Match Report Premier League

Giant Killer ဗီလာကို အိုးလ်ထရက်ဖို့ဒ်မှာ ပညာပေးလိုက်တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ အက်စတန်ဗီလာအသင်းရဲ့ ထက်မြက်တဲ့ ကောင်တာတွေကို ရင်ဆိုင်နိုင်ဖို့ ကွင်းလယ်မှာ ၄-၄-၂ ဒိုင်းမွန်းပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး တကယ်တမ်း ပွဲကစားရာမှာတော့ ၄-၅-၁ အဖြစ် ဖာနန်ဒက်စ်က ဘယ်တောင်ပံ၊ ရက်ရှ်ဖို့ဒ်က ညာတောင်ပံနဲ့ ပေါ့ဘာက အထောင်တိုက်စစ်မှူး မာစီယယ်နောက်က လိုက်ကစားသွားခဲ့ပါတယ်။

ဗီလာတို့ကတော့ သူတို့အားသန်တဲ့ တန်ပြန်တိုက်စစ်နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်ခဲ့ပြီး ဂရီးလစ်ရှ်နဲ့ ဘာထရန် ထရာအိုရေးတို့က အဓိက ပုံဖော်ကစားလာခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ ရုန်းကန်ခဲ့ရပြီး ဘောလုံးကိုင်ကစားမှုကတော့ အိမ်ရှင်တွေ သာလွန်ခဲ့ပါတယ်။

နှစ်ဖက်ဂိုးသမားတွေဖြစ်ကြတဲ့ ဒဟေးယားနဲ့ မာတီနက်ဇ်တို့ရဲ့ ကာကွယ်မှုတွေ ကောင်းနေခဲ့တာကြောင့် အလွယ်နဲ့တော့ ဂိုးမရခဲ့ကြဘဲ ပွဲချိန် မိနစ် ၄၀ ကျမှ ဒဟေးယားရဲ့ ကန်တင်မှုကနေ ပေါ့ဘာရယူပြီး ပြန်ချပေးတာကို ရက်ရှ်ဖို့ဒ်က တစ်ချက်ထိ ပေးခဲ့ပြီး ဘောလုံးရသွားတဲ့ ဝန်ဘစ်ဆာကာက ဖြတ်ပေးရာမှာ မာစီယယ်လ်က ဗီလာနောက်ခံလူနှစ်ယောက်ကြားထဲက ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

ပထမပိုင်းကိုတော့ ယူနိုက်တက်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဧည့်သည် ဗီလာတို့ရဲ့ ချေပဂိုးရဖို့ တင်ကစားလာတဲ့ တိုးအားကြောင့် မက်ဂွိုင်းယားရော ဘိုင်လီပါ အဝါကတ်ထိခဲ့သလို စိုးရိမ်စရာကောင်းတဲ့ ထိုးဖောက်မှုတွေကိုလည်း ဂရီးလစ်ရှ်နဲ့ ဝပ်ကင်းစ်တို့ ဖန်တီးလာနိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ ဖရီးကစ်ကို အမြန်ပေးလိုက်တဲ့ ဘောလုံးကို ဂရီးလစ်ရှ်ရပြီး ဖြတ်ချိုးပေးတဲ့ ဘောလုံးကို ယူနိုက်တက်နောက်ခံလူတွေ ကြောင်နေခဲ့ရာကနေ အချိန်မီ မဖျက်ထုတ်နိုင်ခဲ့လို့ ညာတောင်ပံက ထရာအိုရေးက ကန်သွင်းခဲ့ရာမှာ ဒဟေးယားဘေးက ကပ်ဝင်သွားခဲ့လို့ ဗီလာတို့ ချေပဂိုးရခဲ့ပါတယ်။

ဗီလာတို့ရဲ့ ချေပဂိုးက သိပ်မခံခဲ့ဘဲ ပွဲချိန် မိနစ် ၆၀ မှာတော့ လက်ပစ်ဘောကို ဧရိယာထဲ ဆွဲယူသွားခဲ့တဲ့ ပေါ့ဘာက ဒေါက်ဂလပ်စ် လူးဝစ်ဇ်က လိုက်ဖျက်တာကို ပါးပါးနပ်နပ်နဲ့ ပင်နယ်တီရယူသွားခဲ့ပြီး ဒီအခွင့်အရေးကိုတော့ ဘရူနို ဖာနန်ဒက်စ်က သူအရင်ကန်နေကျလိုမျိုး မခုန်ဘဲ တစ်လှမ်းချင်းလှမ်းပြီး ကန်သွင်းရယူသွားခဲ့လို့ ယူနိုက်တက်တို့ ဒုတိယအကြိမ် ဦးဆောင်နိုင်ခဲ့ပါတယ်။

တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်စစ်ကစားခဲ့ကြရာမှာ ဂရီးလစ်ရှ်ရဲ့ ဖြတ်တင်ဘောကို ဂိုးလာဘ်အားနည်းနေတဲ့ တိုက်စစ်မှူး ဝပ်ကင်းစ် လွဲချော်ခဲ့သလို ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောပြန်ကျတာကို ရယူပြီး ကန်သွင်းတဲ့ အကောင်းဆုံးကန်ချက်ကိုလည်း ဂိုးသမား မာတီနက်ဇ်က လက်စွမ်းပြ ပုတ်ထုတ်သွားနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဗီလာဘက်က ရှေ့တန်းလူတွေဖြစ်ကြတဲ့ ရမ်းဆီနဲ့ ကီနန် ဒေးဗစ်တို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်လာခဲ့သလို ယူနိုက်တက်ကတော့ တန်ပြန်တိုက်စစ်ကစားဖို့ ဆုံးဖြတ်လိုက်တဲ့ ပုံစံနဲ့ ဘရူနို ဖာနန်ဒက်စ်ကို အနားပေးပြီး ဒန်နီယယ်လ် ဂျိမ်းစ်ကို ထည့်သွင်းခဲ့ပါတယ်။

နာကျင်အချိန်ပို ၅ မိနစ်အထိ သတ်မှတ်ပေးခဲ့တဲ့ ဒီပွဲစဉ်မှာတော့ နှစ်ဂိုး-တစ်ဂိုးဆိုတဲ့ ရလဒ်ကို နှစ်သင်းစလုံးက ပြောင်းလဲအောင် မစွမ်းဆောင်နိုင်ခဲ့ကြတော့တာကြောင့် အိမ်ကွင်းမှာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ အဖိုးတန် ၃ မှတ်ကို ရယူပြီး နှစ်သစ် ၂၀၂၁ ကို အဖွင့်လှနိုင်ခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ အမှတ်ပေးဇယားမှာ လီဗာပူးလ်မကစားခင်မှာ ရမှတ်တူ ၃၃ မှတ်၊ ဂိုးကွာခြားချက် လျော့နည်းမှုနဲ့ ဒုတိယနေရာကနေ ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး အသင်းရဲ့ ရှေ့ဆက်ရမယ့် ချန်ပီယံပြေးလမ်းနဲ့ ဇန်နဝါရီ အားဖြည့်မှုတွေကတော့ ရင်ခုန်စရာကောင်းလာခဲ့သလို ပရိသတ်တွေ ဆက်လက်အောင်ပွဲခံနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ အက္စတန္ဗီလာအသင္းရဲ႕ ထက္ျမက္တဲ့ ေကာင္တာေတြကို ရင္ဆိုင္ႏိုင္ဖို႔ ကြင္းလယ္မွာ ၄-၄-၂ ဒိုင္းမြန္းပုံစံနဲ႔ ပြဲထြက္လာခဲ့ၿပီး တကယ္တမ္း ပြဲကစားရာမွာေတာ့ ၄-၅-၁ အျဖစ္ ဖာနန္ဒက္စ္က ဘယ္ေတာင္ပံ၊ ရက္ရွ္ဖို႔ဒ္က ညာေတာင္ပံနဲ႔ ေပါ့ဘာက အေထာင္တိုက္စစ္မႉး မာစီယယ္ေနာက္က လိုက္ကစားသြားခဲ့ပါတယ္။

ဗီလာတို႔ကေတာ့ သူတို႔အားသန္တဲ့ တန္ျပန္တိုက္စစ္နဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ရင္ဆိုင္ခဲ့ၿပီး ဂရီးလစ္ရွ္နဲ႔ ဘာထရန္ ထရာအိုေရးတို႔က အဓိက ပုံေဖာ္ကစားလာခဲ့တာေၾကာင့္ ယူႏိုက္တက္ရဲ႕ ဝန္ဘစ္ဆာကာနဲ႔ လုခ္ေရွာတို႔ ႐ုန္းကန္ခဲ့ရၿပီး ေဘာလုံးကိုင္ကစားမႈကေတာ့ အိမ္ရွင္ေတြ သာလြန္ခဲ့ပါတယ္။

ႏွစ္ဖက္ဂိုးသမားေတြျဖစ္ၾကတဲ့ ဒေဟးယားနဲ႔ မာတီနက္ဇ္တို႔ရဲ႕ ကာကြယ္မႈေတြ ေကာင္းေနခဲ့တာေၾကာင့္ အလြယ္နဲ႔ေတာ့ ဂိုးမရခဲ့ၾကဘဲ ပြဲခ်ိန္ မိနစ္ ၄၀ က်မွ ဒေဟးယားရဲ႕ ကန္တင္မႈကေန ေပါ့ဘာရယူၿပီး ျပန္ခ်ေပးတာကို ရက္ရွ္ဖို႔ဒ္က တစ္ခ်က္ထိ ေပးခဲ့ၿပီး ေဘာလုံးရသြားတဲ့ ဝန္ဘစ္ဆာကာက ျဖတ္ေပးရာမွာ မာစီယယ္လ္က ဗီလာေနာက္ခံလူႏွစ္ေယာက္ၾကားထဲက ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာပါ။

ပထမပိုင္းကိုေတာ့ ယူႏိုက္တက္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ဧည့္သည္ ဗီလာတို႔ရဲ႕ ေခ်ပဂိုးရဖို႔ တင္ကစားလာတဲ့ တိုးအားေၾကာင့္ မက္ဂြိဳင္းယားေရာ ဘိုင္လီပါ အဝါကတ္ထိခဲ့သလို စိုးရိမ္စရာေကာင္းတဲ့ ထိုးေဖာက္မႈေတြကိုလည္း ဂရီးလစ္ရွ္နဲ႔ ဝပ္ကင္းစ္တို႔ ဖန္တီးလာႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ဖရီးကစ္ကို အျမန္ေပးလိုက္တဲ့ ေဘာလုံးကို ဂရီးလစ္ရွ္ရၿပီး ျဖတ္ခ်ိဳးေပးတဲ့ ေဘာလုံးကို ယူႏိုက္တက္ေနာက္ခံလူေတြ ေၾကာင္ေနခဲ့ရာကေန အခ်ိန္မီ မဖ်က္ထုတ္ႏိုင္ခဲ့လို႔ ညာေတာင္ပံက ထရာအိုေရးက ကန္သြင္းခဲ့ရာမွာ ဒေဟးယားေဘးက ကပ္ဝင္သြားခဲ့လို႔ ဗီလာတို႔ ေခ်ပဂိုးရခဲ့ပါတယ္။

ဗီလာတို႔ရဲ႕ ေခ်ပဂိုးက သိပ္မခံခဲ့ဘဲ ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ လက္ပစ္ေဘာကို ဧရိယာထဲ ဆြဲယူသြားခဲ့တဲ့ ေပါ့ဘာက ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က လိုက္ဖ်က္တာကို ပါးပါးနပ္နပ္နဲ႔ ပင္နယ္တီရယူသြားခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္က သူအရင္ကန္ေနက်လိုမ်ိဳး မခုန္ဘဲ တစ္လွမ္းခ်င္းလွမ္းၿပီး ကန္သြင္းရယူသြားခဲ့လို႔ ယူႏိုက္တက္တို႔ ဒုတိယအႀကိမ္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္တိုက္စစ္ကစားခဲ့ၾကရာမွာ ဂရီးလစ္ရွ္ရဲ႕ ျဖတ္တင္ေဘာကို ဂိုးလာဘ္အားနည္းေနတဲ့ တိုက္စစ္မႉး ဝပ္ကင္းစ္ လြဲေခ်ာ္ခဲ့သလို ဖာနန္ဒက္စ္ရဲ႕ ေထာင့္ကန္ေဘာျပန္က်တာကို ရယူၿပီး ကန္သြင္းတဲ့ အေကာင္းဆုံးကန္ခ်က္ကိုလည္း ဂိုးသမား မာတီနက္ဇ္က လက္စြမ္းျပ ပုတ္ထုတ္သြားႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဗီလာဘက္က ေရွ႕တန္းလူေတြျဖစ္ၾကတဲ့ ရမ္းဆီနဲ႔ ကီနန္ ေဒးဗစ္တို႔ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္လာခဲ့သလို ယူႏိုက္တက္ကေတာ့ တန္ျပန္တိုက္စစ္ကစားဖို႔ ဆုံးျဖတ္လိုက္တဲ့ ပုံစံနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္ကို အနားေပးၿပီး ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို ထည့္သြင္းခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၅ မိနစ္အထိ သတ္မွတ္ေပးခဲ့တဲ့ ဒီပြဲစဥ္မွာေတာ့ ႏွစ္ဂိုး-တစ္ဂိုးဆိုတဲ့ ရလဒ္ကို ႏွစ္သင္းစလုံးက ေျပာင္းလဲေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ၾကေတာ့တာေၾကာင့္ အိမ္ကြင္းမွာ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ အဖိုးတန္ ၃ မွတ္ကို ရယူၿပီး ႏွစ္သစ္ ၂၀၂၁ ကို အဖြင့္လွႏိုင္ခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ အမွတ္ေပးဇယားမွာ လီဗာပူးလ္မကစားခင္မွာ ရမွတ္တူ ၃၃ မွတ္၊ ဂိုးကြာျခားခ်က္ ေလ်ာ့နည္းမႈနဲ႔ ဒုတိယေနရာကေန ဆက္လက္ဖိအားေပးႏိုင္ခဲ့ၿပီး အသင္းရဲ႕ ေရွ႕ဆက္ရမယ့္ ခ်န္ပီယံေျပးလမ္းနဲ႔ ဇန္နဝါရီ အားျဖည့္မႈေတြကေတာ့ ရင္ခုန္စရာေကာင္းလာခဲ့သလို ပရိသတ္ေတြ ဆက္လက္ေအာင္ပြဲခံႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.