Premier League Transfer News

2 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ မိမိကို လိုအပ်ရင် ပြန်လာပေးနိုင်သေးတယ်လို့ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက ပြောကြားလိုက်ပြီး တကယ်တမ်းတော့ လိုတော့မယ် မထင်ဘူးလို့ ဆိုလိုက်သလို ဂန်းနားတွေရဲ့ လက်ရှိအနေအထားကိုတော့ အချိန်က ကုစားပေးသွားလိမ့်မယ်လို့ သုံးသပ်သွားခဲ့။

– Goal.com က အာဆင်နယ်သတင်းတွေကို အဓိက ကိုင်တွယ်ရေးသားလေ့ရှိတဲ့ ဂျာနယ်လစ် ချားလ်စ် ဝပ်ထ်က မြောက်လန်ဒန်အသင်း အနေနဲ့ ဒီရာသီမှာ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို ခေါ်ယူနိုင်တော့မယ် မထင်ကြောင်း သုံးသပ်လိုက်ပြီး ဆောင်းရာသီမှာ သူတို့တွေ လုပ်နေကျပုံစံနဲ့ ကွာခြားနေတယ်လို့ဆို။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက ဝက်စ်ဘရွန်းနဲ့ပွဲမှာ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာ ပြန်လည်ပါဝင်နိုင်ဖို့ကို အဆင်ပြေနိုင်တယ်လို့ ဒဏ်ရာအခြေအနေအပေါ် ဖြေကြားသွားခဲ့ပြီး ဒီပွဲမှာ နောက်ခံလူ ပါဘလို မာရီရဲ့ အစွမ်းကို စောင့်ကြည့်ရမယ်လို့ အတိတ်စိမ်းပေးသွား။

– အာဆင်နယ်အသင်းအနေနဲ့ ဆောင်းရာသီမှာ သူတို့ရဲ့ ဘတ်ဂျက်ကို တစ်နည်းနည်းနဲ့ ချောင်လည်အောင်လုပ်နိုင်ခဲ့မယ်ဆိုရင် ဒေါ့မွန်ရဲ့ ကွင်းလယ်လူ ဂျူလီယန် ဘရန့်ဒ်ကို ရရှိနိုင်ပြီး ဂျာမန်သားအနေနဲ့ အလှည့်ကျပွဲထွက်ခွင့်ထက် ပိုမိုအာမခံချက်မျိုးကို အလိုရှိနေတယ်လို့ သတင်းတွေဆို။

– အာတီတာရဲ့လက်အောက်မှာ တစ်စထက်တစ်စ ကောင်းမွန်လာခဲ့တဲ့ ဗဟိုနောက်ခံလူ ရော့ဘ် ဟိုးလ်ဒင်းအနေနဲ့ နွေရာသီမှာ အသင်းကနေ မထွက်ခွာခဲ့ရရုံမျှမကဘဲ ၂၀၂၃ နွေရာသီအထိ ကျန်နေသေးတဲ့ စာချုပ်ကိုလည်း လစာတိုးမြှင့်ပေးပြီး ချုပ်ဆိုနိုင်ဖို့ နီးစပ်နေ။

– အာဆင်နယ်အသင်းအနေနဲ့ ဆဲလ်တစ်အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာနဲ့ ကွင်းလယ်လူ ရိုင်ယန် ခရစ္စတီးတို့ကို ကင်းထောက်တွေ ပုံမှန်စေလွှတ်စောင့်ကြည့်နေပြီး ငွေကြေးအဆင်ပြေတာနဲ့ ကြိုးစားသွားဖွယ်ရှိနေသလို စကော့တလန်ကလပ်အတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်နေရ။

– ဇန်နဝါရီ အပြောင်းအရွှေ့ကာလကတော့ နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်အတွက် အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့အတွက် အချိတ်အဆက်တွေ ပြုလုပ်ဖို့ လုံလောက်တဲ့ ကာလဖြစ်ပြီး ဖီနာဘာချီအသင်းနဲ့ နီးစပ်နေသလို MLS နဲ့ မိခင်မြေက ဂရိကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေလည်း ရရှိထား။

– အသင်းမှာ ကွင်းလယ်လူ အီမီးလ် စမစ်ရိုးလို ကစားသမားမျိုးကို အသေအချာ လိုအပ်နေတယ်လို့ နည်းပြ အာတီတာက ချီးကျူးလိုက်ပြီး သူ့ရဲ့ နေရာယူပုံ၊ လုပ်အားနှုန်းနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေကို သဘောကျတယ်လို့ ပြောကြားခဲ့တဲ့အတွက် ဇန်နဝါရီ အငှားချမယ့် အုပ်စုထဲမှ မပါဘဲ ဆက်လက်နေရာပေးသွားဖွယ်ရှိနေ။

– အာဆင်နယ်အသင်းကို အိမ်ကွင်း ဟောသွန်းစ်မှာ လက်ခံကစားသွားရမယ့် ဝက်စ်ဘရွန်းအသင်းနည်းပြ ဆမ်အလာဒိုက်စ်က သူ့ရဲ့ အသင်းသားတွေအနေနဲ့ စနေနေ့ညနေမှာ မြောက်လန်ဒန်သားတွေကို ကြောက်လန့်တုန်လှုပ်စေနိုင်ဖို့ အလိုရှိတယ်လို့ လိဒ်စ်ယူနိုက်တက်ကို ငါးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို အဖတ်ဆယ်နိုင်ဖို့အတွက် ပွဲကြိုသတိပေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: