေ့က ဝက်စ်ဘရွန်းအသင်းကို အနိုင်ရရှိပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၁ နေရာအထိ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပထမပိုင်းအပြီးမှာ တီယာနေး၊ ဆာကာတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ဒုတိယမြောက်သွင်းဂိုးဖြစ်တဲ့ ဆာကာရဲ့ဂိုးဟာ အသင်းလိုက်ကစားကွက်ကနေ ရရှိခဲ့တဲ့ အံ့အားသင့်ဖွယ်သွင်းဂိုးဖြစ်ခဲ့ပါတယ်။


ဆက်တိုက် အသေးစိတ်ကျတဲ့ တစ်ချက်ထိ ပေးပို့မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပုံမှန်ခြေစွမ်းရရှိနေတဲ့ စမစ်ရိုးက ဘောလုံးကို ဂိုးရှေ့နားမှာရှိနေတဲ့ ဆာကာ ပိတ်သွင်းယူနိုင်အောင် ထိုးပေးခဲ့တာဖြစ်ပြီး ဆာကာဟာ ၎င်းရဲ့နောက်ဆုံး ၃ ပွဲမှာ ဒုတိယမြောက်သွင်းဂိုးဖြစ်လာမယ့်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဘရွန်းနဲ့ပွဲစဉ်က အာဆင်နယ်အသင်းရဲ့ ကစားကွက်ဟာ ပရိသတ်တွေဆီက ချီးကျူးမှု အများကြီးရရှိခဲ့တာဖြစ်သလို BT Sports အတွက် ပွဲကို ကြေညာပေးနေခဲ့တဲ့ လီဗာပူးကွင်းလယ်ကစားသမားဟောင်း စတိဗ်မက်မာနာမန်းကလည်း ချီးကျူးခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။


“အဲဒီဂိုးက အွန်နရီနဲ့ ဘားကမ့်တို့တုန်းက နေ့တွေဆီ နည်းနည်း ပြန်ပို့လိုက်သလိုပဲ။ ပင်နယ်တီဧရိယာထဲမှာ ဝမ်းတူးရိုက်သွားတာ ဘာပြဿနာမှကို မရှိဘူး။ အဲဒါကို စမစ်ရိုးက လွယ်လွယ်ကူကူလေးပဲ လုပ်သွားခဲ့တာပါ”လို့ BT Sports ကို ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


လီဗာပူးကြင္းလယ္ကစားသမားေဟာင္း စတိဗ္မက္မာနာမန္းက ဝက္စ္ဘရြန္းအသင္းနဲ႔ အာဆင္နယ္တို႔ ကစားခဲ့တဲ့ စေနေန႔ညေနပြဲစဥ္က အာဆင္နယ္ရဲ့ ဒုတိယသြင္းဂိုးဟာ သီယာရီအြန္နရီနဲ႔ ဒင္းနစ္ဘားကမ့္တို႔ အသင္းရဲ့တိုက္စစ္ကို ဦးေဆာင္ေနခဲ့တဲ့အခ်ိန္တုန္းက ၎ရဲ့ကစားသမားဘဝကို အမွတ္ရေစခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။


အာဆင္နယ္အသင္းဟာ ယမန္ေန႔က ဝက္စ္ဘရြန္းအသင္းကို အနိုင္ရရွိၿပီး ပရီးမီးယားလိဂ္ ၂ ပြဲဆက္တိုက္ နိုင္ပြဲရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယား အဆင့္ ၁၁ ေနရာအထိ ျပန္လည္တက္လွမ္းလာနိုင္ခဲ့ၿပီျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ပထမပိုင္းအၿပီးမွာ တီယာေနး၊ ဆာကာတို႔ရဲ့ သြင္းဂိုးေတြေၾကာင့္ ၂-၀ နဲ႔ ဦးေဆာင္ထားနိုင္ခဲ့တာျဖစ္ၿပီး ဒုတိယေျမာက္သြင္းဂိုးျဖစ္တဲ့ ဆာကာရဲ့ဂိုးဟာ အသင္းလိုက္ကစားကြက္ကေန ရရွိခဲ့တဲ့ အံ့အားသင့္ဖြယ္သြင္းဂိုးျဖစ္ခဲ့ပါတယ္။


ဆက္တိုက္ အေသးစိတ္က်တဲ့ တစ္ခ်က္ထိ ေပးပို႔မႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ ပုံမွန္ေျခစြမ္းရရွိေနတဲ့ စမစ္ရိုးက ေဘာလုံးကို ဂိုးေရွ႕နားမွာရွိေနတဲ့ ဆာကာ ပိတ္သြင္းယူနိုင္ေအာင္ ထိုးေပးခဲ့တာျဖစ္ၿပီး ဆာကာဟာ ၎ရဲ့ေနာက္ဆုံး ၃ ပြဲမွာ ဒုတိယေျမာက္သြင္းဂိုးျဖစ္လာမယ့္ဂိုးကို သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ ဝက္စ္ဘရြန္းနဲ႔ပြဲစဥ္က အာဆင္နယ္အသင္းရဲ့ ကစားကြက္ဟာ ပရိသတ္ေတြဆီက ခ်ီးက်ဴးမႈ အမ်ားႀကီးရရွိခဲ့တာျဖစ္သလို BT Sports အတြက္ ပြဲကို ေၾကညာေပးေနခဲ့တဲ့ လီဗာပူးကြင္းလယ္ကစားသမားေဟာင္း စတိဗ္မက္မာနာမန္းကလည္း ခ်ီးက်ဴးခဲ့သူေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ခဲ့တာျဖစ္ပါတယ္။


“အဲဒီဂိုးက အြန္နရီနဲ႔ ဘားကမ့္တို႔တုန္းက ေန႔ေတြဆီ နည္းနည္း ျပန္ပို႔လိုက္သလိုပဲ။ ပင္နယ္တီဧရိယာထဲမွာ ဝမ္းတူးရိုက္သြားတာ ဘာျပႆနာမွကို မရွိဘူး။ အဲဒါကို စမစ္ရိုးက လြယ္လြယ္ကူကူေလးပဲ လုပ္သြားခဲ့တာပါ”လို႔ BT Sports ကို ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.