Premier League Transfer News

1 Jan နောက်ဆုံးရ ညပိုင်း မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးနဲ့ ပွဲပျက်ကြောင်း အချိန်နောက်ကျပြီးမှ သိခဲ့ရတယ်လို့ ပြောခဲ့ပြီး ဒီဖြစ်ရပ်အပေါ် အပြစ်တင်သွားခဲ့တဲ့ အဲဗာတန်နည်းပြ ကာလို အန်ဆယ်လော့တီကို ဂွါဒီယိုလာက ကစားချင်ခဲ့ပေမယ့် ဒီလောက် အန္တရာယ်များတဲ့ အနေအထားနဲ့ ကစားပေးရမှာလားလို့ တုံ့ပြန်သွား။

– ပရီးမီးယားလိဂ်အနေနဲ့ ကိုဗစ်ပေါ့စတစ်ဖြစ်သူ ကစားသမားတွေရဲ့ အမည်တွေကို ထုတ်ဖော်မပြောဖို့ ညွှန်ကြားထားတာကြောင့် ပြောလို့ မရဘဲ ချဲလ်ဆီးနဲ့ပွဲအတွက် မိမိအသင်းမှာ အဓိက ကစားသမား ၃ ဦးအထိ ကူးစက်မှုဒဏ်ကြောင့် လွဲချော်မှာဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆိုခဲ့ပေမယ့် လူငယ်ကွင်းလယ်လူ တွမ်မီ ဒွိုင်းလ်ကတော့ သူကွာရန်တင်းဝင်နေကြောင်း ပို့စ်တင်သွား။

– ချဲလ်ဆီးနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် မန်ချက်စတာစီးတီးအသင်းရဲ့ ဦးစားပေးဂိုးသမား အီဒါဆန် မိုရေးစ် လွဲချော်ဖို့ များနေပြီး ဘရာဇီးလ်သားအနေနဲ့ သူ့ရဲ့ အင်စတာဂရမ်မှာ နှစ်သစ်ကူးအကြိုနေ့မှာ တသီးတခြားနေနေခဲ့တယ်လို့ ထုတ်ဖော်သွား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ကို အားဖြည့်သွားဖို့ ချဲလ်ဆီးအသင်းနဲ့အပြိုင် လီဗာပူးလ်ဝါရင့်ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဗြိတိန်သတင်းဌာနတွေ ဖော်ပြ။

– အက်စတူဒီယန်တေးအသင်းနဲ့ ပြောင်းရွှေ့ကြေး ယူရို ၆ သန်း၊ အနာဂတ် ရောင်းချမှုရဲ့ ၂၀ ရာခိုင်နှုန်းပေးပြီး ခေါ်ယူမယ်လို့ သဘောတူညီမှု ရယူထားခဲ့တဲ့ လူငယ်တောင်ပံကစားသမား ဒါရီယို ဆာမီယန်တိုကို ရရှိနိုင်ဖို့ အလုပ်လုပ်ခွင့် ပါမစ်အရ အသက် ၁၈ နှစ်ပြည့်ပြီးမယ့် နွေရာသီအထိ စောင့်ဆိုင်းရမှာဖြစ်ကြောင်း သိရ။

– အာဆင်နယ်နဲ့ အသံထွက်နေခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနောက်ခံလူ အဲရစ် ဂါစီယာအနေနဲ့ ကောလဟာလတွေကို အဆုံးသတ်ခဲ့ပြီ ဖြစ်ပြီး လာမာစီယာထွက်ကစားသမားဟောင်းအနေနဲ့ ဘာစီလိုနာအသင်းဆီ နွေရာသီမှာ ပြန်ကစားဖို့ ငါးနှစ်စာချုပ်နဲ့ သဘောတူညီနိုင်ခဲ့။

– နည်းပြ ဂွါဒီယိုလာနဲ့ မန်စီးတီးတာဝန်ရှိသူတွေအနေနဲ့ လူငယ်ကစားသမား ဖီးလ် ဖိုဒန်ရဲ့ အသင်းက အခန်းကဏ္ဍကို ကျေလည်အောင် ဖြေရှင်းရဦးမှာဖြစ်ပြီး ဒေးဗစ် ဆေးလ်ဗား ထွက်ခွာသွားချိန်မှာ နေရာပေးဖို့ စဉ်းစားခဲ့ပေမယ့် သူဟာ Creative Midfielder တစ်ယောက် မဟုတ်ဘဲ တိုက်စစ်အားသန်တဲ့ တောင်ပံကစားသမားတစ်ယောက်နဲ့ ပိုတူနေတာက ပွဲထွက်ခွင့်အတွက် အခက်အခဲဖြစ်လာစေခဲ့။

– မန်ချက်စတာစီးတီးအသင်းရဲ့ နွေရာသီအဝယ်စာရင်းထဲမှာ တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဟာရီကိန်းက ထိပ်ဆုံးက ပါဝင်နေပြီး ဆာဂျီယို အဂွေရိုနေရာကို အစားထိုးဖို့အတွက် ပေါင်သန်း ၉၀ ကနေ စတင်ပြီး ကမ်းလှမ်းသွားဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် စပါးစ်အသိုင်းအဝိုင်းကတော့ အင်္ဂလန်အသင်းခေါင်းဆောင်အတွက် ပေါင်ဘီလီယံဝက် ပေးရလိမ့်မယ်လို့ ပြန်လည်လှောင်ပြောင်နေကြ။

– မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တည်းက ပြသထားခဲ့တဲ့ ခြေစွမ်းနေတဲ့ ပွဲအဖြေတွေအပေါ် သက်ရောက်မှု ကြီးမားတဲ့ ဂိုးပါဝင်ပတ်သက်မှုနဲ့ စွမ်းဆောင်မှုတွေကြောင့် ဘရူနို ဖာနန်ဒက်စ်ဟာ စီးတီးရဲ့ ကီဗင် ဒီဘရိုင်းနားကို ဖြတ်ကျော်ပြီး ပိုကောင်းတဲ့ ကစားသမားဖြစ်လာခဲ့ပြီလို့ Talk Sport ရဲ့ ဒင်းန် အက်ရှ်တန်သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးနဲ႔ ပြဲပ်က္ေၾကာင္း အခ်ိန္ေနာက္က်ၿပီးမွ သိခဲ့ရတယ္လို႔ ေျပာခဲ့ၿပီး ဒီျဖစ္ရပ္အေပၚ အျပစ္တင္သြားခဲ့တဲ့ အဲဗာတန္နည္းျပ ကာလို အန္ဆယ္ေလာ့တီကို ဂြါဒီယိုလာက ကစားခ်င္ခဲ့ေပမယ့္ ဒီေလာက္ အႏၲရာယ္မ်ားတဲ့ အေနအထားနဲ႔ ကစားေပးရမွာလားလို႔ တုံ႔ျပန္သြား။

– ပရီးမီးယားလိဂ္အေနနဲ႔ ကိုဗစ္ေပါ့စတစ္ျဖစ္သူ ကစားသမားေတြရဲ႕ အမည္ေတြကို ထုတ္ေဖာ္မေျပာဖို႔ ၫႊန္ၾကားထားတာေၾကာင့္ ေျပာလို႔ မရဘဲ ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ မိမိအသင္းမွာ အဓိက ကစားသမား ၃ ဦးအထိ ကူးစက္မႈဒဏ္ေၾကာင့္ လြဲေခ်ာ္မွာျဖစ္ေၾကာင္း မန္စီးတီးနည္းျပ ဂြါဒီယိုလာက ဆိုခဲ့ေပမယ့္ လူငယ္ကြင္းလယ္လူ တြမ္မီ ဒြိဳင္းလ္ကေတာ့ သူကြာရန္တင္းဝင္ေနေၾကာင္း ပို႔စ္တင္သြား။

– ခ်ဲလ္ဆီးနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဦးစားေပးဂိုးသမား အီဒါဆန္ မိုေရးစ္ လြဲေခ်ာ္ဖို႔ မ်ားေနၿပီး ဘရာဇီးလ္သားအေနနဲ႔ သူ႔ရဲ႕ အင္စတာဂရမ္မွာ ႏွစ္သစ္ကူးအႀကိဳေန႔မွာ တသီးတျခားေနေနခဲ့တယ္လို႔ ထုတ္ေဖာ္သြား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္ကို အားျဖည့္သြားဖို႔ ခ်ဲလ္ဆီးအသင္းနဲ႔အၿပိဳင္ လီဗာပူးလ္ဝါရင့္ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔ ၿဗိတိန္သတင္းဌာနေတြ ေဖာ္ျပ။

– အက္စတူဒီယန္ေတးအသင္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၆ သန္း၊ အနာဂတ္ ေရာင္းခ်မႈရဲ႕ ၂၀ ရာခိုင္ႏႈန္းေပးၿပီး ေခၚယူမယ္လို႔ သေဘာတူညီမႈ ရယူထားခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား ဒါရီယို ဆာမီယန္တိုကို ရရွိႏိုင္ဖို႔ အလုပ္လုပ္ခြင့္ ပါမစ္အရ အသက္ ၁၈ ႏွစ္ျပည့္ၿပီးမယ့္ ေႏြရာသီအထိ ေစာင့္ဆိုင္းရမွာျဖစ္ေၾကာင္း သိရ။

– အာဆင္နယ္နဲ႔ အသံထြက္ေနခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းေနာက္ခံလူ အဲရစ္ ဂါစီယာအေနနဲ႔ ေကာလဟာလေတြကို အဆုံးသတ္ခဲ့ၿပီ ျဖစ္ၿပီး လာမာစီယာထြက္ကစားသမားေဟာင္းအေနနဲ႔ ဘာစီလိုနာအသင္းဆီ ေႏြရာသီမွာ ျပန္ကစားဖို႔ ငါးႏွစ္စာခ်ဳပ္နဲ႔ သေဘာတူညီႏိုင္ခဲ့။

– နည္းျပ ဂြါဒီယိုလာနဲ႔ မန္စီးတီးတာဝန္ရွိသူေတြအေနနဲ႔ လူငယ္ကစားသမား ဖီးလ္ ဖိုဒန္ရဲ႕ အသင္းက အခန္းက႑ကို ေက်လည္ေအာင္ ေျဖရွင္းရဦးမွာျဖစ္ၿပီး ေဒးဗစ္ ေဆးလ္ဗား ထြက္ခြာသြားခ်ိန္မွာ ေနရာေပးဖို႔ စဥ္းစားခဲ့ေပမယ့္ သူဟာ Creative Midfielder တစ္ေယာက္ မဟုတ္ဘဲ တိုက္စစ္အားသန္တဲ့ ေတာင္ပံကစားသမားတစ္ေယာက္နဲ႔ ပိုတူေနတာက ပြဲထြက္ခြင့္အတြက္ အခက္အခဲျဖစ္လာေစခဲ့။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေႏြရာသီအဝယ္စာရင္းထဲမွာ ေတာ့တင္ဟမ္ေဟာ့စပါးစ္တိုက္စစ္မႉး ဟာရီကိန္းက ထိပ္ဆုံးက ပါဝင္ေနၿပီး ဆာဂ်ီယို အေဂြ႐ိုေနရာကို အစားထိုးဖို႔အတြက္ ေပါင္သန္း ၉၀ ကေန စတင္ၿပီး ကမ္းလွမ္းသြားဖြယ္ရွိေနတယ္လို႔ သတင္းေတြ ထြက္ေနေပမယ့္ စပါးစ္အသိုင္းအဝိုင္းကေတာ့ အဂၤလန္အသင္းေခါင္းေဆာင္အတြက္ ေပါင္ဘီလီယံဝက္ ေပးရလိမ့္မယ္လို႔ ျပန္လည္ေလွာင္ေျပာင္ေနၾက။

– မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေရာက္ရွိလာခဲ့တည္းက ျပသထားခဲ့တဲ့ ေျခစြမ္းေနတဲ့ ပြဲအေျဖေတြအေပၚ သက္ေရာက္မႈ ႀကီးမားတဲ့ ဂိုးပါဝင္ပတ္သက္မႈနဲ႔ စြမ္းေဆာင္မႈေတြေၾကာင့္ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ စီးတီးရဲ႕ ကီဗင္ ဒီဘ႐ိုင္းနားကို ျဖတ္ေက်ာ္ၿပီး ပိုေကာင္းတဲ့ ကစားသမားျဖစ္လာခဲ့ၿပီလို႔ Talk Sport ရဲ႕ ဒင္းန္ အက္ရွ္တန္သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.