Premier League

3 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ဟားဗတ်ဇ်အပေါ် စောစီးစွာ ဝေဖန်နေကြသူအချို့ကို နိုင်ငံခြားကနေ အင်္ဂလန်ကို ပြောင်းရွှေ့လာတဲ့ အခြားလူငယ်ကစားသမားရဲ့ ဥပမာကို ကြည့်သင့်တယ်လို့ ပြောကြားခဲ့ပြီး မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့အတွက် ခေတ်သစ်ဘောလုံးလောကရဲ့ မျှော်မှန်းချက်၊ လူမှုကွန်ရက်နဲ့ အရာအားလုံး အဲဒီပြောင်းရွှေ့ကြေးနဲ့ပဲ တိုင်းတာနေကြတယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးဝါရင့်တိုက်စစ်မှူး ဂျီရူးက ၎င်းရဲ့ပရီးမီးယားလိင်္ဂအကောင်းဆုံးသွင်းဂိုး အချိုးနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို ပြောပြခဲ့ပြီး အဓိကအားကောင်းတာက မြန်နှုန်းလုံးဝမဟုတ်ခဲ့ဘဲ ခံစစ်ကစားသမားတွေ အကပ်မခံရအောင်နေပြီး ဘောလုံးကို ရရှိအောင် ရွေ့လျားရင်း ဖြတ်တင်လိုက်တဲ့ ဘောလုံးနဲ့ အဝေးဆုံးကို သွားမလိုနဲ့ အနီးဆုံးရောက်အောင် သွားပြီး ဂိုးသွင်းယူတာဖြစ်တယ်လို့ ပြောကြားခဲ့။


-နည်းပြဖရန့်လမ်းပတ်က ကြယ်ပွင့်တောင်ပံကစားသမား ခရစ္စတီယန် ပူလီရှစ်ချ်ရဲ့ ခြေစွမ်းကြီးကြီးမားမားတိုးတက်လာမှုကို ခန့်မှန်းပြောဆိုခဲ့ပြီး အခြားကစားသမားတွေလို ပရီးမီးယားလိဂ်မှာ အသားကျဖို့ အချိန်အများကြီးမယူရဘဲ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ခြေစွမ်းဟာ အံ့အာသင့်ဖွယ်ကောင်းမွန်နေခဲ့တယ်လို့ ချီးကျူးပြောကြားခဲ့။


-ချဲလ်ဆီးအသင်းဟာ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အေစီမီလန်ဂိုးသမား ဒွန်နာရမ်းမားနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ အသင်းက ကမ်းလှမ်းထားတဲ့ တစ်နှစ်လုပ်ခပေါင် ၆ သန်းတန်စာချုပ်ကို ဆွေးနွေးနေသူဖြစ်ပေမယ့် ၎င်းရဲ့အေးဂျင့်မိုင်နိုရွိုင်အိုလာက အင်တာမီလန်နဲ့ ဂျူဗင်တပ်တို့လိုအသင်းတွေဆီက စာချုပ်ကမ်းလှမ်းမှုကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ စာချုပ်ရရှိအောင် ကြိုးပမ်းနေတာဖြစ်။


-စတိဗ်ကလာ့ခ်က ဘီလီ ဂီးလ်မိုးအနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် စကော့တလန်လက်ရွေးစင်အသင်း လူစာရင်းမှာ ပါဝင်ခွင့်ရရှိဖို့အတွက်ဆိုရင် ပွဲကစားချိန် ပိုမိုရရှိဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပြီး လက်ရှိရရှိနေတဲ့ အချိန်ထက်ပိုပြီး ကစားရမယ်ဆိုတာ ချဲလ်ဆီးအသင်းမှာရှိတဲ့ လူတွေအားလုံးတောင် သိနေလိမ့်မယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်ဟာ သီယာဂိုဆေးလ်ဗားရဲ့နေရာမှာ ကာလရှည်အစားထိုးဖို့အတွက် မိုဟာမက်ဆီမာကန်ကို ခေါ်ယူဖို့ စထရက်ဘော့အသင်းနဲ့ အဆက်အသွယ်ပြုလုပ်ခဲ့တယ်လို့ Le10 Sport ရဲ့ ဖော်ပြချက်အရ သိရပြီး အသက် ၂၀ အရွယ်ကစားသမားဟာ ယခုရာသီမှာ လီဂူးဝမ်းအသင်းအတွက် ၁၇ ပွဲ ပါဝင်ကစားပေးထားတဲ့ ကစားသမားဖြစ်။


-ချဲလ်ဆီးအသင်းပစ်မှတ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် နောက်ခံကစားသမား ဒေးဗစ်အလာဘာက လာမယ့်နွေရာသီမှာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြောင်း Marca ရဲ့ သတင်းအရ သိရပြီး ဘာတစ်ခုမှ တရားဝင်လုပ်ဆောင်နေတာမရှိသေးပေမယ့် အလာဘာရဲ့ အိပ်မက်ကတော့ မက်ဒရစ်ကို ပြောင်းရွှေ့ချင်တာဖြစ်တယ်လို့ ဖက်ဘရီဇီယိုရိုမာနိုက ပြောကြားခဲ့။


-မန်စီးတီးနဲ့ပွဲမတိုင်မီ ချဲလ်ဆီးအသင်းမှာ ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်စစ်ဆေးမှုမှာ ကူးစက်ခံထားရသူမရှိကြောင်း နည်းပြ ဖရန့် လမ်းပတ်က အတည်ပြု ပြောကြားသွားခဲ့ပြီး မန်ချက်စတာစီးတီးအသင်းကတော့ ယနေ့ညနေပွဲစဉ်မှာ ကိုဗစ်-၁၉ ကြောင့် အဓိကအားထားရတဲ့ ကစားသမား ၅ ဦးအထိ မပါဝင်ဘဲ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ဲလ္ဆီးနည္းၿပ ဖရန႔္လမ္းပတ္က ဟားဗတ္ဇ္အေပၚ ေစာစီးစြာ ေဝဖန္ေနၾကသူအခ်ိဳ႕ကို နိုင္ငံျခားကေန အဂၤလန္ကို ေျပာင္းေရႊ႕လာတဲ့ အျခားလူငယ္ကစားသမားရဲ့ ဥပမာကို ၾကည့္သင့္တယ္လို႔ ေျပာၾကားခဲ့ၿပီး ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တဲ့အတြက္ ေခတ္သစ္ေဘာလုံးေလာကရဲ့ ေမၽွာ္မွန္းခ်က္၊ လူမႈကြန္ရက္နဲ႔ အရာအားလုံး အဲဒီေျပာင္းေရႊ႕ေၾကးနဲ႔ပဲ တိုင္းတာေနၾကတယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးဝါရင့္တိုက္စစ္မႉး ဂ်ီ႐ူးက ၎ရဲ့ပရီးမီးယားလိဂၤအေကာင္းဆုံးသြင္းဂိုး အခ်ိဳးနဲ႔ပတ္သက္တဲ့ လၽွို႔ဝွက္ခ်က္ကို ေျပာျပခဲ့ၿပီး အဓိကအားေကာင္းတာက ျမန္ႏႈန္းလုံးဝမဟုတ္ခဲ့ဘဲ ခံစစ္ကစားသမားေတြ အကပ္မခံရေအာင္ေနၿပီး ေဘာလုံးကို ရရွိေအာင္ ေရြ႕လ်ားရင္း ျဖတ္တင္လိုက္တဲ့ ေဘာလုံးနဲ႔ အေဝးဆုံးကို သြားမလိုနဲ႔ အနီးဆုံးေရာက္ေအာင္ သြားၿပီး ဂိုးသြင္းယူတာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-နည္းျပဖရန႔္လမ္းပတ္က ၾကယ္ပြင့္ေတာင္ပံကစားသမား ခရစၥတီယန္ ပူလီရွစ္ခ်္ရဲ့ ေျခစြမ္းႀကီးႀကီးမားမားတိုးတက္လာမႈကို ခန႔္မွန္းေျပာဆိုခဲ့ၿပီး အျခားကစားသမားေတြလို ပရီးမီးယားလိဂ္မွာ အသားက်ဖို႔ အခ်ိန္အမ်ားႀကီးမယူရဘဲ ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီးေနာက္ ေျခစြမ္းဟာ အံ့အာသင့္ဖြယ္ေကာင္းမြန္ေနခဲ့တယ္လို႔ ခ်ီးက်ဴးေျပာၾကားခဲ့။


-ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူနိုင္မယ့္ ေအစီမီလန္ဂိုးသမား ဒြန္နာရမ္းမားနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရၿပီး အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ အသင္းက ကမ္းလွမ္းထားတဲ့ တစ္ႏွစ္လုပ္ခေပါင္ ၆ သန္းတန္စာခ်ဳပ္ကို ေဆြးေႏြးေနသူျဖစ္ေပမယ့္ ၎ရဲ့ေအးဂ်င့္မိုင္နိုရြိဳင္အိုလာက အင္တာမီလန္နဲ႔ ဂ်ဴဗင္တပ္တို႔လိုအသင္းေတြဆီက စာခ်ဳပ္ကမ္းလွမ္းမႈကို အသုံးျပဳၿပီး ပိုမိုေကာင္းမြန္တဲ့ စာခ်ဳပ္ရရွိေအာင္ ႀကိဳးပမ္းေနတာျဖစ္။


-စတိဗ္ကလာ့ခ္က ဘီလီ ဂီးလ္မိုးအေနနဲ႔ ယူရို ၂၀၂၀ ၿပိဳင္ပြဲအတြက္ စေကာ့တလန္လက္ေရြးစင္အသင္း လူစာရင္းမွာ ပါဝင္ခြင့္ရရွိဖို႔အတြက္ဆိုရင္ ပြဲကစားခ်ိန္ ပိုမိုရရွိဖို႔ လိုအပ္တယ္လို႔ ေျပာၾကားခဲ့ၿပီး လက္ရွိရရွိေနတဲ့ အခ်ိန္ထက္ပိုၿပီး ကစားရမယ္ဆိုတာ ခ်ဲလ္ဆီးအသင္းမွာရွိတဲ့ လူေတြအားလုံးေတာင္ သိေနလိမ့္မယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးအသင္းနည္းၿပ လမ္းပတ္ဟာ သီယာဂိုေဆးလ္ဗားရဲ့ေနရာမွာ ကာလရွည္အစားထိုးဖို႔အတြက္ မိုဟာမက္ဆီမာကန္ကို ေခၚယူဖို႔ စထရက္ေဘာ့အသင္းနဲ႔ အဆက္အသြယ္ျပဳလုပ္ခဲ့တယ္လို႔ Le10 Sport ရဲ့ ေဖာ္ျပခ်က္အရ သိရၿပီး အသက္ ၂၀ အရြယ္ကစားသမားဟာ ယခုရာသီမွာ လီဂူးဝမ္းအသင္းအတြက္ ၁၇ ပြဲ ပါဝင္ကစားေပးထားတဲ့ ကစားသမားျဖစ္။


-ခ်ဲလ္ဆီးအသင္းပစ္မွတ္ျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ ေနာက္ခံကစားသမား ေဒးဗစ္အလာဘာက လာမယ့္ေႏြရာသီမွာ ရီးရဲမက္ဒရစ္ကို ေျပာင္းေရႊ႕ဖို႔ ျပင္ဆင္ေနေၾကာင္း Marca ရဲ့ သတင္းအရ သိရၿပီး ဘာတစ္ခုမွ တရားဝင္လုပ္ေဆာင္ေနတာမရွိေသးေပမယ့္ အလာဘာရဲ့ အိပ္မက္ကေတာ့ မက္ဒရစ္ကို ေျပာင္းေရႊ႕ခ်င္တာျဖစ္တယ္လို႔ ဖက္ဘရီဇီယိုရိုမာနိုက ေျပာၾကားခဲ့။


-မန္စီးတီးနဲ႔ပြဲမတိုင္မီ ခ်ဲလ္ဆီးအသင္းမွာ ကိုဗစ္-၁၉ ေရာဂါပိုး စမ္းသပ္စစ္ေဆးမႈမွာ ကူးစက္ခံထားရသူမရွိေၾကာင္း နည္းၿပ ဖရန႔္ လမ္းပတ္က အတည္ျပဳ ေျပာၾကားသြားခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္းကေတာ့ ယေန႔ညေနပြဲစဥ္မွာ ကိုဗစ္-၁၉ ေၾကာင့္ အဓိကအားထားရတဲ့ ကစားသမား ၅ ဦးအထိ မပါဝင္ဘဲ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.