Premier League

ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ လူးကပ္စ္ ေတာ္ရဲရား ရာသီကုန္အထိ နားရႏိုင္

UNICODE: အာဆင်နယ်ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားဟာ တနင်္လာနေ့ညက ပို့စ်မောက်နဲ့ အက်ဖ်အေဖလားပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ အပြင်းအထန်ရသွားတာကြောင့် အသင်းရဲ့ ရာသီလက်ကျန်ပွဲအားလုံးနဲ့ လွဲချော်ရဖွယ်ရှိနေပါတယ်။

အဝေးကွင်း ဖရက်တန်ပါ့ခ်မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အာဆင်နယ်အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ ပွဲအစ ၁၅ မိနစ်လောက်ကတည်းက ပို့စ်မောက်အသင်းက ဂျိမ်းစ် ဘော်လ်တန်ရဲ့ ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုကြောင့် ဒဏ်ရာရှိသွားခဲ့ရတာဖြစ်ပြီး အာဆင်နယ်အသင်းဆေးအဖွဲ့အနေနဲ့ ကွင်းထဲမှာ အချိန်အတော်ကြာ ဆေးကုသမှုလုပ်ခဲ့ပြီးမှ ထမ်းစင်နဲ့ ထမ်းထုတ်ခဲ့ရပါတယ်။

ထမ်းစင်နဲ့ထမ်းထုတ်စဉ်မှာ သူ့ကို အောက်စီဂျင်အကူအညီပါ ပေးခဲ့ရပြီး တစ်ဆက်တည်းမှာပဲ လူနာတင်ယာဉ်ပေါ် ပို့ဆောင်ခဲ့ရသလို အရေးပေါ် ဆေးရုံတင်ဖို့ မလိုအပ်လို့သာ ဖရက်တန်ပါ့ခ်ကွင်းမှာပဲ ဆေးကုသမှုတွေ ဆက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ တော်ရဲရားရဲ့ ညာဘက်ခြေထောက်မှာ အကာကွယ်ဘွတ်ဖိနပ်စီးထားတာကိုလည်း တွေ့ခဲ့ရပါတယ်။

အာဆင်နယ်နည်းပြ မိုက်ကယ် အာတီတာကတော့ သူ့ကစားသမားရဲ့ဒဏ်ရာကို တော်တော်လေးစိုးရိမ်နေပုံရှိပြီး ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ “တော်ရဲရား ခြေထောက်က အရမ်းရောင်နေပြီး မထိခိုက်အောင် အကာကွယ်ပေးထားရပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဒဏ်ရာကို စစ်ဆေးသွားမှာဖြစ်ပြီး အဲဒီတော့မှ ဘယ်လောက်နားရမလဲကို ကျွန်တော်တို့ သိမှာပါ”လို့ ပြောပါတယ်။

ပို့စ်မောက်နဲ့ပွဲမှာ တော်ရဲရားရဲ့နေရာကို ဒါနီ စီဘာယော့စ်နဲ့ လူစားလဲခဲ့ရပြီး လာမယ့်ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာလည်း ဒီစပိန်ကွင်းလယ်လူပဲ ဆက်လက်ကစားခွင့် ရဖွယ်ရှိပါတယ်။ အာဆင်နယ်အသင်းမှာ အစောပိုင်းက ဒဏ်ရာကြောင့်နားခဲ့ရတဲ့ နောက်ခံလူ တီယာနီ လေ့ကျင့်ခန်းပြန်ဆင်းနေပေမယ့် ကိုလာစီနက်ချ်ကို လက်လွှတ်ရဦးမှာကြောင့် ခံစစ်အင်အားနည်းနေတုန်းဖြစ်သလို ဇန်နဝါရီက အငှားနဲ့ခေါ်ခဲ့တဲ့ နောက်ခံလူ ဆီဒရစ်ကလည်း ဒူးဒဏ်ရာကနေ သက်သာခါစပဲရှိသေးတာကြောင့် နည်းပြ အာတီတာအနေနဲ့ ခေါင်းခဲရဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

ZAWGYI: အာဆင္နယ္ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားဟာ တနလၤာေန႔ညက ပို႔စ္ေမာက္နဲ႔ အက္ဖ္ေအဖလားပြဲမွာ ေျခခ်င္းဝတ္ဒဏ္ရာ အျပင္းအထန္ရသြားတာေၾကာင့္ အသင္းရဲ႕ ရာသီလက္က်န္ပြဲအားလံုးနဲ႔ လြဲေခ်ာ္ရဖြယ္ရွိေနပါတယ္။

အေဝးကြင္း ဖရက္တန္ပါ့ခ္မွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အာဆင္နယ္အႏိုင္ရခဲ့တဲ့ အဲဒီပြဲစဥ္မွာ ပြဲအစ ၁၅ မိနစ္ေလာက္ကတည္းက ပို႔စ္ေမာက္အသင္းက ဂ်ိမ္းစ္ ေဘာ္လ္တန္ရဲ႕ ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္မႈေၾကာင့္ ဒဏ္ရာရွိသြားခဲ့ရတာျဖစ္ၿပီး အာဆင္နယ္အသင္းေဆးအဖြဲ႕အေနနဲ႔ ကြင္းထဲမွာ အခ်ိန္အေတာ္ၾကာ ေဆးကုသမႈလုပ္ခဲ့ၿပီးမွ ထမ္းစင္နဲ႔ ထမ္းထုတ္ခဲ့ရပါတယ္။

ထမ္းစင္နဲ႔ထမ္းထုတ္စဥ္မွာ သူ႔ကို ေအာက္စီဂ်င္အကူအညီပါ ေပးခဲ့ရၿပီး တစ္ဆက္တည္းမွာပဲ လူနာတင္ယာဥ္ေပၚ ပို႔ေဆာင္ခဲ့ရသလို အေရးေပၚ ေဆးရံုတင္ဖို႔ မလိုအပ္လို႔သာ ဖရက္တန္ပါ့ခ္ကြင္းမွာပဲ ေဆးကုသမႈေတြ ဆက္လုပ္ေပးခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ ေတာ္ရဲရားရဲ႕ ညာဘက္ေျခေထာက္မွာ အကာကြယ္ဘြတ္ဖိနပ္စီးထားတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

အာဆင္နယ္နည္းျပ မိုက္ကယ္ အာတီတာကေတာ့ သူ႕ကစားသမားရဲ႕ဒဏ္ရာကို ေတာ္ေတာ္ေလးစိုးရိမ္ေနပုံရွိၿပီး ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ “ေတာ္ရဲရား ေျခေထာက္က အရမ္းေရာင္ေနၿပီး မထိခိုက္ေအာင္ အကာကြယ္ေပးထားရပါတယ္။ လာမယ့္ရက္အနည္းငယ္အတြင္းမွာ ဒဏ္ရာကို စစ္ေဆးသြားမွာျဖစ္ၿပီး အဲဒီေတာ့မွ ဘယ္ေလာက္နားရမလဲကို ကၽြန္ေတာ္တို႔ သိမွာပါ”လို႔ ေျပာပါတယ္။

ပို႔စ္ေမာက္နဲ႔ပြဲမွာ ေတာ္ရဲရားရဲ႕ေနရာကို ဒါနီ စီဘာေယာ့စ္နဲ႔ လူစားလဲခဲ့ရၿပီး လာမယ့္၀က္စ္ဟမ္းနဲ႔ ပြဲစဥ္မွာလည္း ဒီစပိန္ကြင္းလယ္လူပဲ ဆက္လက္ကစားခြင့္ ရဖြယ္ရွိပါတယ္။ အာဆင္နယ္အသင္းမွာ အေစာပိုင္းက ဒဏ္ရာေၾကာင့္နားခဲ့ရတဲ့ ေနာက္ခံလူ တီယာနီ ေလ့က်င့္ခန္းျပန္ဆင္းေနေပမယ့္ ကိုလာစီနက္ခ်္ကို လက္လႊတ္ရဦးမွာေၾကာင့္ ခံစစ္အင္အားနည္းေနတုန္းျဖစ္သလို ဇန္န၀ါရီက အငွားနဲ႔ေခၚခဲ့တဲ့ ေနာက္ခံလူ ဆီဒရစ္ကလည္း ဒူးဒဏ္ရာကေန သက္သာခါစပဲရွိေသးတာေၾကာင့္ နည္းျပ အာတီတာအေနနဲ႔ ေခါင္းခဲရဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.