Match Report Premier League

မန်ချက်စတာယူနိုက်တက် 2-1 အက်စတန်ဗီလာ ပွဲအပြီး မှတ်မှတ်ရရဖြစ်ခဲ့တဲ့ အချက် ၇ ချက်

ထိပ်ဆုံးမှာ ပူးတွဲရပ်တည်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီနေ့ပွဲမှာ ဖာနန်ဒက်စ်ရဲ့ တိကျတဲ့ ပင်နယ်တီနဲ့ အမှားအယွင်း မခံဘဲ အိုးလ်ထရက်ဖို့ဒ်မှာ ၃ မှတ်ရယူနိုင်ခဲ့ပြီးမှာတော့ လီဗာပူးလ်အသင်းနဲ့အတူ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဂိုးကွာခြားချက်အရသာ ဒုတိယအဖြစ် ရှိနေတာဖြစ်ပြီး အမှတ်တူနိုင်ပြီဆိုတဲ့ အသိတစ်ရပ်ကို ပြိုင်ဘက်တွေ ခေါင်းထဲ ထည့်ပေးလိုက်နိုင်တာလည်းဖြစ်သလို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

မှတ်တမ်းတွေကို ရှေ့ဆက်တွန်းခဲ့တဲ့ ဖာနန်ဒက်စ်
ဒီနေ့ပွဲမှာလည်း ပေါ်တူဂီသား ဘရူနို ဖာနန်ဒက်စ်ကတော့ အသင်းရဲ့ ဒီဇင်ဘာ အကောင်းဆုံးဆုနဲ့ ထိုက်တန်ကြောင်း တည်ငြိမ်တဲ့ ပင်နယ်တီနဲ့ ပြသခဲ့သလို ထိုးဖောက်ကန်သွင်းမှု၊ ဖန်တီးမှုတွေနဲ့လည်း မှတ်ကျောက်တင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲ ၃၀ မှာ ၁၉ ဂိုး သွင်းယူထားသလို ဒီနေ့ပွဲမှာလည်း ပင်နယ်တီအဖမ်းကောင်းတဲ့ ဗီလာဂိုးသမား မာတီနက်ဇ်ကို ကြိုတင်လေ့လာထားတဲ့ ပုံစံနဲ့ သူကန်နေကျ အနှေးခုန်ကန်ပုံထက် ခြေလှမ်းစိပ်စိပ်လှမ်းပြီး အမြန်ကန်သွင်းယူခဲ့တာကိုလည်း တွေ့မြင်နိုင်ပါတယ်။

ခြေစွမ်းနဲ့ အဆင့်အတန်းကို ပြသခဲ့တဲ့ ဂရီးလစ်ရှ်
အက်စတန်ဗီလာအသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်ကတော့ သူဟာ ဘယ်အသင်း၊ ဘယ်နေရာမှာပဲနေနေ တောက်ပနိုင်စွမ်းရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်။ တစ်ပွဲလုံးမှာ အသင်းကို မောင်းနှင်ခဲ့ပြီး ဖန်တီးမှုအတော်များများ ပြုလုပ်နိုင်ခဲ့သလို ထရာအိုရေးရဲ့ ချေပဂိုးမှာလည်း အလစ်အငိုက်ကို စောင့်ပြီး နောက်ခံလူတွေကြားကနေ ဖျက်ထုတ်ဖို့ ခက်ခဲပြီး အန္တရာယ်များတဲ့ အနိမ့်ဘောကို ဖြတ်တင်ပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ချောမွေ့တဲ့ ကစားပုံနဲ့ ပြိုင်ဘက်ကို အနိုင်ယူ
မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီနေ့ပွဲမှာ တိုက်စစ်ကစားသမားတွေရဲ့ နေရာယူပုံဟာ တစ်ဦးမှ ပုံသေမရှိခဲ့ဘဲ ကစားခဲ့တာဖြစ်ပြီး ဗီလာတို့ ထိန်းချုပ်ဖို့ ခက်ခဲခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်က အလယ်နဲ့ ဘယ်ခြမ်း၊ ရက်ရှ်ဖို့ဒ်က ညာခြမ်းနဲ့ အထောင်၊ မာစီယယ်လ်က ဘယ်ခြမ်းနဲ့ အထောင်၊ ပေါ့ဘာက ကွင်းလယ်နဲ့ တိုက်စစ်မှူးနောက်တွေမှာ ကြုံသလို ပြောင်းလဲကစားခဲ့တာဖြစ်ပြီး အသင်းရဲ့ အဖွင့်ဂိုးမှာ ဒီအချက်က သိသာထင်ရှားခဲ့တာပါ။

အဓိကျခဲ့တဲ့ ပေါ့ဘာ
မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ သူ့ကို ဆက်လက်ထိန်းသိမ်းနိုင်တာ ကံကောင်းမှုတစ်ခုလို့ ယူဆလို့ ရနိုင်ပါပြီ။ ဒီနေ့မှာ ရရှိသွားခဲ့တဲ့ ဂိုးနှစ်ဂိုးစလုံးမှာ သူ့ရဲ့ အရည်အသွေးက ပေါ်လွင်ထင်ရှားခဲ့ပြီး ပြင်သစ်သားအနေနဲ့ ပထမဂိုးမှာ တစ်ဖက်ကစားသမား တွေကို လှလှပပ ကျော်ဖြတ်ပြီး ဘောလုံးကို ထုတ်ယူနိုင်ခဲ့သလို ဒုတိယဂိုးအတွက်လည်း တစ်ကွက်မှားခဲ့တဲ့ ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ရဲ့ ဖျက်ထုတ်မှုကို ပါးပါးနပ်နပ်နဲ့ ပင်နယ်တီ ရှာဖွေသွားနိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဝင်ကစားသမားကြီး ဘိုင်လီ
အဲရစ် ဘိုင်လီကတော့ ဒီနေ့မှာ အကောင်းဆုံး ခြေစွမ်းကို ထပ်မံပြသခဲ့ပြီး ကြံ့ခိုင်မှုသာ တည်ငြိမ်မယ် ဆိုရင် ယုံကြည်စိတ်ချနိုင်ပါပြီ။ အိုလီ ဝပ်ကင်းစ်ရဲ့ အခွင့်အရေးတော်တော်များများကို ကန့်သတ်သွားနိုင်ခဲ့တဲ့ ဘိုင်လီဟာ နောက်ဆုံးမိနစ်တွေမှာလည်း အသင်းရဲ့ ဂိုးပေးရနိုင်တဲ့ အနေအထားကို ပိတ်ဆို့ဖျက်ထုတ်သွားနိုင်ခဲ့ပြီး နိုင်ပွဲအတွက် တန်ဖိုးမြင့်မားခဲ့ပါတယ်။

ဗီလာအပေါ် ၁၀၀
ဒီနေ့ပွဲကတော့ မှတ်မှတ်ရရှိခဲ့သလို အက်စတန်ဗီလာအသင်းနဲ့ ၁၈၉၂ ခုနှစ်ကတည်းက စတင်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အင်္ဂလန်အနောက်အလယ်ပိုင်းသား ဗီလိန်တွေကို အနိုင်ရတဲ့ပွဲပေါင်း ၁၀၀ အထိ ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ အသင်းကြီးတွေအဖို့ ကစားရခက်ခဲတဲ့ Giant Killer အသင်းအပေါ် ရရှိခဲ့တဲ့ ဒီစံချိန်ကိုတော့ ၁၂၉ နှစ် ဆိုတဲ့ အချိန်ကာလအတွင်းမှာ ရေးထိုးလိုက်နိုင်တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ထိပ္ဆုံးမွာ ပူးတြဲရပ္တည္တဲ့ ယူႏိုက္တက္ – မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဒီေန႔ပြဲမွာ ဖာနန္ဒက္စ္ရဲ႕ တိက်တဲ့ ပင္နယ္တီနဲ႔ အမွားအယြင္း မခံဘဲ အိုးလ္ထရက္ဖို႔ဒ္မွာ ၃ မွတ္ရယူႏိုင္ခဲ့ၿပီးမွာေတာ့ လီဗာပူးလ္အသင္းနဲ႔အတူ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာ ဂိုးကြာျခားခ်က္အရသာ ဒုတိယအျဖစ္ ရွိေနတာျဖစ္ၿပီး အမွတ္တူႏိုင္ၿပီဆိုတဲ့ အသိတစ္ရပ္ကို ၿပိဳင္ဘက္ေတြ ေခါင္းထဲ ထည့္ေပးလိုက္ႏိုင္တာလည္းျဖစ္သလို အေကာင္းဆုံး ဖိအားေပးႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

မွတ္တမ္းေတြကို ေရွ႕ဆက္တြန္းခဲ့တဲ့ ဖာနန္ဒက္စ္ – ဒီေန႔ပြဲမွာလည္း ေပၚတူဂီသား ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ အသင္းရဲ႕ ဒီဇင္ဘာ အေကာင္းဆုံးဆုနဲ႔ ထိုက္တန္ေၾကာင္း တည္ၿငိမ္တဲ့ ပင္နယ္တီနဲ႔ ျပသခဲ့သလို ထိုးေဖာက္ကန္သြင္းမႈ၊ ဖန္တီးမႈေတြနဲ႔လည္း မွတ္ေက်ာက္တင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ပြဲ ၃၀ မွာ ၁၉ ဂိုး သြင္းယူထားသလို ဒီေန႔ပြဲမွာလည္း ပင္နယ္တီအဖမ္းေကာင္းတဲ့ ဗီလာဂိုးသမား မာတီနက္ဇ္ကို ႀကိဳတင္ေလ့လာထားတဲ့ ပုံစံနဲ႔ သူကန္ေနက် အေႏွးခုန္ကန္ပုံထက္ ေျခလွမ္းစိပ္စိပ္လွမ္းၿပီး အျမန္ကန္သြင္းယူခဲ့တာကိုလည္း ေတြ႕ျမင္ႏိုင္ပါတယ္။

ေျခစြမ္းနဲ႔ အဆင့္အတန္းကို ျပသခဲ့တဲ့ ဂရီးလစ္ရွ္ – အက္စတန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္ကေတာ့ သူဟာ ဘယ္အသင္း၊ ဘယ္ေနရာမွာပဲေနေန ေတာက္ပႏိုင္စြမ္းရွိတယ္ဆိုတာကို ျပသခဲ့ပါတယ္။ တစ္ပြဲလုံးမွာ အသင္းကို ေမာင္းႏွင္ခဲ့ၿပီး ဖန္တီးမႈအေတာ္မ်ားမ်ား ျပဳလုပ္ႏိုင္ခဲ့သလို ထရာအိုေရးရဲ႕ ေခ်ပဂိုးမွာလည္း အလစ္အငိုက္ကို ေစာင့္ၿပီး ေနာက္ခံလူေတြၾကားကေန ဖ်က္ထုတ္ဖို႔ ခက္ခဲၿပီး အႏၲရာယ္မ်ားတဲ့ အနိမ့္ေဘာကို ျဖတ္တင္ေပးသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေခ်ာေမြ႕တဲ့ ကစားပုံနဲ႔ ၿပိဳင္ဘက္ကို အႏိုင္ယူ – မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဒီေန႔ပြဲမွာ တိုက္စစ္ကစားသမားေတြရဲ႕ ေနရာယူပုံဟာ တစ္ဦးမွ ပုံေသမရွိခဲ့ဘဲ ကစားခဲ့တာျဖစ္ၿပီး ဗီလာတို႔ ထိန္းခ်ဳပ္ဖို႔ ခက္ခဲခဲ့ပါတယ္။ ဘ႐ူႏို ဖာနန္ဒက္စ္က အလယ္နဲ႔ ဘယ္ျခမ္း၊ ရက္ရွ္ဖို႔ဒ္က ညာျခမ္းနဲ႔ အေထာင္၊ မာစီယယ္လ္က ဘယ္ျခမ္းနဲ႔ အေထာင္၊ ေပါ့ဘာက ကြင္းလယ္နဲ႔ တိုက္စစ္မႉးေနာက္ေတြမွာ ႀကဳံသလို ေျပာင္းလဲကစားခဲ့တာျဖစ္ၿပီး အသင္းရဲ႕ အဖြင့္ဂိုးမွာ ဒီအခ်က္က သိသာထင္ရွားခဲ့တာပါ။

အဓိက်ခဲ့တဲ့ ေပါ့ဘာ – မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ေတာ့ သူ႔ကို ဆက္လက္ထိန္းသိမ္းႏိုင္တာ ကံေကာင္းမႈတစ္ခုလို႔ ယူဆလို႔ ရႏိုင္ပါၿပီ။ ဒီေန႔မွာ ရရွိသြားခဲ့တဲ့ ဂိုးႏွစ္ဂိုးစလုံးမွာ သူ႔ရဲ႕ အရည္အေသြးက ေပၚလြင္ထင္ရွားခဲ့ၿပီး ျပင္သစ္သားအေနနဲ႔ ပထမဂိုးမွာ တစ္ဖက္ကစားသမား ေတြကို လွလွပပ ေက်ာ္ျဖတ္ၿပီး ေဘာလုံးကို ထုတ္ယူႏိုင္ခဲ့သလို ဒုတိယဂိုးအတြက္လည္း တစ္ကြက္မွားခဲ့တဲ့ ဗီလာကြင္းလယ္လူ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ရဲ႕ ဖ်က္ထုတ္မႈကို ပါးပါးနပ္နပ္နဲ႔ ပင္နယ္တီ ရွာေဖြသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

တိုက္ပြဲဝင္ကစားသမားႀကီး ဘိုင္လီ – အဲရစ္ ဘိုင္လီကေတာ့ ဒီေန႔မွာ အေကာင္းဆုံး ေျခစြမ္းကို ထပ္မံျပသခဲ့ၿပီး ႀကံ့ခိုင္မႈသာ တည္ၿငိမ္မယ္ ဆိုရင္ ယုံၾကည္စိတ္ခ်ႏိုင္ပါၿပီ။ အိုလီ ဝပ္ကင္းစ္ရဲ႕ အခြင့္အေရးေတာ္ေတာ္မ်ားမ်ားကို ကန႔္သတ္သြားႏိုင္ခဲ့တဲ့ ဘိုင္လီဟာ ေနာက္ဆုံးမိနစ္ေတြမွာလည္း အသင္းရဲ႕ ဂိုးေပးရႏိုင္တဲ့ အေနအထားကို ပိတ္ဆို႔ဖ်က္ထုတ္သြားႏိုင္ခဲ့ၿပီး ႏိုင္ပြဲအတြက္ တန္ဖိုးျမင့္မားခဲ့ပါတယ္။

ဗီလာအေပၚ ၁၀၀ – ဒီေန႔ပြဲကေတာ့ မွတ္မွတ္ရရွိခဲ့သလို အက္စတန္ဗီလာအသင္းနဲ႔ ၁၈၉၂ ခုႏွစ္ကတည္းက စတင္ယွဥ္ၿပိဳင္ၿပီး အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အဂၤလန္အေနာက္အလယ္ပိုင္းသား ဗီလိန္ေတြကို အႏိုင္ရတဲ့ပြဲေပါင္း ၁၀၀ အထိ ရွိသြားခဲ့ၿပီလည္းျဖစ္ပါတယ္။ အသင္းႀကီးေတြအဖို႔ ကစားရခက္ခဲတဲ့ Giant Killer အသင္းအေပၚ ရရွိခဲ့တဲ့ ဒီစံခ်ိန္ကိုေတာ့ ၁၂၉ ႏွစ္ ဆိုတဲ့ အခ်ိန္ကာလအတြင္းမွာ ေရးထိုးလိုက္ႏိုင္တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.