Premier League Transfer News

နောက်ဆုံးရ ညပိုင်း မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်လ်ဂျီယမ်တောင်ပံကစားသမား အီဒင် ဟာဇတ်ကို စောင့်ကြည့်နေပြီး ဆွန်ဟောင်မင်ကို စောင့်ကြည့်နေတဲ့ စပိန်ချန်ပီယံအသင်းရဲ့ လုပ်ဆောင်မှုအပေါ် မူတည်ကြိုးစားဖွယ်ရှိ။

– အသင်းရဲ့ အားကိုးမရတော့လို့ ဂျာအို ကန်ဆယ်လိုကိုပါ နေရာပြောင်းကစားခိုင်းနေရတဲ့ ဘယ်နောက်ခံလူနေရာအတွက် အဲဗာတန်အသင်းရဲ့ ပြင်သစ်နောက်ခံလူ လူကာ ဒီညီကို မန်ချက်စတာစီးတီးအသင်းက ခေါ်ယူလိုနေပြီး စာချုပ်သစ်မချုပ်ခင် လက်ဦးမှုရယူနိုင်ဖို့ ချိတ်ဆက်နေ။

– အသက်အရွယ်နဲ့ ဒဏ်ရာတွေက သိပ်ပြီး လိုက်လျောညီထွေ မရှိတော့ဘဲ ကြံ့ခိုင်မှု နည်းပါးနေလို့ စာချုပ်သက်တမ်း မတိုးဖို့ များနေတဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့ နေရာအတွက် တော့တင်ဟမ် ဟော့စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကိုပဲ ဦးစားပေး ပစ်မှတ်အဖြစ် စီးတီးတို့ ကမ်းလှမ်းသွားဖွယ်ရှိနေ။

– လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမယ့် လီယွန်နယ် မက်ဆီအနေနဲ့ ကမ်းလှမ်းမှု ၄ ခု ရရှိထားနိုင်ပြီး မန်ချက်စတာစီးတီးအသင်းအပြင် ပီအက်စ်ဂျီ၊ မေဂျာလိဂ်နဲ့ ဘာစီလိုနာဥက္ကဌသစ်ဖြစ်လာနိုင်တဲ့သူတစ်ဦးဦးရဲ့ ဆွဲဆောင်စည်းရုံးမှုတွေ ဖြစ်ကြောင်း စပိန်သတင်းဌာန Sport ရေးသား။

– အသင်းကနေ အဂွေရိုကို စာချုပ်သက်တမ်း မတိုးဖို့ နီးစပ်နေသလို လာမယ့်နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့်သူတစ်ဦးဖြစ်တဲ့ လက်ရှိ အသင်းခေါင်းဆောင် ဘရာဇီးလ်ကွင်းလယ်လူ ဖာနန်ဒင်ညိုကိုလည်း ရာသီကုန်မှာ ထွက်ခွာခွင့်ပြုသွားဖွယ်ရှိပြီး လူငယ်ကွင်းလယ် အဖျက်ကစားသမားတွေကို ခေါ်ယူဖွယ်ရှိနေ။

– မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းက ထွက်ခွာဖြစ်ခဲ့ရင် သူ့ရဲ့ သိပ်မကျန်တော့တဲ့ ကစားသမားဘဝအတွက် ချန်ပီယံဆုကို အာမခံချက် ပေးနိုင်မယ့် အသင်းမျိုးတွေကိုပဲ ပြောင်းရွှေ့သွားမယ်လို့ နီးစပ်ရာ အသိုင်းအဝိုင်းက ထုတ်ဖော်ခဲ့ပြီး မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ပဲ ယှဉ်ပြိုင်ရနိုင်။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘယ်နောက်ခံလူနေရာအတွက် တန်းဝင်ပြီး ပုံစံကောင်းရနေတဲ့ ကစားသမားမျိုးကို အလိုရှိနေပြီး အဲဗာတန်ရဲ့ လူကာ ဒီညီကို စောင့်ကြည့်နေသလို တခြားပစ်မှတ်အဖြစ် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်နောက်ခံလူ ရီနန် လိုဒီကိုလည်း ချိတ်ဆက်နေ။

– ချဲလ်ဆီးအသင်းနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားရမယ့် တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းအနေနဲ့ အိမ်ရှင်တွေကို နှစ်ဂိုး-ဂိုးမရှိနဲ့ သွားရောက်အနိုင်ယူနိုင်လိမ့်မယ်လို့ ဘီဘီစီရဲ့ လော်ရိုက ခန့်မှန်းလိုက်ပြီး ခံစစ်ပိုင်းမှာ တိုးတက်လာခဲ့တဲ့ ဂွါဒီယိုလာရဲ့အသင်းကိုလည်း ချီးကျူးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းနည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဘယ္လ္ဂ်ီယမ္ေတာင္ပံကစားသမား အီဒင္ ဟာဇတ္ကို ေစာင့္ၾကည့္ေနၿပီး ဆြန္ေဟာင္မင္ကို ေစာင့္ၾကည့္ေနတဲ့ စပိန္ခ်န္ပီယံအသင္းရဲ႕ လုပ္ေဆာင္မႈအေပၚ မူတည္ႀကိဳးစားဖြယ္ရွိ။

– အသင္းရဲ႕ အားကိုးမရေတာ့လို႔ ဂ်ာအို ကန္ဆယ္လိုကိုပါ ေနရာေျပာင္းကစားခိုင္းေနရတဲ့ ဘယ္ေနာက္ခံလူေနရာအတြက္ အဲဗာတန္အသင္းရဲ႕ ျပင္သစ္ေနာက္ခံလူ လူကာ ဒီညီကို မန္ခ်က္စတာစီးတီးအသင္းက ေခၚယူလိုေနၿပီး စာခ်ဳပ္သစ္မခ်ဳပ္ခင္ လက္ဦးမႈရယူႏိုင္ဖို႔ ခ်ိတ္ဆက္ေန။

– အသက္အ႐ြယ္နဲ႔ ဒဏ္ရာေတြက သိပ္ၿပီး လိုက္ေလ်ာညီေထြ မရွိေတာ့ဘဲ ႀကံ့ခိုင္မႈ နည္းပါးေနလို႔ စာခ်ဳပ္သက္တမ္း မတိုးဖို႔ မ်ားေနတဲ့ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုရဲ႕ ေနရာအတြက္ ေတာ့တင္ဟမ္ ေဟာ့စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကိုပဲ ဦးစားေပး ပစ္မွတ္အျဖစ္ စီးတီးတို႔ ကမ္းလွမ္းသြားဖြယ္ရွိေန။

– လာမယ့္ ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ရမယ့္ လီယြန္နယ္ မက္ဆီအေနနဲ႔ ကမ္းလွမ္းမႈ ၄ ခု ရရွိထားႏိုင္ၿပီး မန္ခ်က္စတာစီးတီးအသင္းအျပင္ ပီအက္စ္ဂ်ီ၊ ေမဂ်ာလိဂ္နဲ႔ ဘာစီလိုနာဥကၠဌသစ္ျဖစ္လာႏိုင္တဲ့သူတစ္ဦးဦးရဲ႕ ဆြဲေဆာင္စည္း႐ုံးမႈေတြ ျဖစ္ေၾကာင္း စပိန္သတင္းဌာန Sport ေရးသား။

– အသင္းကေန အေဂြ႐ိုကို စာခ်ဳပ္သက္တမ္း မတိုးဖို႔ နီးစပ္ေနသလို လာမယ့္ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးမယ့္သူတစ္ဦးျဖစ္တဲ့ လက္ရွိ အသင္းေခါင္းေဆာင္ ဘရာဇီးလ္ကြင္းလယ္လူ ဖာနန္ဒင္ညိဳကိုလည္း ရာသီကုန္မွာ ထြက္ခြာခြင့္ျပဳသြားဖြယ္ရွိၿပီး လူငယ္ကြင္းလယ္ အဖ်က္ကစားသမားေတြကို ေခၚယူဖြယ္ရွိေန။

– မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းက ထြက္ခြာျဖစ္ခဲ့ရင္ သူ႔ရဲ႕ သိပ္မက်န္ေတာ့တဲ့ ကစားသမားဘဝအတြက္ ခ်န္ပီယံဆုကို အာမခံခ်က္ ေပးႏိုင္မယ့္ အသင္းမ်ိဳးေတြကိုပဲ ေျပာင္းေ႐ႊ႕သြားမယ္လို႔ နီးစပ္ရာ အသိုင္းအဝိုင္းက ထုတ္ေဖာ္ခဲ့ၿပီး မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီတို႔ပဲ ယွဥ္ၿပိဳင္ရႏိုင္။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဘယ္ေနာက္ခံလူေနရာအတြက္ တန္းဝင္ၿပီး ပုံစံေကာင္းရေနတဲ့ ကစားသမားမ်ိဳးကို အလိုရွိေနၿပီး အဲဗာတန္ရဲ႕ လူကာ ဒီညီကို ေစာင့္ၾကည့္ေနသလို တျခားပစ္မွတ္အျဖစ္ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ဘရာဇီးလ္ေနာက္ခံလူ ရီနန္ လိုဒီကိုလည္း ခ်ိတ္ဆက္ေန။

– ခ်ဲလ္ဆီးအသင္းနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ယွဥ္ၿပိဳင္ကစားရမယ့္ တနဂၤေႏြေန႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အိမ္ရွင္ေတြကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ သြားေရာက္အႏိုင္ယူႏိုင္လိမ့္မယ္လို႔ ဘီဘီစီရဲ႕ ေလာ္႐ိုက ခန႔္မွန္းလိုက္ၿပီး ခံစစ္ပိုင္းမွာ တိုးတက္လာခဲ့တဲ့ ဂြါဒီယိုလာရဲ႕အသင္းကိုလည္း ခ်ီးက်ဴးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.