Premier League

တနင်္ဂနွေည စူပါဆန်းဒေးပွဲ ချဲလ်ဆီးနဲ့ မန်စီးတီးပွဲအတွက် မိုက်ကယ်အိုဝင်၏ အံ့အားသင့်ဖွယ် သုံးသပ်ခန့်မှန်းချက်


ချဲလ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အတွက် မန်ချက်စတာစီးတီးအသင်းကို ယခုတပတ် တနင်္ဂနွေညချမ်း ၁၁ နာရီအချိန်မှာ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။


မန်ချက်စတာ စီးတီးအသင်းဟာ ကစားသမားတွေထဲ ကိုဗစ်ပေါ့စတစ်တွေ့ရှိမှုကြောင့် အဲဗာတန်ပွဲကို မကစားရပဲ ရွေ့ဆိုင်းခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲရှုံးထားခဲ့ပြီး ၁ ပွဲ ပဲ အနိုင်ရရှိထားခဲ့ပါတယ်။


ချဲလ်ဆီးအသင်းအနေနဲ့ ကတော့ သူတို့ရဲ့ ကြယ်ပွင့်တောင်ပံ ကစားသမား ဇီးယက်ရှ် လေ့ကျင့်ခန်းဆင်းနေပြီး ယခုပွဲမှာ ပြန်ပါဝင်လာဖို့ များနေသလို ရီးစ်ဂျိမ်းကလွဲလို့ ကစားသမားတွေ အားလုံးနီးပါး ဒဏ်ရာ ကင်းစင်နေပါတယ်


မန်စီးတီးအသင်းအနေနဲ့ ပထမအကြိမ် ကိုဗစ်ပေါ့စတစ် ကစားသမား ၂ ဦး + ဝန်ထမ်း ၂ ဦးမှာ တွေ့ရှိထားပြီး ဒုတိယအကြိမ်အဖြစ် နောက်ထပ် ကစားသမား ၃ ဦးမှာ ကိုဗစ်ပေါ့စတစ်ထပ်မံ တွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် အဓိက ကစားသမား ၃ ဦး အခုပွဲကို လွဲချော်မယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာကိုယ်တိုင် ပြောကြားခဲ့ပါတယ်။


ဒီပွဲအတွက် ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ယခုလို ခန့်မှန်း သုံးသပ်ခဲ့ပါတယ်။ “ပွင့်ပွင့်လင်းလင်းပြောရရင်တော့ဗျာ အခက်အခဲတွေ အသီးသီးတွေ့ နေပြီးရုန်းကန်နေရတဲ့ ဒီအသင်းကြီး နှစ်သင်းထိပ်တိုက် တွေ့ဆုံတဲ့ ဒီပွဲကို ကျနော် ကြည့်ဖို့ မစောင့်နိုင်အောင် ဖြစ်နေမိတယ် ”


မန်စီးတီးအသင်းအနေနဲ့ ကတော့ ကစားသမားတချှိုု့မှာ ကိုဗစ်ပေါ့စတစ်တွေ့ရှိမှုကြောင့် အသင်းလူစာရင်းက တောင့်တင်းမှု လျော့ကျနေမှာ ဖြစ်ပါတယ်။
“ချဲလ်ဆီးအသင်းအနေနဲ့ ဒီအခွင့်အရေးကို အရယူပြီး သူတို့ရဲ့ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ အကောင်းဆုံးဖျော်ဖြေမှုပေးကာ ချဲလ်ဆီးအသင်းက မန်စီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားမယ်” လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ချဲလ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အတွက် မန်ချက်စတာစီးတီးအသင်းကို ယခုတပတ် တနင်္ဂနွေညချမ်း ၁၁ နာရီအချိန်မှာ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။










မန်စီးတီးအသင်းအနေနဲ့ ကတော့ ကစားသမားတချှို့မှာ ကိုဗစ်ပေါ့စတစ်တွေ့ရှိမှုကြောင့် အသင်းလူစာရင်းက တောင့်တင်းမှု လျော့ကျနေမှာ ဖြစ်ပါတယ်။
“ချဲလ်ဆီးအသင်းအနေနဲ့ ဒီအခွင့်အရေးကို အရယူပြီး သူတို့ရဲ့ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အကောင်းဆုံးဖျော်ဖြေမှုပေးကာ ချဲလ်ဆီးအသင်းက မန်စီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားမယ်” လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းလိုက်ပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.