Premier League

2 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ အက်စ်တွန်ဗီလာကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် ၉၅ မိနစ်မှာ ချေပဂိုးပေးရမယ့်အခြေအနေကို အကောင်းဆုံးပိတ်ဆို့ကာကွယ်နိုင်ခဲ့တဲ့ အဲရစ်ဘိုင်လီကို ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ ပွဲအပြီးမှာ အပြေးအလွှားပွေ့ဖက်ခဲ့ကြ။


-အက်စ်တွန်ဗီလာအသင်းကို နှစ်သစ်ပထမဆုံးနေ့မှာ အနိုင်ရရှိပြီး ပရီးမီးယားလိဂ် ၁၀ ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ပွဲစဉ်မှာ ၃ ရာသီအတွင်း ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက် ပွဲထွက်ပါဝင်ကစားပေးပြီး နာကျင်အချိန်ပိုမှာ ကီနန်ဒေးဗစ်ရဲ့ အပိုင်ဂိုးကန်သွင်းမှုကို ကာကွယ်နိုင်တဲ့အတွက် ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရ။


-အက်စ်တွန်ဗီလာအသင်းနည်းပြ ဒင်းစမစ်က မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပေးခဲ့ရတဲ့ ပင်နယ်တီဟာ မပေးသင့်ဘူးလို့ ပြောကြားခဲ့ပြီး ပေါ့ဂ်ဘာဟာ ကိုယ့်ခြေထောက်နဲ့ကိုယ် ခြေကလိန်ကွပ်ပြီး ပင်နယ်တီရရှိအောင် လှည့်စားသွားတာလို့ စွပ်စွဲပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက အက်စ်တွန်ဗီလာကို အိုးထရက်ဖို့ဒ်မှာ အနိုင်ရရှိခဲ့ပြီးနောက် အတ္တလန္တာလူငယ်တောင်ပံကစားသမား ရောက်ရှိလာမှုအတွက် ဘာအတားအဆီးမှ မရှိတော့ကြောင်း အတည်ပြုပြောကြားခဲ့ပြီး အာမက်ဒီရယ်လိုနဲ့ အလုပ်အတူတူ စလုပ်ဖို့ ယူနိုက်တက်က စိတ်လှုပ်ရှားနေကြောင်း ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ အက်စ်တွန်ဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း ဗန်ဒီဘိခ်ရဲ့ အရိပ်အယောင်တောင် မမြင်တွေ့ခဲ့ရတဲ့အတွက် နည်းပြဆိုးလ်ရှားကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး ဒန်နီရယ်ဂျိမ်းစ်ကိုသာ လူစားဝင်ကစားခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ မေးခွန်းထုတ်ခဲ့ကြ။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက အက်စ်တွန်ဗီလာကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့တဲ့ အန်တိုနီ မာစီယယ်လ်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး အနီကတ်ထိပြီးနောက်ပိုင်း ခြေစွမ်းမပြသနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ကောင်းပြီးရင်း ပိုကောင်းလာတယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နဲ့ အက်စ်တွန်ဗီလာတို့ ကစားခဲ့တဲ့ပွဲစဉ်ပြီးနောက် အက်ဒ်ဝုဒ်ဝဒ်အနေနဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့အပြောင်းအရွှေ့ အကြံပေးမှုကို စဉ်းစားရတော့မှာဖြစ်ပြီး အားလုံးက ဂျက်ဂရီးလစ်ရှ်ကို စောင့်ကြည့်ခဲ့ပေမယ့် ဂျွန်မက်ဂင်းက အားလုံးရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ပေါ့ဂ်ဘာနေရာမှာ အစားထိုးမှုအဖြစ် ထိုက်တန်ကြောင်း ပြသနိုင်ခဲ့။


-ယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးက အက်စ်တွန်ဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှု ၁ ကြိမ်နဲ့ အရေးကြီးတဲ့ဖျက်ထုတ်မှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ အာရွန် ဝန်ဘစ်ဆာကာကို ပြစ်တင်ဝေဖန်ခဲ့ပြီး ထရာအိုရေးရဲ့ချေပဂိုးမှာ ဘစ်ဆာကာက နောက်ကို ပြန်မပြေးဘဲ ဘောလုံးကို ပိတ်ဆို့ဖို့ ကြိုးစားနေခဲ့တဲ့အတွက် ဂရီးလစ်ရှ်က လွတ်လွတ်လပ်လပ် ဘောလုံးပေးပို့သွားနိုင်ခဲ့တာလို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္ကစားသမားေတြဟာ အက္စ္တြန္ဗီလာကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္ ၉၅ မိနစ္မွာ ေခ်ပဂိုးေပးရမယ့္အေျခအေနကို အေကာင္းဆုံးပိတ္ဆို႔ကာကြယ္နိုင္ခဲ့တဲ့ အဲရစ္ဘိုင္လီကို ေက်းဇူးတင္ေၾကာင္း ျပသတဲ့အေနနဲ႔ ပြဲအၿပီးမွာ အေျပးအလႊားေပြ႕ဖက္ခဲ့ၾက။


-အက္စ္တြန္ဗီလာအသင္းကို ႏွစ္သစ္ပထမဆုံးေန႔မွာ အနိုင္ရရွိၿပီး ပရီးမီးယားလိဂ္ ၁၀ ပြဲဆက္ ရႈံးပြဲမရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့တဲ့ပြဲစဥ္မွာ ၃ ရာသီအတြင္း ပထမဆုံးအႀကိမ္ ၿပိဳင္ပြဲစုံ ၄ ပြဲဆက္တိုက္ ပြဲထြက္ပါဝင္ကစားေပးၿပီး နာက်င္အခ်ိန္ပိုမွာ ကီနန္ေဒးဗစ္ရဲ့ အပိုင္ဂိုးကန္သြင္းမႈကို ကာကြယ္နိုင္တဲ့အတြက္ ပြဲစဥ္တေလၽွာက္အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရ။


-အက္စ္တြန္ဗီလာအသင္းနည္းၿပ ဒင္းစမစ္က မန္ခ်က္စတာယူနိုက္တက္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ေပးခဲ့ရတဲ့ ပင္နယ္တီဟာ မေပးသင့္ဘူးလို႔ ေျပာၾကားခဲ့ၿပီး ေပါ့ဂ္ဘာဟာ ကိုယ့္ေျခေထာက္နဲ႔ကိုယ္ ေျခကလိန္ကြပ္ၿပီး ပင္နယ္တီရရွိေအာင္ လွည့္စားသြားတာလို႔ စြပ္စြဲေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက အက္စ္တြန္ဗီလာကို အိုးထရက္ဖို႔ဒ္မွာ အနိုင္ရရွိခဲ့ၿပီးေနာက္ အတၱလႏၲာလူငယ္ေတာင္ပံကစားသမား ေရာက္ရွိလာမႈအတြက္ ဘာအတားအဆီးမွ မရွိေတာ့ေၾကာင္း အတည္ျပဳေျပာၾကားခဲ့ၿပီး အာမက္ဒီရယ္လိုနဲ႔ အလုပ္အတူတူ စလုပ္ဖို႔ ယူနိုက္တက္က စိတ္လႈပ္ရွားေနေၾကာင္း ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြဟာ အက္စ္တြန္ဗီလာအသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာလည္း ဗန္ဒီဘိခ္ရဲ့ အရိပ္အေယာင္ေတာင္ မျမင္ေတြ႕ခဲ့ရတဲ့အတြက္ နည္းျပဆိုးလ္ရွားကို ျပစ္တင္ေဝဖန္ခဲ့ၾကၿပီး ဒန္နီရယ္ဂ်ိမ္းစ္ကိုသာ လူစားဝင္ကစားခြင့္ေပးဖို႔ ဆုံးျဖတ္ခဲ့တဲ့အေပၚမွာ ေမးခြန္းထုတ္ခဲ့ၾက။


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက အက္စ္တြန္ဗီလာကို ၂-၁ နဲ႔ အနိုင္ရခဲ့တဲ့ပြဲမွာ အေရးႀကီးတဲ့အစိတ္အပိုင္းအျဖစ္ ပါဝင္ကစားေပးခဲ့တဲ့ အန္တိုနီ မာစီယယ္လ္ရဲ့စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ၿပီး အနီကတ္ထိၿပီးေနာက္ပိုင္း ေျခစြမ္းမျပသနိုင္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေကာင္းၿပီးရင္း ပိုေကာင္းလာတယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္နဲ႔ အက္စ္တြန္ဗီလာတို႔ ကစားခဲ့တဲ့ပြဲစဥ္ၿပီးေနာက္ အက္ဒ္ဝုဒ္ဝဒ္အေနနဲ႔ ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ရဲ့အေျပာင္းအေရႊ႕ အႀကံေပးမႈကို စဥ္းစားရေတာ့မွာျဖစ္ၿပီး အားလုံးက ဂ်က္ဂရီးလစ္ရွ္ကို ေစာင့္ၾကည့္ခဲ့ေပမယ့္ ဂၽြန္မက္ဂင္းက အားလုံးရဲ့အာ႐ုံကို ဖမ္းစားနိုင္ခဲ့ၿပီး ေပါ့ဂ္ဘာေနရာမွာ အစားထိုးမႈအျဖစ္ ထိုက္တန္ေၾကာင္း ျပသနိုင္ခဲ့။


-ယူနိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမား ဂယ္ရီနဗီးက အက္စ္တြန္ဗီလာအသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးဖန္တီးမႈ ၁ ႀကိမ္နဲ႔ အေရးႀကီးတဲ့ဖ်က္ထုတ္မႈတစ္ႀကိမ္ ျပဳလုပ္နိုင္ခဲ့တဲ့ အာရြန္ ဝန္ဘစ္ဆာကာကို ျပစ္တင္ေဝဖန္ခဲ့ၿပီး ထရာအိုေရးရဲ့ေခ်ပဂိုးမွာ ဘစ္ဆာကာက ေနာက္ကို ျပန္မေျပးဘဲ ေဘာလုံးကို ပိတ္ဆို႔ဖို႔ ႀကိဳးစားေနခဲ့တဲ့အတြက္ ဂရီးလစ္ရွ္က လြတ္လြတ္လပ္လပ္ ေဘာလုံးေပးပို႔သြားနိုင္ခဲ့တာလို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.