Premier League

ယခုလ လူစာရင်းထဲ အိုဇေးလ် ပြန်ပါလာမလား အာတီတာ ပြောလိုက်ပြီ


အာဆင်နယ်နည်းပြအာတီတာဟာ ယခုလမှာ ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးလ်ကို သင်းလူစာရင်းထဲ ပြန်ခေါ်မလားဆိုတာ မသေချာဘူးလို့ ပြောကြားခဲ့ပေမယ့် အသင်းက ၎င်းရဲ့အစီအစဉ်ထဲမှာမပါဝင်တဲ့ကစားသမားတွေရဲ့ စာချုပ်ကိုတော့ စောစောဖျက်သိမ်းမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။


အိုဇေးလ်နဲ့ ဆိုကရာတစ်တို့ဟာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ပထမရာသီဝက်အတွက် လူစာရင်းမှာ ထည့်သွင်းခြင်းမခံခဲ့ရတဲ့ကစားသမားတွေဖြစ်ကြပြီး ဘယ်ပြိုင်ပွဲမှာမှ တစ်ပွဲတောင် ပါဝင်ကစားပေးရခြင်း မရှိကြသေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ဇူလိုင်လမှာ ပေါင် ၂၇ သန်းနဲ့ စိန့်အက်တီယန်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဆလီဘာကလည်း ပထမအသင်းမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ခြင်းမရှိဘဲ နည်းပြအာတီတာက ယခုလအပြောင်းအရွှေ့ကာလမှာ လူပိုဖြစ်နေတဲ့ကစားသမားတွေ ထွက်ခွာသွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းက ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အိုဇေးလ်နဲ့ ဆိုကရာတစ်တို့လို ကစားသမားတွေရဲ့ စာချုပ်ကို စောစောစီးစီးဖျက်သိမ်းဖွယ်ရှိလားလို့ မေးမြန်းခဲ့ရာမှာ အာတီတာက အခုလိုပဲ ပြန်လည်ပြောကြားခဲ့ပါတယ်။


“ခင်ဗျား ကစားသမားရဲ့စာချုပ်တွေကို လေးစားရပါမယ်။ ခင်ဗျား လုပ်နိုင်တာက သူတို့နဲ့ ပွင့်ပွင့်လင်းလင်းပဲ ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ပြောပြပါတယ်။ အသင်းမှာရှိနေတဲ့ သူတို့ရဲ့ အခန်းကဏ္ဍနဲ့ ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတာကိပေါ့။ သူတို့တွေက သူတို့ဘဝတွေအတွက် ဆုံးဖြတ်ချက်ချမှတ်ဖို့ အထူးအခွင့်အရေးရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ဒီမှာ စာချုပ်ချုပ်ဆိုထားလို့ပါ”

“တချို့ကတော့ ပြောင်းရွှေ့ချင်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ မကစားရလို့ပါ။ တချို့ကျတော့လည်း ဆက်နေချင်တယ်။ အဲဒါက ကျွန်တော်တို့ ကိုယ်တိုင် ဆုံးဖြတ်ချက်ချလို့မရနိုင်တဲ့အရာတွေပါ”

အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ရရှိနေတဲ့ အိုဇေးလ်ကိုရော ယခုလ ၎င်းရဲ့အသင်းလူစာရင်းထဲမှာ အံ့အားသင့်ဖွယ် ပြန်လည်ထည့်သွင်းသွားမလားလို့ မေးမြန်းခဲ့ရာမှာ “ကျွန်တော်တို့ အပြောင်းအရွှေ့စျေးကွက်မှာ ဘာတွေဖြစ်လာမလဲ ကြည့်ကြတာပေ့ါ။ အဲဒါပြီးရင်တော့ ကျွန်တော်တို့ အကဲဖြတ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နည္းျပအာတီတာဟာ ယခုလမွာ ဂ်ာမန္ကြင္းလယ္ကစားသမား အိုေဇးလ္ကို သင္းလူစာရင္းထဲ ျပန္ေခၚမလားဆိုတာ မေသခ်ာဘူးလို႔ ေျပာၾကားခဲ့ေပမယ့္ အသင္းက ၎ရဲ့အစီအစဥ္ထဲမွာမပါဝင္တဲ့ကစားသမားေတြရဲ့ စာခ်ဳပ္ကိုေတာ့ ေစာေစာဖ်က္သိမ္းမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။


အိုေဇးလ္နဲ႔ ဆိုကရာတစ္တို႔ဟာ အာဆင္နယ္အသင္းရဲ့ ပရီးမီးယားလိဂ္ ပထမရာသီဝက္အတြက္ လူစာရင္းမွာ ထည့္သြင္းျခင္းမခံခဲ့ရတဲ့ကစားသမားေတြျဖစ္ၾကၿပီး ဘယ္ၿပိဳင္ပြဲမွာမွ တစ္ပြဲေတာင္ ပါဝင္ကစားေပးရျခင္း မရွိၾကေသးတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ ဇူလိုင္လမွာ ေပါင္ ၂၇ သန္းနဲ႔ စိန႔္အက္တီယန္ကေန ေျပာင္းေရႊ႕လာခဲ့တဲ့ ဆလီဘာကလည္း ပထမအသင္းမွာ ပြဲထြက္ကစားခြင့္ရရွိခဲ့ျခင္းမရွိဘဲ နည္းျပအာတီတာက ယခုလအေျပာင္းအေရႊ႕ကာလမွာ လူပိုျဖစ္ေနတဲ့ကစားသမားေတြ ထြက္ခြာသြားလိမ့္မယ္လို႔ ေမၽွာ္လင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ အာဆင္နယ္အသင္းက ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ အိုေဇးလ္နဲ႔ ဆိုကရာတစ္တို႔လို ကစားသမားေတြရဲ့ စာခ်ဳပ္ကို ေစာေစာစီးစီးဖ်က္သိမ္းဖြယ္ရွိလားလို႔ ေမးျမန္းခဲ့ရာမွာ အာတီတာက အခုလိုပဲ ျပန္လည္ေျပာၾကားခဲ့ပါတယ္။


“ခင္ဗ်ား ကစားသမားရဲ့စာခ်ဳပ္ေတြကို ေလးစားရပါမယ္။ ခင္ဗ်ား လုပ္နိုင္တာက သူတို႔နဲ႔ ပြင့္ပြင့္လင္းလင္းပဲ ခင္ဗ်ားရဲ့ ရည္ရြယ္ခ်က္ကို ေျပာျပပါတယ္။ အသင္းမွာရွိေနတဲ့ သူတို႔ရဲ့ အခန္းက႑နဲ႔ ဘာေၾကာင့္ ဒီလိုျဖစ္ေနတာလဲဆိုတာကိေပါ့။ သူတို႔ေတြက သူတို႔ဘဝေတြအတြက္ ဆုံးျဖတ္ခ်က္ခ်မွတ္ဖို႔ အထူးအခြင့္အေရးရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ ဒီမွာ စာခ်ဳပ္ခ်ဳပ္ဆိုထားလို႔ပါ”

“တခ်ိဳ႕ကေတာ့ ေျပာင္းေရႊ႕ခ်င္ၾကတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ မကစားရလို႔ပါ။ တခ်ိဳ႕က်ေတာ့လည္း ဆက္ေနခ်င္တယ္။ အဲဒါက ကၽြန္ေတာ္တို႔ ကိုယ္တိုင္ ဆုံးျဖတ္ခ်က္ခ်လို႔မရနိုင္တဲ့အရာေတြပါ”

အသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀ ရရွိေနတဲ့ အိုေဇးလ္ကိုေရာ ယခုလ ၎ရဲ့အသင္းလူစာရင္းထဲမွာ အံ့အားသင့္ဖြယ္ ျပန္လည္ထည့္သြင္းသြားမလားလို႔ ေမးျမန္းခဲ့ရာမွာ “ကၽြန္ေတာ္တို႔ အေျပာင္းအေရႊ႕ေစ်းကြက္မွာ ဘာေတြျဖစ္လာမလဲ ၾကည့္ၾကတာေပ့ါ။ အဲဒါၿပီးရင္ေတာ့ ကၽြန္ေတာ္တို႔ အကဲျဖတ္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.