Match Report Premier League

ဝက်စ်ဘရွန်းကို နှင်းတွေကြားမှာ ဂိုးပြတ်သွင်းပြီး တစ်ပွဲထက်တစ်ပွဲ ပိုကောင်းပြတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ စီဘာယော့စ်နဲ့ လာကာဇက်တို့ကို First Line-up မှာ ပြန်လည်ထည့်သွင်းခဲ့ပြီး ဝါရင့်နည်းပြ ဆမ်အလာဒိုက်စ်ရဲ့ ဝက်စ်ဘရွန်းအသင်းကို ဝါရင့်ကစားသမားတွေ ပိုသုံးပြီး ရင်ဆိုင်ဖို့ စီစဉ်လာခဲ့သလို အယ်လ်နန်နီနဲ့ မာတီနယ်လီတို့ကိုတော့ အရန်ခုံမှာ ထားခဲ့ပါတယ်။

ပွဲစတာနဲ့ အာဆင်နယ်တို့ ဖိကစားခဲ့ပြီး ဆာကာနဲ့ ဘယ်လာရင်တို့ရဲ့ ထိုးဖောက်မှုတွေကို ဝက်စ်ဘရွန်းဂိုးသမား ဂျွန်စတုန်း ကာကွယ်ခဲ့ရသလို အူဘာမီယန်းကလည်း ဘယ်ခြမ်းက ဒုက္ခပေးခဲ့ပြီး ကွင်းလယ်က စီဘာယော့စ်ကလည်း ဘောလုံးဖြန့်ဝေမှုတွေနဲ့ တစ်ဖက်အသင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ ဘယ်လိုမှ ထင်မှတ်မထားတဲ့ ကီရန် တီယာနီက အဖွင့်ဂိုးသွင်းယူသွားပြီး ဒီဂိုးမှာ နောက်ခံလူ ဟိုးလ်ဒင်း တောင်ပံဆီ လှမ်းတင်ပေးတဲ့ ဘောလုံးကို ရသွားတဲ့ စကော့တလန်သားက ဂိုးဧရိယာထဲ ဆွဲပြေးချိန်မှာ သူ့ရဲ့ ညာဘက်ကို ပိတ်မထားတဲ့ တစ်ဖက်နောက်ခံလူတွေရဲ့ ပေါ့လျော့မှုကို အခွင့်ကောင်းယူပြီး ညာခြေနဲ့ လှမ်းကန်သွားခဲ့တာမှာ ဂိုးသမားနဲ့ ခံစစ်က အငိုက်မိသွားခဲ့တာပဲဖြစ်ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဆာကာစတင်ခဲ့တဲ့ ဘောလုံးကို လာကာဇက်က ညာခြမ်းက စမစ်ရိုးဆီ ချပေးခဲ့ရာမှာ စမစ်ရိုးက ဂိုးသမားနဲ့အတွေ့မှာ အတွင်းကို ပြန်ချိုးပေးခဲ့ရာမှာ ဆာကာပဲ ပြန်လည် အဆုံးသတ်ခဲ့တာဖြစ်ပြီး လက်စတာနဲ့ပွဲက အိုဇေးလ်ကို အမှတ်ရစေသလို ဂန္ထဝင်တွေဖြစ်တဲ့ ယွန်းဘတ်နဲ့ ပီရက်စ်တို့ကိုလည်း သတိရစေခဲ့တဲ့ ဂိုးတစ်ဂိုးဖြစ်ခဲ့ပါတယ်။

လူငယ်တွေ ခြေစွမ်းပြနေခဲ့တဲ့ ဒီပွဲမှာ လူကြီးတွေဖြစ်တဲ့ လာကာဇက်နဲ့ အူဘာမီယန်းတို့ကတော့ အာရုံစူးစိုက်ခံရတာ ပိုများလို့လားတော့ မသိဘဲ ခြေစွမ်းပြနိုင်မှု နည်းပါးသလို ထိုးဖောက်မှုအပိုင်းတွေမှာလည်း သာမန်လောက်သာ ရှိခဲ့တာကြောင့် ဝက်စ်ဘရွန်းတို့အတွက် အန္တရာယ် သိပ်မများခဲ့ဘဲဖြစ်နေပြီး ပထမပိုင်းမှာ နှင်းတွေ ပိုသည်းလာခဲ့မှုနဲ့အတူ ၄၅ မိနစ်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ ပါရဲရားရဲ့ ကန်ချက် ပြန်ထွက်လာတာကို ရော်ဘင်ဆန်ရဲ့ အဝေးကန်ချက်က ဂိုးဝင်သွားခဲ့ပေမယ့် လူကျွံသတ်မှတ်ခံရလို့ ဝက်စ်ဘရွန်းတို့ နစ်နာခဲ့တာကလွဲပြီး ထိထိရောက်ရောက် ကစားနိုင်ခြင်း သိပ်မရှိဘဲ အာဆင်နယ်တို့ပဲ ဘောလုံးကို ခြေထဲထား ကစားနိုင်ခဲ့သလို အဝါထိထားတဲ့ ဘယ်လာရင်ကိုတော့ မိတ်လန်းနိုင်းလ်စ်နဲ့ စောစောစီးစီးပဲ လူစားလဲသွားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ အာဆင်နယ်တို့ တတိယဂိုး ထပ်ရခဲ့ပြီး ဝက်စ်ဘရွန်းနောက်တန်း လူပေးမှားတာကနေ ဆာကာက ဖြတ်တင်ပေးတာကို စမစ်ရိုးက ပိတ်သွင်းခဲ့ပြီး အဂျာယီနဲ့ ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို လာကာဇက်က အနိမ့်ဘော အပြင်းကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ အာဆင်နယ်တို့ တီယာနီရဲ့ ဖြတ်တင်ဘောကနေ စတုတ္ထဂိုး ရခဲ့ပြီး ဒီဂိုးမှာ ဂိုးသွင်းရှင် လာကာဇက်ကို လွှတ်ထားခဲ့တဲ့ ဝက်စ်ဘရွန်းခံစစ်ကို အံ့သြခဲ့ရသလို လွတ်နေအောင် နေရာယူတတ်ပြီး အနီးကပ် ပိတ်သွင်းနိုင်ခဲ့တဲ့ ပြင်သစ်သားကိုလည်း ချီးကျူးရမှာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ နောက်ခံလူ ကီရန် တီယာနီကတော့ အလယ်တန်းကစားသမားတစ်ယောက်လို ကစားသွားခဲ့ပြီး တစ်ဦးချင်း ဖြတ်ကျော်မှုတွေကို ပြုလုပ်နေခဲ့တဲ့အပြင် ဖြတ်တင်ဘောတွေကလည်း အန္တရာယ်များတဲ့ ပုံစံမျိုး ရှိနေခဲ့ပြီး အူဘာမီယန်းတစ်ယောက် ကံမလိုက်တဲ့နေ့မို့လို့သာ ဂိုးအရ နည်းခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ အာဆင်နယ်တို့ ကစားအား လျှော့ချပြီး ထိန်းကစားသွားခဲ့သလို လူစားဝင်လာခဲ့ကြတဲ့ ဝီလီယန်နဲ့ ဝီလော့ခ်တို့ကလည်း ဘယ်လိုမှ ဆာကာနဲ့ စမစ်ရိုးတို့ရဲ့ ခြေရာကို နင်းနိုင်တဲ့ အဆင့်အတန်းမျိုး မရှိတာကြောင့် တိုက်စစ်ပိုင်းက သိပ်ပြီး အလုပ်မဖြစ်တော့ဘဲ လေးဂိုး-ဂိုးမရှိနဲ့သာ ပွဲပြီးဆုံးခဲ့ရတာပဲဖြစ်ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ အဆင့် ၁၁ နေရာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပြီး လူငယ်နှစ်ဦးရဲ့ ခြေစွမ်းပြမှု၊ လာကာဇက်ရဲ့ ဂိုးသွင်းခြေတွေ့မှုတို့နဲ့အတူ နောက်ဆုံးသုံးပွဲဆက်တိုက်မှာ ၉ မှတ် ရယူနိုင်ခဲ့ပြီး ပရိသတ်တွေအတွက် အားတက်စရာဖြစ်ခဲ့သလို လမ်းကြောင်းမှန်ပေါ်ကို နှစ်သစ်မှာ ပြန်လည်ရောက်လာနိုင်ခဲ့ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ စီဘာေယာ့စ္နဲ႔ လာကာဇက္တို႔ကို First Line-up မွာ ျပန္လည္ထည့္သြင္းခဲ့ၿပီး ဝါရင့္နည္းျပ ဆမ္အလာဒိုက္စ္ရဲ႕ ဝက္စ္ဘ႐ြန္းအသင္းကို ဝါရင့္ကစားသမားေတြ ပိုသုံးၿပီး ရင္ဆိုင္ဖို႔ စီစဥ္လာခဲ့သလို အယ္လ္နန္နီနဲ႔ မာတီနယ္လီတို႔ကိုေတာ့ အရန္ခုံမွာ ထားခဲ့ပါတယ္။

ပြဲစတာနဲ႔ အာဆင္နယ္တို႔ ဖိကစားခဲ့ၿပီး ဆာကာနဲ႔ ဘယ္လာရင္တို႔ရဲ႕ ထိုးေဖာက္မႈေတြကို ဝက္စ္ဘ႐ြန္းဂိုးသမား ဂြၽန္စတုန္း ကာကြယ္ခဲ့ရသလို အူဘာမီယန္းကလည္း ဘယ္ျခမ္းက ဒုကၡေပးခဲ့ၿပီး ကြင္းလယ္က စီဘာေယာ့စ္ကလည္း ေဘာလုံးျဖန႔္ေဝမႈေတြနဲ႔ တစ္ဖက္အသင္းကို ဒုကၡေပးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ဘယ္လိုမွ ထင္မွတ္မထားတဲ့ ကီရန္ တီယာနီက အဖြင့္ဂိုးသြင္းယူသြားၿပီး ဒီဂိုးမွာ ေနာက္ခံလူ ဟိုးလ္ဒင္း ေတာင္ပံဆီ လွမ္းတင္ေပးတဲ့ ေဘာလုံးကို ရသြားတဲ့ စေကာ့တလန္သားက ဂိုးဧရိယာထဲ ဆြဲေျပးခ်ိန္မွာ သူ႔ရဲ႕ ညာဘက္ကို ပိတ္မထားတဲ့ တစ္ဖက္ေနာက္ခံလူေတြရဲ႕ ေပါ့ေလ်ာ့မႈကို အခြင့္ေကာင္းယူၿပီး ညာေျခနဲ႔ လွမ္းကန္သြားခဲ့တာမွာ ဂိုးသမားနဲ႔ ခံစစ္က အငိုက္မိသြားခဲ့တာပဲျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဒုတိယဂိုး ထပ္ရခဲ့ၿပီး ဆာကာစတင္ခဲ့တဲ့ ေဘာလုံးကို လာကာဇက္က ညာျခမ္းက စမစ္႐ိုးဆီ ခ်ေပးခဲ့ရာမွာ စမစ္႐ိုးက ဂိုးသမားနဲ႔အေတြ႕မွာ အတြင္းကို ျပန္ခ်ိဳးေပးခဲ့ရာမွာ ဆာကာပဲ ျပန္လည္ အဆုံးသတ္ခဲ့တာျဖစ္ၿပီး လက္စတာနဲ႔ပြဲက အိုေဇးလ္ကို အမွတ္ရေစသလို ဂႏၴဝင္ေတြျဖစ္တဲ့ ယြန္းဘတ္နဲ႔ ပီရက္စ္တို႔ကိုလည္း သတိရေစခဲ့တဲ့ ဂိုးတစ္ဂိုးျဖစ္ခဲ့ပါတယ္။

လူငယ္ေတြ ေျခစြမ္းျပေနခဲ့တဲ့ ဒီပြဲမွာ လူႀကီးေတြျဖစ္တဲ့ လာကာဇက္နဲ႔ အူဘာမီယန္းတို႔ကေတာ့ အာ႐ုံစူးစိုက္ခံရတာ ပိုမ်ားလို႔လားေတာ့ မသိဘဲ ေျခစြမ္းျပႏိုင္မႈ နည္းပါးသလို ထိုးေဖာက္မႈအပိုင္းေတြမွာလည္း သာမန္ေလာက္သာ ရွိခဲ့တာေၾကာင့္ ဝက္စ္ဘ႐ြန္းတို႔အတြက္ အႏၲရာယ္ သိပ္မမ်ားခဲ့ဘဲျဖစ္ေနၿပီး ပထမပိုင္းမွာ ႏွင္းေတြ ပိုသည္းလာခဲ့မႈနဲ႔အတူ ၄၅ မိနစ္ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာ ပါရဲရားရဲ႕ ကန္ခ်က္ ျပန္ထြက္လာတာကို ေရာ္ဘင္ဆန္ရဲ႕ အေဝးကန္ခ်က္က ဂိုးဝင္သြားခဲ့ေပမယ့္ လူကြၽံသတ္မွတ္ခံရလို႔ ဝက္စ္ဘ႐ြန္းတို႔ နစ္နာခဲ့တာကလြဲၿပီး ထိထိေရာက္ေရာက္ ကစားႏိုင္ျခင္း သိပ္မရွိဘဲ အာဆင္နယ္တို႔ပဲ ေဘာလုံးကို ေျခထဲထား ကစားႏိုင္ခဲ့သလို အဝါထိထားတဲ့ ဘယ္လာရင္ကိုေတာ့ မိတ္လန္းႏိုင္းလ္စ္နဲ႔ ေစာေစာစီးစီးပဲ လူစားလဲသြားခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ အာဆင္နယ္တို႔ တတိယဂိုး ထပ္ရခဲ့ၿပီး ဝက္စ္ဘ႐ြန္းေနာက္တန္း လူေပးမွားတာကေန ဆာကာက ျဖတ္တင္ေပးတာကို စမစ္႐ိုးက ပိတ္သြင္းခဲ့ၿပီး အဂ်ာယီနဲ႔ ထိၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို လာကာဇက္က အနိမ့္ေဘာ အျပင္းကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တီယာနီရဲ႕ ျဖတ္တင္ေဘာကေန စတုတၳဂိုး ရခဲ့ၿပီး ဒီဂိုးမွာ ဂိုးသြင္းရွင္ လာကာဇက္ကို လႊတ္ထားခဲ့တဲ့ ဝက္စ္ဘ႐ြန္းခံစစ္ကို အံ့ၾသခဲ့ရသလို လြတ္ေနေအာင္ ေနရာယူတတ္ၿပီး အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့တဲ့ ျပင္သစ္သားကိုလည္း ခ်ီးက်ဴးရမွာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ေနာက္ခံလူ ကီရန္ တီယာနီကေတာ့ အလယ္တန္းကစားသမားတစ္ေယာက္လို ကစားသြားခဲ့ၿပီး တစ္ဦးခ်င္း ျဖတ္ေက်ာ္မႈေတြကို ျပဳလုပ္ေနခဲ့တဲ့အျပင္ ျဖတ္တင္ေဘာေတြကလည္း အႏၲရာယ္မ်ားတဲ့ ပုံစံမ်ိဳး ရွိေနခဲ့ၿပီး အူဘာမီယန္းတစ္ေယာက္ ကံမလိုက္တဲ့ေန႔မို႔လို႔သာ ဂိုးအရ နည္းခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အာဆင္နယ္တို႔ ကစားအား ေလွ်ာ့ခ်ၿပီး ထိန္းကစားသြားခဲ့သလို လူစားဝင္လာခဲ့ၾကတဲ့ ဝီလီယန္နဲ႔ ဝီေလာ့ခ္တို႔ကလည္း ဘယ္လိုမွ ဆာကာနဲ႔ စမစ္႐ိုးတို႔ရဲ႕ ေျခရာကို နင္းႏိုင္တဲ့ အဆင့္အတန္းမ်ိဳး မရွိတာေၾကာင့္ တိုက္စစ္ပိုင္းက သိပ္ၿပီး အလုပ္မျဖစ္ေတာ့ဘဲ ေလးဂိုး-ဂိုးမရွိနဲ႔သာ ပြဲၿပီးဆုံးခဲ့ရတာပဲျဖစ္ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ အာဆင္နယ္အသင္းအေနနဲ႔ အဆင့္ ၁၁ ေနရာကို ျပန္လည္တက္လွမ္းလာႏိုင္ခဲ့ၿပီး လူငယ္ႏွစ္ဦးရဲ႕ ေျခစြမ္းျပမႈ၊ လာကာဇက္ရဲ႕ ဂိုးသြင္းေျခေတြ႕မႈတို႔နဲ႔အတူ ေနာက္ဆုံးသုံးပြဲဆက္တိုက္မွာ ၉ မွတ္ ရယူႏိုင္ခဲ့ၿပီး ပရိသတ္ေတြအတြက္ အားတက္စရာျဖစ္ခဲ့သလို လမ္းေၾကာင္းမွန္ေပၚကို ႏွစ္သစ္မွာ ျပန္လည္ေရာက္လာႏိုင္ခဲ့ပါေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.