Premier League Transfer News

ဘရာဇီးလ္လူငယ္ ယန္ေကာ္တိုကို မန္ခ်က္စတာစီးတီး ေခၚယူႏုိင္ၿပီ

UNICODE: ဘရာဇီးလ်အသင်းနဲ့အတူ ယူ-၁၇ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲအောင် ခြေစွမ်းပြသနိုင်ခဲ့တဲ့ လူငယ်နောက်ခံလူ ယန်ကော်တိုကို မန်ချက်စတာစီးတီးအသင်းက ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး ငါးနှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ဒီလူငယ်ကို အပြောင်းအရွှေ့ဈေးကွက်ဖွင့်ဖွင့်ချင်းမှာတော့ ရရှိနိုင်ဦးမှာမဟုတ်ဘဲ ဘရာဇီးလ်နိုင်ငံရဲ့ လူငယ်နဲ့ အလုပ်သမားဥပဒေအရ အသက် ၁၈ နှစ်ပြည့်မြောက်မယ့် ဇွန်လ ၁၈ ရက်နေ့မှာမှ အသင်းဆီ ခေါ်ယူနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကော်ရီတီဘာအသင်းနဲ့ ဒီဇင်ဘာလအထိ စာချုပ်ကျန်ရှိနေသေးတဲ့ ကော်တိုကို မန်စီးတီးအသင်းက ယူရိုငါးသန်းလောက် ပေးချေရမယ်လို့ မီဒီယာတွေက ခန့်မှန်းနေကြပြီး သူ့ကိုတော့ ဘရာဇီးလ်အသင်းရဲ့ အအောင်မြင်ဆုံးညာနောက်ခံလူတစ်ဦးဖြစ်တဲ့ ဒန်နီယယ်လ် အဲလ်ဗက်စ်နဲ့ နှိုင်းယှဉ် ချီးကျူးနေကြပါတယ်။

အစ်တီဟတ်သားတွေနဲ့ ဂွါဒီယိုလာတို့အတွက်တော့ ယန်ကော်တိုကို ညာတောင်ပံမှာတင် မဟုတ်ဘဲ လိုအပ်ရင် ဘယ်တောင်ပံမှာပါ အသုံးချနိုင်မှာဖြစ်ပြီး စပိန်သားနည်းပြရဲ့ ဝါသနာဖြစ်တဲ့ Inverted Full Back အဖြစ် အတွင်းထဲဝင်ကစားနိုင်ဖို့တော့ ပြန်လည်လေ့ကျင့်ပေးရဖွယ်လည်း ရှိနေပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ဒီနောက်ခံလူငယ်လေးကို ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းတို့ရဲ့ မျက်စိအောက်ကနေ လျင်လျင်မြန်မြန်ပဲ လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိနောက်ခံလူ ကိုင်းလ် ဝေါ်လ်ကာရဲ့ ရေရှည်အစားထိုးမှုအဖြစ်လည်း ရှုမြင်နေကြကြောင်း သိရှိရပါတယ်။

REF: DAILY MAIL & SPORTS ILLUSTRATED
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

ZAWGYI: ဘရာဇီးလ္အသင္းနဲ႔အတူ ယူ-၁၇ ကမာၻ႕ဖလားမွာ ဗိုလ္စြဲေအာင္ ေျခစြမ္းျပသႏိုင္ခဲ့တဲ့ လူငယ္ေနာက္ခံလူ ယန္ေကာ္တိုကို မန္ခ်က္စတာစီးတီးအသင္းက ေခၚယူႏုိင္ခဲ့ၿပီျဖစ္ၿပီး ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိႏိုင္ခဲ့တယ္လုိ႔ သိရပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ ဒီလူငယ္ကို အေျပာင္းအေရႊ႕ေဈးကြက္ဖြင့္ဖြင့္ခ်င္းမွာေတာ့ ရရွိႏုိင္ဦးမွာမဟုတ္ဘဲ ဘရာဇီးလ္ႏုိင္ငံရဲ႕ လူငယ္နဲ႔ အလုပ္သမားဥပေဒအရ အသက္ ၁၈ ႏွစ္ျပည့္ေျမာက္မယ့္ ဇြန္လ ၁၈ ရက္ေန႔မွာမွ အသင္းဆီ ေခၚယူႏုိင္မွာျဖစ္တယ္လုိ႔လည္း ဆိုပါတယ္။

ေကာ္ရီတီဘာအသင္းနဲ႔ ဒီဇင္ဘာလအထိ စာခ်ဳပ္က်န္ရွိေနေသးတဲ့ ေကာ္တိုကို မန္စီးတီးအသင္းက ယူ႐ိုငါးသန္းေလာက္ ေပးေခ်ရမယ္လုိ႔ မီဒီယာေတြက ခန္႔မွန္းေနၾကၿပီး သူ႕ကိုေတာ့ ဘရာဇီးလ္အသင္းရဲ႕ အေအာင္ျမင္ဆုံးညာေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဒန္နီယယ္လ္ အဲလ္ဗက္စ္နဲ႔ ႏွဳိင္းယွဥ္ ခ်ီးက်ဴးေနၾကပါတယ္။

အစ္တီဟတ္သားေတြနဲ႔ ဂြါဒီယိုလာတုိ႔အတြက္ေတာ့ ယန္ေကာ္တိုကို ညာေတာင္ပံမွာတင္ မဟုတ္ဘဲ လိုအပ္ရင္ ဘယ္ေတာင္ပံမွာပါ အသုံးခ်ႏုိင္မွာျဖစ္ၿပီး စပိန္သားနည္းျပရဲ႕ ဝါသနာျဖစ္တဲ့ Inverted Full Back အျဖစ္ အတြင္းထဲဝင္ကစားႏုိင္ဖို႔ေတာ့ ျပန္လည္ေလ့က်င့္ေပးရဖြယ္လည္း ရွိေနပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ ဒီေနာက္ခံလူငယ္ေလးကို ဘာစီလိုနာနဲ႔ အာဆင္နယ္အသင္းတုိ႔ရဲ႕ မ်က္စိေအာက္ကေန လ်င္လ်င္ျမန္ျမန္ပဲ လက္ဦးမွဳရယူၿပီး ေခၚယူႏုိင္ခဲ့တာျဖစ္ၿပီး လက္ရွိေနာက္ခံလူ ကိုင္းလ္ ေဝၚလ္ကာရဲ႕ ေရရွည္အစားထိုးမွဳအျဖစ္လည္း ရွဳျမင္ေနၾကေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL & SPORTS ILLUSTRATED
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.