Premier League

အမြင်ကတ်ပုဒ်မနဲ့ ရွိုင်အိုလာ ရွှေလိုဥထားတဲ့ ကစားသမားကို ခေါ်မယ့် အက်ဒ်ဝုဒ်ဝဒ်


မန်ချက်စတာယူနိုက်တက်အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေဟာ လာမယ့် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလအတွက် ၎င်းတို့ရဲ့ ထိပ်တန်းအပြောင်းအရွှေ့ပစ်မှတ်အဖြစ် အာလင်းဟာလန်းကို သတ်မှတ်ခဲ့တယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်ဟာ ပေါ့ဂ်ဘာကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတက်နေတဲ့ အေးဂျင့်မိုင်နိုရွိုင်အိုလာရဲ့ ရွှေလိုဥထားတဲ့ ကစားသမားကိုမှ ခေါ်ယူဖို့ ဆုံးဖြတ်ထားတာကြောင့် နောက်ထပ်တစ်ကြိမ် အငြင်းပွားစရာတွေ ဖြစ်လာဦးမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားက ၎င်းရဲ့လူစာရင်းကို နောက်ထပ်တိုးတက်အောင် ပြုလုပ်ချင်နေတာကြောင့် လက်ရှိမှာတော့ နွေရာသီအပြောင်းအရွှေ့ကာလအတွက် မန်ချက်စတာယူနိုက်တက်အသင်းက အစီအစဉ်တွေ ပြုလုပ်နေတာဖြစ်ပါတယ်။


ပြီးခဲ့တဲ့နောက်ဆုံးအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်ကြယ်ပွင့် ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းက အင်္ဂလန်ကြယ်ပွင့်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၉ သန်း တောင်းဆိုခဲ့တဲ့အတွက် နောက်ဆုံးမှာ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာတော့ အသက် ၂၀ အရွယ် ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ဆန်ချိုအစား အာလင်းဟာလန်းကို ခေါ်ယူဖို့ မျက်စိကျနေပြီဖြစ်ပါတယ်။


Mirror ရဲ့ ဖော်ပြချက်အရ အိုလေဂန်နာဆိုးလ်ရှားဟာ ဟာလန်းရဲ့အမာခံပရိသတ်ဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ထိပ်တန်းပစ်မှတ်ဖြစ်လာလိမ့်မယ်လို့ သိရပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ဟာလန်းနဲ့ နော်ဝေကလပ် မိုလ်ဒီအသင်းမှာကတည်းက အလုပ်အတူတူလုပ်ခဲ့ကြသူတွေဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မန္ခ်က္စတာယူနိုက္တက္အသင္းထိပ္ပိုင္းတာဝန္ရွိသူေတြဟာ လာမယ့္ ၂၀၂၁ ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြက္ ၎တို႔ရဲ့ ထိပ္တန္းအေျပာင္းအေရႊ႕ပစ္မွတ္အျဖစ္ အာလင္းဟာလန္းကို သတ္မွတ္ခဲ့တယ္လို႔ Daily Star က ေဖာ္ျပခဲ့ပါတယ္။


မန္ခ်က္စတာယူနိုက္တက္ဟာ ေပါ့ဂ္ဘာကိစၥနဲ႔ပတ္သက္ၿပီး ျပႆနာတက္ေနတဲ့ ေအးဂ်င့္မိုင္နိုရြိဳင္အိုလာရဲ့ ေရႊလိုဥထားတဲ့ ကစားသမားကိုမွ ေခၚယူဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ ေနာက္ထပ္တစ္ႀကိမ္ အျငင္းပြားစရာေတြ ျဖစ္လာဦးမယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။ နည္းျပဆိုးလ္ရွားက ၎ရဲ့လူစာရင္းကို ေနာက္ထပ္တိုးတက္ေအာင္ ျပဳလုပ္ခ်င္ေနတာေၾကာင့္ လက္ရွိမွာေတာ့ ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြက္ မန္ခ်က္စတာယူနိုက္တက္အသင္းက အစီအစဥ္ေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။


ၿပီးခဲ့တဲ့ေနာက္ဆုံးအေျပာင္းအေရႊ႕ကာလမွာ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ေဒါ့မြန္ၾကယ္ပြင့္ ေဂ်ဒန္ဆန္ခ်ိဳကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းက အဂၤလန္ၾကယ္ပြင့္အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၀၉ သန္း ေတာင္းဆိုခဲ့တဲ့အတြက္ ေနာက္ဆုံးမွာ အေျပာင္းအေရႊ႕မျဖစ္ေျမာက္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ မန္ခ်က္စတာယူနိုက္တက္ဟာ လက္ရွိမွာေတာ့ အသက္ ၂၀ အရြယ္ ေဒါ့မြန္ၾကယ္ပြင့္တိုက္စစ္မႉးကို ေခၚယူဖို႔အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနၿပီး ဆန္ခ်ိဳအစား အာလင္းဟာလန္းကို ေခၚယူဖို႔ မ်က္စိက်ေနၿပီျဖစ္ပါတယ္။


Mirror ရဲ့ ေဖာ္ျပခ်က္အရ အိုေလဂန္နာဆိုးလ္ရွားဟာ ဟာလန္းရဲ့အမာခံပရိသတ္ျဖစ္တာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္အသင္းက ယခုလာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ထိပ္တန္းပစ္မွတ္ျဖစ္လာလိမ့္မယ္လို႔ သိရၿပီး ယူနိုက္တက္နည္းျပဆိုးလ္ရွားဟာ ဟာလန္းနဲ႔ ေနာ္ေဝကလပ္ မိုလ္ဒီအသင္းမွာကတည္းက အလုပ္အတူတူလုပ္ခဲ့ၾကသူေတြျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.