Premier League

လုခ်ရှောကို ဒိုင်ဗင်ထိုးခိုင်းလို့မရလို့ ကိုယ်တိုင် ဒိုင်ဗင်ထိုးပြခဲ့တဲ့ ပေါ့ဂ်ဘာ


မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ အက်စ်တွန်ဗီလာအသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း အသင်းဖော် လုခ်ရှောကို ဒိုင်ဗင်ထိုးဖို့ ပြောကြားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။


ယင်းအဖြစ်အပျက်ဖြစ်ပွားခဲ့တာကတော့ တစ်ဖက် ၁ ဂိုးစီ သရေကျနေခဲ့တဲ့အချိန်မှာဖြစ်ပြီး လုခ်ရှောဟာ ပင်နယ်တီဧရိယာထဲကို ဘောလုံးနဲ့အတူ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ အက်စ်တွန်ဗီလာနောက်ခံကစားသမား မက်တီကက်ရှ်က လုခ်ရှောရဲ့ ဂိုးပေါက်ခြိမ်းခြောက်ဖို့ ကြိုးပမ်းမှုကို အမီလိုက်ပြီး ဘောလုံးကို ဖျက်ထုတ်ခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့် ကင်မရာက လုခ်ရှောကို ပင်နယ်တီဧရိယာထဲမှာ ထိတွေ့မှုဖြစ်ရင် ဒိုင်ဗင်ထိုးရမယ်ဆိုတာ မသိရကောင်းလားဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ လက်ဟန်အမူအရာ လုပ်ပြခဲ့တဲ့ ပေါ့ဂ်ဘာကို ရိုက်ကူးမိခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ပေါ့ဂ်ဘာဟာ လုခ်ရှော ဘောလုံးပျက်သွားခဲ့တဲ့နေရာမှာပဲ ဒေါက်ဂလပ်လူးဝစ်ဇ်နဲ့ ထိခိုက်မိပြီး လဲကျသွားတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက ပင်နယ်တီပြစ်ဒဏ်ဘော ကန်ခွင့်ရရှိသွားခဲ့ပါတယ်။


အက်စ်တွန်ဗီလာနည်းပြ ဒင်းစမစ်ကတော့ ပွဲအပြီးမှာ ပေါ့ဂ်ဘာရဲ့ ပင်နယ်တီကို အစတုန်းက ပြစ်ဒဏ်ဘောလို့ ထင်မြင်ခဲ့ပေမယ့် နောက်ထပ်တစ်ကြိမ် သေချာပြန်ကြည့်မိတဲ့အခါမှာ ကိုယ့်ခြေထောက်ကို ကိုယ့်ဘာသာ ခြေထိုးခံပြီး လှည့်စားသွားခဲ့တယ်ဆိုတာ သိလိုက်ရတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ယခုထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်အရ ပေါ့ဂ်ဘာဟာ ဒေါက်ဂလပ်လူးဝစ်ဇ်နဲ့ အမှန်တကယ်မထိခိုက်မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တွေးစရာဖြစ်လာပြီး လုခ်ရှောကိုများ ဒိုင်ဗင်ထိုးခိုင်းလို့မရလို့ ကိုယ်တိုင် သရုပ်ပြခဲ့လေလားလို့ တွစ်တာမှာ လူပြောများနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာဟာ အက္စ္တြန္ဗီလာအသင္းကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း အသင္းေဖာ္ လုခ္ေရွာကို ဒိုင္ဗင္ထိုးဖို႔ ေျပာၾကားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။


ယင္းအျဖစ္အပ်က္ျဖစ္ပြားခဲ့တာကေတာ့ တစ္ဖက္ ၁ ဂိုးစီ သေရက်ေနခဲ့တဲ့အခ်ိန္မွာျဖစ္ၿပီး လုခ္ေရွာဟာ ပင္နယ္တီဧရိယာထဲကို ေဘာလုံးနဲ႔အတူ ထိုးေဖာက္ဝင္ေရာက္ဖို႔ ႀကိဳးပမ္းေနခဲ့တာျဖစ္ပါတယ္။ အက္စ္တြန္ဗီလာေနာက္ခံကစားသမား မက္တီကက္ရွ္က လုခ္ေရွာရဲ့ ဂိုးေပါက္ၿခိမ္းေျခာက္ဖို႔ ႀကိဳးပမ္းမႈကို အမီလိုက္ၿပီး ေဘာလုံးကို ဖ်က္ထုတ္ခဲ့တာျဖစ္ပါတယ္။


ဒါေပမယ့္ ကင္မရာက လုခ္ေရွာကို ပင္နယ္တီဧရိယာထဲမွာ ထိေတြ႕မႈျဖစ္ရင္ ဒိုင္ဗင္ထိုးရမယ္ဆိုတာ မသိရေကာင္းလားဆိုၿပီး စိတ္ပ်က္လက္ပ်က္နဲ႔ လက္ဟန္အမူအရာ လုပ္ျပခဲ့တဲ့ ေပါ့ဂ္ဘာကို ရိုက္ကူးမိခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ ေပါ့ဂ္ဘာဟာ လုခ္ေရွာ ေဘာလုံးပ်က္သြားခဲ့တဲ့ေနရာမွာပဲ ေဒါက္ဂလပ္လူးဝစ္ဇ္နဲ႔ ထိခိုက္မိၿပီး လဲက်သြားတာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္အသင္းက ပင္နယ္တီျပစ္ဒဏ္ေဘာ ကန္ခြင့္ရရွိသြားခဲ့ပါတယ္။


အက္စ္တြန္ဗီလာနည္းၿပ ဒင္းစမစ္ကေတာ့ ပြဲအၿပီးမွာ ေပါ့ဂ္ဘာရဲ့ ပင္နယ္တီကို အစတုန္းက ျပစ္ဒဏ္ေဘာလို႔ ထင္ျမင္ခဲ့ေပမယ့္ ေနာက္ထပ္တစ္ႀကိမ္ ေသခ်ာျပန္ၾကည့္မိတဲ့အခါမွာ ကိုယ့္ေျခေထာက္ကို ကိုယ့္ဘာသာ ေျခထိုးခံၿပီး လွည့္စားသြားခဲ့တယ္ဆိုတာ သိလိုက္ရတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ယခုထြက္ေပၚလာတဲ့ ဗီဒီယိုဖိုင္အရ ေပါ့ဂ္ဘာဟာ ေဒါက္ဂလပ္လူးဝစ္ဇ္နဲ႔ အမွန္တကယ္မထိခိုက္မိတာလည္း ျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ ေတြးစရာျဖစ္လာၿပီး လုခ္ေရွာကိုမ်ား ဒိုင္ဗင္ထိုးခိုင္းလို႔မရလို႔ ကိုယ္တိုင္ သ႐ုပ္ျပခဲ့ေလလားလို႔ တြစ္တာမွာ လူေျပာမ်ားေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.