Match Report Premier League

စနေနေ့မှာ အိမ်ကွင်းနိုင်ပွဲနဲ့ တတိယနေရာကို ပြန်လည်သိမ်းပိုက်တဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ကွင်းလယ်ကို စိုးမိုးနိုင်ဖို့ ဟွိုင်ဘယာ့ဂ်ကို ဟာရီဝင့်ခ်စ်နဲ့ တွဲပေးခဲ့တဲ့အပြင် ဘေးလ်လိုမျိုး နာမည်မကြီးပေမယ့် အသင်းရဲ့ တိုက်စစ်ကို ဟန်ချက်ညီအောင် ကူညီလေ့ရှိတဲ့ တောင်ပံကစားသမား ဘာ့ဂ်ဗိန်းကို ပြန်လည်သုံးစွဲလာခဲ့ပြီး ပရိသတ်တွေအတွက်တော့ အိမ်ကွင်းမှာ ကျေနပ်စရာ ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်း ၁၅ မိနစ်လောက်အတွင်းမှာ စပါးစ်တို့ အထနှေးခဲ့တာကို အခွင့်ကောင်းယူပြီး လိဒ်စ်တို့ ထိုးဖောက်ခဲ့ပြီး အခွင့်အရေးတွေကို ဘမ်ဖို့ဒ်တို့အုပ်စု ဖြုန်းတီးပစ်ခဲ့တာက ဒီပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့သလို နောက်ပိုင်းမှာတော့ ဆွန်၊ ကိန်း၊ ဘာ့ဂ်ဗိန်းတို့ ပြန်ပြီး အရှိန်ရလာချိန်မှာတော့ ပွဲက အိမ်ရှင်တွေဘက်ကို ရောက်လာခဲ့ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုးရခဲ့ပြီး ဂိုးသမား မေလီယေး လူပေးမှားရာကနေ ဘောလုံးရသွားတဲ့ ဘာ့ဂ်ဗိန်းကို အာလီယော့စကီး ဖျက်တာ ကြမ်းခဲ့လို့ ပေးခဲ့ရတဲ့ ပင်နယ်တီကို တိုက်စစ်မှူး ဟာရီကိန်းက ဂိုးရဲ့ အလယ်တည့်တည့်ကို ကန်သွင်းပြီး အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ကိန်းနဲ့ ဘာ့ဂ်ဗိန်းတို့ အခွင့်အရေးတွေ ရပေမယ့်လည်း ဖြုန်းတီးပစ်ခဲ့တာကြောင့် ဂိုးထပ်မရဘဲဖြစ်နေခဲ့ပြီးမှ ပွဲချိန် ၄၂ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ကိန်းရဲ့ ဖြတ်တင်ဘောကို ဆွန်ဟောင်မင်က လိဒ်စ်ရဲ့ အေးလင်းနဲ့ ဒဲလတ်စ်တို့ရဲ့ကြားက ပေးထွက်ပြီး အနီးကပ်ပိတ်သွင်းနိုင်ခဲ့လို့ ပထမပိုင်းကို စပါးစ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒီနေ့ပွဲမှာ လိဒ်စ်ရဲ့ ဂိုးသမားလေး မေလီယေး လက်စွမ်းပြနိုင်ခဲ့လို့ ဂိုးအများကြီး မပေးခဲ့ရတာဖြစ်ပြီး ပွဲချိန် ၄၉ မိနစ်မှာလည်း အန်ဒွမ်ဘီလီရဲ့ အနီးကပ်ကန်ချက်ကို ပုတ်ထုတ်ခဲ့သလို ဒီကရတဲ့ ထောင့်ကန်ဘောကိုတော့ ဆွန်ကန်ပို့ရာမှာ အယ်လ်ဒါဝီရယ်လ်က ခေါင်းတိုက်သွင်းခဲ့ရာမှာတော့ ကာကွယ်မှုက ဂိုးထဲ ဝင်သွားခဲ့လို့ စပါးစ်တို့ တတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာလည်း စပါးစ်တို့ပဲ ဖိကစားခဲ့ပြီး ဆွန်၊ ကိန်း၊ ဘာ့ဂ်ဗိန်းတို့ရဲ့ ကန်သွင်းမှုတွေကို ဂိုးသမားနဲ့ နောက်တန်းတွေ ပိတ်ဆို့ ကာကွယ်သွားနိုင်ခဲ့တာကြောင့် ဂိုးထပ်မရတော့ဘဲ နာကျင်အချိန်ပို ၂ မိနစ်မှာတော့ အသင်းပြောင်းလာပြီး ရုန်းကန်နေရတဲ့ အာဆင်နယ်ပရိသတ် နောက်ခံလူ ဒိုဟာတီ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရလို့ လက်ကျန် ၂ မိနစ်ကို ၁၀ ယောက်နဲ့ ကုန်ဆုံးခဲ့ရပါတယ်။

အိမ်ကွင်းမှာ ကစားရမလွယ်တဲ့ နည်းပြကောင်း ဘီယယ်လ်ဆာရဲ့ လိဒ်စ်ကို အနိုင်ယူခဲ့ပြီး သုံးမှတ်ရှာဖွေနိုင်ခဲ့တဲ့ မော်ရင်ညိုရဲ့ လူတွေအနေနဲ့တော့ ဒီနေ့ပွဲတွေ ကစားပြီးချိန်မှာ မနေ့က ခြေချော်တဲ့ အဲဗာတန်ကို ကျော်တက်ပြီး လက်စတာ၊ ချဲလ်ဆီး၊ မန်စီးတီးတို့ မကစားခင်မှာ တတိယနေရာကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သလို ချန်ပီယံပြေးလမ်းပေါ်ကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ ကြင္းလယ္ကို စိုးမိုးႏိုင္ဖို႔ ဟြိဳင္ဘယာ့ဂ္ကို ဟာရီဝင့္ခ္စ္နဲ႔ တြဲေပးခဲ့တဲ့အျပင္ ေဘးလ္လိုမ်ိဳး နာမည္မႀကီးေပမယ့္ အသင္းရဲ႕ တိုက္စစ္ကို ဟန္ခ်က္ညီေအာင္ ကူညီေလ့ရွိတဲ့ ေတာင္ပံကစားသမား ဘာ့ဂ္ဗိန္းကို ျပန္လည္သုံးစြဲလာခဲ့ၿပီး ပရိသတ္ေတြအတြက္ေတာ့ အိမ္ကြင္းမွာ ေက်နပ္စရာ ရလဒ္ကို ရယူႏိုင္ခဲ့ပါတယ္။

ပထမပိုင္း ၁၅ မိနစ္ေလာက္အတြင္းမွာ စပါးစ္တို႔ အထေႏွးခဲ့တာကို အခြင့္ေကာင္းယူၿပီး လိဒ္စ္တို႔ ထိုးေဖာက္ခဲ့ၿပီး အခြင့္အေရးေတြကို ဘမ္ဖို႔ဒ္တို႔အုပ္စု ျဖဳန္းတီးပစ္ခဲ့တာက ဒီပြဲရဲ႕ အလွည့္အေျပာင္းျဖစ္ခဲ့သလို ေနာက္ပိုင္းမွာေတာ့ ဆြန္၊ ကိန္း၊ ဘာ့ဂ္ဗိန္းတို႔ ျပန္ၿပီး အရွိန္ရလာခ်ိန္မွာေတာ့ ပြဲက အိမ္ရွင္ေတြဘက္ကို ေရာက္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ စပါးစ္တို႔ အဖြင့္ဂိုးရခဲ့ၿပီး ဂိုးသမား ေမလီေယး လူေပးမွားရာကေန ေဘာလုံးရသြားတဲ့ ဘာ့ဂ္ဗိန္းကို အာလီေယာ့စကီး ဖ်က္တာ ၾကမ္းခဲ့လို႔ ေပးခဲ့ရတဲ့ ပင္နယ္တီကို တိုက္စစ္မႉး ဟာရီကိန္းက ဂိုးရဲ႕ အလယ္တည့္တည့္ကို ကန္သြင္းၿပီး အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ ကိန္းနဲ႔ ဘာ့ဂ္ဗိန္းတို႔ အခြင့္အေရးေတြ ရေပမယ့္လည္း ျဖဳန္းတီးပစ္ခဲ့တာေၾကာင့္ ဂိုးထပ္မရဘဲျဖစ္ေနခဲ့ၿပီးမွ ပြဲခ်ိန္ ၄၂ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ကိန္းရဲ႕ ျဖတ္တင္ေဘာကို ဆြန္ေဟာင္မင္က လိဒ္စ္ရဲ႕ ေအးလင္းနဲ႔ ဒဲလတ္စ္တို႔ရဲ႕ၾကားက ေပးထြက္ၿပီး အနီးကပ္ပိတ္သြင္းႏိုင္ခဲ့လို႔ ပထမပိုင္းကို စပါးစ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒီေန႔ပြဲမွာ လိဒ္စ္ရဲ႕ ဂိုးသမားေလး ေမလီေယး လက္စြမ္းျပႏိုင္ခဲ့လို႔ ဂိုးအမ်ားႀကီး မေပးခဲ့ရတာျဖစ္ၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာလည္း အန္ဒြမ္ဘီလီရဲ႕ အနီးကပ္ကန္ခ်က္ကို ပုတ္ထုတ္ခဲ့သလို ဒီကရတဲ့ ေထာင့္ကန္ေဘာကိုေတာ့ ဆြန္ကန္ပို႔ရာမွာ အယ္လ္ဒါဝီရယ္လ္က ေခါင္းတိုက္သြင္းခဲ့ရာမွာေတာ့ ကာကြယ္မႈက ဂိုးထဲ ဝင္သြားခဲ့လို႔ စပါးစ္တို႔ တတိယဂိုး ထပ္မံရရွိခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာလည္း စပါးစ္တို႔ပဲ ဖိကစားခဲ့ၿပီး ဆြန္၊ ကိန္း၊ ဘာ့ဂ္ဗိန္းတို႔ရဲ႕ ကန္သြင္းမႈေတြကို ဂိုးသမားနဲ႔ ေနာက္တန္းေတြ ပိတ္ဆို႔ ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ဂိုးထပ္မရေတာ့ဘဲ နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ အသင္းေျပာင္းလာၿပီး ႐ုန္းကန္ေနရတဲ့ အာဆင္နယ္ပရိသတ္ ေနာက္ခံလူ ဒိုဟာတီ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရလို႔ လက္က်န္ ၂ မိနစ္ကို ၁၀ ေယာက္နဲ႔ ကုန္ဆုံးခဲ့ရပါတယ္။

အိမ္ကြင္းမွာ ကစားရမလြယ္တဲ့ နည္းျပေကာင္း ဘီယယ္လ္ဆာရဲ႕ လိဒ္စ္ကို အႏိုင္ယူခဲ့ၿပီး သုံးမွတ္ရွာေဖြႏိုင္ခဲ့တဲ့ ေမာ္ရင္ညိဳရဲ႕ လူေတြအေနနဲ႔ေတာ့ ဒီေန႔ပြဲေတြ ကစားၿပီးခ်ိန္မွာ မေန႔က ေျခေခ်ာ္တဲ့ အဲဗာတန္ကို ေက်ာ္တက္ၿပီး လက္စတာ၊ ခ်ဲလ္ဆီး၊ မန္စီးတီးတို႔ မကစားခင္မွာ တတိယေနရာကို သိမ္းပိုက္ႏိုင္ခဲ့ၿပီျဖစ္သလို ခ်န္ပီယံေျပးလမ္းေပၚကို ျပန္လည္တက္လွမ္းလာႏိုင္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.