Premier League

ဗန်ဒိုက်နေရာက အပေါက်ကြီးကို လောက်စာလုံးလောက်နဲ့ ဖာထေးဖို့ ကြံနေတဲ့ လီဗာပူး


လီဗာပူးအသင်းရဲ့ ယခုရာသီ ဗဟိုခံစစ်ပြဿနာအခြေအနေကတော့ ကြာလာလေစိုးရိမ်စရာဖြစ်လာလေဖြစ်နေပြီး လက်ရှိမှာ ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်နဲ့ မာတစ်တို့ မပါဘဲနဲ့ ယှဉ်ပြိုင်ကစားနေရတာဖြစ်ပါတယ်။


လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လစ်လပ်နေတဲ့ ဗဟိုခံစစ်နေရာမှာ ကွင်းလယ်ခံစစ်ကစားသမား ဖေဘင်ဟိုကို အသက် ၂၃ နှစ်အရွယ် လူငယ်နောက်ခံကစားသမား နသန်နီရယ်ဖိလစ်နဲ့ အတူ တွဲကစားစေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေဆဲဖြစ်ပြီး ဒုတိယနေရာက တစ်ပွဲလျော့နေတဲ့ မန်ချက်စတာယူနိုက်တက်ထက် ၃ မှတ်အသာနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။


ဒါပေမယ့်လည်း လီဗာပူးအသင်းအတွက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဗဟိုခံစစ်ကစားသမားသစ်မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေသေးတယ်လို့ ခံစားရပြီး ကြိုးကြာနီတွေကလည်း ကြိုတင်စီစဉ်ထားပြီးဖြစ်ပုံရပါတယ်။ Corriere Granata သတင်းထောက် မက်တီအိုပက်ဒရိုဆီက လီဗာပူးအသင်းဟာ တိုရီနိုနောက်ခံကစားသမား ဂလီဆင်ဘရီမာကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ကြောင်း Sport Witness က ဖော်ပြခဲ့ပါတယ်။


လီဗာပူးအသင်းဟာ ဘရီမာရဲ့ အေးဂျင့်ကိုတောင် ၎င်းတို့ရဲ့ စိတ်ဝင်စားနေမှုကို သိရှိအောင် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး တိုရီနိုနောက်ခံကစားသမားဟာ ၂၀၁၈ ခုနှစ်မှာ အက်သလက်တီကိုမင်နဲရိုးကနေ ပြောင်းရွှေ့လာပြီးကတည်းက အသင်းအတွက် ၅၄ ပွဲ ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။ ယခုရာသီမှာ အသက် ၂၃ နှစ်အရွယ်နောက်ခံကစားသမားဟာ စီးရီးအေမှာ ၁၁ ပွဲပါဝင်ကစားပေးထားပြီး လာဇီယိုအသင်းကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။


ဘရီမာဟာ လီဗာပူးအသင်းရဲ့ ဗဟိုခံစစ်အတွက် ပထမဦးစားပေးရွေးချယ်မှုတွေထဲက တစ်ဦးဆိုတာ အငြင်းပွားစရာမရှိဘဲ ၂၀၂၃ ခုနှစ်အထိ တိုရီနိုအသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ နောက်ခံကစားသမားရဲ့ပြောင်းရွှေ့ကြေးကို Transfermarkt က ပေါင် ၅.၄ သန်း သတ်မှတ်ထားတာဖြစ်ပါတယ်။

REF: GIVEMESPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


လီဗာပူးအသင္းရဲ့ ယခုရာသီ ဗဟိုခံစစ္ျပႆနာအေျခအေနကေတာ့ ၾကာလာေလစိုးရိမ္စရာျဖစ္လာေလျဖစ္ေနၿပီး လက္ရွိမွာ ဗန္ဒိုက္၊ ဂ်ိဳးဂိုးမက္ဇ္နဲ႔ မာတစ္တို႔ မပါဘဲနဲ႔ ယွဥ္ၿပိဳင္ကစားေနရတာျဖစ္ပါတယ္။


လီဗာပူးနည္းၿပ ယာဂင္ကေလာ့ပ္က လစ္လပ္ေနတဲ့ ဗဟိုခံစစ္ေနရာမွာ ကြင္းလယ္ခံစစ္ကစားသမား ေဖဘင္ဟိုကို အသက္ ၂၃ ႏွစ္အရြယ္ လူငယ္ေနာက္ခံကစားသမား နသန္နီရယ္ဖိလစ္နဲ႔ အတူ တြဲကစားေစခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနဆဲျဖစ္ၿပီး ဒုတိယေနရာက တစ္ပြဲေလ်ာ့ေနတဲ့ မန္ခ်က္စတာယူနိုက္တက္ထက္ ၃ မွတ္အသာနဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။


ဒါေပမယ့္လည္း လီဗာပူးအသင္းအတြက္ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ဗဟိုခံစစ္ကစားသမားသစ္မျဖစ္မေန ေခၚယူဖို႔ လိုအပ္ေနေသးတယ္လို႔ ခံစားရၿပီး ႀကိဳးၾကာနီေတြကလည္း ႀကိဳတင္စီစဥ္ထားၿပီးျဖစ္ပုံရပါတယ္။ Corriere Granata သတင္းေထာက္ မက္တီအိုပက္ဒရိုဆီက လီဗာပူးအသင္းဟာ တိုရီနိုေနာက္ခံကစားသမား ဂလီဆင္ဘရီမာကို ေခၚယူနိုင္ဖို႔ ေမၽွာ္လင့္ေနတယ္လို႔ ေျပာၾကားခဲ့ေၾကာင္း Sport Witness က ေဖာ္ျပခဲ့ပါတယ္။


လီဗာပူးအသင္းဟာ ဘရီမာရဲ့ ေအးဂ်င့္ကိုေတာင္ ၎တို႔ရဲ့ စိတ္ဝင္စားေနမႈကို သိရွိေအာင္ ဆက္သြယ္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရၿပီး တိုရီနိုေနာက္ခံကစားသမားဟာ ၂၀၁၈ ခုႏွစ္မွာ အက္သလက္တီကိုမင္နဲရိုးကေန ေျပာင္းေရႊ႕လာၿပီးကတည္းက အသင္းအတြက္ ၅၄ ပြဲ ပါဝင္ကစားေပးထားသူျဖစ္ပါတယ္။ ယခုရာသီမွာ အသက္ ၂၃ ႏွစ္အရြယ္ေနာက္ခံကစားသမားဟာ စီးရီးေအမွာ ၁၁ ပြဲပါဝင္ကစားေပးထားၿပီး လာဇီယိုအသင္းကို ၄-၃ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူေပးခဲ့တဲ့ကစားသမားျဖစ္ပါတယ္။


ဘရီမာဟာ လီဗာပူးအသင္းရဲ့ ဗဟိုခံစစ္အတြက္ ပထမဦးစားေပးေရြးခ်ယ္မႈေတြထဲက တစ္ဦးဆိုတာ အျငင္းပြားစရာမရွိဘဲ ၂၀၂၃ ခုႏွစ္အထိ တိုရီနိုအသင္းနဲ႔ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးတဲ့ ေနာက္ခံကစားသမားရဲ့ေျပာင္းေရႊ႕ေၾကးကို Transfermarkt က ေပါင္ ၅.၄ သန္း သတ္မွတ္ထားတာျဖစ္ပါတယ္။

REF: GIVEMESPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.