Premier League

လမ္းပတ္အႀကဳိက္ေနာက္ခံလူကို ေပၚတိုေရာင္းခ်မွာျဖစ္လုိ႔ ခ်ဲလ္ဆီးတုိ႔ အားတက္ဖြယ္

UNICODE: နွေရာသီမှာ အသင်းရဲ့ ဘယ်နောက်ခံလူနှစ်ဦးဖြစ်ကြတဲ့ မားကို့စ် အလွန်ဆိုနဲ့ အီမာဆင် ပယ်လ်မီယာရီတို့ကို ရှင်းထုတ်ပြီး လူသစ်တစ်ဦး ခေါ်ယူဖို့ စီစဉ်နေတဲ့ ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်အတွက်တော့ ပေါ်တိုနောက်ခံလူ အဲလက်စ် တဲလက်စ်ကို ထုတ်ရောင်းမယ်ဆိုလို့ သတင်းကောင်း ဖြစ်လာခဲ့ပါတယ်။

ဘရာဇီးလ်နောက်ခံလူ အဲလက် တဲလက်စ်ဟာ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး ပေါ်တိုအသင်းနဲ့ ၂၀၂၁ နွေရာသီအထိ စာချုပ်ရှိနေပေမယ့် သက်တမ်းတိုးဖို့ထက် သူ့ကို ရောင်းချသွားဖို့ကိုပဲ ပေါ်တူဂီကလပ်ဘက်က စဉ်းစားနေပြီး ချဲလ်ဆီးအသင်းအနေနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

အသင်းဘက်က ကမ်းလှမ်းတဲ့ လစာတိုးမြှင့်ပေးမှုကို ငြင်းဆန်ထားတဲ့ တဲလက်စ်အတွက် ချဲလ်ဆီးအသင်းအနေနဲ့ ပေါင် ၂၁ သန်းအထိ အသုံးပြုသွားရနိုင်ပြီး ဘတ်ဂျက်အသစ်နဲ့ အပြောင်းအရွှေ့ပိတ်ပင်မှုဒဏ်က ကင်းလွတ်လာတဲ့ အသင်းကို မာရီနာ ဂရာနော့ဗ်စကာယာတစ်ယောက် ဘယ်လို ဦးဆောင်မယ်ဆိုတာ စိတ်ဝင်စားစရာလည်းဖြစ်နေပါတယ်။

လက်ရှိ ချဲလ်ဆီးအသင်းရဲ့နောက်ခံလူတွေဟာ နည်းပြဟောင်း အန်တိုနီယို ကွန်တီလက်ထက်က ခေါ်ယူထားခဲ့တာဖြစ်ပြီး သူ့ကို ဆက်ခံတဲ့ အီတလီသား မော်ရီဇီယို ဆာရီလက်ထက်မှာ အသုံးပြုနိုင်ခဲ့ပေမယ့် အင်္ဂလန်အသားကျနည်းပြ လမ်းပတ်ရဲ့ ၄-၄-၂ မှာတော့ သူတို့ဟာ ဘယ်လိုမှ အံမဝင်ခဲ့တာဖြစ်ပြီး မားကို့စ် အလွန်ဆိုရဲ့ တိုက်စစ်က ဂိုးတွေကို ကျေးဇူးတင်ပေမယ့် သူ့ရဲ့ ခံစစ်ကစားပုံကတော့ လျော့ရဲလွန်းနေခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ လမ်းပတ်အတွက်တော့ နွေရာသီမှာ အသင်းက သက်ကြီးကစားသမားတွေနဲ့ အံမဝင်သူတွေကို ရှင်းထုတ်ဖို့ စီစဉ်နေပြီး ဒီကနေ ထပ်မံထွက်ပေါ်လာမယ့် ငွေကြေးတွေနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးချေရနိုင်တဲ့ ကစားသမားတွေကိုလည်း ကမ်းလှမ်းသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

ZAWGYI: ေႏြရာသီမွာ အသင္းရဲ႕ ဘယ္ေနာက္ခံလူႏွစ္ဦးျဖစ္ၾကတဲ့ မားကို႔စ္ အလြန္ဆိုနဲ႔ အီမာဆင္ ပယ္လ္မီယာရီတို႔ကို ရွင္းထုတ္ၿပီး လူသစ္တစ္ဦး ေခၚယူဖို႔ စီစဥ္ေနတဲ့ ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္အတြက္ေတာ့ ေပၚတိုေနာက္ခံလူ အဲလက္စ္ တဲလက္စ္ကို ထုတ္ေရာင္းမယ္ဆုိလို႔ သတင္းေကာင္း ျဖစ္လာခဲ့ပါတယ္။

ဘရာဇီးလ္ေနာက္ခံလူ အဲလက္ တဲလက္စ္ဟာ အသက္ ၂၇ ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး ေပၚတုိအသင္းနဲ႔ ၂၀၂၁ ေႏြရာသီအထိ စာခ်ဳပ္ရွိေနေပမယ့္ သက္တမ္းတုိးဖို႔ထက္ သူ႕ကို ေရာင္းခ်သြားဖို႔ကိုပဲ ေပၚတူဂီကလပ္ဘက္က စဥ္းစားေနၿပီး ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေခၚယူဖို႔ ႀကဳိးစားေနပါတယ္။

အသင္းဘက္က ကမ္းလွမ္းတဲ့ လစာတုိးျမႇင့္ေပးမွဳကို ျငင္းဆန္ထားတဲ့ တဲလက္စ္အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေပါင္ ၂၁ သန္းအထိ အသုံးျပဳသြားရႏုိင္ၿပီး ဘတ္ဂ်က္အသစ္နဲ႔ အေျပာင္းအေရႊ႕ပိတ္ပင္မွဳဒဏ္က ကင္းလြတ္လာတဲ့ အသင္းကို မာရီနာ ဂရာေနာ့ဗ္စကာယာတစ္ေယာက္ ဘယ္လို ဦးေဆာင္မယ္ဆုိတာ စိတ္ဝင္စားစရာလည္းျဖစ္ေနပါတယ္။

လက္ရွိ ခ်ဲလ္ဆီးအသင္းရဲ႕ေနာက္ခံလူေတြဟာ နည္းျပေဟာင္း အန္တိုနီယို ကြန္တီလက္ထက္က ေခၚယူထားခဲ့တာျဖစ္ၿပီး သူ႕ကို ဆက္ခံတဲ့ အီတလီသား ေမာ္ရီဇီယို ဆာရီလက္ထက္မွာ အသုံးျပဳႏုိင္ခဲ့ေပမယ့္ အဂၤလန္အသားက်နည္းျပ လမ္းပတ္ရဲ႕ ၄-၄-၂ မွာေတာ့ သူတုိ႔ဟာ ဘယ္လိုမွ အံမဝင္ခဲ့တာျဖစ္ၿပီး မားကို႔စ္ အလြန္ဆုိရဲ႕ တုိက္စစ္က ဂိုးေတြကို ေက်းဇူးတင္ေပမယ့္ သူ႕ရဲ႕ ခံစစ္ကစားပုံကေတာ့ ေလ်ာ့ရဲလြန္းေနခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္အတြက္ေတာ့ ေႏြရာသီမွာ အသင္းက သက္ႀကီးကစားသမားေတြနဲ႔ အံမဝင္သူေတြကို ရွင္းထုတ္ဖို႔ စီစဥ္ေနၿပီး ဒီကေန ထပ္မံထြက္ေပၚလာမယ့္ ေငြေၾကးေတြနဲ႔ ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးေပးေခ်ရႏုိင္တဲ့ ကစားသမားေတြကိုလည္း ကမ္းလွမ္းသြားမွာျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.