Premier League

3 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု


-အာဆင်နယ်ဂန္တဝင်နောက်ခံကစားသမား မာတင်ကီယွန်က ဝက်စ်ဘရွန်းနဲ့ပွဲမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ကီရန်တီယာနေးဟာ အနာဂတ်မှာ အာဆင်နယ်အတွက် အဆင့်အတန်းတစ်ခုကို သတ်မှတ်မယ့် ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့။


-အာဆင်နယ်နည်းပြအာတီတာက ဝက်စ်ဘရွန်းအသင်းကို ၄-၀ နဲ့ အနိုင်ရပြီး ၃ ပွဲဆက်တိုက်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၎င်းရဲ့အသင်းဟာ ထိန်းချုပ်မှုကင်းကင်းနဲ့ လွတ်လပ်စွာ ကစားနိုင်ခဲ့ပြီး စွမ်းအားနဲ့ ပြင်းထန်မှုက အများကြီးပိုပြီး အပေါင်းလက္ခဏာဆောင်လာနေပြီလို့ ပြောကြားခဲ့။


-အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်က အသင်းရဲ့ ၃ ပွဲဆက်တိုက် နိုင်ပွဲကို မြင်တွေ့ရတာကြောင့် ဝမ်းမြောက်ပျော်ရွှင်နေခဲ့ပြီး အာဆင်နယ်နဲ့ နိုင်ပွဲဟာ တုုိက်ဆိုင်မှုမဟုတ်ဘဲ နည်းပြအာတီတာရဲ့ စစ်မှန်တဲ့ ကျောနံပါတ် ၁၀ ကို ကစားခွင့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး စမစ်ရိုးဟာ ကွဲပြားခြားနားမှုတွေကို ပြုလုပ်နိုင်သူလို့ ချီးကျူးခဲ့။


-မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် စပါးနဲ့ကစားခဲ့တဲ့ပွဲစဉ်ပြီးကတည်းက ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့တဲ့ သောမတ်စ်ပါတေးရဲ့ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာနိုင်ရင် ကစားသမားသစ် ခေါ်ယူနိုင်မှုနဲ့ ညီမျှလိမ့်မယ်လို့ အာတီတာက ခံစားနေရပြီး နောက်ထပ် လေ့ကျင့်ရေး အချိန် ၃ ချိန်လောက်ဆို ကစားဖို့ ၁၀၀ ရာခိုင်နှုန်းအဆင်ပြေမလားဆိုတာ အကဲဖြတ်သွားမယ်လို့ ပြောကြားခဲ့။


-အာဆင်နယ်အသင်းက ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေတဲ့ ဂျူလီယန်ဘရန့်တ်နဲ့ပတ်သက်ပြီး ဒေါ့မွန်အသင်းဒါရိုက်တာ မိုက်ကယ်ဇော့က ကမ်းလှမ်းဖို့နေနေသာသာ ဖက်စ်တောင် မပို့ထားတဲ့အတွက် ဘယ်သူမှ အဖြေမပေးနိုင်ဘူးလို့ ပြောကြားခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်နိုင်ခြေကိုတော့ ငြင်းပယ်ခဲ့ခြင်းမရှိခဲ့။


-အာဆင်နယ်နည်းပြအာတီတာက ဝက်စ်ဘရွန်းနဲ့ပွဲမှာ ၂ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး လာကာဇက်အနေနဲ့ ဂိုးသွင်းယူတာနဲ့ပတ်သက်ပြီး အခုလိုမျိုး ယုံကြည်မှုရှိနေဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပြီး အလွန်ကောင်းမွန်တဲ့အခိုက်အတံ့မှာ ရှိနေတယ်လို့ ယုံကြည်နေ။


-အာဆင်နယ်လူငယ်တိုက်စစ်မှူး ဆာကာက ဝက်စ်ဘရွန်းနဲ့ပွဲစဉ်အတွင်း ဖိနပ်အတွင်း ရေခဲတွေဝင်ရောက်နေခဲ့တဲ့အတွက် ရေခဲပြင်စကိတ်စီးနေရသလို ခံစားခဲ့ရသလို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက်လည်း ကောင်းမွန်နေတယ်လို့ ခံစားနေရပြီး ကစားချင်တဲ့တစ်ချက်ထိပုံစံနဲ့ ကစားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့။


-နည်းပြအာတီတာဟာ ဝက်စ်ဘရွန်းအသင်းကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပွဲအပြီးမှာ ကီရန်တီယာနေးရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ချီးကျူးပြောကြားခဲ့ပြီး နေ့စဉ်နေ့တိုင်း ဆက်လက်ပြီး အလုပ်ပြင်းပြင်းထန်ထန်လုပ်ချင်နေတဲ့ ကစားသမားနဲ့ အလုပ်လုပ်ရတာ ပျော်ရွှင်စရာဖြစ်တယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-အာဆင္နယ္ဂႏၲဝင္ေနာက္ခံကစားသမား မာတင္ကီယြန္က ဝက္စ္ဘရြန္းနဲ႔ပြဲမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ျပဳလုပ္နိုင္ခဲ့တဲ့ ကီရန္တီယာေနးဟာ အနာဂတ္မွာ အာဆင္နယ္အတြက္ အဆင့္အတန္းတစ္ခုကို သတ္မွတ္မယ့္ ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာၾကားခဲ့။


-အာဆင္နယ္နည္းျပအာတီတာက ဝက္စ္ဘရြန္းအသင္းကို ၄-၀ နဲ႔ အနိုင္ရၿပီး ၃ ပြဲဆက္တိုက္အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ၎ရဲ့အသင္းဟာ ထိန္းခ်ဳပ္မႈကင္းကင္းနဲ႔ လြတ္လပ္စြာ ကစားနိုင္ခဲ့ၿပီး စြမ္းအားနဲ႔ ျပင္းထန္မႈက အမ်ားႀကီးပိုၿပီး အေပါင္းလကၡဏာေဆာင္လာေနၿပီလို႔ ေျပာၾကားခဲ့။


-အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ အိုေဇးလ္က အသင္းရဲ့ ၃ ပြဲဆက္တိုက္ နိုင္ပြဲကို ျမင္ေတြ႕ရတာေၾကာင့္ ဝမ္းေျမာက္ေပ်ာ္ရႊင္ေနခဲ့ၿပီး အာဆင္နယ္နဲ႔ နိုင္ပြဲဟာ တုုိက္ဆိုင္မႈမဟုတ္ဘဲ နည္းျပအာတီတာရဲ့ စစ္မွန္တဲ့ ေက်ာနံပါတ္ ၁၀ ကို ကစားခြင့္ေပးခဲ့တဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး စမစ္ရိုးဟာ ကြဲျပားျခားနားမႈေတြကို ျပဳလုပ္နိုင္သူလို႔ ခ်ီးက်ဴးခဲ့။


-ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အျဖစ္ စပါးနဲ႔ကစားခဲ့တဲ့ပြဲစဥ္ၿပီးကတည္းက ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးနိုင္ျခင္းမရွိေတာ့တဲ့ ေသာမတ္စ္ပါေတးရဲ့ ႀကံ့ခိုင္မႈအျပည့္နဲ႔ ျပန္လာနိုင္ရင္ ကစားသမားသစ္ ေခၚယူနိုင္မႈနဲ႔ ညီမၽွလိမ့္မယ္လို႔ အာတီတာက ခံစားေနရၿပီး ေနာက္ထပ္ ေလ့က်င့္ေရး အခ်ိန္ ၃ ခ်ိန္ေလာက္ဆို ကစားဖို႔ ၁၀၀ ရာခိုင္ႏႈန္းအဆင္ေျပမလားဆိုတာ အကဲျဖတ္သြားမယ္လို႔ ေျပာၾကားခဲ့။


-အာဆင္နယ္အသင္းက ေခၚယူဖို႔ သတင္းေတြထြက္ေပၚေနတဲ့ ဂ်ဴလီယန္ဘရန႔္တ္နဲ႔ပတ္သက္ၿပီး ေဒါ့မြန္အသင္းဒါရိုက္တာ မိုက္ကယ္ေဇာ့က ကမ္းလွမ္းဖို႔ေနေနသာသာ ဖက္စ္ေတာင္ မပို႔ထားတဲ့အတြက္ ဘယ္သူမွ အေျဖမေပးနိုင္ဘူးလို႔ ေျပာၾကားခဲ့ေပမယ့္ အေျပာင္းအေရႊ႕ျဖစ္နိုင္ေျခကိုေတာ့ ျငင္းပယ္ခဲ့ျခင္းမရွိခဲ့။


-အာဆင္နယ္နည္းျပအာတီတာက ဝက္စ္ဘရြန္းနဲ႔ပြဲမွာ ၂ ဂိုးအထိ သြင္းယူေပးခဲ့တဲ့ တိုက္စစ္မႉး လာကာဇက္အေနနဲ႔ ဂိုးသြင္းယူတာနဲ႔ပတ္သက္ၿပီး အခုလိုမ်ိဳး ယုံၾကည္မႈရွိေနဖို႔ လိုအပ္တယ္လို႔ ေျပာၾကားခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့အခိုက္အတံ့မွာ ရွိေနတယ္လို႔ ယုံၾကည္ေန။


-အာဆင္နယ္လူငယ္တိုက္စစ္မႉး ဆာကာက ဝက္စ္ဘရြန္းနဲ႔ပြဲစဥ္အတြင္း ဖိနပ္အတြင္း ေရခဲေတြဝင္ေရာက္ေနခဲ့တဲ့အတြက္ ေရခဲျပင္စကိတ္စီးေနရသလို ခံစားခဲ့ရသလို အနိုင္ရရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့တဲ့အတြက္လည္း ေကာင္းမြန္ေနတယ္လို႔ ခံစားေနရၿပီး ကစားခ်င္တဲ့တစ္ခ်က္ထိပုံစံနဲ႔ ကစားနိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့။


-နည္းျပအာတီတာဟာ ဝက္စ္ဘရြန္းအသင္းကို ၄-၀ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ ပြဲအၿပီးမွာ ကီရန္တီယာေနးရဲ့ တိုက္ပြဲဝင္စိတ္ဓာတ္ကို ခ်ီးက်ဴးေျပာၾကားခဲ့ၿပီး ေန႔စဥ္ေန႔တိုင္း ဆက္လက္ၿပီး အလုပ္ျပင္းျပင္းထန္ထန္လုပ္ခ်င္ေနတဲ့ ကစားသမားနဲ႔ အလုပ္လုပ္ရတာ ေပ်ာ္ရႊင္စရာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.