Premier League Transfer News

2 Jan ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းက ချိတ်ဆက်နေတဲ့ နောက်ခံလူ ဆဗင် ဘော့တ်မန်ရဲ့ လိုင်လီအသင်းဖော် ဂျိုဆေး ဖွန်တေကတော့ တစ်နှစ်အတွင်း နောက်ထပ်တွဲဖက်တစ်ဦးကို ဆုံးရှုံးတော့မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပြီး သူ့အနေနဲ့ ဘာပဲဖြစ်ဖြစ် နောက်ထပ်တစ်ယောက်ကို ကူညီပေးသွားဖို့ အဆင်သင့်လို့ ဆောက်သမ်တန်နောက်ခံလူဟောင်းက ဖြည့်စွက်သွား။

– အန်းဖီးလ်မှာ မပျော်တော့ဘူးလို့ ဆိုနေတဲ့ မိုဟာမက် ဆာလားရဲ့ အကြောင်းပြချက်က တခြားအကြောင်းအရာတွေသာဖြစ်ပြီး အမြဲတမ်း ပြိုင်ဆိုင်နေခဲ့ကြတဲ့ ဆီနီဂေါတောင်ပံကစားသမား ဆာဒီယို မာနေးကြောင့် မဟုတ်ဘူးလို့ အီဂျစ်သားရဲ့ မိတ်ဆွေ လက်ရွေးစင်ဟောင်း အဘူထရီကာ ထုတ်ဖော်ပြောကြား။

– လီဗာပူးလ်အသင်းရဲ့ လူစာရင်းထဲကို မကြာခင် အချိန်အတွင်းမှာ ပြန်လည်ရောက်ရှိလာနိုင်တဲ့ ပေါင်သန်း ၄၀ တန် တိုက်စစ်မှူး ဒီယိုဂို ဂျိုတာက သူ့အနေနဲ့ အကြိုက်ဆုံးကစားကွက်ဖြစ်တဲ့ မာနေး၊ ဆာလား၊ ဖာမီနိုတို့နဲ့အတူ တိုက်စစ်မှာ လေးယောက်တွဲကစားခွင့်ရဖို့ နည်းပြ ယာဂန် ကလော့ပ်ကို တောင်းဆိုသွားမယ်လို့ဆို။

– ၂၀၂၁ ခုနှစ်ဟာ လီဗာပူးလ်ကွင်းလယ်လူ နာဘီ ကီးတားအတွက်တော့ Do or Die လုပ်ရမယ့် နှစ်တစ်နှစ်ဖြစ်ပြီး RB လိုက်ပ်ဇစ်ကနေ ပြောင်းရွှေ့လာကတည်းက ဒဏ်ရာမကြာခဏရနေတဲ့ ဂီနီလက်ရွေးစင်ကို ပရိသတ်တွေက စိတ်မရှည်တော့တဲ့အတွက် ကြံ့ခိုင်မှု ပြန်ရင်ရ၊ မရရင် အသင်းက ထွက်ခွာရဖို့ ရှိနေ။

– ပရိသတ်တွေကြားထဲမှာ အသင်းရဲ့ နောက်ခံလူသစ်အတွက်တော့ အမြင်နှစ်မျိုးရှိနေကြပြီး တချို့က ဆဗင် ဘော့တ်မန်အတွက် စိတ်လှုပ်ရှားနေပြီး ဗန်ဒိုက်ကို ဆက်ခံမယ့်သူအဖြစ် ကြိုဆိုနေချိန်မှာ တချို့ကတော့ တိုရီနိုရဲ့ ဂလေးဆန် ဘရီမာကို ခေါ်ယူပေးဖို့ တောင်းဆိုနေကြ။

– လီဗာပူးလ်အသင်းကို သူတို့ စိတ်ဝင်စားနေခဲ့တဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ် အလာဘာရောက်လာဖို့ မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပြီး တီမို ဗာနာ ရောက်မလာခဲ့သလိုမျိုး တခြားက ကြီးမားတဲ့ ဆွဲဆောင်မှုတွေနောက် ပါသွားဖို့ ရှိနေတယ်လို့ မှတ်ချက်ပြုခဲ့ကြ။

– လာမယ့် ၂၀၂၂ နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် ပီအက်စ်ဂျီရှေ့တန်းလူ ခိုင်လျန် အမ်ဘာပေအနေနဲ့ ဒီနွေရာသီမှာ စာချုပ်သစ်ကို သက်တမ်းမတိုးနိုင်ရင် သူ့ရဲ့ ဈေးကွက်ပေါက်ဈေးက သိသိသာသာ လျော့ကျသွားမှာဖြစ်လို့ လီဗာပူးလ်အသင်းအနေနဲ့ ကာလကြာရှည် ပစ်မှတ်ထားခဲ့တဲ့သူ့ကို အခွင့်ကောင်းယူပြီး ခေါ်ယူဖို့ လုပ်ဆောင်ဖွယ်ရှိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းက ခ်ိတ္ဆက္ေနတဲ့ ေနာက္ခံလူ ဆဗင္ ေဘာ့တ္မန္ရဲ႕ လိုင္လီအသင္းေဖာ္ ဂ်ိဳေဆး ဖြန္ေတကေတာ့ တစ္ႏွစ္အတြင္း ေနာက္ထပ္တြဲဖက္တစ္ဦးကို ဆုံးရႈံးေတာ့မယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး သူ႔အေနနဲ႔ ဘာပဲျဖစ္ျဖစ္ ေနာက္ထပ္တစ္ေယာက္ကို ကူညီေပးသြားဖို႔ အဆင္သင့္လို႔ ေဆာက္သမ္တန္ေနာက္ခံလူေဟာင္းက ျဖည့္စြက္သြား။

– အန္းဖီးလ္မွာ မေပ်ာ္ေတာ့ဘူးလို႔ ဆိုေနတဲ့ မိုဟာမက္ ဆာလားရဲ႕ အေၾကာင္းျပခ်က္က တျခားအေၾကာင္းအရာေတြသာျဖစ္ၿပီး အၿမဲတမ္း ၿပိဳင္ဆိုင္ေနခဲ့ၾကတဲ့ ဆီနီေဂါေတာင္ပံကစားသမား ဆာဒီယို မာေနးေၾကာင့္ မဟုတ္ဘူးလို႔ အီဂ်စ္သားရဲ႕ မိတ္ေဆြ လက္ေ႐ြးစင္ေဟာင္း အဘူထရီကာ ထုတ္ေဖာ္ေျပာၾကား။

– လီဗာပူးလ္အသင္းရဲ႕ လူစာရင္းထဲကို မၾကာခင္ အခ်ိန္အတြင္းမွာ ျပန္လည္ေရာက္ရွိလာႏိုင္တဲ့ ေပါင္သန္း ၄၀ တန္ တိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာက သူ႔အေနနဲ႔ အႀကိဳက္ဆုံးကစားကြက္ျဖစ္တဲ့ မာေနး၊ ဆာလား၊ ဖာမီႏိုတို႔နဲ႔အတူ တိုက္စစ္မွာ ေလးေယာက္တြဲကစားခြင့္ရဖို႔ နည္းျပ ယာဂန္ ကေလာ့ပ္ကို ေတာင္းဆိုသြားမယ္လို႔ဆို။

– ၂၀၂၁ ခုႏွစ္ဟာ လီဗာပူးလ္ကြင္းလယ္လူ နာဘီ ကီးတားအတြက္ေတာ့ Do or Die လုပ္ရမယ့္ ႏွစ္တစ္ႏွစ္ျဖစ္ၿပီး RB လိုက္ပ္ဇစ္ကေန ေျပာင္းေ႐ႊ႕လာကတည္းက ဒဏ္ရာမၾကာခဏရေနတဲ့ ဂီနီလက္ေ႐ြးစင္ကို ပရိသတ္ေတြက စိတ္မရွည္ေတာ့တဲ့အတြက္ ႀကံ့ခိုင္မႈ ျပန္ရင္ရ၊ မရရင္ အသင္းက ထြက္ခြာရဖို႔ ရွိေန။

– ပရိသတ္ေတြၾကားထဲမွာ အသင္းရဲ႕ ေနာက္ခံလူသစ္အတြက္ေတာ့ အျမင္ႏွစ္မ်ိဳးရွိေနၾကၿပီး တခ်ိဳ႕က ဆဗင္ ေဘာ့တ္မန္အတြက္ စိတ္လႈပ္ရွားေနၿပီး ဗန္ဒိုက္ကို ဆက္ခံမယ့္သူအျဖစ္ ႀကိဳဆိုေနခ်ိန္မွာ တခ်ိဳ႕ကေတာ့ တိုရီႏိုရဲ႕ ဂေလးဆန္ ဘရီမာကို ေခၚယူေပးဖို႔ ေတာင္းဆိုေနၾက။

– လီဗာပူးလ္အသင္းကို သူတို႔ စိတ္ဝင္စားေနခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္ အလာဘာေရာက္လာဖို႔ မျဖစ္ႏိုင္ဘူးလို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ေနၾကၿပီး တီမို ဗာနာ ေရာက္မလာခဲ့သလိုမ်ိဳး တျခားက ႀကီးမားတဲ့ ဆြဲေဆာင္မႈေတြေနာက္ ပါသြားဖို႔ ရွိေနတယ္လို႔ မွတ္ခ်က္ျပဳခဲ့ၾက။

– လာမယ့္ ၂၀၂၂ ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးမယ့္ ပီအက္စ္ဂ်ီေရွ႕တန္းလူ ခိုင္လ်န္ အမ္ဘာေပအေနနဲ႔ ဒီေႏြရာသီမွာ စာခ်ဳပ္သစ္ကို သက္တမ္းမတိုးႏိုင္ရင္ သူ႔ရဲ႕ ေဈးကြက္ေပါက္ေဈးက သိသိသာသာ ေလ်ာ့က်သြားမွာျဖစ္လို႔ လီဗာပူးလ္အသင္းအေနနဲ႔ ကာလၾကာရွည္ ပစ္မွတ္ထားခဲ့တဲ့သူ႔ကို အခြင့္ေကာင္းယူၿပီး ေခၚယူဖို႔ လုပ္ေဆာင္ဖြယ္ရွိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.