Premier League

ဆောက်သမ်တန်နဲ့ပွဲအတွက် အသင်းဖော်တွေကို သတိပေးခဲ့တဲ့ ရော်ဘတ်ဆန်နဲ့ ယူနိုက်တက်နဲ့ပွဲက ကမ္ဘာ့အဆင့်ကစားသမားကို ခေါ်ယူဖို့ တောင်းဆိုနေကြတဲ့ ပရိသတ်များ


လီဗာပူးနောက်ခံကစားသမားရောဘတ်ဆန်ဟာ အသင်းရဲ့ မကြာသေးမီ ပွဲစဉ်တွေက စွမ်းဆောင်ရည်ကို တိုးတက်အောင်လုပ်ဖို့လိုတယ်လို့ အသင်းဖော်တွေကို ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ် မတိုင်မီ သတိပေးပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဆောက်သမ်တန်အသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရမှတ်တူနဲ့ လိုက်လံဖိအားပေးနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကြောင့် ၂၀၂၁ ခုနှစ်အစမှာ ပထမဆုံးနိုင်ပွဲကို ရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ဝက်စ်ဘရွန်း၊ နယူးကာဆယ်ယူနိုက်တက်တို့နဲ့ပွဲစဉ်မှာ ဆက်တိုက်သရေကျခဲ့ပြီးနောက် ရမှတ် ၄ မှတ်အထိ ဆုံးရှုံးထားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့က ထိပ်ဆုံးမှာ ရှိနေဆဲဆိုတာ သိသာပါတယ်။ ကျွန်တော်တို့မှာရှိနေတဲ့ ရမှတ်တွေထက် ပိုများတဲ့ရမှတ်တွေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိချင်တယ်ဆိုတာအမှန်ပါပဲ။ ပြီးခဲ့တဲ့ပွဲစဉ်တွေက မတူညီတဲ့အကြောင်းအရင်းတွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ နှစ်သစ်ကို အမှတ်ပေးဇယားထိပ်ဆုံးနဲ့ ဝင်ရောက်နိုင်ခဲ့ပြီး အခု ပွဲကစားဖို့ စောင့်နေပါတယ်။ ကျွန်တော်တို့ အနိုင်ရလဒ်ကို အတူတကွ ရယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို အခိုင်အမာဖြစ်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဲဒါက လွယ်ကူမှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိနေပါတယ်။ ဒီရာသီမှာ အသင်းတိုင်းက ဒုက္ခပေးနိုင်တယ်ဆိုတာ ပြသခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


လီဗာပူးအသင်းဟာ ဘရာဂါနောက်ခံကစာသးမား ဒေးဗစ်ကာမိုကို စိတ်ဝင်စားကြောင်း ပြသခဲ့တယ်လို့ သိရပြီး လက်စတာစီးတီးအသင်းနဲ့ အပြိုင် ခေါ်ယူသွားတော့မှာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ယူရိုပါလိဂ်အုပ်စုအဆင့်ပွဲစဉ်ဖြစ်တဲ့ လက်စတာစီးတီးနဲ့ပွဲစဉ်မှာ ၎င်းရဲ့အသင်းက ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့ပြီးနောက် ဘရန်ဒန်ရော်ဂျာရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လ ပေါ်တူဂီက သတင်းတွေအရ ကာမိုဟာ လက်စတာစီးတီးရဲ့ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့တယ်လို့ သိရပြီး လက်ရှိမှာတော့ လီဗာပူးအသင်းကလည်း ဗဟိုခံစစ်အတွက် အပြီးသတ်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာကြောင့် အပြိုင်အဆိုင် ခေါ်ယူသွားရတော့မယ်လို့ သိရပါတယ်။ Record ရဲ့ဖော်ပြချက်အရ လီဗာပူးဟာ လက်ရှိမှာ ဘရာဂါနောက်ခံကစားသမားကို စိတ်ဝင်စားကြောင်း ပြသထားတယ်လို့ သိရပြီး ကာမိုရဲ့စာချုပ်လျော်ကြေးဟာ ပေါင် ၃၅.၅ သန်းရှိပေမယ့်လည်း အဲဒီထက် လျော့နည်းတဲ့ပမာဏကို ညှိနှိုင်းကောင်း ညှိနှိုင်းနိုင်လိမ့်မယ်လို့ သိရပါတယ်။


ယူနိုက်တက်နဲ့ပွဲစဉ်မှာ ခြေစွမ်းပြသခဲ့တဲ့ ကမ္ဘာ့အဆင့်ကစားသမားကို ခေါ်ယူဖို့အတွက် လီဗာပူးအသင်းပရိသတ်တွေက တွစ်တာမှာ တောင်းဆိုခဲ့ကြပြီး ဂျက်ဂရီးလစ်ရှ်ဟာ အက်စ်တွန်ဗီလာအသင်းက ယူနိုက်တက်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ချေပဂိုး ရရှိအောင် ဂိုးဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ ဘောလုံးကို သေးငယ်တဲ့နေရာလွတ်အတွင်း ပေးပို့ရာမှာ အလွန်ထူးချွန်သူဖြစ်ပြီး ရှေ့မှာ ကစားသမားဘယ်လောက်ရှိရှိ သတ္တိရှိရှိနဲ့ တိုက်စစ်ဆင်နိုင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ဂရီးလစ်ရှ်ဆီကနေ မြင်တွေ့ခဲ့ရတဲ့အရာတွေကို လုံးဝ အထင်ကြီးသွားခဲ့ကြတာဖြစ်ပြီး ယူနိုက်တက်နဲ့ အပြိုင် ခေါ်ယူဖို့အတွက် အသင်းကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


လီဗာပူးေနာက္ခံကစားသမားေရာဘတ္ဆန္ဟာ အသင္းရဲ့ မၾကာေသးမီ ပြဲစဥ္ေတြက စြမ္းေဆာင္ရည္ကို တိုးတက္ေအာင္လုပ္ဖို႔လိုတယ္လို႔ အသင္းေဖာ္ေတြကို ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္ မတိုင္မီ သတိေပးေျပာၾကားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ေဆာက္သမ္တန္အသင္းအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ရမွတ္တူနဲ႔ လိုက္လံဖိအားေပးေနတဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းေၾကာင့္ ၂၀၂၁ ခုႏွစ္အစမွာ ပထမဆုံးနိုင္ပြဲကို ရရွိဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။ လီဗာပူးအသင္းဟာ ၿပီးခဲ့တဲ့ ဝက္စ္ဘရြန္း၊ နယူးကာဆယ္ယူနိုက္တက္တို႔နဲ႔ပြဲစဥ္မွာ ဆက္တိုက္သေရက်ခဲ့ၿပီးေနာက္ ရမွတ္ ၄ မွတ္အထိ ဆုံးရႈံးထားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔က ထိပ္ဆုံးမွာ ရွိေနဆဲဆိုတာ သိသာပါတယ္။ ကၽြန္ေတာ္တို႔မွာရွိေနတဲ့ ရမွတ္ေတြထက္ ပိုမ်ားတဲ့ရမွတ္ေတြနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရွိခ်င္တယ္ဆိုတာအမွန္ပါပဲ။ ၿပီးခဲ့တဲ့ပြဲစဥ္ေတြက မတူညီတဲ့အေၾကာင္းအရင္းေတြအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ ႏွစ္သစ္ကို အမွတ္ေပးဇယားထိပ္ဆုံးနဲ႔ ဝင္ေရာက္နိုင္ခဲ့ၿပီး အခု ပြဲကစားဖို႔ ေစာင့္ေနပါတယ္။ ကၽြန္ေတာ္တို႔ အနိုင္ရလဒ္ကို အတူတကြ ရယူၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာကို အခိုင္အမာျဖစ္ေအာင္ လုပ္နိုင္မယ္လို႔ ေမၽွာ္လင့္ပါတယ္။ ဒါေပမယ့္ အဲဒါက လြယ္ကူမွာမဟုတ္ဘူးဆိုတာ ကၽြန္ေတာ္တို႔ သိေနပါတယ္။ ဒီရာသီမွာ အသင္းတိုင္းက ဒုကၡေပးနိုင္တယ္ဆိုတာ ျပသခဲ့တယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။


လီဗာပူးအသင္းဟာ ဘရာဂါေနာက္ခံကစာသးမား ေဒးဗစ္ကာမိုကို စိတ္ဝင္စားေၾကာင္း ျပသခဲ့တယ္လို႔ သိရၿပီး လက္စတာစီးတီးအသင္းနဲ႔ အၿပိဳင္ ေခၚယူသြားေတာ့မွာျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ ယူရိုပါလိဂ္အုပ္စုအဆင့္ပြဲစဥ္ျဖစ္တဲ့ လက္စတာစီးတီးနဲ႔ပြဲစဥ္မွာ ၎ရဲ့အသင္းက ၄-၀ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္လည္း အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့ၿပီးေနာက္ ဘရန္ဒန္ေရာ္ဂ်ာရဲ့ စိတ္ဝင္စားမႈကို ခံခဲ့ရတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့လ ေပၚတူဂီက သတင္းေတြအရ ကာမိုဟာ လက္စတာစီးတီးရဲ့ပစ္မွတ္အျဖစ္ ေပၚထြက္လာခဲ့တယ္လို႔ သိရၿပီး လက္ရွိမွာေတာ့ လီဗာပူးအသင္းကလည္း ဗဟိုခံစစ္အတြက္ အၿပီးသတ္ေခၚယူနိုင္ဖို႔ ေမၽွာ္လင့္ေနတာေၾကာင့္ အၿပိဳင္အဆိုင္ ေခၚယူသြားရေတာ့မယ္လို႔ သိရပါတယ္။ Record ရဲ့ေဖာ္ျပခ်က္အရ လီဗာပူးဟာ လက္ရွိမွာ ဘရာဂါေနာက္ခံကစားသမားကို စိတ္ဝင္စားေၾကာင္း ျပသထားတယ္လို႔ သိရၿပီး ကာမိုရဲ့စာခ်ဳပ္ေလ်ာ္ေၾကးဟာ ေပါင္ ၃၅.၅ သန္းရွိေပမယ့္လည္း အဲဒီထက္ ေလ်ာ့နည္းတဲ့ပမာဏကို ညႇိႏွိုင္းေကာင္း ညႇိႏွိုင္းနိုင္လိမ့္မယ္လို႔ သိရပါတယ္။


ယူနိုက္တက္နဲ႔ပြဲစဥ္မွာ ေျခစြမ္းျပသခဲ့တဲ့ ကမၻာ့အဆင့္ကစားသမားကို ေခၚယူဖို႔အတြက္ လီဗာပူးအသင္းပရိသတ္ေတြက တြစ္တာမွာ ေတာင္းဆိုခဲ့ၾကၿပီး ဂ်က္ဂရီးလစ္ရွ္ဟာ အက္စ္တြန္ဗီလာအသင္းက ယူနိုက္တက္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ေခ်ပဂိုး ရရွိေအာင္ ဂိုးဖန္တီးေပးနိုင္ခဲ့သူျဖစ္ပါတယ္။ ဂရီးလစ္ရွ္ဟာ ေဘာလုံးကို ေသးငယ္တဲ့ေနရာလြတ္အတြင္း ေပးပို႔ရာမွာ အလြန္ထူးခၽြန္သူျဖစ္ၿပီး ေရွ႕မွာ ကစားသမားဘယ္ေလာက္ရွိရွိ သတၱိရွိရွိနဲ႔ တိုက္စစ္ဆင္နိုင္တဲ့ ကစားသမားလည္းျဖစ္ပါတယ္။

လီဗာပူးပရိသတ္ေတြဟာ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ပြဲစဥ္မွာ ဂရီးလစ္ရွ္ဆီကေန ျမင္ေတြ႕ခဲ့ရတဲ့အရာေတြကို လုံးဝ အထင္ႀကီးသြားခဲ့ၾကတာျဖစ္ၿပီး ယူနိုက္တက္နဲ႔ အၿပိဳင္ ေခၚယူဖို႔အတြက္ အသင္းကို ေတာင္းဆိုခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.