Premier League Transfer News

3 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နှစ်ပေါင်းအတော်ကြာပြီးမှ ပြန်လည်စိန်ခေါ်ခွင့်ရှိလာခဲ့တဲ့ ပရီးမီးယားလိဂ် ဆုဖလားအတွက် ဇန်နဝါရီမှာ ခံစစ်ကို စိတ်ချရအောင် အင်အားဖြည့်တင်းသွားဖွယ်ရှိပြီး နွေရာသီက မြို့ခံပြိုင်ဘက်နဲ့ နီးစပ်ခဲ့ဖူးတဲ့ ဆီဗီလာနောက်ခံလူ ဂျူးလ် ကွန်ဒီကို စိတ်ဝင်စားနေ။

– ယူနိုက်တက်အသင်းနဲ့ သဘောတူညီထားပြီးဖြစ်တဲ့ လူငယ်တောင်ပံကစားသမား အာမက် ဂျယ်လိုကို အတ္တလန်တာဘက်က တစ်ရာသီ အငှားသဘောနဲ့ ဆက်လက်ထိန်းသိမ်းချင်နေပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ ဇန်နဝါရီမှာ တစ်ခါတည်း လာရောက်ဖို့ သတိပေးလိုက်သလို မကြာခင်မှာ လေယာဉ်စီးတော့မယ်လို့ သိရ။

– အက်စတန်ဗီလာနဲ့ပွဲရဲ့ ဒုတိယပိုင်းမှာ ပါဝင်ကစားခဲ့ပြီး နှေးကွေးလေးလံမှုတွေနဲ့အတူ တစ်ကြိမ်မှ ဘောလုံးမလုယူနိုင်ခဲ့သလို ပြိုင်ဘက်ကစားသမားတွေရဲ့ လုပ်ချင်သလိုလုပ်တာ ခံနေခဲ့ရတဲ့ ကွင်းလယ်လူ နီမန်ဂျာ မာတစ်ချ်ရဲ့ အကောင်းဆုံးအချိန်တွေက ကျော်လွန်သွားပြီဖြစ်ပြီး အမြန်ဆုံး အသင်းကနေ ရှင်းထုတ်ဖို့ ပရိသတ်တွေ သတိပေး။

– ဇန်နဝါရီမှာ အသင်းရဲ့ ညာခြမ်းခံစစ်ကို အားဖြည့်ဖို့အတွက် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ထပ်မံကြိုးပမ်းသွားဦးမှာဖြစ်ပြီး စပါးစ်အသင်းက ချိတ်ဆက်နေခဲ့တဲ့ နော့ဝစ်ချ်စီးတီးနောက်ခံလူ မက်စ် အာရွန်စ်ကို နွေရာသီအထိ မစောင့်ဘဲ လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ ဆွဲဆောင်စည်းရုံးနေ။

– ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နဲ့ ကစားတဲ့ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲ ၃၀ မှာ ဂိုးပါဝင်ပတ်သက်မှု ၃၃ ကြိမ်နဲ့ ကစားသမား အများစုကို ကျော်ဖြတ်နိုင်ခဲ့ချိန်မှာ သူ့ရဲ့ရှေ့က မှတ်တမ်းကို အချိုးဖျက်မခံရဘဲ တစ်ဦးတည်း ကျန်နေခဲ့တဲ့ တိုက်စစ်မှူးဟောင်း အန်ဒီ ကိုးလ်က သူ့ရဲ့ အင်စတာဂရမ်မှာ ထူးခြားကောင်းမွန်တဲ့သူလို့ Opta မှတ်တမ်းနဲ့အတူ ချီးကျူး။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ခြေစွမ်းပြန်ပြနေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် ရှုံးနိမ့်သွားခဲ့ပြီလို့ ဝန်ခံလိုက်ပြီး သူ့ကို နွေရာသီမှာ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ် အသင်းတွေက ခေါ်ယူသွားဖို့ အေးဂျင့် ရိုင်ယိုလာကနေ ချိတ်ဆက်နေကြ။

– အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားဟာ ထူးခြားကောင်းမွန်တဲ့ ကစားသမားမျိုးဖြစ်ပြီး စိတ်ပျက်စရာ နွေရာသီဖြစ်ရပ်တွေကနေ အကောင်းဆုံး ပြန်လာနိုင်ခဲ့သလို အသင်းကိုလည်း ဦးဆောင်မှုပေးပြီး မောင်းနှင်နေခဲ့တာဟာ ချီးကျူးစရာဖြစ်တယ်လို့ မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူဟောင်း လီးရှာ့ပ် ပြောကြား။

– အသင်းရဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ပင်နယ်တီ တစ်လုံးမှ မပါဘဲ ရပ်တည်နေသူ ဖြစ်ပြီး တချို့ကစားသမားတွေလို ပင်နယ်တီထိုင်သွင်းပြီး ဒီနေရာ ရောက်နေတာ မဟုတ်ဘူး (ဟာရီကိန်းကို ပြောတာလည်း မဟုတ်ဘူး)လို့ မော်ရင်ညိုက ပြောကြားလိုက်ပြီး အသင်းဟောင်း ယူနိုက်တက်နဲ့ ခြေစွမ်းပြနေတဲ့ ဘရူနို ဖာနန်ဒက်စ်ကို တိုက်ခိုက်သွားခဲ့။

– နွေရာသီမှာ ဒေါ့မွန်အသင်းဆီကနေ ဂျေဒန် ဆန်ချိုကို ခေါ်ယူမယ်ဆိုတဲ့ အစီအစဉ်ကို ပြန်စဉ်းစားဖို့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေက သတိပေးလိုက်ပြီး သူတို့တွေအနေနဲ့ အင်္ဂလန်တောင်ပံသမားကို အလိုမရှိတော့သလို ဂိုးသွင်းကောင်းတဲ့ အာလင်း ဟားလန်းကိုပဲ သူ့အစား ခေါ်ယူဖို့ တောင်းဆိုနေကြ။

– လီဗာပူးလ်ကစားသမားဟောင်းအနေနဲ့ ပြောဖို့ ခက်ခဲတဲ့ စကားဖြစ်ပေမယ့်လည်း ပြောရတော့မယ်လို့ ကွင်းလယ်လူဟောင်း ဒန်နီ မာဖီက စကားပလ္လင်ခံလိုက်ပြီး မန်ချက်စတာယူနိုက်တက်အနေနဲ့ အရင်လိုမျိုး ချန်ပီယံဆုအတွက် ပြန်လည်ပြိုင်ဆိုင်နိုင်တာကို ကြိုဆိုကြောင်း ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ႏွစ္ေပါင္းအေတာ္ၾကာၿပီးမွ ျပန္လည္စိန္ေခၚခြင့္ရွိလာခဲ့တဲ့ ပရီးမီးယားလိဂ္ ဆုဖလားအတြက္ ဇန္နဝါရီမွာ ခံစစ္ကို စိတ္ခ်ရေအာင္ အင္အားျဖည့္တင္းသြားဖြယ္ရွိၿပီး ေႏြရာသီက ၿမိဳ႕ခံၿပိဳင္ဘက္နဲ႔ နီးစပ္ခဲ့ဖူးတဲ့ ဆီဗီလာေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီကို စိတ္ဝင္စားေန။

– ယူႏိုက္တက္အသင္းနဲ႔ သေဘာတူညီထားၿပီးျဖစ္တဲ့ လူငယ္ေတာင္ပံကစားသမား အာမက္ ဂ်ယ္လိုကို အတၱလန္တာဘက္က တစ္ရာသီ အငွားသေဘာနဲ႔ ဆက္လက္ထိန္းသိမ္းခ်င္ေနေပမယ့္ နည္းျပ ဆိုးလ္ရွားကေတာ့ ဇန္နဝါရီမွာ တစ္ခါတည္း လာေရာက္ဖို႔ သတိေပးလိုက္သလို မၾကာခင္မွာ ေလယာဥ္စီးေတာ့မယ္လို႔ သိရ။

– အက္စတန္ဗီလာနဲ႔ပြဲရဲ႕ ဒုတိယပိုင္းမွာ ပါဝင္ကစားခဲ့ၿပီး ေႏွးေကြးေလးလံမႈေတြနဲ႔အတူ တစ္ႀကိမ္မွ ေဘာလုံးမလုယူႏိုင္ခဲ့သလို ၿပိဳင္ဘက္ကစားသမားေတြရဲ႕ လုပ္ခ်င္သလိုလုပ္တာ ခံေနခဲ့ရတဲ့ ကြင္းလယ္လူ နီမန္ဂ်ာ မာတစ္ခ်္ရဲ႕ အေကာင္းဆုံးအခ်ိန္ေတြက ေက်ာ္လြန္သြားၿပီျဖစ္ၿပီး အျမန္ဆုံး အသင္းကေန ရွင္းထုတ္ဖို႔ ပရိသတ္ေတြ သတိေပး။

– ဇန္နဝါရီမွာ အသင္းရဲ႕ ညာျခမ္းခံစစ္ကို အားျဖည့္ဖို႔အတြက္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ထပ္မံႀကိဳးပမ္းသြားဦးမွာျဖစ္ၿပီး စပါးစ္အသင္းက ခ်ိတ္ဆက္ေနခဲ့တဲ့ ေနာ့ဝစ္ခ်္စီးတီးေနာက္ခံလူ မက္စ္ အာ႐ြန္စ္ကို ေႏြရာသီအထိ မေစာင့္ဘဲ လက္ဦးမႈရယူၿပီး ေခၚယူႏိုင္ဖို႔ ဆြဲေဆာင္စည္း႐ုံးေန။

– ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္နဲ႔ ကစားတဲ့ သူ႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ပြဲ ၃၀ မွာ ဂိုးပါဝင္ပတ္သက္မႈ ၃၃ ႀကိမ္နဲ႔ ကစားသမား အမ်ားစုကို ေက်ာ္ျဖတ္ႏိုင္ခဲ့ခ်ိန္မွာ သူ႔ရဲ႕ေရွ႕က မွတ္တမ္းကို အခ်ိဳးဖ်က္မခံရဘဲ တစ္ဦးတည္း က်န္ေနခဲ့တဲ့ တိုက္စစ္မႉးေဟာင္း အန္ဒီ ကိုးလ္က သူ႔ရဲ႕ အင္စတာဂရမ္မွာ ထူးျခားေကာင္းမြန္တဲ့သူလို႔ Opta မွတ္တမ္းနဲ႔အတူ ခ်ီးက်ဴး။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေျခစြမ္းျပန္ျပေနတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို အိုးလ္ထရက္ဖို႔ဒ္မွာ ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔အတြက္ ရႈံးနိမ့္သြားခဲ့ၿပီလို႔ ဝန္ခံလိုက္ၿပီး သူ႔ကို ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္၊ ပီအက္စ္ဂ်ီနဲ႔ ဂ်ဴဗင္တပ္စ္ အသင္းေတြက ေခၚယူသြားဖို႔ ေအးဂ်င့္ ႐ိုင္ယိုလာကေန ခ်ိတ္ဆက္ေနၾက။

– အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားဟာ ထူးျခားေကာင္းမြန္တဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး စိတ္ပ်က္စရာ ေႏြရာသီျဖစ္ရပ္ေတြကေန အေကာင္းဆုံး ျပန္လာႏိုင္ခဲ့သလို အသင္းကိုလည္း ဦးေဆာင္မႈေပးၿပီး ေမာင္းႏွင္ေနခဲ့တာဟာ ခ်ီးက်ဴးစရာျဖစ္တယ္လို႔ မန္ခ်က္စတာ ယူႏိုက္တက္ကြင္းလယ္လူေဟာင္း လီးရွာ့ပ္ ေျပာၾကား။

– အသင္းရဲ႕ တိုက္စစ္မႉး ဆြန္ေဟာင္မင္ဟာ ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ ပင္နယ္တီ တစ္လုံးမွ မပါဘဲ ရပ္တည္ေနသူ ျဖစ္ၿပီး တခ်ိဳ႕ကစားသမားေတြလို ပင္နယ္တီထိုင္သြင္းၿပီး ဒီေနရာ ေရာက္ေနတာ မဟုတ္ဘူး (ဟာရီကိန္းကို ေျပာတာလည္း မဟုတ္ဘူး)လို႔ ေမာ္ရင္ညိဳက ေျပာၾကားလိုက္ၿပီး အသင္းေဟာင္း ယူႏိုက္တက္နဲ႔ ေျခစြမ္းျပေနတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ကို တိုက္ခိုက္သြားခဲ့။

– ေႏြရာသီမွာ ေဒါ့မြန္အသင္းဆီကေန ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူမယ္ဆိုတဲ့ အစီအစဥ္ကို ျပန္စဥ္းစားဖို႔ မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြက သတိေပးလိုက္ၿပီး သူတို႔ေတြအေနနဲ႔ အဂၤလန္ေတာင္ပံသမားကို အလိုမရွိေတာ့သလို ဂိုးသြင္းေကာင္းတဲ့ အာလင္း ဟားလန္းကိုပဲ သူ႔အစား ေခၚယူဖို႔ ေတာင္းဆိုေနၾက။

– လီဗာပူးလ္ကစားသမားေဟာင္းအေနနဲ႔ ေျပာဖို႔ ခက္ခဲတဲ့ စကားျဖစ္ေပမယ့္လည္း ေျပာရေတာ့မယ္လို႔ ကြင္းလယ္လူေဟာင္း ဒန္နီ မာဖီက စကားပလႅင္ခံလိုက္ၿပီး မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ အရင္လိုမ်ိဳး ခ်န္ပီယံဆုအတြက္ ျပန္လည္ၿပိဳင္ဆိုင္ႏိုင္တာကို ႀကိဳဆိုေၾကာင္း ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.