Premier League

၂၀၂၀ ကမ္ဘာ့အကောင်းဆုံးပွဲထွက်လူစာရင်းမှာ ရော်နယ်ဒိုကို တာ့တာပြလိုက်ရတဲ့ မက်ဆီ


ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရော်ဘတ်လီဝန်ဒေါစကီးဟာ ၂၀၂၀ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး ရော်နယ်ဒိုနဲ့ မက်ဆီတို့ကတော့ ဒီနှစ်မှာ အကောင်းဆုံးကစားသမားဆုကို လွဲချော်ခဲ့ရပါတယ်။


ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားတဲ့ FIFA FIFPro World Xl ရဲ့ တိုက်စစ်မှာ ရောဘတ်လီဝန်ဒေါစကီး၊ လီယွန်နယ်မက်ဆီ၊ ရော်နယ်ဒိုတို့ ရွေးချယ်ခံခဲ့ရပေမယ့် GiVEMESPORT က ရွေးချယ်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးပွဲထွက်ကစားသမားစာရင်းမှာတော့ ဘာစီလိုနာကြယ်ပွင့်ဟာ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ GIVEMESPORT ဟာ သက်ဆိုင်ရာနေရာအလိုက် အကောင်းဆုံးကစားသမား ရွေးချယ်ခဲ့ရာမှာ လီယွန်နယ်မက်ဆီအစား ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နေမာကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးပွဲထွက်လူစာရင်းကို ၄-၃-၃ ကစားကွက်နဲ့ နေရာချထားပြီး အရန်လူစာရင်းမှာတော့ အကောင်းဆုံးအရန်ခုံတန်းလို့ ပြောရလောက်အောင် အကောင်းဆုံး ကစားသမား ၇ ဦးအထိ ရှိနေတာဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးပွဲထွက်ကစားသမားစာရင်း


ဂိုး- မန်နျူရယ်နျူအာ (ဘိုင်ယန်မြူးနစ်)
ညာနောက်ခံ- ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်
ဗဟိုခံစစ်- ဆာဂျီယိုရာမို့စ် (ရီးရဲလ်မက်ဒရစ်)
ဗဟိုခံစစ်- ဗန်ဒိုက် (လီဗာပူးလ်)
ဘယ်နောက်ခံ- အယ်လ်ဖွန်ဆိုဒေးဗီးစ် (ဘိုင်ယန်မြူးနစ်)


ကွင်းလယ်ဗဟို- ဂျိုရွှာကင်မစ်ချ် (ဘိုင်ယန်မြူးနစ်)
ကွင်းလယ်ဗဟို- သီယာဂို အယ်လ်ကန်တာရာ (ဘိုင်ယန်မြူးနစ်၊ လီဗာပူး)
ကွင်းလယ်ဗဟို- ကီဗင် ဒီဘရိုင်းနား (မန်ချက်စတာစီးတီး)


ရှေ့တန်း- နေမာ (ပီအက်စ်ဂျီ)
တိုက်စစ်မှူး- ရောဘတ်လီဝန်ဒေါစကီး (ဘိုင်ယန်မြူးနစ်)
ရှေ့တန်း- ခရစ္စတီယာနိုရော်နယ်ဒို (ဂျူဗင်တပ်)

အရန်လူစာရင်း- ဂျန်အော့ဘလက်(အက်သလက်တီကိုမက်ဒရစ်)၊ ဒေးဗစ်အလာဘာ(ဘိုင်ယန်မြူးနစ်)၊ ရောဘတ်ဆန်(လီဗာပူး)၊ သောမတ်စ်မူလာ(ဘိုင်ယန်မြူးနစ်)၊ လီယွန်နယ်မက်ဆီ(ဘာစီလိုနာ)၊ ကိုင်လီယန်ဘတ်ပီ(ပီအက်စ်ဂျီ)၊ အာလင်းဟာလန်း(ဒေ့ါမွန်)။

REF: GIVEMESPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:










ကွင်းလယ်ဗဟို- ဂျိုရွှာကင်မစ်ခ်ျ (ဘိုင်ယန်မြူးနစ်)



အရန်လူစာရင်း- ဂျန်အော့ဘလက်(အက်သလက်တီကိုမက်ဒရစ်)၊ ဒေးဗစ်အလာဘာ(ဘိုင်ယန်မြူးနစ်)၊ ရောဘတ်ဆန်(လီဗာပူး)၊ သောမတ်စ်မူလာ(ဘိုင်ယန်မြူးနစ်)၊ လီယွန်နယ်မက်ဆီ(ဘာစီလိုနာ)၊ ကိုင်လီယန်ဘတ်ပီ(ပီအက်စ်ဂျီ)၊ အာလင်းဟာလန်း(ဒေါ့မွန်)။

REF: GIVEMESPORT
SPORTS A2Z.