Premier League

2 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က တနင်္ဂနွေနေ့မှာ မန်ချက်စတာစီးတီးအသင်းကို အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ဂျ်မှာ လက်ခံယှဉ်ပြိုင်ရမယ့်ပွဲစဉ်ကျရင် တိုက်စစ်မှူး တီမိုဝါနာအနေနဲ့ ဂိုးရှေ့မှာ ပုံမှန်ခြေစွမ်းပြန်လည်ရရှိပြီး အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ပြုလုပ်နိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့။


-ချဲလ်ဆီးနည်းပြလမ်းပတ်က အင်္ဂလိဂ်ဘောလုံးလောကအပေါ် ကိုရိုနာဗိုင်းရပ်စ်ရဲ့အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး လုံခြုံရေးစိုးရိမ်ရမှုကြောင့် နောက်ထပ် ဆုံးဖြတ်ချက်တွေ မချမှတ်မီမှာ အခြေအနေပေါ်မှာ မျှမျှတတသုံးသပ်ကြဖို့ တောင်းဆိုခဲ့ပြီး လုံခြုံရေးကတော့ အရေးအကြီးဆုံးဖြစ်တယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက တနင်္ဂနွေနေ့မှာ ချဲလ်ဆီးနဲ့ကစားရမယ့်ပွဲစဉ်အတွက် အဓိကကစားသမား ၃ ဦးအထိ လွဲချော်မယ်လို့ အတည်ပြုပြောကြားခဲ့ပြီး ကစားသမားတွေရဲ့ ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်ဖြစ်တာကြောင့် ဘယ်သူတွေလဲဆိုတာ မပြောကြားနိုင်ပေမယ့် လူစာရင်းထွက်လာရင် သိသိသာသာမြင်ရလိမ့်မယ်လို့ ပြောကြားခဲ့။ ကြားသိရတဲ့ သတင်းများအရ ချဲလ်ဆီးနှင့်ပွဲမှာ မပါဝင်နိုင်သော အဓိက ကစားသမား ၃ ဦးမှာ ဝေါ်လ်ကာနဲ့ ဂျေဆူးစ်တိုနှင့် ဂိုးသမား အီဒါဆန်တို့ ဖြစ်ဖွယ်ရှိ ။


-မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေတဲ့ ဒေါ့မွန်တောင်ပံကြယ်ပွင့် ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းလည်း စိတ်ဝင်စားနေပြီလို့ Goal.com က ဖော်ပြခဲ့ပြီး ဟာကင်းမ် ဇီးယက်ရှ် မပါဝင်နိုင်တဲ့အချိန်မှာ ညာတောင်ပံက ဖန်တီးနိုင်စွမ်းမှုစွမ်းအားကင်းမဲ့နေသလို တီမိုဗာနာနဲ့ ခိုင် ဟာဗတ်ဇ်တို့လည်း အထိုင်ကျအောင် အချိန်ယူနေရတဲ့အတွက် ဆန်ချိုလို ကစားသမားမျိုးကို ခေါ်ယူတာက ကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်လာနိုင်။


-လီဗာပူးဂန္တဝင်ဂျေမီကာရေဂါက ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၈၉ သန်းသုံးပြီး ခိုင် ဟာဗတ်ဇ်ကို ခေါ်ယူတာက အသိဉာဏ်ရှိတဲ့ခေါ်ယူမှုလားလို့ မေးခွန်းထုတ်ခဲ့ပြီး ချဲလ်ဆီးအသင်းဟာ ဂျာမန်ကွင်းလယ်ကစားသမားကို ဘယ်နေရာမှာ ကစားခိုင်းရမလဲတောင် မသိဘဲနဲ့ အပြောင်းအရွှေ့ကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဝေဖန်ပြောကြားခဲ့။


-ချဲလ်ဆီးဝါရင့်တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးဟာ ဇန်နဝါရိအပြောင်းအရွှေ့ကာလမှာ အပြောင်းအရွှေ့ပြုလုပ်ဖို့ တွန်းအားပေးလုပ်ဆောင်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ကွင်းအတွင်းမှာ ကစားရတဲ့အချိန်မှာ အပျော်ဆုံးလူသားဖြစ်နေခဲ့တယ်လို့ နည်းပြလမ်းပတ်ကို ပွဲထွက်ခွင့်အတွက် သတိပေးပြောကြားခဲ့။


-ချဲလ်ဆီးနည်းပြလမ်းပတ်က ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်ချင်နေလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ကြီးမားတဲ့လူစာရင်းရှိနေတာကြောင့် အပြောင်းအလဲတွေ ပြုလုပ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့လို့ တုံ့ပြန်ခဲ့ပြီး ကစားသမားအချို့ကို အသင်းကနေ ထွက်ခွာစေချင်နေကြောင်းကို ပြသခဲ့။


-မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ကို နောက်ခံကစားသမား ရီးစ် ဂျိမ်းစ် တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်မယ်လို့ သိရပြီး ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ ဟာကင်း ဇီယက်ရှ်ကတော့ ပါဝင်ကစားသွားနိုင်ခြေရှိတယ်လို့ နည်းပြလမ်းပတ်ကပွဲကြိုအင်တာဗျူးမှအတည်ပြုပြောကြားခဲ့တယ်လို့ The Sports Bank က ဖော်ပြခဲ့။


-ချဲလ်ဆီးအသင်းဟာ အေစီမီလန်ဂိုးသမား ဒွန်နာရမ်းမားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အေးဂျင့်မိုင်နိုရွိုင်အိုလာနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး ကီပါရဲ့အနာဂတ်က မရေမရာဖြစ်နေတာကြောင့် ယခုလာမယ့်နွေရာသီမှာ ဂိုးသမားသစ် ခေါ်ယူသွားဖို့ ရှာဖွေနေတာဖြစ်တယ်လို့ TalkChelsea က ဖော်ပြခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ဲလ္ဆီးနည္းၿပ ဖရန႔္လမ္းပတ္က တနဂၤေႏြေန႔မွာ မန္ခ်က္စတာစီးတီးအသင္းကို အိမ္ကြင္းစတန္းဖို႔ဒ္ဘရစ္ဂ်္မွာ လက္ခံယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္က်ရင္ တိုက္စစ္မႉး တီမိုဝါနာအေနနဲ႔ ဂိုးေရွ႕မွာ ပုံမွန္ေျခစြမ္းျပန္လည္ရရွိၿပီး အေပါင္းလကၡဏာေဆာင္တဲ့ အက်ိဳးသက္ေရာက္မႈေတြ ျပဳလုပ္နိုင္လိမ့္မယ္လို႔ ေထာက္ခံေျပာၾကားခဲ့။


-မန္ခ်က္စတာစီးတီးနည္းျပ ပက္ဂြါဒီယိုလာက တနဂၤေႏြေန႔မွာ ခ်ဲလ္ဆီးနဲ႔ကစားရမယ့္ပြဲစဥ္အတြက္ အဓိကကစားသမား ၃ ဦးအထိ လြဲေခ်ာ္မယ္လို႔ အတည္ျပဳေျပာၾကားခဲ့ၿပီး ကစားသမားေတြရဲ႕ ကိုယ္ေရးကိုယ္တာလွ်ိဳ႕ဝွက္ခ်က္ျဖစ္တာေၾကာင့္ ဘယ္သူေတြလဲဆိုတာ မေျပာၾကားႏိုင္ေပမယ့္ လူစာရင္းထြက္လာရင္ သိသိသာသာျမင္ရလိမ့္မယ္လို႔ ေျပာၾကားခဲ့။ ၾကားသိရတဲ့ သတင္းမ်ားအရ ခ်ဲလ္ဆီးႏွင့္ပြဲမွာ မပါဝင္ႏိုင္ေသာ အဓိက ကစားသမား ၃ ဦးမွာ ေဝၚလ္ကာနဲ႔ ေဂ်ဆူးစ္တိုႏွင့္ ဂိုးသမား အီဒါဆန္တို႔ ျဖစ္ဖြယ္ရွိ ။


-ခ်ဲလ္ဆီးနည္းျပလမ္းပတ္က အဂၤလိဂ္ေဘာလုံးေလာကအေပၚ ကိုရိုနာဗိုင္းရပ္စ္ရဲ့အက်ိဳးသက္ေရာက္မႈနဲ႔ပတ္သက္ၿပီး လုံျခဳံေရးစိုးရိမ္ရမႈေၾကာင့္ ေနာက္ထပ္ ဆုံးျဖတ္ခ်က္ေတြ မခ်မွတ္မီမွာ အေျခအေနေပၚမွာ မၽွမၽွတတသုံးသပ္ၾကဖို႔ ေတာင္းဆိုခဲ့ၿပီး လုံျခဳံေရးကေတာ့ အေရးအႀကီးဆုံးျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္နဲ႔ လီဗာပူးတို႔ရဲ့ ပစ္မွတ္ထဲမွာ ပါဝင္ေနတဲ့ ေဒါ့မြန္ေတာင္ပံၾကယ္ပြင့္ ေဂ်ဒန္ဆန္ခ်ိဳကို ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းလည္း စိတ္ဝင္စားေနၿပီလို႔ Goal.com က ေဖာ္ျပခဲ့ၿပီး ဟာကင္းမ္ ဇီးယက္ရွ္ မပါဝင္နိုင္တဲ့အခ်ိန္မွာ ညာေတာင္ပံက ဖန္တီးနိုင္စြမ္းမႈစြမ္းအားကင္းမဲ့ေနသလို တီမိုဗာနာနဲ႔ ခိုင္ ဟာဗတ္ဇ္တို႔လည္း အထိုင္က်ေအာင္ အခ်ိန္ယူေနရတဲ့အတြက္ ဆန္ခ်ိဳလို ကစားသမားမ်ိဳးကို ေခၚယူတာက ေကာင္းမြန္တဲ့ေခၚယူမႈျဖစ္လာနိုင္။


-လီဗာပူးဂႏၲဝင္ေဂ်မီကာေရဂါက ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္ ၈၉ သန္းသံုးျပီး ခိုင္ ဟာဗတ္ဇ္ကို ေခၚယူတာက အသိဉာဏ္ရွိတဲ့ေခၚယူမႈလားလို႔ ေမးခြန္းထုတ္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းဟာ ဂ်ာမန္ကြင္းလယ္ကစားသမားကို ဘယ္ေနရာမွာ ကစားခိုင္းရမလဲေတာင္ မသိဘဲနဲ႔ အေျပာင္းအေ႐ႊ႕ကို ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ေဝဖန္ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးဝါရင့္တိုက္စစ္မႉး အိုလီဗီးေယး ဂ်ီ႐ူးဟာ ဇန္နဝါရိအေျပာင္းအေရႊ႕ကာလမွာ အေျပာင္းအေရႊ႕ျပဳလုပ္ဖို႔ တြန္းအားေပးလုပ္ေဆာင္သြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ၿပီး ကြင္းအတြင္းမွာ ကစားရတဲ့အခ်ိန္မွာ အေပ်ာ္ဆုံးလူသားျဖစ္ေနခဲ့တယ္လို႔ နည္းျပလမ္းပတ္ကို ပြဲထြက္ခြင့္အတြက္ သတိေပးေျပာၾကားခဲ့။


-ခ်ဲလ္ဆီးနည္းျပလမ္းပတ္က ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ကစားသမားသစ္ေခၚယူမႈေတြ ျပဳလုပ္ခ်င္ေနလားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ႀကီးမားတဲ့လူစာရင္းရွိေနတာေၾကာင့္ အေျပာင္းအလဲေတြ ျပဳလုပ္နိုင္မလားဆိုတာ ၾကည့္ၾကတာေပါ့လို႔ တုံ႔ျပန္ခဲ့ၿပီး ကစားသမားအခ်ိဳ႕ကို အသင္းကေန ထြက္ခြာေစခ်င္ေနေၾကာင္းကို ျပသခဲ့။


-မန္ခ်က္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္ကို ေနာက္ခံကစားသမား ရီးစ္ ဂ်ိမ္းစ္ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ လြဲေခ်ာ္မယ္လို႔ သိရၿပီး ဒဏ္ရာျပႆနာေၾကာင့္ အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့တဲ့ ဟာကင္း ဇီယက္ရွ္ကေတာ့ ပါဝင္ကစားသြားႏိုင္ေျခရွိတယ္လို႔ နည္းျပလမ္းပတ္ကပြဲႀကိဳအင္တာဗ်ဴးမွအတည္ျပဳေျပာၾကားခဲ့တယ္လို႔ The Sports Bank က ေဖာ္ျပခဲ့။


-ခ်ဲလ္ဆီးအသင္းဟာ ေအစီမီလန္ဂိုးသမား ဒြန္နာရမ္းမားရဲ့အနာဂတ္နဲ႔ပတ္သက္ၿပီး ေအးဂ်င့္မိုင္နိုရြိဳင္အိုလာနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရၿပီး ကီပါရဲ့အနာဂတ္က မေရမရာျဖစ္ေနတာေၾကာင့္ ယခုလာမယ့္ေႏြရာသီမွာ ဂိုးသမားသစ္ ေခၚယူသြားဖို႔ ရွာေဖြေနတာျဖစ္တယ္လို႔ TalkChelsea က ေဖာ္ျပခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.